Friday, July 12, 2013

လစ်ဖရယ်အတွေးအခေါ် ၊ လူ့အခွင့်အရေး နှင့် အမျိုးသားရေး PartII

July 9, 2013 at 8:06pm

ပြင်သစ်အတွေးအခေါ်ပညာရှင်တို့ရဲ့အတွေး

ပြင်သစ်အတွေးအခေါ်ပညာရှင်တို့ရဲ့ အတွေးကပြင်သစ်နိုင်ငံကိုရောက်လာတဲ့ အလုပ်သမားတွေဟာ ပြင်သစ်နိုင်ငံမှာအနေကြာရင် Assimilate ဖြစ်ကုန်ပြီး၊ပြင်သစ်မလေးတွေကိုယူ ၊ကပြားလေးတွေမွေး ၊အားလုံးပြင်သစ်ကလေးတွေဖြစ်ကုန်ကြလိမ့်မည် လို့စိတ်ကူးယဉ်ခဲ့ကြတယ်။ ဒါကြောင့်ပါရီမှာပလီ အကြီးကြီးဆောက်ပြီး မွတ်စ်စလင်အလုပ်သမားတွေကိုဖိတ်ခေါ်ကြိုဆိုခဲ့ကြတယ်။ ဒါပေမဲ့လက်တွေ့မှာထင်သလို ဖြစ်မလာကြဖူး။ မွတ်စ်စလင်အလုပ်သမားတွေကပြင်သစ်မလေးတွေကို မယူပဲသူတို့နိုင်ငံက မွတ်စ်စလင်မလေးတွေကိုခေါ်ယူကြတယ်။ မွတ်စ်စလင်မလေးတွေဟာ ပြင်သစ်မတွေလိုပညာတတ်တွေမဟုတ်ကြ။ ခေါင်းမြီးခြုံပြီးအိမ်ထဲကအိမ်ပြင်မထွက်ကြ။ နောက်ခလေးတွေတပြုံကြီးမွေးကြတဲ့ယဉ်ကျေးမှု။ Value System လို့ခေါ်တဲ့တန်ဖိုးထား တာခြင်း မတူကြ။ ယဉ်ကျေးမှုချင်း မတူကြ။
ပြင်သစ်တွေက လစ်ဖရယ်အတွေးအခေါ်အရ လူးသားတိုင်းကိုတန်ဖိုးထားရမယ်။ဒါကြောင့် welfare လို့ခေါ်တဲ့ဆင်းရဲရင် အစိုးရကကျွေးရမယ်ဆိုတဲ့ ပေါ်လစီအရခလေးများများမွေးရင် အစိုးရကများများကျွေး ပေတော့ပေါ့။ဒီတော့ အစိုးရကသူတို့အတွက် တိုက်အမြင့်ကြီးတွေဆောက်ပေး ၊သူတို့ကဒိုင်ခံခလေး တွေမွေး၊ ဂက်တို(ghetto) လို့ခေါ်တဲ့ အစိုးရအထောက်အပံ့နဲ့နေကြတဲ့  လက်ဝေခံ ဆင်းရဲသား ရပ်ကွက် ကြီးတွေပေါ်ပေါက် လာကြတော့တယ်။ခလေးတွေကပညာကောင်းကောင်းမသင် ၊အလုပ်ရှာမရ ။နောက် ဆုံး ဒီဂက်တိုမှာ မူးယစ်ဆေးဝါးတွေရောင်း ၊ပုလိပ်တောင်မ၀င်ရဲတဲ့ မကောင်းမှုဒုစရိုက် စုံရာရပ်ကွက်ကြီး တွေဖြစ်လာရတော့တယ်။ နောက်ဆုံးမွတ်စ်စလင်လူငယ်လေးတွေဟာ အလုပ်လည်းမရှိ ၊ အစိုးရကို လည်း မကျေမနပ်နဲ့ ကားတွေကိုမီးရှို့ နဲ့ဆူပူဆန္ဒပြခဲ့ကြတယ်။
ယနေ့ ဆွီဒင်နိုင်ငံမှာလည်း အလားတူဆူပူမှုတွေဖြစ်ခဲ့ကြရတယ်။
ဆိုရှယ်လစ်ဖရယ်တွေကတော့ Multiculturalism ကိုအားပေးခဲ့ကြဆဲ။

သူတပါးနဲ့မတူညီတဲ့ယဉ်ကျေးမှု
ဒီနေရာမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ မတူညီတဲ့ယဉ်ကျေးမှုက အရေးပါလာတယ်။နိုင်ငံပေါင်းစုံ ၊ဘာသာ ပေါင်းစုံကလူတွေဟာ အနောက်နိုင်ငံတွေကို စီးပွားရေးအကြောင်းကြောင့်ဖြစ်စေ ၊ပညာရေးတိုးတက်မှု ကြောင့်ဖြစ်စေ ၊နိုင်ငံရေးခိုလုံရန်အတွက်ဖြစ်စေ ၊အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ပြောင်းခဲ့တြတယ်။ အများကကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ဘာသာစကားကိုသင် ၊အများရဲ့ယဉ်ကျေးမှု ကိုလေးစားရိုသေပြီး အများနေထိုင်သလိုကျင့်ကြံနေထိုင်ကြပါတယ်။ တနည်းအားဖြင့်assimilate ဖြစ်ကုန်ကြပါတယ်။

