Friday, August 2, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၈)

သစ်ထူးလွင်



Posted: 02 Aug 2013 07:11 AM PDT
ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် ရှစ်လေးလုံး ငွေရတုပွဲ ကျင်းပရန် အတွက် ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ ဇူလိုင်လ ၁၂ ရက်နေ့ ကခွင့်ပြုမိန့် တောင်းခံ ထားကြောင်း သိရပါသည်။ ရပ်ကွက် / ရဲစခန်း ထောက်ခံ စာများ လိုအပ်သည် ဆိုသဖြင့် ဇူလိုင်လ ၂၉ ရက်နေ့ တွင် ထောက်ခံစာများ တောင်ယူပြီး မြို့ နယ် အုပ်ချုပ်ရေးမူးထံ ပေးပို့ ခဲ့ကြောင်း သိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Aug 2013 06:58 AM PDT
တောင်ကြီးမြို့နယ် တစ်ဝိုက်မှာ ရှိတဲ့ လယ်မြေ သိမ်းခံရတဲ့ တောင်သူတွေ အဖွဲ့ ( ၁၄ ) ဖွဲ့ ဟာ သူတို့ရဲ့ လယ်မြေတွေ သိမ်းခံရပြီး နောက်ပိုင်း မြေယာကော်မရှင် အပါအ၀င် အုပ်ချုပ်ရေး အဖွဲ့အစည်းမျိုးစုံကို တင်ပြ တိုင်ကြား ထားခဲ့ပေမဲ့ လာရောက် ဖြေရှင်း ဆောင်ရွက် ပေးခြင်းမရှိတဲ့ အတွက် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို တောင်ကြီးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခမ်းမမှာ ကျင်းပဖို့ ခွင့်ပြုချက်တင်ထား ခဲ့ပါတယ် ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အင်းလေးဒေသက မြေသိမ်းခံ တောင်သူတချို့ နှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်

Posted: 02 Aug 2013 06:35 AM PDT
မန္တလေး - ပြင်ဦးလွင်လမ်း ၁၉ မိုင်အနီးက ရေသည်တွေကို ဌာနဆိုင်ရာများက ဖယ်ရှားခိုင်းခဲ့သည်ကို သနားခံစာတင်ပြ၍ ဆက်လက်လုပ်ကိုင် လျှက်ရှိကြရာ ယနေ့ ၂.၈.၂၀၁၃ ရက်နေ့တွင် ပြင်စာ ရဲစခန်းမှူး နှင့် အဖွဲ့က လာရောက်၍ ပစ္စည်းများကို သိမ်းဆည်းပြီး ကိုလတ် နှင့် ကိုမိုးကျော်ဆိုသူကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေး - ပြင်ဦးလွင်လမ်း ၁၉ မိုင်အနီးက ရေသည် မိသားစု

Posted: 02 Aug 2013 06:20 AM PDT
မွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာနက သူတို့ကို အကြွေးပေး ရန်ရှိနေတဲ့ ပုဂ္ဂလိက မွေးမြူ ရေးလုပ်ငန်းရှင် ၁၀ ဦးရဲ့ ကြွေးကျန်စာရင်းကို ဒီနေ့မှာ ထပ်မံကြေညာ လိုက်ပါတယ်။ မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်းရှင် ၁၀ ဦးဆီက နောက်ထပ် အကြွေးကျန်ပမာဏ ကျပ်သန်းပေါင်း ၁၃,၂၂၀.၅၄၉ ကို ဒီနေ့ကစပြီး ဩဂုတ်လ ၃၁ ရက် နောက်ဆုံး ထားပြီး ပေးဆပ်သွားဖို့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန

