Monday, July 8, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၇)

သစ်ထူးလွင်



Posted: 08 Jul 2013 07:25 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://3.bp.blogspot.com/-vg4jl85z9cc/udrlkqhtoei/... more info...
http://3.bp.blogspot.com/-wg61e7mucey/udqtup1zcii/... more info...
http://3.bp.blogspot.com/-n1xowwspdv0/udqsvwrem9i/... more info...
http://3.bp.blogspot.com/-nuzydrsbyho/udqowkk7v-i/... more info...
http://3.bp.blogspot.com/-oturugqoiek/udqdzewc3ai/... more info...
http://3.bp.blogspot.com/-cznplvslw4q/udp1dvrkehi/... more info...
မရမ်းကုန်းမြို.နယ် (၁)ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် သမိုင်းလမ်း ထောင့်ရှိ ဘုရင်နောင်ဂုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်အတွင်း တံတားတိုင်အမှတ်(၂) ပြိုကျမှု ယနေညနေ လေးနာရီခွဲ အချိန်ခန်က ဖြစ်ပွားခဲသည်။ ထိုသို.ပြိုကျမှု ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တံတားတိုင်အား သံချောင်းများ အသုံးပြု ၍ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်း- ဓါတ်ပုံ ။  ။ Popular Myanmar News Journal




Posted: 08 Jul 2013 05:15 AM PDT
၀၈.၀၇.၂၀၁၃ (တနင်္လာနေ့)

မနေ့က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ မဟာဗေဓိ ကျောင်းတော်ကြီးနဲ့ တဝိုက် ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်နေပြီး အမျိုးသား တဦးကို ဖမ်းဆီး လိုက်ပြီ လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါ တယ်။

လုံခြုံရေး ကင်မရာ ထဲမှာတော့ အမျိုးသား နှစ်ဦးဟာ အဲဒီ နေရာ တဝိုက်မှာ ဗုံးလိုက်ထောင်နေတာကို တွေ့ရပါတယ်။ ဒီအတွက် စုံစမ်း စစ်ဆေးသူတွေ ကနေ ဒီဗီဒီယိုကို ကြည့်ပြီး၊ အသေးစိတ် အကဲဖြတ် လေ့လာ ဆန်းစစ် မှုတွေ ပြုလုပ်နေပါတယ်။

ပေါက်ကွဲမှုတွေကြောင့် မြန်မာ ဘုန်းတော်ကြီး တပါးနဲ့ တိဘက် ဘုန်းတော်ကြီး တပါး အပါအဝင် တခြား လူ ၅ ဦး ဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်တယ်ဆိုတာကတော့ အခု အချိန်အထိ မသိရသေးပါ။

BBC Burmese


Posted: 08 Jul 2013 03:23 AM PDT
အိန္ဒိယနိုင်ငံတွင် ဟိုတယ်အဆောက်အအုံ ပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ(၁၂)ဦးထက်မနည်း သေဆုံးကြောင်း သတင်းများက ဖော်ပြခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ ဆီကွန်ဒါဘက်ဒ်တွင် ဖြစ်ပွားသော မတော်တဆမှုအတွင်း အနည်းဆုံး လူပေါင်း (၁၈)ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ တနင်္လာနေ့ နံနက်ပိုင်းက ဟိုတယ်အဖြစ် ဖွင့်လှစ်ထားသော (၂)ထပ် အဆောက်အအုံ တစ်ခု ရုတ်တရက် ပြိုကျခဲ့ခြင်း ဖြစ်သည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Jul 2013 03:17 AM PDT
အီဂျစ်တွင် စစ်တပ်က အာဏာသိမ်းကာ သမ္မတ မိုဟာမက် မော် စီအား ဖြုတ်ချလိုက်ပြီးနောက် စစ်တပ်နှင့် မော်စီ ထောက်ခံသူများ ထိပ်တိုက်တွေ့ကြသည့်အပြင် မော်စီ ဆန့်ကျင်သူ များနှင့် ထောက် ခံသူများကြား အပြန်အလှန် တိုက်ခိုက်မှုများလည်း ပေါ်ပေါက်လျက်
ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ် သောကြောနေ့ (ဇူလိုင် ၅ ရက်) ကလည်း အဓိကရုဏ်းနှင့် တိုက်ခိုက်မှုများကြောင့် အီဂျစ်တွင် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်အထိ အီဂျစ်တွင် ဖြစ်ပွားနေသော အဓိကရုဏ်းများ၊ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၇၅ ဦးအထိ ရှိနိုင်ကြောင်း သတင်းများကဆိုသည်။


Planet Myanmar Network

(ပုံတွင် ဇူလိုင် ၅ ရက်၊ သောကြာနေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း စစ်တပ်ပစ်ခတ်မှုကြောင့် သေနတ်ထိမှန်သွားသည့် မော်စီ ထောက်ခံသူတစ်ဦးကို သယ်ဆောင်လာသည်ကို တွေ့ရစဉ်)

