Sunday, July 7, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၇)

သစ်ထူးလွင်



Posted: 07 Jul 2013 06:56 AM PDT
ဇွန်လ(၇)ရက် နံနက်တွင် အန္ဒိယနိုင်ငံ အရှေ့ဘက်ဗုဒ္ဓဂယာ ၀င်းအတွင်းရှိ မဟာဗောဓိ စေတီအနီးတွင်ယနေ့နံနက်က (အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅မိနစ်ခန့်) ဗုံးဆက်တိုက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၂ ပါး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကြောင်းသိရသည်။  "ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ ဗုံး ၈ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်" ဟု---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Jul 2013 06:53 AM PDT
မြန်မာနိုင်ငံ လွတ်လပ်ရေး မဆုံးရှုံးမီ နောက်ဆုံးအုပ်ချုပ် မင်းလုပ်ခဲ့သည့် ဘုရင်သုံးပါးကား ပုဂံမင်း၊ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ဖြစ်သည်။ နောက်ဆုံး မင်းသုံးဆက်တွင် မင်းတုန်းမင်း တစ်ပါးသာ ဥာဏ်အမြော်အမြင်နှင့် အကြင်နာတရားရှိပြီး တိုင်းပြည်ကို မေတ္တာဖြင့် အုပ်ချုပ်ခဲ့သည်။ တစ်ဘက်တွင်လည်း မြန်မာနိုင်ငံ၏ နယ်နိမိတ် ဧရိယာများ အင်္ဂလိပ်လက်သို့ ဆက်မပါစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 07 Jul 2013 06:39 AM PDT
စစ်ကိုင်းကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်မှ တိုင်းလိုင် (ရှမ်းနီ) ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု ၀တ်ဆုံနှင့် အလံများ သတ်မှတ်ခြင်း နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို (၇.၇.၂၀၁၃)နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ အေးမြမြိုင် ရိပ်သာမှာ ဆွေးနွေး၊ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကချင်ပြည်နယ် ရှမ်းတိုင်းသားရေးရာဝန်ကြီးမှ ဟောပြောနေစဉ်


Posted: 07 Jul 2013 05:30 AM PDT
တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် GSM ဖုန်းလိုင်းကတ်များကို ယခုလ အတွင်း WCDMA လိုင်းကတ်များနှင့် တွဲ၍ ချပေးသွားနိုင်ဖွယ်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ တန်ဖိုးနည်း CDMA 800 MHz ဖုန်းလိုင်းကတ်များကို ဧပြီလ အတွင်းက စတင် ချပေးခဲ့ပြီးနောက် မေလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Jul 2013 05:23 AM PDT
အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာအရပ် မဟာဗောဓိစေတီတော်၌ တနင်္ဂနွေနေ့နံနက်၌ ဗုံး ၉လုံး ဖောက်ခွဲရန် အကြမ်းဖက်သမားများက ကြံစည်ခဲ့ပြီး ဗုံး ၄လုံးမှာ စေတီတော်အတွင်း၌ ပေါက်ကွဲခဲ့သည်ဟု Times of India သတင်းစာက ဆိုသည်။ မပေါက်ကွဲသေးသော ဗုံး ၃လုံးကို ကာမပ ဘုန်းကြီးကျောင်းအတွင်း ထောင်ထားခြင်းဖြစ်ပြီး ဥာဏ်တော်အမြင့်ပေ ၈ဝရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်အနီး နောက်ထပ် ၂လုံးကိုမူ မပေါက်ခွဲခင် ဖယ်ရှားရှင်းလင်း နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
 ပေါက်ကွဲမှုမှာ နံနက် ၅နာရီခွဲနှင့် ၆နာရီအတွင်း ဖြစ်ပွားခဲ့ပြီး ခရီးသွားတိုးရစ် ၂ဦး၊ မြန်မာတစ်ဦးနှင့် တိဘက်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဆိုသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 07 Jul 2013 05:05 AM PDT
ထိုင်းနိုင်ငံက ရရှိတဲ့ သတင်းတစ်ပုဒ်အရ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှီနာဝပ်နဲ့ ထိုင်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးYuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါ တို့ မကြာခင်က ဟောင်ကောင်ကျွန်းတစ်နေရာမှာ လှို့ဝှက်တွေ့ဆုံခဲ့ရာမှာ မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံလူ ဖြစ်အောင် စည်းရုံးဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Jul 2013 04:56 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်အတွင်းရှိ အမှတ် (၈) တပ်မတော် လေ့ကျင့်ရေးတပ်က သိမ်းယူထားသော လယ်မြေဧက ပေါင်း ၆၀၀ ကျော်အတွက် တစ်ဧကလျှင် ကျပ်ခုနစ်သိန်းနှုန်းဖြင့်
တောင်သူများကို လျော်ကြေးအဖြစ် ပေးဆောင်ရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း အလုပ်သမား လယ်သမားအရေး ကူညီဆောင်ရွက်သူများ အဖွဲ့ (FNI) စစ်ကိုင်းတိုင်းတာဝန်ခံ ဦးတင်နိုင်ထွန်းက ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Jul 2013 04:49 AM PDT
ဇူလိုင်လ ၇ ရက်နေ့ 
မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် မြင်းကျွန်းအုပ်စု မရိုးကုန် သိမ်ကုန်း ကျေးရွာများတွင် ယခုမြစ်ရေကြီးမှုကြောင့် ကမ်းပါးများပြိုကျပြီး ရွာအိမ်ခြေ ၁၅၀ ခန့်ပြောင်းရွှေ့ နေရပါသည်။