Posted: 02 Aug 2013 06:13 AM PDT
ထိုင်းနိုင်ငံနယ်စပ် ကရင်ပြည်နယ်မှာ ကားလမ်းရေကျော်တာတွေဖြစ်ပြီး ကုန်းစည်စီးဆင်းမှု မရှိတဲ့အတွက် ရန်ကုန်မှာ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မိုးရွာတာ များတဲ့အတွက် ထိုင်းနိုင်ငံနယ်စပ် မြ၀တီကုန်သွယ်ရေးလမ်း တောင်ပြိုပြီး ကရင်ပြည်နယ်အတွင်း မြ၀တီအပါအ၀င် မြို့အချို့မှာ ကာလမ်းရေကျော်တာတွေ ဖြစ်နေတာကြောင့် ကုန်ကားတွေ အချိန်မီမရောက်နိုင်ဘဲ ရန်ကုန်မှာ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်တွေ ပြတ်လပ်တော့မယ့် အခြေအနေဖြစ်နေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 06:10 AM PDT
မိုးသည်းထန်စွာ ရွာသွန်း၍ ကရင်ပြည်နယ် ဒေါနတောင်တန်း မြေပြိုပြီး ရေကြီးသည့် အတွက် မြဝတီ-မော်လမြိုင် သွားသည့် မော်တော်ယာဉ်လိုင်းများ ရပ်နားထားရကာ ထိုင်းကုန်ပစ္စည်းအချို့ ဈေးနှုန်း မြင့်တက် လာကြောင်း မော်လမြိုင်ဈေးမှ ကုန်သည်များက ပြောကြားသည်။ အဆိုပါ မြေပြိုမှုကြောင့် မော်လမြိုင်-မြဝတီသို့ သွားသည့် မော်တော်ယာဉ်များ ဇူလိုင် ၂၈ ရက်နေ့မှစတင် ရပ်နားထားရသဖြင့် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Aug 2013 06:08 AM PDT
ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲ သီတာကုန်းပြင် တိုက်နယ်နှင့် အနီးတစ်ဝိုက်ကျေးရွာအုပ်စု ၁၄ အုပ်စု၌ ဇူလိုင်လ၂၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်မြေဧက တစ်သောင်းကျော် စပါးပင်များ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Aug 2013 05:50 AM PDT
စာသင်ခန်းအတွင်းရှိ သောက်ရေအိုးမှ ရေကိုသောက်ပြီး ကျောင်းသားငါးဦး အစာအဆိပ်သင့်မှု ဖြစ်ခဲ့၍ မြို့နယ်ကျန်းမာရေးဌာန၊ ပညာရေး ဌာနတို့နှင့် ပူးပေါင်းကာ စစ်ဆေးနေကြောင်း အင်ပင်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ ဟင်္သာတခရိုင် အင်ပင်မြို့ နယ် တောင်ပတ်လည်ရွာ မူလတန်းကျောင်းတွင် ဇူလိုင် ၂၄ ရက် က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 05:36 AM PDT
သြဂုတ်လ(၃)ရက်နေ့ ထုတ် Techspace နည်းပညာ ဂျာနယ် အတွဲ ၂၊ အမှတ် ၁၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 05:35 AM PDT
သြဂုတ်လ(၂)ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ ၁၃၊ အမှတ် ၅၂
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Aug 2013 05:32 AM PDT
ဇူလိုင်လ(၃၁)ရက်နေ့ ထုတ် 7Day‬ ‪‎News‬ ဂျာနယ် အတွဲ ၁၂၊ အမှတ် ၂၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 03:29 AM PDT
ကလေးခရိုင်၊ မင်းကင်းမြို့တွင် ဧပြီလအတွင်းက ဖြစ်ပွားခဲ့ သော မြို့နယ်တွင်း အကြမ်းဖက်မှု နှင့်ပတ်သက်၍ မြို့နယ်တရားသူ ကြီး၏ ဆုံးဖြတ်ချက်မှာ တရားနည်း လမ်းမကျဟုဆိုကာ အထက်ချင်းတွင်း ဒေသ လူငယ်များ ကွန်ယက် (မင်းကင်း)မှ ဦးဆောင်ကာ ဒေသခံ လူငယ်အင်အား(၁၀၀)ကျော်မှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအရ ဇူလိုင်(၂၇)ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 03:06 AM PDT
သြဂုတ်လ(၃)ရက်နေ့ ထုတ်  မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၂၁)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 03:04 AM PDT
သြဂုတ်လ(၂)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Aug 2013 02:40 AM PDT
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည်လေးမြို့နယ်ကို
နိုင်ငံတော်သမ္မတက ဇူလိုင် ၂၀ ရက်နေ့တွင် အရေးပေါ် အခြေအနေမှ ပြန်လည် ရုပ်သိမ်းပေးခဲ့
သော်လည်း ဒေသခံများအနေဖြင့် ညမထွက်ရအမိန့်ကို အဓိကထား ရုပ်သိမ်းပေးစေလိုသည့် ဆန္ဒ
ရှိကြောင်း ဒေသခံများက မြန်မာတိုင်း(မ်) သို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိတ္ထီလာမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီး မီးရှို့ခံထားရသည့် နေအိမ်များကို မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရန် ကြိုးစားနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီမိတ္ထီလာမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီး မီးရှို့ခံထားရသည့် နေအိမ်များကို မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရန် ကြိုးစားနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