Posted: 08 Jul 2013 03:05 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မန္တလေး-ဗန်းမော် မဟာဗျူဟာ လမ်းမကြီးဘေးရှိ တုံလုံကျေးရွာတွင် စာကြည့်တိုက် အဆောက်အအုံ ဆောက်လုပ်ရာတွင် ဆယ်အိမ်မှူးက လုပ်အားပေး ဆင့်ခေါ်ခဲ့ပြီး လုပ်အားပေး မလာရောက်သူများကို ဒဏ်ငွေ ၅၀၀၀ ကျပ် ပေးဆောင်စေခဲ့သည့်ကိစ္စကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO သို့ တိုင်ကြားရန် ပြင်ဆင်နေကြောင်း တုံလုံရွာသား ဦးနေဝင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Jul 2013 02:56 AM PDT
အမေရိကန် ပြည်ထောင်စု၏ အကြီးဆုံးကား ကုမ္ပဏီကြီးဖြစ်သော ဂျင်နရယ် မော်တာ  (General Motors) သည် မြန်မာနိုင်ငံတွင် ယင်းနာမည် ကျော် ချက်ဗလက်  Chevrolet   ကားများကို မကြာမီစ တင်ရောင်းချတော့မည်ဖြစ်သည်။ ယင်းအတွက် ချက်ဗလက် ကားများ၏ အရောင်းနှင့်ဆား ဗစ်လုပ်ငန်းများကို တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ ရှိ ပစိဖိတ်အေအေအုပ်စု  Pacific -AA Group ကို ခန့်အပ်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ ကားရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေသည့်အသိုင်း အဝိုင်းမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာ နိုင်ငံသို့ တင်သွင်းလာနိုင်ခြေရှိသော ချက်ဗလက်ကားသစ် သုံးမျိုး။

Posted: 08 Jul 2013 02:52 AM PDT
နှစ်စဉ် ဇွန်လမှစက်တင်ဘာလအထိ ဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေး ရာသီ၌ ပြည်မြို့တွင် ၁၅ နှစ်အောက်ကလေး ၈၀ ကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေပြီး အသေအပျောက် မရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး အရာရှိ ဒေါက်တာ ခင်ထားနှစ်က ပြောကြား သည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ကလေး ၄၀ ကျော်သည် ပြည်ကလေးဆေးရုံကြီးတွင် တက်ရောက်လျက်ရှိပြီး ပြင်ပဆေးရုံများတွင် ၄၀ ခန့်တက်ရောက် ကုသနေကြကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Jul 2013 02:50 AM PDT
 ပြဿနာဝိုင်းနေသော ထိုင်းဘုန်းတော်ကြီး  Luang Pu Nen Kham Chattiko သည် ၄င်း၏ သင်္ကန်းဝတ်ကာလအတွင်း မိန်းမ ရှစ်ဦးနှင့် မှောက်မှားသော ရင်း နှီးမှုမျိုးရှိခဲ့ကြောင်း အထူးစုံ စမ်းရေးဦးစီးဌာန  DSI မှ တွေ့ရှိခဲ့ရ သည်ဟု ဆိုသည်။ Phra Wirapol Sukphol  ဟူလည်း အမည်ရသောဘုန်း တော်ကြီးနှင့်ပတ်သက်၍  DSI  ၏ ရာဇဝတ်မှုဆိုင်ရာ အကြီးအကဲ Pongin Intarakhao  နှင့် Na tional office of Buddhism  ညွှန်ကြားရေးမှူးချုပ် Nopparat Benjwatananum တို့နှစ်ဦး သတင်းဖလှယ်အပြီး ယခုကဲ့သို့ သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Luang Pu Nen Kham Chattiko ဘုန်းကြီးအား ရာဇဝတ်ရုံး၌ တိုင်ကြားရန် ကြွလာသော ဆရာတော် Luang Pu Buddha Isara ကိုတွေ့ရစဉ်။ Photo : Bangkok Post