တဖက်ကလည်းမိမိ တို့ရဲ့ယဉ်ကျေးမှုကို စောင့်ထိန်းကြကာ ၊ မိမိကိုးကွယ်သည့်ဘာသာကို ညင်ညင်သာသာကိုးကွယ် ကြပါသည်။ ဟိန္ဒူဘာသာဝင်တွေလည်း ဟိန္ဒူဘုရားရှိခိုးကျောင်း၊ ဗုဒ္ဓဘာသာဝင်တွေကလည်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေတည်ဆောက်ကာ တည်တည်ငြိမ်ငြိမ်တိုးတိုးတိတ်တိတ်ကိုးကွယ်ကြရာဘာပြဿနာ မတက်ကြပါ။
အစၥလမ္ဘာသာက မရပါ။လူနဲနဲစုမိတာနဲ့ ပလီဆောက်ကာပလီမှာလူစုကြပါတော့သည်။ ထိုမှလူအတော်စု မိလျှင်၎င်းတို့၏ ရှလီရာ(Shria) ဥပဒေကိုခွင့်ပြုရမည်ဟုတောင်းဆိုလာကြပါတော့သည်။ ထို့ထက်လူဦးရည်များလာလျှင် ပြည်နယ်တောင်းကာ ဘယ်ဂျီယံ(Belgium) မှာဆိုလျှင် လွပ်လပ်သောတိုင်းပြည်တည် ထောင်ခွင့်တောင်းဆိုနေကြပေပြီ။ အစ္စလမ်ဘာသာ အစမှာ တိုင်းပြည်တွေရဲ့ နယ်မြေပိုင်ခြားမှု ကိုကျော် လွန်ကာ အစ္စလမ်ဘာသာထွန်းကား သောနယ်မြေကြီးတွေပေါ်ထွန်းခဲ့ပါတယ်။ ဒါတွေကိုကယ်လီဖရိပ် (Caliphates) လို့ခေါ်ပါတယ်။ ခေတ်သစ်အစ္စလမ်ဝင်တချို့ရဲ့ စိတ်ကူးယဉ်အိမ်မက်က အရှေ့အလယ်ပိုင်း အာရပ်နယ်မြေတွေမှ ၊ အာရှအထိအစ္စလမ်နယ်မြေထူထောင်ရေးဆိုတာ မဖုံးကွယ်ထားကြပါ။

ဒါကြောင့် အစ္စလမ်ဘာသာဝင်တွေဟာပေါ်ပေါ်ထင်ထင် အစ္စလမ်ဘာသာပြန့်ပွားရေးကို လုပ်ဆောင်ခဲ့ကြ ပါတယ်။ထို့ပြင် စက်တင်ဘာလ၁၁ရက် နောက်ပိုင်းမှာအစွန်းရောက် အစ္စလမ်အကြမ်းဖက်သမားတွေဟာ စိတ်ဓါတ်တက်ကြွလာပြီး အနောက်တိုင်းနိုင်ငံတွေမှာ ဖေါက်ခွဲမှုတွေပြု လုပ်လာခဲ့ကြတဲ့အတွက် ၊နိုင်ငံ တချို့ဟာကန့်သတ်မှုတွေပြုလုပ်လာရပါတယ်။ တခြားအကြောင်းပြကြပေမဲ့ တကယ်ကအစ္စလမ်လွှမ်းမိုးမှု ကိုတားစီးဖို့ရယ်ပါ။

ဥပမာ ပြင်သစ်နိုင်ငံမှာ မွတ်စလင်မတွေခေါင်းမြီးခြုံတာကို ဥပဒေပြုထိန်းကွပ်မှုတွေကိုစတင်ပြုလုပ်ခဲ့သလို ၊အစိုးရမှထောက်ပံ့ငွေတွေကို ၅၀%ကျော်ကျော်ဖြတ်ထောက်ခဲ့ကြပါသည်။ ဒိန်းမတ်နိုင်ငံ ၊ သြတြေးရီးယားနိုင်ငံနဲ့ ယ္ခုအင်္ဂလန်နိုင်ငံမှာတောင် နိုင်ငံခြားသားကိုယူသောသူသည် သတ်မှတ်ထားသောဝင်ငွေရှိ ကြောင်းပြနိုင်မှသာ ၊ ခေါ်ပိုင်ခွင့်ရှိမည်ဟူသော ကန့်သတ်မှုတွေပြုလုပ်လာကြရပါပြီ။

လက်ရှိ အင်္ဂလန်နှင့် ဂျာမန်ဝန်ကြီးချုပ်တွေက Multiculturalism မအောင်မြင်ကြောင်းထုတ်ဖေါ် ၀န်ခံကြရပေပြီ။
လစ်ဖရယ်အတွေးအခေါ်ပညာရှင်များ Human Rights ဟူသောလူ့အခွင့်အရေးတစ်ခုထဲကိုကြည့် ၍ပေါ်လစီများကြမှတ်ကာ မွတ်စလင်များကို တခါးဖွင့်ဖိတ်ခေါ်ခဲကြရာယ္ခုတိုင်းပြည် ဖျက်မည့်သူများ ၀င် လာကာလူမျိုးအမြိုခံရမည့်ကိန်းစိုက်နေကြတော့ ဘာလုပ်ရမှန်းမသိ ကြတော့။ ထို့ပြင်ဂရိနိုင်ငံကဲ့သို့ စီးပွားရေးကပ်ဆိုက် ၊ အလုပ်လက်မဲ့ဖြစ်ကာ ဒုက္ခပင်လယ်ဝေနေသောအချိန်တွင်၊ ခိုးဝင်လာသောနိုင်ငံ ခြားသားကိုလိုက်ရိုက်သည့်အဖြစ်အပျက်များ တနေ့ထက်တနေ့တိုးပွားလျှက်ရှိသည်။ သြစကြီးရား(Austria) နိုင်ငံမှာ အမျိုးသားစိတ်ဓါတ်ပြင်းပြသော နိုင်ငံရေးသမားများ အရွေးခံရကာပြည်သူလူထုက အမျိုးသားရေးစိတ်ပြင်းပြလာကြပါသည်။ အင်္ဂလန်မှာအပြစ်မဲ့သော အင်္ဂလိပ်စစ်သားကို အစ္စလမ်ဘာသာဝင်တဦးက လက်စားခြေလည်လီးမှု ဖြစ်ပွားအပြီး ၊Multiculturalism အထွန်းကားဆုံးနိုင်ငံ အင်္ဂလန်မှာတောင် English Defense League ဆိုတဲ့အမျိုးသားကာကွယ်ရေးအဖွဲ့တွေ ဟာအားကောင်းလာရပါပြီ။

ဒီအဖြစ်အပျက်တွေဟာ ဆိုရှယ်လစ်ဖရယ်အတွေးအခေါ်အောက်က ပေါ်ထွက်လာတဲ့နောက်ဆက်တွဲ အတွေးအခေါ်တွေနဲ့ အရာရာကိုလူ့အခွင့်အရေး နဲ့ကြည့်ရာမှအစွန်းရောက်မှုရဲ့ရလဒ်တွေဖြစ်တယ်။

ဒါကြောင့် ဒီမိုကရေစီ သော်၎င်း  လူ့အခွင့်ရေး ဆိုရာတွင်၎င်း  တဖက်ထဲကြည့် ဆုံးဖြတ်၍မရပါ။

