Saturday, July 13, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၇)

သစ်ထူးလွင်



Posted: 13 Jul 2013 03:42 AM PDT
ကချင်ပြည်နယ် မိုးကောင်းမြို့ ဘာသာကြီး လေးဘာသာ ဦးဆောင်သော၊ ညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေး အဖွဲ့မှ အတုအယောင် သင်္ကန်းဝတ် နှစ်ယောက်အား (၁၃.၇.၂၀၁၃) စနေနေ့
နံနက်(၁၁)နာရီခန့် အချိန်တွင် ဆားမှော်ကျေးရွာ မှာ တွေ့ ရှိ အရေးယူ ထားကြောင်း သိရပါသည်။

ဆားမှော်ကျေးရွာ သံလမ်းဘေး ကျောက်ပုံဘေးတွင် ထိုင်နေသော အတုအယောင် နှစ်ယောက်ကို စစ်ဆေးရာ ဦးတိလောက(ခ)ဦးမျိုးဝင်း (ဗုဒ္ဓဘာသာဝင်) အသက်(၄၂)၊ အဘ-ဦးကျော်သန်း၊ အမိ-ဒေါ်သန်းညွန့်၊ မုံရွာမြို့ ဇင်မျိုးအောင်(ခ) မိုဟာမက်ရီစွတ် (အစ္စလာမ် ဘာသာဝင်) အသက်(၂၁)၊
အဘ-ဦးကြည်စိုး၊ အမိ-ဒေါ်သီတာထွေး၊ ယင်းသာရွာ၊ ကန့်ဘလူမြို့ တို့သည် ဘာသာ
သာသနာ ညစ်နွမ်းအောင် ပြုလုပ်နေကြောင်း စီစစ်တွေ့ရှိရသဖြင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့မှ တရားဥပဒေအရ အမှု့ဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

နယ်သားလေး

Myanmar News Now
Posted: 13 Jul 2013 03:10 AM PDT
ကိုကျော်ကျော်တစ်ယောက် လက်ထဲကဖုန်းကို တစ်ချက် ကြည့်လိုက်သည်။ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တစ်ခုတွင် သူရောက်နေခြင်း ဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးများ ရှင်းပြသည်ကို နားထောင်ရင်း စိတ်ညစ်သွားသည်။ “၁၅၀၀ တန် CDMA ဖုန်းတွေက Handset သိပ်များများ ရွေးစရာမရှိဘူး။ ဒါတောင် ကျွန်တော်တို့က CDMA 800 MHz မို့လို့။ ၄၅၀ ကိုင်တဲ့သူတွေဆိုရင် Smart Phone တောင် ကိုင်လို့မရဘူး” ဟု သူကဆိုသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 02:48 AM PDT
ရန်ကုန်- ၂၀၁၄-၁၅ ပညာသင်နှစ်မှ စ၍ အခြေခံ ပညာကျောင်းသုံး စာအုပ်များ၏ အရည်အသွေးကို မြှင့်တင်သွား မည်ဖြစ်ပြီး ကျောင်းသုံး စာအုပ်ရိုက်နှိပ်ခြင်း လုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုမည်ဖြစ် ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သတင်းရရှိ သည်။ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနသည် အခြေခံ ပညာကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံးစာအုပ် ၆၁ မျိုးကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 02:41 AM PDT
၁၃.၇.၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် ဘုရင့်နောင် တံတားဟောင်း၊ လှိုင်သာယာ မြို့နယ်ဘက်၊ တံတားတိုင်အမှတ် RP 4 နှင့် RP 5 ကြား တံတား မြောက်ဘက်ခြမ်း အပေါ်မှ အမျိုးသား တစ်ဦး
ရေထဲ ခုန်ချသွား သည်ကို ဘုရင့်နောင် တံတားသစ် ဆောက်လုပ်ရေး စီမံကိန်း၊ လုပ်ငန်းခွင် လုပ်ကိုင်နေသူများမှ တွေ့မြင်ခဲ့ကြသဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 02:32 AM PDT
ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှ မန္တလေးမြို့သို့ ပြေးဆွဲနေသော မြန်မာပြည်သား ခရီးသည်တင်ယာဉ်သည် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က ဝက်လက်မြို့ ဘူတာရုံလမ်း ဆောက်လုပ်ရေး အင်ဂျင်နီယာရုံး အရှေ့ဘက်ရှိ လမ်းမနှင့်နီးကပ်စွာ ဆောက်လုပ်ထားသော ပျဉ်ထောင်အိမ်တစ်လုံးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ရာ လူနှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Jul 2013 02:28 AM PDT
ဇူလိုင်လ (၁၅)ရက်နေ့ ထုတ် The Voice Weekly Vol.9 / No.27

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။
http://www.mediafire.com/?ojojmbuhp3sq1jm