Posted: 08 Jul 2013 02:39 AM PDT
British American Tobacco (BAT) ကုမ္ပဏီနဲ့ ပြည်တွင်းမှာ လူသုံးကုန်ပစ္ပည်းတွေကို ဖြန့်ချိနေတဲ့ (IMU) ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး အမေရိကန်ဒေါ်လာ သန်း ၅၀ လောက် ကုန်ကျမယ့် လန်ဒန် (London) စီးကရက်စက်ရုံတရုံကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ British American Tobacco Myanmar Ltd ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ Rehan Baig က “ကျနော်တို့ကုမ္ပဏီ အနေနဲ့ မြန်မာပြည်ဈေးကွက်မှာ ဦးဆောင်မှုရရှိခဲ့တဲ့အစဉ်အလာကောင်းတွေ ရှိခဲ့ပြီးတော့ ဒီအစဉ်လာကိုလည်း  partner company တခုနဲ့ ပြန်လည်တည်ဆောက်သွားဖို့ ရည်မှန်းထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Jul 2013 02:30 AM PDT
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ယိုဘေပြည်နယ်ရှိ စာသင်ကျောင်း တစ်ခုကို အစ္စလာမ္မစ် စစ်သွေးကြွ များဟု ယူဆရသူများ အရုဏ်တက်ချိန်တွင် ဝင်ရောက် တိုက်ခိုက်သွားပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်မှု များ၊ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ် ခဲ့ခြင်းကြောင့် ကျောင်းသား ၂၉ ဦးနှင့် ဆရာ တစ်ဦး သေဆုံးသွားကြောင်း BBC တွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Jul 2013 02:16 AM PDT
အင်ဒိုနီးရှား နိုင်ငံတွင် ကျားများရန် ကြောက်သဖြင့် သစ်ပင်ပေါ် တက်ပြီး ပုန်းရှောင်နေရသူ (၅)ဦးကို ကယ်တင်နိုင်ရန် တာဝန်ရှိသူများက လုပ်ဆောင်နေကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က လူ(၅)ဦးတို့သည် ဆူမားတြား ကျားကြီး(၄)ကောင် ဝန်းရံ လှည့်လည်နေသော သစ်ပင်ကြီး တစ်ပင်အထက်တွင် တိမ်းရှောင်နေခဲ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Jul 2013 02:08 AM PDT
Posted: 08 Jul 2013 02:06 AM PDT
ဇူလိုင်လ(၇)ရက်နေ့ ထုတ် Digital Life ဂျာနယ် Vol 2 No 9

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Jul 2013 01:26 AM PDT
မလေးရှား နိုင်ငံတွင် နောက်ထပ် မြန်မာ တစ်ဦး ထပ်မံ အသတ်ခံရသည်ဟု မလေးရှားမှ လာသော သတင်းများအရ သိရှိရသည်။ အသတ်ခံရသူမှာ မလေးရှားတွင် ကားပြင်ဆရာ အဖြစ် လုပ်ကိုင်နေသူ ရန်ကုန်မြို့မှ ကိုရဲဝင်းထွန်း အသက် (၃၃)နှစ် ဖြစ်သည်။ ကိုရဲဝင်းထွန်းသည် ကားပြင် ၊ ဆေးမူတ်စက်ရုံ ဆူဗန်းမေဝတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး  ဇူလိုင်လ ၅ ရက်နေ့ ည ၁၁ နာရီကျော်တွင် အိမ်ပြန်မလာသဖြင့် ဇနီးဖြစ်သူမှ ဖုန်းဆက်သောအခါ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 08 Jul 2013 01:16 AM PDT
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်  ပြင်ပသို့  ကျဉ်ဆန် ထုတ်ရောင်းသည့် စစ်သား တစ်ဦးနှင့် ကျဉ်ဆန် ပို့ဆောင်ပေးသည့် အမျိုးသမီး တစ်ဦးကို ယမန်နေ့က ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။ ဖမ်းဆီးခံရသည့် စစ်သားမှာကျောက်တော် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ တပ်ကြပ် ကျော်ဝေ ဖြစ်ပြီး ကျဉ်ဆန်များ သယ်ယူလာစဉ် လမ်းတွင် ဖမ်းခံရသည့် အမျိုးသမီးမှာ ကျောက်တော်မြို့နှင့် တစ်ဘက်ကမ်း လမ်းမတော် ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မအေးကြည် ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဖမ်းဆီးရမိသော ကျည်ဆံများနှင့် သက်ဆိုင်ရာက စစ်ဆေးနေပုံ ( ဓါတ်ပုံ- နိရဉ္စရာ)