၎င်းတို့နှင့် ပတ်သက်လာမည့်နောက်ဆက်တွဲ ပြဿနာများကိုထဲ့စဉ်းစားရပေမည်။ သို့မဟုတ်ပါကအနောက်နိုင်ငံမှ ဆိုရယ်လစ်ဖရယ်များကဲ့သို့ ဦးနင်းပဲ့ထောင် ၊ ပဲ့နင်းဦးထောင် ဖြစ်တတ်ပါသည်။

လူ့အခွင့်အရေးဆိုတာ

ဆိုရှယ်လစ်ဖရယ်တွေက တခြားနိုင်ငံတွေမှာ ဆိုရင် လူ့အခွင့်အရေးကိုတွင်တွင်အော်ပြကြပါလိမ့်မည်။
သို့သော် လူ့အခွင့်အရေးဆိုတာ ၊ မျဉ်းကြောင်းတစ်ကြောင်းထဲ တည့်တည့်ဆွဲသလို တဖြောင့်ထဲဆွဲလို့ မရနိုင်ပါ။တခါတရံ အကွေ့အကောက်တွေ ၊ တခါတရံအတက်အဆင်းဆိုတာတွေ ရှိတတ်ပါသည်။
ဥပမာတစ်ခုတင်ပြ၊ ပါရစေ။

အနောက်နိုင်ငံတွေမှာ ၊အထူးသဖြင့် အမေရိကန်နိုင်ငံမှာ မိန်းမတို့မိမိကိုယ်ဝန်ဖျက်ချခွင့်(Abortion) ကိုအလွန်တန်ဖိုးထားကြပါသည်။ မိန်းမတို့၏လူ့အခွင့်အရေးအဖြစ် တိုက်ပွဲဝင်ကြသည်။၎င်းတို့၏ တင်ပြ ချက်တွင်family Planning ဟုခေါ်သော မိသားစုပြင်ဆင်ခြင်းကို အရေးပေးတောင်းဆိုကြပါသည်။ ဘာ သာရေးသမားများက ဘာသာရေးဖက်လိုက်ကာဒါဒို့ ဘုရားရဲ့အလိုကျ ဆိုပြီးကန့်ကွက်ကြပါသည်။ဒါ ကြောင့်သန္တေတည်ပြီး ဘယ်အချိန်မှာ(လူ) (စ)ဖြစ်သလဲ ဆိုတာကိုငြင်းကြ၍ မဆုံးပါဖူး။ကိုယ်ဝန်တည်စ ပထမ(လ) တွေမှာဖျက်ချတာတော့ဟုတ်ပါပြီ ၊trimester ဟုခေါ်သော ကလေးဖြစ်ပြီးမှ ဖျက်ချတာကြ တော့(လူသတ်) တာမဟုတ်ဖူးလား။ ကလေးကော (လူ)မဟုတ်ဖူးလား။ ဒါဆိုလူ့ဘ၀ကိုမရောက်ရသေး တဲ့ ခလေးရဲ့(လူ့အခွင့်အရေး) ကိုထဲ့မစဉ်းစားကြတော့ ဖူးလား။စဉ်းစားစရာတွေ ၊အငြင်းပွားစရာတွေ အများကြီးရှိပါတယ်။ ၀ိရောဓိ ဖြစ်စရာတွေရှိပါသည်။

တရုတ်ပြည်ကြီးဟာ လူပေါင်းသန်း၁၃၀၀ ရှိတဲ့နိုင်ငံတစ်ခုပါ။လူဦးရေ အဆမတန်တိုးပွားမှု၊လူဦးရေလွန်ကဲ မှုကိုကာကွယ်ရန် မိသားစုတစုကို ခလေးတစ်ယောက်ပေါ်လစီကိုချမှတ်ခဲ့ရပါတယ်။ ကိုယ်ဝန်ဖက်ချမှု(Abortion) တိုက်ပွဲတွင် family planning ကိုတစာစာအော်နေသော လူ့အခွင့်အရေးသမားများသည် တရုတ်တို့၏ခလေးတစ်ယောက်ပေါ်လစီကို လူ့အခွင့်အရေးချိုးဖေါက်သည်ဟု စွပ်စွဲကာကန့်ကွက်ကြပြန် သည်။လူဦးရေကန့်သတ်မှုမပြုခဲ့ပါက ၊တရုတ်ပြည်ကြီးတွင် လူဦးရေဖေါင်းပွလွန်ကဲကာ အစိုးရကထမင်း (၀)အောင်မကျွေးနိုင်လျှင် အမေရိကန်နှင့် အနောက်နိုင်ငံများကလာကျွေးကြမည်မဟုတ် ၊လူတွေငတ် သေလျှင်လူ့အခွင့်အရေးချိုးဖေါက်မှု နှင့်ဝိုင်းဝန်းတိုက်ခိုက်ဝေဖန်ကြဦးမည်။
သို့သော် နိုင်ငံတိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတာကြောင့် မိမိတိုင်းပြည်အတွက် လိုအပ်သည့်ဥပဒေများ ၊ပေါ်လစီများကို ချပိုင်ခွင့်ရှိပါသည်။ တရုတ်တွေတိုင်းပြည်အတွက်လိုအပ်သောပေါ်လစီ ချပိုင်ခွင့်ရှိပါသည်။

အိန္ဒြယနိုင်ငံဟာ ဒီမိုကရေစီကိုအကြောင်းပြပြီး လူဦးရေတိုးပွားမှု ကိုမထိန်းနိုင်။မကြာခင် တရုတ်နိုင်ငံကို လူဦးရေ အရကျော်တက်သွားပေတော့မည်။ တချိန်မှာလူဦးရေလွန်ကဲမှုနှင့် ရင်ဆိုင်ရမည်မှာ မြေကြီး လက်ခပ်မလွဲပါပဲ။ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရ်နိုင်ငံ ၊ဖိလစ်ပိုင်နိုင်ငံတို့ဟာ ဘာသာရေးကိုအကြောင်း ပြပြီး ၊လူဦးရေတိုးပွားမှုကိုမကိုင်တွယ်ခဲ့ကြရာ ၊ဆင်းရဲမှုဒဏ်ကို မကျော်နိုင်ကြပါ။ ရှမ်းပြည်ပမာဏသာရှိ သောဘင်္ဂလားဒေ့ရ်နိုင်ငံတွင် လူဦးရေသန်း၁၅၀ ကျော်ကျော်နေထိုင်ကြရာ ၊လူဦးရေလွန်ကဲမှုကြောင့် မြန်မာနိုင်ငံကိုသာ မက အိန္ဒြယနိုင်ငံ အာသန်ပြည်နယ်သို့လည်းခိုးဝင်မှုတွေ တိုးပွားလျှက်ရှိပါသည်။

