Friday, August 2, 2013

“မသူတော်-၂”

July 30, 2013 at 4:34am

ကိုယ်သိစေသင်စေချင်သမျှသာ
ကိုယ့်သမိုင်းကိုယ်ရေးလို့ 
သင်ပေးခဲ့တဲ့မဆလအစိုးရနဲ့ 
အမွေခံတို့ အစိုးရအဆက်ဆက်ကြောင့်
ကျွန်တော်လည်း 
ကိုယ့်သမိုင်းကိုယ်ရေးပြောလိုက်ချင်လာမိခြင်းပါ။
 သြော်.. ကျွန်တော်လည်း...........။ 
ကိုမျိုး (မြန်မာစာ) 

----------------------------
“၈၈ မျိုးဆက်ကျောင်းသား”

            နိုင်ငံကျော် ခရိုနီကြီးတစ်ဦးကသူလည်း၈၈မျိုးဆက်ကျောင်းသားတစ်ဦးပါပဲလို့ 
ဆိုတဲ့အခါကျွန်တော့်စာနယ်ဇင်းညီငယ်တစ်ဦးရဲ့ စကားမှာပြုံးခဲ့ကြသူတွေကိုသွားအမှတ်
ရမိတယ်။အသက်(၃၀)သာသာလူငယ်မျှသာရှိသေးပေမဲ့သူလည်း၈၈မှာကျောင်းသား
သမဂ္ဂဖွဲ့ ပြီးတက်တက်ကြွကြွဦးဆောင်ပါဝင်ခဲ့ကြောင်းအားပါးတရပြောဆိုတာကိုကြားတဲ့
လူလတ်ပိုင်းကြီးများက“မူကြိုသမဂ္ဂလား“လို့ ပြောဆိုပြုံးကာရယ်ကာ ရယ်သွမ်းသွေးခဲ့ကြ
ပါတယ်။မပြုံးနိုင်ခဲ့သူကတော့ကျွန်တော်တစ်ယောက်ပဲရှိခဲ့ပါလိမ့်မယ်။နှစ်ကုန်ပိုင်းမှာမွေးဖွား
သူတို့ ထုံးစံအတိုင်းတစ်နှစ်နောက်ကျကျောင်းတက်ရသူဖြစ်ရတဲ့အထဲကာလဒေသပယောဂ
နဲ့ အကြောင်းကြောင်းသောအကြောင်းကြောင်းတွေကြောင့်ကျောင်းသားသက်ရှည်ခဲ့ရသူ
ကျွန်တော့်မှာအခြေခံပညာကျောင်း(၈၈အပြီးဆယ်တန်းပြန်တက်ခဲ့ရလို့ )နဲ့ တက္ကသိုလ်
ကျောင်း(ပွဲပြီးခါနီးနောက်ကျဂိုးနဲ့ ပညာရေးလမ်းပေါ်ပြန်ရောက်ခဲ့လို့ )တို့ မှာသာမကကျောင်း
တက်ရင်းကျူရှင်ဆရာဘ၀ကိုခံယူဖြစ်ခဲ့သေးတာမို့ ၈၈ကိုကလေးအရွယ်လူမမယ်ဘ၀တွေနဲ့ 
ဖြတ်သန်းခဲ့တွေကိုပေါင်းဖေါ်ခဲ့ရသူပီပီသူတို့ ရဲ့ ခံစားချက်တွေကိုနားလည်နိုင်စွမ်းရှိနေခဲ့လို့ 
မပြုံးနိုင်ခဲ့ခြင်းဖြစ်ပါလိမ့်မယ်။
               ၈၈မှာအဖြူအစိမ်းတို့ အားကိုတန်ဖိုးထားခဲ့ရကြောင်းဒီနေ့ ဒီအချိန်အခါမှာပြန်
ပြောင်းပြောကြရင်တောင်အဖြူအစိမ်းတွေရဲ့ အသက်ကိုတကယ်ပဲတန်ဖိုးထားခဲ့ပါသလား