Posted: 02 Aug 2013 02:38 AM PDT
ဘားအံမြို့တွင် ကျင်းပရန် စီစဉ်ထားသော အစိုးရနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့၏ ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူချက် လက်မှတ် ရေးထိုးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 02:35 AM PDT
တပ်မတော် အစိုးရလက်ထက် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် သံဃာ့ အရေးအခင်းတွင် ဦးဆောင် သံဃာတစ်ပါး ဖြစ်ခဲ့သော ဦးဂမ္ဘီရ တစ်ဖြစ်လဲ ဦးညီညီလွင်သည် လူဝတ်လဲလိုက်ပြီး တစ်နှစ်ကျော်ခန့် အကြာတွင် သြစတြေးလျနိုင်ငံသူ Ms. Maria France နှင့် သြဂုတ်လ ၁ ရက်နေ့ တွင် မန္တလေးမြို့၌ လက်ထပ်လိုက်ကြောင်း ယင်းလက်ထပ်သည့်ကိစ္စ ကူညီ ဆောင်ရွက်ခဲ့သည့် မန္တလေးမြို့မှ ရှေ့နေ တစ်ဦးဖြစ်သူ ဦးသိန်းသန်းဦး က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကိုညီညီလွင် နှင့် ဇနီးMs.Maria France
ကိုညီညီလွင် နှင့် ဇနီးMs.Maria France နှင့် ရှေ့နေ ဦးသိန်းသန်းဦး

Posted: 02 Aug 2013 02:28 AM PDT
တစ်ကိုယ်တော် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည့် ဦးထင်ကျော်အား ရန်ကုန် တိုင်းဒေသကြီး အစိုးရမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ( ၅၀၅ ခ )ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ ပုဒ်မ ( ၅၀၅ ခ ) ဖြင့် တရားစွဲခံရမှုတွင် ၄င်းအပါအ၀င် ၄င်းအဖွဲ့ရှိ ဦးမြင့်နိုင် ၊ ဒေါ်စိန်ထွေး နှင့် ဦးလူအေးတို့ ပါဝင်သည်ဟု ဦးထင်ကျော် ဦးဆောင်သော ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Aug 2013 02:24 AM PDT
မင်းဓမ္မပန်းခင်းဈေးအား စည်ပင်မှ ခြံစည်းရိုးကာစဉ် မြို့တော်စည်ပင် ဝန်ထမ်းများနှင့် ဈေးသည်များကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။ သြဂုတ် ၂ ရက် (ယနေ့) နံနက် ၂ နာရီခန့်ချိန်တွင် ရန်ကုန်မြို့တော် စည်ပင်၊ ပန်းဥုယျာဉ်နှင့် အားကစား/ကွင်း များဌာနမှ ဝန်ထမ်းအင်အား ၁ဝဝဝဝ ခန့်က မင်းဓမ္မပန်းခင်းဈေးမှ ဈေးသည် များ ပြောင်းရွှေ့မှု မရှိသည့်အတွက် ခြံ စည်းရိုးခတ်ကာ ဝင်ပေါက်များလည်း ပိတ်ရန်ပြုလုပ်ခဲ့စဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မင်းဓမ္မ ပန်းခင်းဈေးမှ ဈေးသည်များက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ  - Popular Myanmar News Journal