ကိုယ့်နိုင်ငံအကျိုးအတွက်ကြတော့

ဒီမိုကရေစီ ၊လူ့အခွင့်အရေးတွင်တွင်အော်နေကြသော နိုင်ငံများသည် ၊ မိမိနိုင်ငံအကျိုးအတွက် ကြတော့၊ လူ့အခွင့်အရေးဆိုတာတွေ မသိ၊ မရှိကြတော့ပါ။

ဥပမာပြရလျှင် အမေရိကန်နိုင်ငံကိုကြည့်ပါ။ စက်တင်ဘာလ၁၁ရက် အပြီးတွင်အိုစားမားဗင်လာဒင် နဲ့အဲလ်ကိုင်ဒါးကို မီးကုန်ရမ်းကုန် ချေဖျက်ဖို့ကြီုးစားပါတော့သည်။ပါကစ္စတန်တွင်ဖမ်းမိလာသော အဲလ်ကိုင်းဒါးအဖွဲ့ဝင်တွေ ကိုရေနှစ်စစ်ဆေးတာ နှိပ်စက်ညှင်းပန်းသော(တော်ချာ) မဟုတ်ပါဖူးလို့ သမ္မတ၏ ညွှန်ကြားချက်နှင့် စစ်ဆေးခဲ့ကြသည်။အီရတ်နှင့် အာဖရန်နစ္စတန်နိုင်ငံတို့ကို ၀င်ရောက်ကျုးကျော်တိုက် ခိုက်ခဲ့ကြရာ၊ အမေရိကန်ဗုံးတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထောင်သောင်းသိန်းချည်သေကြခဲ့ရပါသည်။ ဤသည်တို့မှာလူ့အခွင့်အရေးချိုး ဖေါက်မှုတွေမဟုတ်ဖူးလား။
ငြိမ်းချမ်းရေးနိုဘယ်ဆု ရထားသောသမ္မတ အိုဘားလက်ထက်တွင် မောင်သူမဲ့လေယဉ်(Drones) များ မှတိုက်ခိုက်မှု ပိုမိုများပြားလာ၍ အပြစ်မဲ့ပြည်သူပေါင်းမြောက်မြားစွာ သေကြေကြရပါသည်။ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့် တိုက်တန်ရဲ့လားလို့ မေးစရာ မဖြစ်ဖူးလား။လူ့အခွင့်ရေးဆော်အော်နေကြသော အနောက်နိုင်ငံသားများ သည်အဘယ်အတွက်ကြောင့် အမေရိကန်သမ္မတများကို လူ့အခွင့်အရေးချိုးဖေါက်မှုနှင့်ICC ကမ္ဘာ့ တရာရုံးတွင်တရားစွဲရန် မကြိုးစားကြသနည်း။

ဂစ်မိုလိုခေါ်ကြတဲ့ အစ္စလမ်အကျမ်းဖက်များကို ဖမ်းဆီးထားရာကျူဘားမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ စစ် ထောင်ကိုပိတ်ပစ်မယ်လို့ကျွေးကျော်ခဲ့တဲ့သမ္မတအိုဘားမားမှာဒုတိယသက်တမ်းရောက်လာသည့်တိုင်မပိတ် နိုင်ခဲ့။အကျဉ်းသား(၄၈) ယောက်ကိုလွှတ်၍လည်းမဖြစ်၊ခုံရုံးတင်စစ်နိုင်လောက်အေင်လည်းသက်သေအထောက်အထားမပြနိုင်။ထို့ကြောင့်လွှပ်ရက်မရှိ၊ ဖမ်းဆီးထိန်းသိမ်းထားရသည်။ ဤလုပ်ရပ်သည်လည်း တကယ်တော့လူ့အခွင့်ရေးမျက်စိသက်သက် နှင့်ကြည့်လျှင် လူ့အခွင့်အရေးကျူးလွန်မှုမဟုတ်ဖူး လား
တကယ်တော့ လူ့အခွင့်အရေး ဆိုတာ မိမိတို့နိုင်ငံအကျိုး နှင့်ထိုက်ရိုက်ဆန့်ကျင်လာသော အခါကြက် ပျောက်ငှက်ပျောက် ကွယ်ပျောက်ကုန်ကြသည်သာ။

သေသေခြာခြာ စဉ်းစားတတ်လျှင် အမေရိကန်အစိုးရသည်၎င်း၊ အမေရိကန်ပြည်သူများတွင် ၎င်းလူ့အခွင့်အရေး လာပြောစရာMoral Authority ဟုခေါ်သော သိက္ခာ(သမာဓိ)မရှိ ကြပါ။လက်သွေးစွန်း နေသူများ၏စကားများ သည် (တန်ဖိုး)မရှိဟု ဆိုချင်သည်ပါ။

အမျိုးသားရေး
နိုင်ငံတိုင်း ၊နိုင်ငံတိုင်း ဟာမိမိတို့နိုင်ငံအကျိုး ၊မိမိတို့ရဲ့ အမျိုးသားအကျိုးကိုရှေ့ရှုကြရသည်ပါ။
တရုတ်ပြည်ကြီးသည် ကွန်မြူနစ်စနစ်ကျင့်သုံးစဉ်က လူတန်းစားစိတ်ဓါတ် ၊ နိုင်ငံတကာစိတ်ဓါတ်(Internationalism) ကိုတွင်တွင်အော်ခဲ့ကြသော်လည်း ၊တရုတ်အကျိုးကို မသယ်ဆောင်နိုင်သောအခါ ၊တိန်လျှောင်ပိန်သည် ကွန်မြူနစ်စနစ်ကိုစွန့်ပယ်ကာ ယခင်ကရန်သူဖြစ်ခဲ့သော အရင်းရှင်လမ်းကြောင်းကို လျှောက်ခဲ့သဖြင့် ယနေ့တရုတ်ပြည်ကြီးသည်စီးပွားရေးအရာတွင် ထိပ်တန်းသို့ရောက်ခဲ့ရုံမက တရုတ်သန်း ၃၀၀ကိုဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့ပါသည်။