ပြန်မေးချင်လာမိပါရဲ့ ။လက်သည်းဆိတ်လက်ထိပ်နာဖို့ သက်သက်ကျည်ကွယ်မျက်ကွယ်မဲ့
တဲ့အရပ်မှာအဖြူအစိမ်းဝတ်လူမမယ်ကျောင်းသားသူငယ်တွေကိုလူသားတံတိုင်းပမာပြုမိခဲ့
ရှေ့ တန်းတင်ခဲ့တဲ့အဖြစ်တွေအတွက်ဘယ်သူတွေလိပ်ပြာသန့် နေနိုင်ပါသလဲ။ကျွန်တော်တို့ 
နဲ့ အသက်သိပ်မကွာပေမဲ့သတ္တိအရာမှာကြီးမားစွာကွာခြားခဲ့တဲ့ညီမငယ်ဝင်းမော်ဦးအတွက်
နောင်တော်ကိုဂျင်မီကသူထောင်ထဲမှာရေးစပ်တဲ့“စက်တင်ဘာမျက်ရည်”သီချင်းကိုရှစ်လေး
လုံးငွေရတုအမှတ်တရကဗျာ၊ပန်းချီ၊ဓါတ်ပုံ၊ကာတွန်းပြပွဲမှာဝင်းမော်ဦးရဲ့ မိဘနှစ်ပါး
ရှေ့ ထားပြီးကိုယ်တိုင်အမှတ်တရသီဆိုဂုဏ်ပြုတော့အဲ့ဒီအတွေးလေးတွေးမိလာတယ်။
အဲ့ဒီနေ့ ကကျွန်တော်ရော၊ကျွန်တော့်မိတ်ဆွေတောင်ငူကကိုမျိုးဆွေရောက မိသားစုနဲ့ 
ကိုအမှတ်တရလာကြည့်ကြတာဆိုတော့ရင်ထဲပိုခံစားရတယ်။ကျွန်တော့်မှာလည်းသမီးလေး
တစ်ဦးတည်းသာရှိတာလေ။မိဘနေရာရောက်ခါမှကျွန်တော်အဲ့ဒီမ၀င်းမော်ဦးရဲ့ မိဘနှစ်ပါးကို
ပိုစာနာမိသလိုပိုလေးစားမိလာတယ်။(ဒီနေရာမှာမပြောချင်ပြောချင်ပြောဖို့ ဖြစ်လာတာက
မီဒီယာဓါတ်ပုံသမားတစ်ဦးကကိုဂျင်မီတို့ ညီအစ်ကိုကိုဓါတ်ပုံရိုက်ဖို့ ပြင်ရင်းအဲ့ဒီမ၀င်းမော်ဦး
ရဲ့ မိဘနှစ်ပါးကိုသူဓါတ်ပုံမြင်ကွင်းမှာအလိုက်မသိဘဲဝင်ရှူတ်နေသလိုတွန်းဖယ်ရုံနဲ့ အားမရ
သေးဘဲနောက်ပြန်လှည့်ကြည့်လှည့်ကြည့်နဲ့ လက်ပြန်ထပ်တွန်းတော့မယ့်ဟန်ပြုလို့ ခမျာ
တွေမှာအလိုက်သတိနောက်ထပ်ဆုတ်ပေးလိုက်ရတာကျွန်တော်သတိပြုမိလို့ ရင်ထဲမချိ
အောင်ရှိခဲ့ရပါသေးတယ်။)
                အရေးတော်ပုံကြီးမှာလူထုလူတန်းစားစုံပါဝင်လာအောင်လူထုအုံကြွမူကြီးဖြစ်
အောင်ရှေ့ကနေအသက်ပေးခဲ့တဲ့အဖြူအစိမ်းဝတ်အဖြူရောင်နုလုံးသားတွေကနေသွေး
စိမ်းရှင်ရှင်ထွက်ခဲ့ရပုံတွေအကြောင်းအာပေါင်အာရင်းသန်သန်ပြောဖို့ အခွင့်အရေးကခုနေ
ခါကာလမှရတုန်းရခိုက်မို့ ပြောလိုက်ကြစို့ သူငယ်ချင်းဆိုသူတွေကိုတော့နားလည်ပေးနိုင်ပါ
