Sunday, August 11, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၈)

သစ်ထူးလွင်


Posted: 11 Aug 2013 05:50 AM PDT

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲ ဘာအခမ်းအနားပဲ လုပ်လုပ် ရက် ၂၀ကြိုတင် အကြောင်းကြား ရမယ်လို့ တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ် ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်းအတွင်း ၄၅မြို့နယ်ရှိတဲ့ အနက် ဗဟန်းမြို့နယ် တခုထဲကိုပဲ ကွက်ပြီး အခုလို အမိန့်ထုတ် လိုက်တာလို့ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ ခမ်းမပိုင်ရှင် ဦးစိုးညွန့်က ပြောပါတယ်။ ဒီလို စာ မထုတ်ခင် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Aug 2013 05:15 AM PDT

စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်သည် မြေအောက် ရေလျှံတွင်းများမှ ထွက်ရှိလာသော စိုက်ပျိုးရေများကို အဓိကအား၍ ရာသီမရွေး စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ လယ် ယာလုပ်ငန်းခွင်၌ ပဋီဇီဝဆေးဝါးများ လွန်ကဲစွာ အသုံးပြုလာသည့် အတွက် ယလ်ပုဇွန်လုံးများ လျော့နည်းလာ လျက်ရှိကြောင်း လယ်ငေါက် ကျေးရွာနေ ဒေသခံ တောင်သူကြီး တစ်ဦးမှ ပြောပြသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Aug 2013 05:09 AM PDT

ရေယာဉ်၏ ခေါင်မိုးပေါ်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများ တင်ဆောင်ခြင်း မပြုရဟု ရေကြောင်း ပို့ဆောင်ရေး အက်ဥပဒေ ပုဒ်မ ၆၃ (ဂ) အရ သက်ဆိုင်ရာမှ သတ်မှတ်ပြဌာန်း ပေးထားသော်လည်း ချင်းတွင်းမြစ်ကြောင်း အတွင်း နေ့စဉ်ပြေးဆွဲ သွားလာလျက်ရှိသော ရေယာဉ်များသည် ရေယာဉ်၏ခေါင်မိုးပေါ်၌ ခရီးသည်များနှင့် ကုန် ပစ္စည်းများကို တင်ဆောင် ပြေးဆွဲလျက်ရှိကြောင်း မုံရွာမြို့ခံ မြို့မိမြို့ဖ တစ်ဦးမှ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Aug 2013 04:54 AM PDT

ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၄) ကျောင်းစုရပ်ကွက် မာလာလမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက် နံနက် ၃ နာရီခွဲက အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး ခဲ့ကြောင်း ရပ်ကွက်နေ ထိုင်သူများထံမှ သိရှိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Aug 2013 04:01 AM PDT
ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် ဆပ် ယာဉ်အမှတ် ၄စ/၄၈၂၂ က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှု သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပုံစာအညွှန်း - ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဝင်တိုက်မိစဉ်။ (ဓာတ်ပုံ ဂျွန်ချစ်ငြိမ်း)

Posted: 11 Aug 2013 04:25 AM PDT
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်၊ အင်းလေး ဟိုတယ်ဇုံရှိ မြေယာပေါ်တွင်၊ လျှော်ကြေးရယူ ထားခြင်းမရှိသော ကိုအောင်ကျော်မျိုးပိုင် လယ်ယာမြေတွင် ၊ ဟိုတယ်ဇုံ စီမံကိန်း ဖော်ထုတ် နေသော စွန့်ပစ် မြေစာများကို ယနေ့  ၁၁-၈-၂၀၁၃ နံနက် ၁၀း၃၀အချိန်ခန့်တွင် လာရောက် စွန့့်ပစ်သဖြင့်၊ ကိုအောင်ကျော်မျိုး၏ အကိုဖြစ်သူ ၊ ကိုသိန်းထွန်းမှ ၊ လာရောက်မပုံရန် တားဆီးခဲ့ပါသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အင်းလေးဟိုတယ်ဇုံစီမံကိန်းရှိ လျှော်ကြေးမယူသောမြေမှ လယ်သမားအား စခန်းမှူးမှ ရိုက်နှက်ခြင်း။ ဓါတ်ပုံများ
Posted: 10 Aug 2013 11:13 PM PDT
ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ရှားတောကျေးရွာ အုပ်စု အုန်းလက် ဘုန်းတော်ကြီး ကျောင်းမှ  ဘုန်ကြီး ကျောင်းသား လေးတစ်ဦး မြန်အောင် ရေနံမြေကားပေါ်မှ မောင်းနေစဉ် ကြမ်းပေါက်ကျွံကျပြီး နေရာတွင်ပင် သေဆုံးမှု တစ်ခု ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၅း၀၀နာရီ အချိန်ခန့်က ဖြစ်ပွား ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Aug 2013 10:58 PM PDT

