Sunday, August 11, 2013

~မျက်စိ အားစိုက်ရခြင်း~


ကွန်ပျူတာ စကရင်ကို နေ့စဉ် နှစ်နာရီလောက်သာ ကြည့်ရှုသူတွေမှာတောင် ကွန်ပျူတာ အမြင်လက္ခဏာစု (Computer Vision Syndrome) ကို ခံစားဖူးကြ ရပါတယ်။
မျက်စိအားစိုက်ရတာ၊ အမြင်ဝေဝါးတာ၊ ခေါင်းကိုက်တာနဲ့ မျက်စိခြောက်သွေ့တဲ့ လက္ခဏာတွေပါ။
သင်ဟာ သင့်မွေးနေ့ Card ကိုဖတ်ဖို့ မျက်စိအားစိုက်ရရင် ဒါမှမဟုတ် ကွန်ပျူတာ စကရင်ပေါ်က စာတွေဖတ်ဖို့ အမြင်ဝါးနေရင် အောက်ပါတို့ကို ပြုလုပ်ကြည့်ပါ။

(၁) သင့်မျက်စိကို အနားပေးပါ...
မျက်စိ အားစိုက်ရတာ သက်သာဖို့ အကောင်းဆုံး နည်းလမ်းဟာ မျက်စိကို အနားပေးတာပါ။ သင်ဖုန်းပြော နေစဉ် အတွင်းမှာ ပြုလုပ်နိုင်တဲ့ အလွယ်ဆုံး နည်းလမ်းပါ။ သင်ဟာ စာရေးဖို့ ဒါမှမဟုတ် စာဖတ်ဖို့ မလိုအပ်တဲ့အတွက် ဖုန်းနဲ့ စကားပြောနေစဉ်မှာ မျက်စိပိတ်ထား လိုက်ရုံပါပဲ။ သင်နေ့စဉ် ဖုန်းနဲ့ စကားပြောချိန် ဘယ်လောက် ကြာတယ် ပေါ်မူတည်ပြီး သင့်မျက်လုံးဟာ နေ့စဉ်တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက် အနားရနေပြီး ကွန်ပျူတာအမြင် လက္ခဏာစုတွေ သက်သာသွားကာ မျက်စိ အားစိုက်ရတာလည်း သက်သာ သွားနိုင်ပါတယ်။

(၂) အလင်းရောင်ကို ဂရုစိုက်ပါ...
အလင်း အားနည်းတဲ့နေရာမှာ စာဖတ်လို့ မျက်စိကို မထိခိုက်ပေမယ့် သင့်မျက်စိ ပိုမို အားစိုက်ရတတ် ပါတယ်။

ဒါကြောင့် စာဖတ်တဲ့အချိန်မှာ ဖယောင်းတိုင်မီး ဒါမှမဟုတ် ဓာတ်မီးတိုင်မှ လမ်းမီးလိုမျိုး မီးမှိန်မှိန်တွေ ဒါမှမဟုတ် မီးလုံး မီးလိုမျိုး မီးစူးစူးရှရှတွေ အသုံးမပြုဘဲ သင့်မျက်လုံးအတွက် အလင်းရောင် လုံလောက်စွာ ရရှိမယ့် မီးမျိုးကိုသာ အသုံးပြုပါ။ သင်ရဲ့ မျက်လုံးကို တိုက်ရိုက် ရောက်စေမယ့် မျက်စိတည့်တည့်က မီးအလင်းရောင်ကိုလည်း အသုံးမပြုမိဖို့ သတိထားပါ။

(၃) စာကြည့်မျက်မှန် သုံးပါ...
သင့်မျက်စိ နှစ်ဖက်စလုံးကအဝေးမှအရာတွေကို ကောင်းကောင်း မြင်နေရပြီး စာဖတ်ရာမှာသာ ခက်ခဲနေရင် စာကြည့်မျက်မှန် အသုံးပြုပါ။

(၄) သင့်အတွက် မှန်ကန်မယ့်ပါဝါကို ရွေးပါ...
ဘယ်စာကြည့် မျက်မှန်က သင်နဲ့ သင့်တော်မလဲ ဆိုတာကို ရွေးဝယ်ပါ။ သင်လိုချင်တဲ့ အကွာအဝေးကနေ စာဖတ်ရင် ကောင်းကောင်း မြင်နိုင်တဲ့ မျက်မှန်ပါဝါကို ရွေးပါ။ သင်ရွေးတဲ့ ပါဝါဟာ သင့်အတွက် သိပ်များနေရင် သင်နဲ့ အနီးကပ်နေရာက အရာတွေကို မြင်နေရပေမယ့် အဲဒီအကွာအဝေး ထက်ကျော်သွားရင် အမြင်ဝါးသွား နိုင်ပါတယ်။