ယနေ့တရုတ်တွေသည် အရာရာကိုတရုတ်အမျိုးသားရေးမျက်စိ နှင့်ကြည့်ကာတရုတ်တွေအကျိုးကိုသာ ဆောင်ရွက်နေကြသည်။ တရုတ်ပြည်ကြီးကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရသည်ကိုတရုတ်တွေ လွန်စွာဂုဏ်ယူကြသည်။

အမေရိကန်တွေလည်း မထူးလှပါ။ရေနံမျက်နှာနှင့် ပထမအီရပ်စစ်ပွဲကိ ဆင်နွှဲကြကာ၊ ၎င်းတို့ကိုရန်ပြု လာသောအခါ၊ အီရတ်နိုင်ငံနှင့် အာဖကန်နိုင်ငံတို့ကို ၀င်ရောက်ကျူးကျော်သိမ်းပိုက်ခဲ့ကြသည်ပဲ မဟုတ်လား။
နိုင်ငံကြီးတွေဟာ ဘာပြောပြောတကယ်တော့ အမျိုးသားစိတ် နဲ့ အမျိုးသားအကျိုး ကိုသာကြည့်ကြတာပါ။
ဗမာတွေ အင်္ဂလိပ်ကိုတော်လှန်ဖို့ စည်းရုံးကြတော့ အမျိုးသားစိတ်ပြင်းပြလာအောင်၊ သူ့ကျွန်မခံချင်စိတ် နိုးကြားလာအောင်သခင်မျိုးဟေ့ ဒို့ဗမာဆိုပြီး(ဒို့ဗမာ) အစည်းအရုံးအဖွဲ့ ကိုတည်ထောင်ခဲ့ကြရတာပဲမ ဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်းဟာလည်း လွပ်လပ်ရေးကို မျှော်မှန်းလျှက်အားလုံးပါဝင်လာအောင် ဖဆပလကိုဦးစီးခဲ့ပြီး အမျိုးသားစိတ်နဲ့ လွပ်လပ်ရေးကိုတိုက်ယူနိုင်ခဲ့တာပဲ မဟုတ်ဘူးလား။ထို့ကြောင့် အမျိုးသား စိတ်ဓါတ်ဆိုတာ တိုင်းပြည်တည်မြဲရေး ၊ တိုင်းပြည်လွပ်လပ်ရေး နှင့်တိုင်းပြည် ထူထောင်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဟုပင်ဆိုချင်ပါသည်။
နိုင်ငံရေးမှာ အုပ်ချုပ်ရေးအာဏါသည် မရှိမဖြစ်။သို့သော် အာဏါရသည်နှင့် လူဆိုသည်မှာဖေါက်ပြန်တတ် ကြသည်။

ဤဖေါက်ပြန်မှု ၊လဘ်စားမှုများကို ထိန်းသိမ်းနိုင်သော အင်အားမှာ Ruleof Law ဟုခေါ်သော တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်။ ဥပဒေတွေရှိရုံနှင့် မရ ၊(စိတ်ဓါတ်) ရှိမှရနိုင်သည်။ ဤကောင်းသောစိတ်ဓါတ်ကို တွန်းထုတ်ဖေါ်ဆောင်ပေးနိုင်သော အင်အားမှာအမျိုးသားစိတ်ဓါတ်မှာ လာသောတိုင်းပြည် အတွက်ဆိုသောစိတ်ဓါတ်ဟု ယုံကြည်မိသည်။  ဥစ္စာနှင့်လည်းဆွယ်လို့မရ ၊အာဏာနှင့်လည်း ဆွယ်လို့် မရသော ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားစိတ်ဓါတ်သည် အတုယူစရာ။

အယူလွဲသော ဆိုရှယ်လစ်ဖရယ်စနစ်  
                        
ဆိုရှယ်လစ်ဖရယ်စနစ်ကြီးထွားလာသော အခါMulticulturalism ကြီးထွားလာရုံမက Political Correctness ဟူသော“နိုင်ငံရေးအရမန်ကန်မှု”ဆိုသော အတွေးအခေါ်ကြီးက ကပ်ပါလာပြန်သည်။ဘာလုပ်လုပ် နိုင်ငံရေးအရမှန်ကန်မှု ရှိရမည်ဟုဆိုလာကြသည်။ ဟိုစကားလုံလည်း မသုံးရ ၊ဒီစကားလုံး လည်းမသုံးရဖြစ်လာကြသည်။ မိမိကိုယ်ကိုမိမိ ဆင်ဆာ လုပ်တဲ့အထိဖြစ်လာကြသည်။ မျိုးချစ်စိတ်ရှိ သူများကိုပင်သူတို့လောက် အမြင်မကျယ်သူများဟု ဆိုရှယ်လစ်ဖရယ်သမားများကယူဆလာကြသည်။ နှိမ်ချင်လာကြသည်။ အီးရူးးကဲ့သို့Supra National အဖွဲ့အစည်းများကို အလေးပေးလာကြသည်။ အီးရူး နိုင်ငံများအတွင်း နိုင်ငံကူးလက်မှတ်မစစ်ဆေးပဲခရီးသွားလာနိုင်ခြင်းကို ဂုဏ်ယူခဲ့ကြသည်။ အီးရူးနိုင်ငံများအတွင်း ကူးပြောင်းအလုပ်လုပ်နိုင်ခြင်းကိုအားပေးခဲ့ကြသည်။

သို့သော်…..