၎.၈.၂၀၁၃ရက်နေ့ နံနက် ၁၀း၄၅ နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ၊ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ ဆပ်ကျွန်း ကျေးရွာ၌ ချောင်းအတွင်း ရေဆင်းချိုးရာမှ ကိုရင်တစ်ပါး(အသက် ၁၁ နှစ်) မိကျောင်း ကိုက်ဆွဲခံရ၍ သေဆုံးမှုဖြစ်ပွား ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကိုရင် အား ကိုက်သတ်သည့် မိချောင်းအား ဒေသခံများ ၀ိုင်းဝန်ဖမ်းဆီး သတ်ဖြတ်ပုံ

ကိုရင် အား ကိုက်သတ်သည့် မိချောင်း

Posted: 10 Aug 2013 10:29 PM PDT

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမြို့လယ် အရှေ့တိုင်း အဆင့်မြင့် ဟိုတယ်ကြီးအား မီးလောင်ရာ  ယွမ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးကြောင်း ဟိုတယ်ဝန်ထမ်းများက ပြောပါသည်။ “မနေ့က မွန်းလွဲပိုင်း ၂ နာရီလောက်က ဒုတိယထပ်က စလောင်တာ။ မီးသတ်ကားက နှစ်စီးပဲ ရှိတာလေ။ တရုတ်ပြည် တာလော့ကနေ လာကူငြိမ်းသတ်မှ မိုးချုပ်ခါနီးလောက်မှာ ငြိမ်းသတ် နိုင်ခဲ့တယ်” - ဟု အမျိုး သမီးဝန်ထမ်း အားမိန်ကျဲ က ပြောပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Aug 2013 10:19 PM PDT
ယမ်ယမ်ခေါက်ဆွဲ ခြောက်သုံးထုပ် ပျောက်ဆုံးသည့် အတွက် အသက် ၁၉ နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်က လူအများရှေ့၌ သူခိုးဟု စွပ်စွဲခဲ့သဖြင့် ရှက်၍ သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ငါးလွှာ (ညာဘက်) ဝရန်တာ အပြင်နေကာ ကွန်ကရစ်ပြားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနထံမှ စုံစမ်း သိရှိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒီနေ့ နေ့လည်က လှည်းတန်းမှာ မိန်းကလေး တစ်ယောက် ခြောက်လွှာ တိုက်ခန်းပေါ်က ခုန်ချဖို့ ကြံစည်နေပုံ။ (ဓာတ်ပုံ- Chit Nay Mrell) 

Posted: 10 Aug 2013 10:13 PM PDT

ရဲကင်းစခန်းများကို မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည့် စစ်တွေမြို့နယ် အုန်းတောကြီးကျေးရွာတွင် အခြေအနေများ ပြန်လည် ငြိမ်သက်နေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းအရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်တွေ ဒုက္ခသည် စခန်း

Posted: 10 Aug 2013 08:52 PM PDT

အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က မီးတောင်တလုံး ပေါက်ကွဲခဲ့တာ မှာ ကောင်းကင်ထက်မှာ မီးခိုးပြာမှုံတွေနဲ့အတူ ချော်ရည်ပူတွေလည်း ပန်းထွက်လာခဲ့တာကြောင့် ကမ်းခြေတခုမှာ အိပ်ပျော်နေတဲ့ လူ ၆ ဦး သေဆုံးခဲ့ရပါတယ်။

Palue ကျွန်းပေါ်က Rokatenda မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၂,၀၀၀ ထက်မနည်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စနေနေ့ က သေဆုံးခဲ့သူတွေထဲမှာတော့ ကလေးငယ် ၂ ဦးထက်မနည်း ပါဝင်တယ်လို့ အင်ဒိုနီးရှားအစိုးရ အရာရှိတွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်ဒေသ မီးတောင်ရပ်ဝန်းထဲမှာ ရှိနေတာကြောင့် ငလျင်အန္တရာယ်နဲ့ မီးတောင်ပေါက်ကွဲမှုအန္တရာယ် များလှတဲ့ ဒေသတခုဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Posted: 10 Aug 2013 08:41 PM PDT
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံရှိ အသစ်ဆောက်နေသော စင်တာ၏ အနောက်ဘက်တိုက် ခြောက်လွှာတွင် ယနေ့ ညနေ ၃ နာရီတွင် အမျိုးသမီးတစ်ဦး ခုန်ချရန် ကြိုးစားမှုကို အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



