လေးလေးနက်နက်စာဖတ်ကြဖို့ လိုပြီ
Thein Moe and Myint Myint Khin Pe shared SarPayLawKa (စာပေလောက)'s photo.
စာတတ်ပြီး စာမဖတ်ရင် ဘာလုပ်မည်လဲ။ ဘာအတွက်သင်ကြတာလဲ။
စာမတတ်သူ ပပျောက်ရေးပြီးလျှင် စာမဖတ်သူပပျောက်ရေးလုပ်ရလိမ့်မည
အများပြောခဲ့ကြသည်။ သို့ သော်တကယ်အလေးအနက်ပြောခြင်းမဟုတ
လုပ်ဖြစ်မှာမဟုတ်သည့် ကိစ္စတစ်ခုအဖြစ် နောက်ပြောင်ပြီးပြောကြခြင်းဖြစ်သည်။
ယခုတော့ အဲသည်နောက်ပြောင်သည့်ကိစ္စကို တကယ်လုပ်ဖို့ လိုလာပြီ။
နှစ်ပေါင်း၅၀ တံခါးပိတ်နေခဲ့ရာက ကမ္ဘာ့ တံခါးကြီးဖွင့်လိုက်ပြီဆိုလျှင
တစ်ကမ္ဘာလုံးက နားလည်ပါးလည်လူတွေဝင်လာကာ သည်တိုင်းပြည်မှာ
သူတို့ ကြီးပွားချမ်းသာဖို့ ကြိုးပမ်းကြလိမ့်မည်။ အဲဒါဆိုလျှင် ကျွန်တော်တို့ တိုင်းပြည်က
နားမလည် ပါးမလည် စာမတတ်ပေမတတ် စာမဖတ်ပေမဖတ် လူထုက သူတို့ ကြီးပွားချမ်းသာအောင်
လုပ်သည့်လုပ်ငန်းကြီးတွေမှာ ပခုံးထမ်းသမားတွေအဖြစ် တစ်တပ်တစ်အား ၀င်ရောက် အထောက်အကူပေးကြ
ရလိမ့်မည်။
ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ်ဖိတ်ခေါ်ခဲ့ သည့်သခင်များအောက်မှာ ကျွန်တော်တို့ ကျွန်ဖြစ်ကြရလိမ့်မည်။
ကျွန်မဖြစ်ချင်လျှင် သူတတ်သလောက် ကိုယ်တတ်အောင် သူသိသလောက်ကိုယ်သိအောင် ကြိုးပမ်းရလိမ့်မည်။
အဲဒါကြောင့်တိုင်းပြည်မှာ လူအများအကြားအသိပညာပြန့် ပွားရေး အသိပညာရရှိအောင် လူတိုင်း လူတိုင်း
စာဖတ်ကြရေးကို ဧရာမလှုပ်ရှားမှုကြီးတစ်ရပ်ကို အင်တိုက်အားတိုက်လုပ်ဖို့ လိုနေပြီဟု နှိုးဆော်ရခြင်းဖြစ်သည်။
တိုင်းပြည်ဖွံဖြိုးတိုးတက်အောင်
0 comments:
Post a Comment