(၅) အလုပ်ချိန်အတွင်းမှာ မကြာခဏ နားပေးပါ...
သင်ဟာ ကွန်ပျူတာကို ခြောက်နာရီလောက် အသုံးပြုနေသူဆိုရင် နှစ်နာရီမှ သုံးနာရီခြားတိုင်း ခေတ္တနားပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ထမင်းစားတာ၊ လက်ဖက်ရည် သောက်တာ၊ အိမ်သာ သွားတာလိုမျိုး ပြုလုပ်ပြီး မျက်စိကို အနားပေးပါ။ ကွန်ပျူတာ စကရင်ကို ကြည့်နေမယ့်အစား စာရွက်တွေကို ပရင့်ထုတ်ပါ။

(၆) စကရင်ကို အလင်းမှိန်ထားပါ...
ကွန်ပျူတာ စကရင် အတွင်းမှာရှိတဲ့ မီးသီးတွေက အလင်းရောင်စာ သင့်မျက်စိကို တိုက်ရိုက် ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ စကရင်က brightness ကို လျှော့ထားပါ။

(၇) ကွန်ပျူတာကိုအမှောင်ထဲမှာထားပါ...
ကွန်ပျူတာ စကရင်ကို အမည်းရောင်ဘူး (Black Box) ထဲမှာထားပြီး brightness အဆင့်ကို အနိမ့်ဆုံးမှာထားပါ။ ဒါမှမဟုတ် ကွန်ပျူတာ စကရင်အပေါ်မှာ စကရင် cover ခံထားပါ။

(၈) ရေနွေးကြမ်း အုပ်ပေးပါ...
ရေနွေးကြမ်းကိုနည်းနည်းအအေးခံပါ။ နွေးနွေးလေး ဖြစ်နေတဲ့ ရေနွေးကြမ်းထဲကိုမျက်နှာသုတ်ပဝါ သေးသေးလေးထည့်စိမ်ပြီးမျက်နှာသုတ်ပဝါကို ရေညှစ်ပါ။ လဲလျောင်းပြီး အဲဒီ မျက်နှာသုတ်ပဝါကို သင့်မျက်စိပေါ် ၁၀ မိနစ်မှ ၁၅မိနစ်ထိ အုပ်ထားပေးပါ။

(၉) မျက်စိအတွက် ယောဂကျင့်ပါ...
သင့်လက်ဖဝါး နှစ်ဖက်ကို ပူနွေးလာအောင် အတူတူ ပွတ်တိုက်ပေးပါ။ မျက်စိ မှိတ်ထားပြီး လက်ဖဝါးကို မျက်လုံးပေါ် ဖုံးအုပ်ထားပါ။ ဖြည်းဖြည်းနဲ့ နက်နက်နဲနဲ အသက်ရှူပြီး မျက်စိမှာ အမည်းရောင် မြင်လာတဲ့အထိ မြင်ယောင်ကြည့်ပါ။ နေ့စဉ်မိနစ် ၂၀ ခန့်ပြုလုပ်ပါ။

(၁၀) မျက်တောင်ခတ်ပါ...
နေ့စဉ် အကြိမ် ၃၀၀ ခန့် မျက်တောင် ခတ်ပေးပါ။ မျက်တောင် တစ်ခါခတ်တိုင်း မျက်လုံးကို သန့်စင် ပေးနေပါတယ်။

(၁၁) ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ...
သင် အသက် ၄၀ ကျော်နေပြီး မျက်စိအားစိုက် နေရရင် သင့်မျက်လုံး တစ်ဖက် အတွင်းဝင်တာ ဒါမှမဟုတ် အပြင် ထွက်တာလိုမျိုး Misalignment ဖြစ်သွားလို့ပါ။ မျက်စိ အထူးကု ဆရာဝန်နဲ့ ပြသရမှာဖြစ်ပြီး သင့်ကို မျက်စိ လေ့ကျင့်ခန်း လုပ်ခိုင်းတာ၊ Prism မျက်မှန် တပ်ခိုင်းတာ ဒါမှမဟုတ် လိုအပ်ရင် မျက်စိ ကြွက်သားတွေကို ခွဲစိတ်ပြီး ပြုပြင်ပေးတာတွေ လုပ်ပေးနိုင် ပါတယ်။ သင့်မျက်စိထဲမှာ နာကျင်တာ ဒါမှမဟုတ် အလင်းရောင်ကို အကြည့်မခံနိုင်တာ ဖြစ်ရင်လည်း မျက်စိ အထူးကု ဆရာဝန်နဲ့ ပြသပါ။

post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note by doctor khinmoemoe(healtharticles)
(copy via nainghtwe)
note&photo credit to original uploader
photo from google

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...