             ဒီနေ့ နေ့လည်က လှည်းတန်းမှာ မိန်းကလေး တစ်ယောက်
               ခြောက်လွှာ တိုက်ခန်းပေါ်က ခုန်ချဖို့ ကြံစည်နေပုံ။
                (ဓာတ်ပုံ- Chit Nay Mrell)
Posted: 10 Aug 2013 08:37 PM PDT
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ဗီယက်နမ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ စစ်မက်ဖြစ်ပွားစဉ်ကတည်း တောတွင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ သားအဖ နှစ်ယောက်ကို လူ့အသိုင်းအဝိုင်းထဲပြန်လည် ဝင်ရောက်ဖို့ ဗီယက်နိုင်ငံသားတွေနဲ့ ဒေသဆိုင်ရာ အကြီးအကဲ တခိျု့က ဆွဲဆောင်နိုင်ခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




သားအဖနှစ်ယောက်ကို ပြန်ခေါ်လာစဉ်


Posted: 10 Aug 2013 08:17 PM PDT

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် တွင် ရေလမ်းခရီးဖြင့် သွားလာကြသော ဒေသခံပြည်သူများအနေဖြင့် ယခုရက်ပိုင်း အတွင်း ကြားသိနေရ သော မိကျောင်း အန္တရာယ်ကို သတိပြု သင့်ပါသည်။ ယခုရက်ပိုင်း အတွင်း ဘိုကလေးမြို့နယ် ရေဝင်ကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာများတွင် မိကျောင်း အဝါကြီးတစ်ကောင် မကြာခဏ သွားလာနေသည်ကို ဒေသခံများ တွေ့ရှိခဲ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Aug 2013 08:06 PM PDT

သတင်းစာဆရာ၊ စာရေးဆရာ၊ ဘာသာပြန်သူနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယဥက္ကဌ မောင်ဝံသခေါ် ဦးစိုးသိန်း ဟာ သြဂုတ်လ ၁၁ ရက် မနက်က ရန်ကုန် မြို့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မောင်ဝံသဟာ ၁၉၆၂ ရန်ကုန် တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့ပြီး လုပ်သား၊ မြန်မာ့အလင်း စတဲ့ သတင်းစာ တွေမှာ ထမ်းဆောင်ခဲ့ကာ ၁၉၈၈ သပိတ်မှာ ပါခဲ့လို့ ဗိုလ်တထောင် အယ်ဒီတာ အဖြစ်က ရပ်စဲ ခံခဲ့ရ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သတင်းစာဆရာ မောင်ဝံသ

Posted: 10 Aug 2013 08:03 PM PDT

သြဂုတ်လ(၁၁)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Aug 2013 07:43 PM PDT
သြဂုတ်လ(၁၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Aug 2013 07:33 PM PDT

ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရန်ကုန်-မန္တလး အမြန်လမ်း မိုင်တိုင် အမှတ် ၃၉ (၂/၃)တွင် မန္တလေးမှ မောင်းနှင်လာသည့် ပါဂျဲရိုး ခဲရောင် ၉ဂ/၇၃၄၆ သည် ရှေ့ညာဘီးပေါက်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Aug 2013 07:25 PM PDT

သီရိလင်္ကာ နိုင်ငံ ကိုလံဘို မြို့တော် နားက ဗလီ တခု ထဲကို ဗုဒ္ဒဘာသာ ဝင် အုပ်စုက ဝင်ရောက် ဖျက်ဆီးပြီး ဝတ်ပြုနေသူ တွေကို တိုက်ခိုက်မှု ကြောင့် အဲဒိ နယ်မြေမှာ နေဝင် မီးငြိမ်း အမိန့် ထုတ်ခဲ့ပါတယ်။

မွတ်ဆလင် ဥပုသ်လ ကုန်ဆုံးတဲ့ အိဒ် ပွဲတော် အပြီး နောက်တရက်မှာ ဒီ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၅ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့ ပါတယ်။

မွတ်ဆလင် တွေကို ဥပုသ်လ ကုန်တဲ့အထိ ဗလီမှာ ဝတ်ပြုခွင့် ပေးဖို့ အနားက ဘုန်းကြီးတွေက သဘောတူ ခဲ့တယ် လို့လည်း ကိုလံဘို သတင်းတွေက သိရ ပါတယ်။

သူတို့ကို သီရိလင်္ကာ သာသနာရေးက ဆက်လက် ဝတ်ပြုခွင့် ပေးထားတယ် လို့ အဲဒိက မွတ်ဆလင် တွေက ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အိဒ် ပွဲတော် အပြီး နောက်တရက်မှာ တိုက်ခိုက်