Posted: 13 Jul 2013 02:25 AM PDT
ဇူလိုင်လ (၁၃) ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 02:24 AM PDT
ဇူလိုင်လ (၁၃) ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 13 Jul 2013 02:22 AM PDT
ဇူလိုင်လ (၁၂)ရက်နေ့ ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ အတွဲ (၁)၊ အမှတ် (၀၉၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 01:05 AM PDT
ရခိုင်ပြည် နယ် ပဋိပက္ခ ဖြစ်စဉ်အတွင်းက မီး လောင်ဆုံး ရှုံးခဲ့သော မြေနေရာများတွင် မည်သူ့ကိုမှ ပြန်လည် နေထိုင်ခွင့် ပေးသေးမည် မဟုတ် ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ် ပြန်ရေး နှင့် မှတ်တမ်း ပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ ဦးလှ သိန်းက ပြောသည်။   ဇူလိုင်၉ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။ ဦးလှသိန်းက ''မီးလောင် ဆုံးရှုံး သွားတဲ့ နေရာတွေရဲ့ လုပ်ပိုင် ခွင့်ဟာ အစိုးရရဲ့ လက်ထဲမှာပဲရှိ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင်ဒေသရှိ မီးလောင်ပြင်နေရာအား မဝင်ရောက်ရန် တားမြစ်ထားသည့် ဆိုင်းဘုတ်ကို တွေ့ရစဉ်။

Posted: 13 Jul 2013 12:52 AM PDT
ဇူလိုင်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဒလမြို့နယ်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး
သည် ရန်ကုန်ဘက်ကမ်းရှိ ခင်ပွန်း ဖြစ်သူ လုပ်ငန်းခွင်သို့ လိုက်ပါသွားစဉ် နေအိမ်တွင် အသက်
၁၈ နှစ်အရွယ်နှင့် ခုနစ်နှစ် အရွယ်သားဖြစ်သူ နှစ်ဦးနှင့် အသက် ရှစ်နှစ် အရွယ်နှင့် တစ်နှစ်ခွဲ အရွယ်
သမီးဖြစ်သူတို့ ကျန်ခဲ့ချိန်တွင် နေအိမ်သို့ သားဖြစ်သူ၏ သူငယ်ချင်း ဒလမြို့နယ်နေ သက်နိုင်ဦး(ခ)
ကုလား (၂၇ နှစ်) ရောက်လာပြီး အသက် ရှစ်နှစ်အရွယ် သမီးငယ်ကို အိပ်ခန်းတွင်းသို့ ခေါ်ယူကာ
သားမယား အဖြစ်ပြုကျင့်ရန် အားထုတ်နေစဉ် အိမ်နီးချင်း အမျိုးသမီးက မြင်တွေ့ကာ အော်ဟစ်
အကူညီ တောင်းခံခဲ့သည်ဟု ဆိုသည်။

အကူအညီ တောင်းခံစဉ် သက်နိုင်ဦး(ခ) ကုလားမှာ ထွက်ပြေးသွားသည်ဟုဆိုကာ အရေးယူပေး
ရန် တိုင်ကြားခဲ့သဖြင့် ဒလမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆/ ၅၁၁ အရ အမှုဖွင့်ထားကြောင်း
သိရသည်။

တိုးဝေအောင်နှင့် မင်းသုနောင်

မြန်မာတိုင်း(မ်)


Posted: 13 Jul 2013 12:47 AM PDT
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှိနာဝပ်နဲ့ လက်ရှိ ထိုင်းဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Yuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါတို့ မကြာခင်က ဟောင်ကောင်မှာ လှို့ဝှက်တွေ့ဆုံခဲ့ကြရာမှာ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံ လူဖြစ်အောင် စည်းရုံးထားဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် ပတီမာပရာကွန်း General Thanasak Patimaprakorn (ယာပုံ) Photo: RFA

Posted: 13 Jul 2013 12:37 AM PDT
ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့ လှူဒါန်းသည့် ဆင်ဖြူတော် နှစ်စီးအား မန္တလေးမြို့ စွယ်တော်မြတ် စေတီတော် ဘုရားတောင် ဘက်ရှိ ဥယျာဉ်တော်တွင် ထားရှိသွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ ၂၀၁၄မှာ ဆင်ဖြူတော် တွေကို ပင့်ဆောင်နိုင်ဖို့ ရည်မှန်းထားတယ်။ တိုင်းပြည်ရဲ့ရတနာ တစ်ပါးဆိုတော့ ဂရုစိုက်ရပါတယ်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 12:33 AM PDT
ရခိုင်ပြည်နယ်  မောင်တောအခြေစိုက် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု(နစက)ဌာနချုပ် ကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဇူလိုင် ၁၂ ရက်နေ့ မနေ့က  ဖျက်သိမ်းလိုက်ပါတယ်။ ဖျက်သိမ်းလိုက်တဲ့  အဲဒီနစက တပ်ဖွဲ့ရဲ့ မောင်တော ခရိုင် လုံခြုံရေး လုပ်ငန်းတွေကို  မောင်တော အခြေစိုက် ရဲတပ်ရင်းအမှတ် ၂ နဲ့  က အစားထိုး တာဝန်ယူ မှာဖြစ်ပြီး၊  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မောင်တောမြို့နယ်ရှိ နယ်စပ်ဒေသ ကွပ်ကဲရေးဌာနချုပ် လူဝင်လူထွက် စစ်ဆေးရေး စခန်းတစ်ခုအား တွေ့မြင်ရစဉ်။ Photo/RFA