Posted: 02 Aug 2013 02:17 AM PDT
ဧရာတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ခနွဲကပိုကျေးရွာရှိ ဖိုးလမင်း ကုမ္ပဏီပိုင်အင်းအတွင်း ငါးခိုးဖမ်းသည်ဟု စွပ်စွဲ၍ အဖမ်းခံထားရသော သားဖြစ်သူ ရေလုပ်သားကို ရဲစခန်းတွင် သွားရောက် တွေ့ဆုံပြီး အပြန်တွင် ဖခင်ဖြစ်သူ ရုတ်တရက် သေဆုံးသွားကြောင်း ခနွဲကပိုကျေးရွာသား ဦးသိန်းဝင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပန်းတနော်မြို့နယ် ရဲစခန်း မှာ ရေလုပ်သားများ သွားရောက် အဖမ်းခံစဉ်

Posted: 02 Aug 2013 01:59 AM PDT
ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်များ တွင် ယခုနှစ် ပညာသင်နှစ်မှ စပြီး ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်၂၀ အတွက် ဘာသာရပ် တစ်ခုကို ကျောင်းသား ၁၅ ဦးစီနှင့် တက္ကသိုလ်တစ်ခုတွင် ကျောင်းသား ၃၀၀ ဦးစီ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ လက်ခံ။

ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်
သက်ဆိုင်ရာ ဘာသာရပ် အလိုက် အနိမ့်ဆုံး ဝင်ခွင့် သတ်မှတ်ချက် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 01:48 AM PDT
မန္တလေးမြို့က နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ဒီနေ့ခင်း ၁ နာရီက မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ လူရွှင်တော် ဦးလူမော်က “ဦးပါပါလေးက ဆီးနဲ့ကျောက်ကပ်ပေါ့ခင်ဗျား။ ၁ လပိုင်း လောက်ကတည်းက စဖြစ်တာ။ သူရောဂါ သူမသိဘူးပေါ့ဗျာ။ ခါးနာတာပဲသိတယ်။ အဲဒါ မကြောက်တရား  လှည့်ဟောလိုက်၊ ပွဲသွားကလိုက်။ စည်းရုံးရေးဆင်းလိုက်၊ ပြန်လာလိုက်။ ဆီးမကောင်းမှန်းလည်း မသိဘူး။ ကျောက်ကပ်မကောင်းမှန်းလည်း မသိဘူး။ နေ့ခင်း ၁ နာရီမှာဆုံးတယ်” လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Aug 2013 01:42 AM PDT
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေ စာရင်းကောက် ယူနိုင်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဘင်္ဂါလီများကို စည်းရုံးရေး ဆင်းကာ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ ဥက္ကဋ္ဌ ဦးစစ်မြိုင်က The Voice ကို ပြောကြားသည်။ ဘင်္ဂါလီ လူဦးရေ စာရင်းကောက်ရာတွင် အခက်အခဲ ဖြစ်ပေါ်နေသဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အကူအညီပေးရန်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Aug 2013 01:37 AM PDT
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီး ရပ်ကွက်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ဆေးကုသဆောင် သုံးထပ်ဆောင်ပေါ်မှ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်က အသက် ၂၈ နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး ခုန်ချခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Aug 2013 01:23 AM PDT
အရှင်မွေးတော့ နေ့ချင်းကြီး ဆိုသ လိုပင်ထင်ပါ့။ ကော့မှူးမြို့နယ်ထဲကို စ တင်ဝင်လိုက်ကတည်းက ဗဟိုလမ်းမကြီး ၏ ခင်းကျင်းထားမှုကပင် လမ်းတစ်လျှောက် လုံးအနေအထားနှင့် ကွာဟ သွားခဲ့သည်။ ဘေးဝဲယာ လမ်းသွယ်များပင် ကွန်ကရစ် လမ်းအသီးသီးဖြင့် တင့်တယ်လှပနေခဲ့၏။ ”ဦးခင်ရွှေ ကောင်းမှုတွေ ထင်တယ်” ဟု အတူပါလာသော ရုံးက ဂျူနီယာ သတင်းထောက်က ပြော၏။”အင်း” ဟု တစ်ခွန်းတည်းသာ သူ့ကိုပြန်ဖြေဖြစ်သည်။ ၂ဝ၁၂ခုနှစ် ဧပြီလက ကျင်းပခဲ့သော ကြားဖြတ်ေ ရွးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...