Posted: 08 Jul 2013 01:00 AM PDT
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်ဇူလိုင်လ ၄ ရက် ည ၈ နာရီ ၃၅ မိနစ်အချိန်က အမှတ် (၅) ရပ်ကွက် ရပ်ကွက်နယ်မြေမှူး ဦးအိုက်စိုင်းလုံသည် ကြိုးဆွဲချ သေဆုံးကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ အမှတ် (၅) ရပ်ကွက် နယ်မြေမှူး အသက် ၅၈ နှစ်အရွယ်ရှိ ဦးအိုက်စိုင်းလုံသည် လမ်းမအောက်ရွာရှိ ၎င်း၏နေအိမ် အိပ်ခန်းအတွင်း အမြင့် ခုနှစ်ပေခန့်ရှိ ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးခြင်း ဖြစ်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Jul 2013 12:57 AM PDT
မလေးရှားနိုင်ငံ၊ ဆူဗန်းဂျာယာမြို့တွင် ဓားဒဏ်ရာ ခုနစ်ချက်ဖြင့် သေဆုံးနေသည့် မြန်မာနိုင်ငံသား အလောင်း တစ်လောင်းကို ဇူလိုင်လ ၆ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ခုနစ်ရက် သားသမီး ကပုန်း နာရေးကူညီမှုအသင်းထံမှ သိရှိရသည်။ မြန်မာနိုင်ငံသား အသက် ၃၃ နှစ်အရွယ် ဦးရဲဝင်းထွန်းသည် ဇူလိုင်လ ၅ ရက် နေ့ ည ၁၁ နာရီတွင် ဆူဗန်းဂျာယာရှိ Summit Five Star Hotel ရှေ့တွင် စက်စမ်းသပ်ရန် ကားမောင်းနှင်လာစဉ် ကားပျက်သဖြင့် တစ်ဦးတည်း ကားပြင်နေခဲ့ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Jul 2013 12:31 AM PDT
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန် ကားကြီးဝင်း အတွင်းရှိ ဟိုတယ် တစ်ခုတွင် ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီ အချိန်၌ အမျိုးသား တစ်ဦး အိပ်ခန်း ခုတင်ပေါ်တွင် လက်ကောက်ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း အဆိုပါ ဟိုတယ်ထံမှ စုံစမ်း သိရှိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Jul 2013 08:04 PM PDT
အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲ တိုင်ကြားခံရသည့် ဟင်္သာတခရိုင် သာသနာရေး ဦးစီးရုံးမှ လက်ထောက် ညွှန်မှူးကို နေပြည်တော်ရှိ ပြည်ထောင်စု အဆင့် သာသနာရေး ဝန်ကြီးရုံးက စုံစမ်းစစ်ဆေးရေးအဖွဲ့က လာရောက် စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံရသည့် ကာယကံရှင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Jul 2013 07:54 PM PDT
အိန္ဒိယနိုင်ငံအရှေ့ဘက် ဘီဟာပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဗုဒ္ဓဂါယာမှာ တနင်္ဂနွေနေ့က ဗုံးတွေဆက်တိုက် ပေါက်ကွဲခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား ရဟန်းတော် တပါး အပါအ၀င် ဘုရားဖူး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ် တိဘက် သံဃာတော်ကတော့ ဒဏ်ရာ ပြင်းထန်ပုံ ရတယ်လို့လည်း မျက်မြင်တွေ့ခဲ့တဲ့ ဘုရားဖူးသံဃာတော် တပါးက မိန့်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗုဒ္ဓဂါယာမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယလုံခြုံရေးဝန်ထမ်းတဦး။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။

Posted: 07 Jul 2013 07:44 PM PDT
ဇူလိုင်လ (၈)ရက်နေ့  မြန်မာ့အလင်း နေ့စဉ်ထုတ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Jul 2013 07:42 PM PDT
ဇူလိုင်လ (၈)ရက်နေ့  ကြေးမုံ နေ့စဉ်ထုတ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Jul 2013 07:41 PM PDT
ဇူလိုင်လ (၈)ရက်နေ့ မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Jul 2013 05:14 PM PDT
ဇူလိုင်လ(၅)ရက်နေ့ နံနက် (၆း၃၀) အချိန်မှာ ဧရာဝတီတိုင်း ဒေသကြီး ၊ ရေကြည်မြို့ နယ် ၊ အောင်ဆန်းရပ်ကွက် (၁)လမ်းနေ ဦးမောင်ကျော့ ရွှေဆိုင်မှာ ကျပ်သိန်း တစ်ရာကျော်ဖိုး ရွှေထည် ပစ္စည်းတွေ ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ရေကြည်ဈေး အတွင်းရှိ ဦးမောင်ကျော့ ရွှေဆိုင်၌ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ရောက်လာကာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 07 Jul 2013 04:48 PM PDT
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ မဟာဗောဓိ ဘုရားကြီးတွင် တနင်္ဂနွေ နံနက် အရုဏ်တက်ချိန် ဗုံးများ ပေါက်ကွဲခဲ့ပြီး နာရီပိုင်း အကြာတွင် ဗဟိုအစိုးရက ပြည်နယ်များ အားလုံးသို့ ဗုဒ္ဓဘာသာ ကျောင်းများ အားလုံးနှင့် တိဗက် ဘုရားကျောင်းများ အားလုံးတွင် လုံခြုံရေး အပြည့်အဝ ချထားရန် ညွန်ကြားလိုက်ကြောင်း PTI သတင်းတရပ်က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...