အာရပ်နွေဦးအပြီး မြောက်အာဖရိကမှ အစ္စလမ်ဘာသာဝင်တွေအီတလီမှတဆင့် ပြင်သစ်နိုင်ငံအတွင်း သို့လှမ့်ဝင်လာသောအခါ ၊  ဘော်ဒါတွင်နိုင်ငံကူးလက်မှတ်တွေပြန်စစ်ကြရပြီ ၊ပိုလန်အလုပ်သမားများ ပြင်သစ်နှင့်အင်္ဂလန်သားတို့ထက် လုပ်အားခလျော့ယူကြသောအခါ အသံတွေထွက်လာကြပြီ။ ရိုမေးနီးယားမှရွှေ့ပြောင်းအလုပ်သမားများ အင်္ဂလန်သို့ရွှေ့ပြောင်းလာကြကာ အစိုးရထံမှကူညီမှုWelfare ထုတ် စားကြသောအခါမှာလည်း အသံတွေထွက်လာကြပါသည်။
ဂျော်ဒန်နိုင်ငံမှ အစ္စလမ်ဘာသာရေးဆရာက အင်္ဂလန်မှာနိုင်ငံရေးခိုလှုံခွင့်ရသည်။ အစိုးရကထောက်ပံ့ ကြေးငွေနှင့်အင်္ဂလန်မှာနေသည်။ ၎င်းတရားဟောသောပလီတွင် အကြမ်းဖက်ရေးတရားတွေဟောသည်။ ၎င်း၏နောက်လိုက်များက အကြမ်းဖက်မှုတွေကျူးလွန်လာကြသည်။ နောက်ဆုံးအစိုးရက အထောက်အထားအခိုင်လုံဖြင့် ပြည်နှင်ခွင့်ရရန်တရားရုံးတွင် တရားဆွဲရတော့သည်။ ထိုအခါ လူ့အခွင့်အရေး သမား များကကန့်ကွက်ကြသည်။ နောက်ဆုံးအစိုးရက နိုင်တော့ဥရောပ တရားရုံးကိုအယူခံဝင်သည်။ စေတနာရှင်ဥရောပတရားရုံးတရားသူကြီးတွေက လူ့အခွင့်ရေးမျက်စိတစ်ခုထဲနှင့် ကြည့်ကာအစိုးရကိုတားမြစ်လိုက် သည်။ဂျော်ဒန်က သေဒဏ်မပေးပါဟု ဂထိပေးသည်တောင်မရ။အင်္ဂလိပ်အစိုးရ အဖို့၊ မိမိတို့ကကျွေးမွေး ထားရပြီးမိမိတို့ကို အန္တရာယ်ပြုနေသော အကြမ်းဖက်ဝါဒီသမားကို မိမိတို့နိုင်ငံမှ ပြန်နှင်ထုတ်နိုင်စွမ်း မရှိတော့သည် အခြေအနေဆိုက်ရောက်နေရပြီ။

ဆိုရှယ်လစ်ဖရယ်စနစ်၏ တကမ္ဘာလုံးကိုကယ်တင်ချင်သော စိတ်ကူးယဉ်မှုကြောင့် မိမိတို့နိုင်ငံကိုအန္တရယ် ပြုလာသောနိုင်ငံခြားသား၏လူ့အခွင့်အရေးနှင့် နိုင်ငံတစ်နိုင်ငံတို့၏အကျိုးတို့ ထိပ်တိုက်ရင်ဆိုင်ရသော  ပဋိပက္ခအခြေအနေ သို့ရောက်လာကြရပြီ။

အမျိုးသားစိတ်ဓါတ်နှင့်ကြည်ပါလျှင်

အမျိုးသားစိတ်ဓါတ်နှင့်ကြည့်ပါလျှင် နိုင်ငံတော်ကထောက်ပံ့သောအကျိုးတရားသည် မိမိနိုင်ငံသားများ အ တွက် သာမဖြစ်သင့်ဖူးလား။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများပင် တကမ္ဘာလုံးကိုကယ်တင်နိုင်လောက်အောင် မချမ်းသာနိုင်ကြပါ။
ဥပမာလေးတခုကိုထောက်ပြပါရစေ။

အင်္ဂလန်တွင် လူတိုင်းဆေးကုသခွင့်ရှိရမည် ဆိုပြီးNHS ဟုခေါ်သော စနစ်ကိုထူထောင်ခဲ့သည်။ သို့သော်စေတနာရှင်ဆိုရှယ်လစ်ဖရယ်သမားများက ၀င်လာသူအားလုံကိုအခမဲ့အကူအညီပေးကြသည်။ ထို့ကြောင့်စနစ်ကို သိသော၊စနစ်ကို အမြတ်ထုတ်လိုသော သူများက တိုးရစ်ခရီးသည်အဖြစ်လာကြပြီး အင်္ဂလန်ဆေးရုံကြီးများတွင် ဆေးအလကားကုသခံကြသည်။ တတ်နိုင်သူများကခလေးလာမွေးကြသည်။ အင်္ဂလန်တွင်မွေးခြင်းကြောင့် ခလေးမှာအင်္ဂလိပ်နိုင်ငံသားဖြစ်၍ ခံစားခွင့်တွေ အားလုံးခံစားခွင့်ရတော့မည်။ထို့ ကြောင့် medical tourism ဟူသောစကားလုံးအသစ်ပင်ပေါ်ပေါက်ခဲ့ရသည်။ တဖက်တွင်လွှပ်သဘော ကောင်းနေသော်လည်း ။ တဖက်တွင်မိမိနိုင်ငံသားစစ်စစ်ကို မကူညီနိုင်မှုတွေရှိလာခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးမှုများရှိလာသည်။ မျိုးချစ်စိတ်နှင့်ကြည့်လျှင် ရင်နာစရာမကောင်းဖူးလား။

ထို့ပြင်မကြသေးမှီကာလက ကင်ညာနိုင်ငံမှဝင်ရောက်လာသော အစ္စလမ်ဝင်နိုင်ငံခြားသားတဦးက နေ့ခင်းကြောင်တောင်တွင် အင်္ဂလိပ်စစ်သားတဦးကို လည်လီးသတ်ဖြတ်ခဲ့သည်။ အကြမ်းဖက်သမားတဦးဖြစ် ကြောင်းလည်းကင်ညာတို့ကအင်္ဂလိပ်အစိုးရကို အသိပေးခဲ့သည်ဟုတချို့သတင်းစာများကရေးကြသည်။ အာဃာတကြီးသော ဘာသာရေးအကြမ်းဖက်သမားတစ်ယောက်ကြောင့် မိမိနိုင်ငံသားတဦးဆုံးရှုံးရခဲ့ရာ ၊မိမိနိုင်ငံသား၏ လူ့အခွင့်အရေးထက် နိုင်ငံခြားသား၏လူ့အခွင့်အရေးကပိုအရေးကြီးပါသလားဟု ဆိုရှယ် လစ်ဖရယ် ဆရာ ကြီးများကိုမေးစရာဖြစ်လာသည်။  