Posted: 13 Jul 2013 12:30 AM PDT
နေပြည်တော် မှုခင်း ဖော်ထုတ် ဖမ်းဆီးရေး အထူးအဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့က ပျော်ဘွယ်မြို့နယ် ရဲစခန်းကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ ဒုရဲအုပ် နီနီလင်း၊ ဒုရဲအုပ် အောင်မြတ်ဦးနှင့် ပျော်ဘွယ်
 မြို့နယ် မီးသတ် ဦးစီးဌာန ဒုဦးစီးမှူး ဇင်မင်းထွန်းတို့ကို မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ဖမ်းဆီး ခဲ့ကြောင်း အဆိုပါ မှုခင်း ဖော်ထုတ် ဖမ်းဆီးရေး အထူးအဖွဲ့ ခေါင်းဆောင် ရဲမှူးကြီး အောင်မြတ်မိုး က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jul 2013 12:14 AM PDT
ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်သည် ထိုင်းကာကွယ်ရေး ဝန်ကြီး ရာထူးကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင် ရယူလိုက်ပြီဖြစ်ရာ ထိုင်းအစိုးရ သမိုင်းကြောင်းတွင် ပထမဆုံး အမျိုးသမီး ကာကွယ်ရေး ဝန်ကြီးအဖြစ် သတ်မှတ်ခံရပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြ သည်။ ကာကွယ်ရေးဝန်ကြီး တာဝန် စတင်ရယူ သည့်နေ့တွင် ဝန်ကြီးချုပ်သည် စတီပီလာ ဂူဗိမာန်၌ ဝတ်ပြု ဆုတောင်းမှု ပြုလုပ်ပြီးနောက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Jul 2013 09:25 AM PDT
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၅၉ /၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း

နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်
ကဲမှုဌာနချုပ်အား ယနေ့မှစ၍ ဖျက်သိမ်းလိုက်သည်။

(ပုံ)

သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Posted: 12 Jul 2013 09:01 AM PDT
မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၆၄ ယောက်ကို ရှမ်းပြည်နယ် တောင်ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဖက် မိုင် ၅ဝ ဝန်းကျင်လောက်မှာ ဒေသခံ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်ပေး ဆွဲထားတယ်လို့ တောင်ကိုရီးယား တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကင်မ်ဟီတေး (Kim Hee-Tae) ဆိုသူက ဒီနေ့ထုတ်ဖေါ်ပြောဆို လိုက်ပါတယ်။ သူတို့ကို အဓမ္မအလုပ်ခိုင်း စေနေသလို၊ လွှတ်ပေးဖို့တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၅ ထောင် ပြန်ပေး ငွေတောင်း နေတယ်လို့လဲ မစ္စတာတေးကို ကိုးကားပြီး ကိုရီးယားနေ့စဉ် သတင်းစာ Yonhap က ဒီကနေ့ရေးပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Jul 2013 08:55 AM PDT
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ခေါင်းဆောင်တွေနဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးနေပြီး မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ညနေမှာ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Jul 2013 08:50 AM PDT
ရန်ကုန်မြို့မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရတဲ့ ကလေးအရေ အတွက်ဟာ မနှစ်ကထက် ပိုများလာနေပါတယ်။ ၂၀၁၂ ခုနှစ်က ရန်ကုန်မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးအရေအတွက် ၁၁၄၄ ဦးသာ ရှိပေမယ့် ဒီနှစ်ရဲ့ ပထမခြောက်လ အတွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးအရေအတွက် ၁၇၂၇ ဦး ရှိနေပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Jul 2013 08:46 AM PDT
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဌာနမှူး ဦးမင်းအောင်ဖြိုး၏ နေအိမ်သို့ ဇူလိုင်လ ၉ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်း အယောင်ဆောင်ကာ ငွေကြေးလိမ်လည် တောင်းခံခဲ့သူအား အမှုဖွင့်ခဲ့ကြောင်း ယင်းဌာနမှူး ဦးမင်းအောင်က ပြောကြားသည်။  ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Jul 2013 08:39 AM PDT
မြန်မာနိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာ တိုင်းရင်းသား မျိုးနွယ်စုဆိုပြီး တရားဝင် လက်ခံအတည်ပြုထားခြင်း မရှိတဲ့အတွက် ရိုဟင်ဂျာအတွက်ဆိုပြီး သီးသန့်စဉ်းစား သွားမှာမဟုတ်ဘဲ မြန်မာအစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအရသာ ဆောင်ရွက်သွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Jul 2013 08:37 AM PDT
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြည်သူတွေ ကျေနပ်အောင် ဆောင်ရွက်မပေးဘူးဆိုရင် လွှတ်တော်ထံ တင်ပြသွားမယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...