တယ်ဆယ်စုနှစ်နှစ်စုကျော်အောင်ကိုပုံဖျက်ခံထားရတဲ့သမိုင်းတစ်ခုကိုလွတ်လပ်စွာပြောခွင့်
ရတဲ့တိုင်အောင်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာအကြောင်းပြလို့ ကျူးလွန်ခဲ့သူ
တွေရဲ့ ပြစ်မူကိုအားတုန့် အားနာဆက်လက်ဖုံးဖိပေးဖို့ ထိတော့ကျွန်တော်တရားမရှိနိုင်သေး
ပါဘူး။မတရားတာတွေအထိဖုံးဖိပေးနိုင်မှတရားရှိသူလို့ ဆိုရင်တော့ကျွန်တော်တရားမရှိ
လိုပါ။ဒီနေရာမှာတရားမရှိရှိအောင်ကြံဆောင်ပြီကြိုးစားဆိုကြည့်ချင်လာတာက၈၈အရေး
တော်ပုံကို၈.၈.၈၈(ရှစ်လေးလုံးဆုံရာနေရက်)မှစသတ်မှတ်ကြမယ်ဆိုရင်တောင်စက်တင်
ဘာ(၁၈ )စစ်အာဏာမသိမ်းမီညနေခင်းထိရက်ပေါင်း(၄၀)သာသာမှာပါဝင်ခဲ့ကြသူတွေ
ဟာရှစ်လေးလုံးခေတ်မီသူတွေချည်းပေါ့ခင်ဗျာ။သို့ ပါသော်လည်းစစ်အုပ်ချုပ်ရေးရုပ်သိမ်း
ပေးလိုက်ခါမှလမ်းပေါ်သာမကစင်မြင်ပေါ်ထိပါခုန်ပေါက်ကျော်လွှားတက်ခဲ့သူတွေပါးစပ်က
အယုတ္တအနတ္တစကားတွေဆို၊ဒေါမာန်ဟုန်ကြွနေရရှာသူပြည်သူတွေရှေ့ ကိုယ်နုတ်အမူ
အယာအပြုအမူဆိုးတွေနဲ့ ပိုမိုထကြွအရေးတော်ပုံဂုဏ်ပျက်ရအောင်ဦးဆောင်ပြုကြသူ
တွေ၊ဆင်းရဲတွင်းနက်နေတဲ့လူထုရှေ့ မှာရှေ့ ဆောင်လမ်းပြဂိုထောင်ဖောက်ပြပစ္စည်းယူငင်
ပြသူတွေရဲ့ ပယောဂကြောင့်၈၈ဟာမလိုသူတွေကြားမှာတိုင်းဆူပြည်ဖျက်ခေတ်ကာလပျက်
သဖွယ်ပုံဖျက်ခံခဲ့ရခြင်းခံနေရခြင်းမှာဘယ်သူမပြုမိမိမူလို့ သာသင်ခန်းစာယူဖို့ ရှိကြောင်းကို
ပါ။သမိုင်းကိုမအအောင်သင်ချင်ပါသော်လည်းသမိုင်းကိုမအ အအောင်သင်စေခဲ့သောကိုယ်
သိစေသင်စေချင်သမျှသာကိုယ့်သမိုင်းကိုယ်ရေးလို့ သင်ပေးခဲ့တဲ့မဆလအစိုးရနဲ့ အမွေခံတို့ 
အစိုးရအဆက်ဆက်ကြောင့်ကျွန်တော်လည်း ကိုယ့်သမိုင်းကိုယ်ရေးပြောလိုက်ချင်လာမိခြင်း
ပါ။ သြော်.. ကျွန်တော်လည်း...........။

ကိုမျိုး(မြန်မာစာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...