အမေရိကန်အစိုးရက တကမ္ဘာလုံးမှာရှိတဲ့ အဲလ်ကိုင်းဒါးအဖွဲ့ဝင်တွေကိုမိလာတော့ အမေရိကန်မြေကိုအနင်းမခံဖူး။ အမေရိကန်မြေကိုရောက်လျှင် အမေရိကန်နိုင်ငံသားတိုင်းခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေကို တောင်းဆိုလာမှာစိုးလို့။အဓိက ကအစိုးရကရုံးထုတ်ရမယ်။ သက်သေအထောက်အထားနဲ့တရားစွဲရ ပါမယ်။အထောက်အထားမကိုင်လုံရင်လွှပ်ပစ်ရပါမယ်။ သတင်းရဖို့နှိပ်စက်လင်းပန်းစစ်ဆေးမှုကရလာတဲ့ အထောက်အထားတွေကို တရားရုံးမှာသက်သေအဖြစ်မသုံးနိုင်ပါ။ထို့ကြောင့် အမေရိကန်ပိုင် ကျူဘား ကျွန်းကစစ်တပ်မှာ ထိန်သိမ်းခဲ့ကြရပါတယ်။

တချို့အစ္စလမ်အကြမ်းဖက်သမားတချို့ကိုလွှပ်ပေးခဲ့ရာ တချို့လည်းပြန်လည်အကြမ်းဖက်ခဲ့ကြပါသည်။ ထို့ကြောင့်လူအခွင့်အရေးကို တစာစာအော်လာသည့် အိုဘားမားဟာလူ (၄၈)ဦးကို လက်ခံနိုင်လောက် သည့် အထောက်အထားမပြနိုင်သည့်အတွက် ၊တရားရုံးလည်း မထုတ်နိုင်၊ လွှပ်လည်းမလွှပ်နိုင်သော ကြောင့်ဂစ်မိုစစ်ထောင်တွင် လွှပ်ရက်မရှိ၊ ထိန်းသိမ်းထားရပေသည်။ တချို့ကအမေရိကန်နိုင်ငံသားတွေ ခံစားခွင့်ရှိသော လူ့အခွင့်အရေးများမှာအမေရိကန်မြေပေါ်ရှိ အမေရိကန်နိုငံသားအတွက်သာဖြစ် သည်ဟုညင်းချင်ထုတ်လျှက်ရှိသည်။

ထို့ကြောင့် စာဖတ်သူများကို သိစေချင်သည်မှာတာဝန်ရှိသောနိုင်ငံအစိုးရများ နှင့်တာဝန်မရှိသော စိတ်ကူးယဉ်ဆိုရှယ်လစ်ဖရယ်သမားများ၏ အမြင်မှာမတူနိုင်ကြပါ။ ဆိုရှယ်လစ်ဖရယ်သမားတွေ စိတ်ကူးယဉ်ကောင်းသဖြင့် ၊ကမ္ဘာကြီးကိုကယ်တင်ချင်စိတ်နဲ့ တကမ္ဘာလုံးကသူများကို လက်ရပ်ခေါ်ခဲ့ကြရာ၊ ဖင်မနိုင်ဘဲ ၊ပဲကြီးဟင်းသောက် သကဲ့သို့မိမိတို့နိုင်ငံတွင် ဆူပူမှုတွေဖြစ် ၊ အကြွေးလည်ပင်းနစ်ကာ စီးပွားရေးဒုက္ခပင်လယ်ဝေလျှက် ပြည်သူတွေအလုပ်လက်မဲ့ ဖြစ်ကာအဖေကယ်ပါ ၊အမေကယ်ပါဖြစ်နေကြရပေပြီ။

ထို့ကြောင့်ရုရှားသမ္မတပူတင်က အနောက်နိုင်ငံများကိုသင်္ခန်းစာယူရမည်။ အသင်တို့ကြိုက် သလောက် စွပ်စွဲဝေဖန်လို့ဂရုမစိုက် ၊ရုရှားနိုင်ငံသို့လာနေသူသည် ရုရှားတို့၏ယဉ်ကျေးမှုအတိုင်း နေထိုင်ကြရမည်ဟု ရဲရဲ ဆိုခဲ့သည်မဟုတ်ပါလော။
နိုင်ငံတိုင်းတွင် ယဉ်ကျေးမှုဆိုသည်မှာ ဘာသာရေးနှင့်ဆက်နွယ်နေတတ်ကြပါသည်။  ထို့ကြောင့်အမျိုးသား မျက်စိနှင့်ကြည့်လျှင် မိမိတို့ဘာသာကို လျှစ်လျှူမပြုသင့်။သို့သော် ပညာတတ်အချို့၊ အထူးသဖြင့် အနောက်နိုင်ငံတွင်ကြင်လည်ကြကုန်သော ပညာတတ်အချို့သည် ဆိုရှယ်လစ်ဖရယ်စနစ်၏နောက် ဆက်တွဲအဖြစ်ဆိုးတွေကို ထောင့်စုံအောင်လေ့လာခြင်းမပြုကြပဲ ၊တလွှာထဲကြည့်ကာ ၊လစ်ဖရယ်ဟူ သောဝေါ်ဟာရကို လွယ်လွယ်သုံးက လစ်ဖရယ် နှင့်လူ့အခွင့်အရေးကို ရောနှော ၊ဗလပိုင် အပေါ်ယံကြွေးကျော် လျှက်ရှိကြသည်။ တိုင်းပြည်ဘာသာရေးကျွန်ဖြစ်နိုင်သည်ကို မတွေးနိုင်၊ ဂရုမပြုနိုင်ကြ။ သို့သော်အမျိုးသားစိတ်ရှိသော မျိုးချစ်ပုဂ္ဂိုလ်များက အင်ဒိုနီးရှား နှင့် အာဖကန်နိုင်ငံတို့တွင် ဘာသာရေးကျွန်ဖြစ်ခဲ့ရသော ရာဇ၀င်သင်္ခန်းစားများကို မေ့မရ၊သတိရှိကြသည်။ ရဟန်းတော်ကြီးများကလည်း သတိ ပေးလျှက်ရှိသည်။