Posted: 10 Aug 2013 07:17 PM PDT
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အရ Satellite ဂြိုဟ်တုကနေရတဲ့ သတင်း အချက်အလက် တွေကို  မျှဝေသုံးစွဲဖို့  သောကြာနေ့က  သဘောတူ စာချုပ်တရပ် ချုပ်ဆိုခဲ့ကြပါတယ်။ ဒီသဘောတူညီချက် ကနေ မြန်မာနိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ အတွက် ခေတ်မီ တိုးတက်လာအောင် အထောက်အကူ ပေးနိုင်မယ့် အပြင် နှစ်နိုင်ငံပြည်သူတွေကြား ချစ်ကြည်ရင်းနှီးမှုတွေ ပိုရ လာစေမှာဖြစ်တယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 10 Aug 2013 07:07 PM PDT

၉-၈-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ ဝင်များသည် ရဲတပ်ကြပ် အောင်အောင် ၏ သတင်းရယူမှုဖြင့် မြစ်ကြီးနားမြို့ ၊ အောင်နန်းရပ်ကွက်၊ “ရွှေမြို့ တော်” တည်းခိုခန်း၊ အခန်းအမှတ်(B-004)သို့ ၀င်ရောက် စစ်ဆေး ရှာဖွေခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Aug 2013 06:48 PM PDT

ရန်ကုန်၊ သြဂုတ် - ၁၁။

ပြည်သူ့ ခေတ်ဂျာနယ် ပဲ့ကိုင်ရှင် ဆရာမောင်ဝံသ ဒီနေ့ နံနက် ၆ နာရီကျော်က ကွန်လွန်သွားပြီဖြစ်တယ်လို သမီးဖြစ်သူ မလွတ်လပ်စိုး ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဆရာဟာ ကင်ဆာရောဂါကိုခံစားခဲ့ရပြီး ဆေးကုသနေစဉ်အတွင်းမှာကို စာပေတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့သူဖြစ်ပါတယ်။

ပြည်သူ့ ခေတ်စာမျက်နှာ (၃) မှာဆရာပင်တိုင်ရေးနေတဲ့ “ပြောချင်လွန်းလို့ ” ခေါင်းစဉ်နဲ့ ရေးသားချက်တွေကို ဘယ်တော့မှဖတ်ရတော့မှာ မဟုတ်တော့ပါဘူး။

ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဠ် က “ကြယ်ကြွေလေပြီ” ဟု သူ၏ဖေ့ဘုတ်စာမျက်နှာမှ ဆရာမောင်ဝံသအတွက် ဝမ်းနည်းစကား ဆိုထားပါတယ်။

မန္တလေးခေတ်

ဆရာမောင်ဝံသ 

Posted: 10 Aug 2013 06:40 PM PDT

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်၊ အင်းတကော်ကျေးရွာ ရဲစခန်း အပိုင်၊ သပြေကုန်းကျေးရွာတွင်
(၉.၈.၂၀၁၃)နေ့ ည(၇း၀၀)အချိန်ခန့်က အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ သတင်းအရ အင်းတကော် ရဲစခန်းမှူး ရဲအုပ်ကျော်တင်ဦးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးရာ ထိုကျေးရွာနေ ဒေါ်သန်းသန်းမြင့်၊ အသက်(၅၅)နှစ်မှာ ၄င်းနေအိမ်ဘေးရှိ လူမနေသော အိမ်ခြံထဲတွင် နောက်စေ့ ဒါဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဇနီးကိုသတ်သူ အင်းတကော်ရဲက ဖမ်းလိုက်ပြီ

Posted: 10 Aug 2013 06:25 PM PDT

အာရှ၊ ဥရောပ၊ အာဖရိကနှင့် ကမ္ဘာ့ထိပ်သီး နိုင်ငံများ အထိ ချိတ်ဆက်နိုင်မည့် ရေနက်ဆိပ်ကမ်းကြီးအား တည်ဆောက်ရန် ထိုင်း အခြေစိုက် ကုမ္ပဏီ Emerald Grand Hotal Co.Ltd နှင့် ၉.၈.၂၀၁၃ ရက်နေ့တွင် MOU သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီး ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်( ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ)၏ ပြောကြားချက် အရသိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မွန်ပြည်နယ် ရေးမြို့နယ်ပိုင်  ကုလာကုတ် ရေနက်ဆိပ်ကမ်း ထိုင်းကုမ္ပဏီ MOU နှင့်လက်မှတ်ရေးထိုး


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...