စာဖတ်သူများကိုစဉ်းစားစေချင်သည်မှာ ၊တာဝန်သိသူများ ၊ လက်တွေ့ကျသူများ နှင့်စိတ်ကူးယဉ် သူများအတွေးမတူနိုင်ကြပါ။ ပြင်သစ်အတွေးအခေါ်ပညာရှင်ကြီးများ အတွေးလွန်၍ဘာသာမတူသော လူမျိုးခြား များကို ဆန္ဒစော၍ နိုင်ငံတွင်းသို့ ဖိတ်ခေါ်ခဲ့ကြရာမိမိတို့တိုင်းပြည်ကို အန္တရယ်ပြုမည့်သူများ ၊ မိမိတို့ယဉ်ကျေးမှုကိုဖျက်စီးမည်သူများ ၊ရောက်ရှိလာရုံမက များပြားလာသောအခါ ၊ နောင်လာနောက်သားတွေ ဘယ်လိုဖြေရှင်းရမည်မသိအောင် ဒုက္ခပင်လယ်ဝေလျှက်ရှိကြပါသည်။

တချို့ပညာတတ်များကလည်း ကျွန်စိတ်မပျောက်ကြ။ မျက်နှာဖြူတွေပြောတာဆိုလျှင်(အကောင်း) (အမှန်)ဟုသာမျက်စိမှတ်ယုံချင်ကြသည်။ တချို့ကတော့အပြင်ကကြည့်လျှင် မြန်မာ၊ အတွင်းစိတ်က(အဖြူစိတ်)ဖြစ်နေကြသည်။ အထူးသဖြင့်မိမိကိုယ်ကိုမိမိလစ်ဖရယ်သမားဆိုပြီးသွေးနထင်ရောက်နေကြသည်။ တကယ်ကပညာတတ်တာနဲ့ (ပညာရှိ)မဖြစ်နိုင်ပါ။ တချို့ကလည်း(လစ်ဖရယ်) ဟူသောစကားလုံး ကိုလွယ်လွယ်ရောသုံးချင်ကြသည်။တကယ်က ဘာလစ်ဖရယ်စနစ်ကို ယုံကြည်သည်ကိုအရင်အဓိပ္ပါယ် ဖွင့်နိုင်ရပါမည်။ Classicalလစ်ဖရယ်က ဒီမိုကရေစီနှင့် လူ့လွပ်လပ်ခွင့်ကိုယုံသောကြောင့် အစိုးရ၏ လွှမ်းမိုးမှု ကိုမလိုလား။ ဆိုရှယ်လစ်ဖရယ်သမားများက အစိုးရ၏ပါဝင်မှု ချယ်လည်မှုကိုအားပေးသည်။ ထို့ကြောင့်Classical လစ်ဖရယ် နှင့်ဆိုရှယ်လစ်ဖရယ်တို့ ဒီနေရမှာအတွေးအခေါ်အချင်းချင်း ၀ိရောဓိဖြစ်နေကြရပါ သည်။ဒေါင်လိုက်ဆန့်ကျင်လျှက်ရှိကြသည်။ တကယ်တော့ လစ်ဖရယ်လို့ဆိုလိုက်ရင် ဆိုရှယ်လစ်ဖရယ်စနစ်ကိုဆိုကြတာပါ။

စာဖတ်သူများကို (သတိ)ရှိစေလိုသည်မှာ ၊ဒီမိုကရေစီ ၊လူ့အခွင့်အရေး  ဆိုသော အသုံးအနှုန်းများသည် မိမိလိုရာကိုဆွဲသုံးနေသူများ ကများကြသည်။ဒီမိုကရေစီဖြစ်စေ ၊လူ့အခွင့်အရေး တို့ဆိုသည်တို့မှာOne Dimension တဖြေးညီ တလွှာထဲကြည့်၍မရပါဟုဆိုချင်သည်။ Abortion ပြဿနာကဲ့သို့မိမိရည်မှန်းချက် နှင့်ကိုက်လျှင် လူ့အခွင့်အရေးပြဿနာလာဖြစ်၍မိမိရည်မှန်းချက်နှင့် မကိုက်ညီသောအခါ လူ့အခွင့်အရေးပြဿနာ မဟုတ်တော့။ရှုပ်ထွေးလှသော လူ့ဘောင်ပြဿနာ များထဲတွင်ဘာသာရေးဝင်ရောလာလျှင် ပိုရှုပ်ထွေးတတ်ပါသည်။

သို့သော် စာဖတ်သူများကိုသတိချပ်စေချင်သည်မှာ မိမိတို့၏ဘာသာက ငြိမ်းချမ်းသည့်ဘာသာဆိုပြီးသဘောကောင်းနေ၍မရ။ အားနာလျှင်အားပါသွားနိုင်သည်။ အင်ဒိုနီးရှား ၊ အာဖကန်နစ္စတန်တို့တွင် ဗုဒ္ဓဘာသာဘုန်းကြီးတွေ နှင့်ဘာသာဝင်တွေ မခုခံခဲ့သည့်အတွက် ၊ ဘာသာအလွှမ်းမိုးခံခဲ့ရသည်။ မိုလာအိုမာကဲ့သို့ မိစ္ဆာကောင်များ အာဏါရလာသောအခါ၊ ပြန်မရနိုင်သော ဗုဒ္ဓရုပ်ပွားတော်ကြီးတွေအချေမှုန်းခံခဲ့ရ သည်။

ထို့နည်းတူ မိမိကိုယ်ကိုမိမိလစ်ဖရယ်ဟု စိတ်ကူးယဉ်လွန်ကဲ၍ ပြင်သစ်လစ်ဖရယ်ပညာရှင်တွေကဲ့သို့ အတွေးမှားခဲ့လျှင်တိုင်းပြည် နှင့်လူမျိုးသာမက ဘာသာပါအလွှမ်းမိုးခံ ရနိုင်ပါသည်။ထို့ကြောင့် အမျိုး၊ဘာသာနှင့် တိုင်းပြည်အတွက်ဆိုလျှင် မိမိစိတ်ချမ်းသာမှုတခုထဲကိုကြည့်၍မရတော့ပါ။ ရေရှည်၊ အစအဆုံး ကြည့်နိုင်ဖို့လိုလာပါသည်။ တိုင်းပြည်၊လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှုနှင့် ပတ်သက်လာလျှင် အထူးသတိ ရှိဖို့လိုကြောင်းပြောကြားပါရစေ။ တကြမ်မှားရုံနှင့် ပြင်မရသောအမှားမျိုး၊ ဘာသာပျောက်နိုင်သည့် အမှား မျိုးကို မမှားစေချင်သော စေတနာ သက်သက်ရယ်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...