ထိုသို့ပြောင်းရွေရာတွင် ပြည်သူ ၊ စစ်တပ် ၊ ရဲတပ်ဖွဲ့ ၊ အရန် မီးသတ်တပ်ဖွဲ့ ၊ သုဂတိ စေတနာရှင်
ပရဟိတအသင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် အခြားစေတနာရှင်အသင်းတို့ မှ လာ
ရောက်ကူညီခြင်း အိမ်များ ပြောင်းရွေခြင်းများကို ၀ိုင်းဝန်း ညီမှုများ ပေးကျပါသည်၊

ယခုဆိုလျင် သိမ်ကုန်း ဘုန်းတော်ကြီး ကျောင်းခြေသို့ ကမ်းပြိုခြင်းများ နီကပ်လာသဖြင့် အပြန်ဆုံး
ဖျတ်ဆီး ပြောင်းရွှေ့ နေကြရပါသည် ။

လင်းယုန်နီ






Posted: 07 Jul 2013 04:37 AM PDT
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် ကုန်းတောကျေးရွာတွင် ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ဗြုန်း တူးနေစဉ် အမျိုးသားတစ်ဦး ဗြုန်းကျင်းပိ၍ သေဆုံးခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ "မိုင်းခွဲရင်းနဲ့ ထိပြီး ဖြစ်တာထင်တယ်။ ဟိုတစ်လောကဆိုရင် သေတော့မသေဘူး၊ မိုင်းခွဲရင်းနဲ့ လက်ပြတ်သွားတယ်။ အခု ဗြုန်းပိတာတို့ ခဏခဏ ကြားနေရတယ်" ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Jul 2013 04:34 AM PDT
တောင်ငူ လေတပ်စခန်းဌာနချုပ်က လေယာဉ်ကွင်း တည်ဆောက်ရန် သိမ်းဆည်းခဲ့သော လယ်ယာမြေများတွင် မိုးစပါးနှင့် ကြံကို အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် နွား ၁၂ ရှဉ်းဖြင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း မဟင်ကျေးရွာအုပ်စု မြေသိမ်းခံ တောင်သူများက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Jul 2013 03:43 AM PDT
မီးလောင်ကျွမ်းမှု အလျင်အမြန် ဖြစ်ပေါ် စေနိုင်သော စက်သုံး လောင်စာဆီ များကို မြို့တွင်း လမ်းမကြီးများ ပေါ်၌ လိုက်လံ၍ ဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် သက်ဆိုင်ရာက တားမြစ်ကန့်သတ် ထားသော်လည်း စက်သုံးဆီ ရောင်းသူတချို့သည် နည်းလမ်း မျိုးစုံဖြင့် မြို့တွင်း နေရာများ ၌ လောင်စာဆီ များကို လိုက်လံဖြန့်ဖြူး ရောင်းချလျက် ရှိနေကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Jul 2013 03:16 AM PDT
ရန်ကုန်တိုင်း တာမွေမြို့ နယ်မှာ အိပ်ခန်းအတွင်း ၀င်ရောက်ပြီး ချွန်ထက်သော အရာနှင့် ထောက်ကာ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။ ၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက်၊ အောင်မင်္ဂလာ လမ်းနေ ဦးမိုးဦး၊ (ဘ)ဦးချစ်စိန်သည် သူငယ်ချင်းများထံ သွားရောက် လည်ပတ်စဉ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စတား ၀က်အူလှည့် ၁ ချောင်းနှင့်အတူ ပြစ်မှုကျူးလွန်သူ လှခိုင်

Posted: 07 Jul 2013 03:04 AM PDT
မူးယစ်တိုက် ဖျက်ရေး အထူးအဖွဲ့မှ တာဝန်ရှိ သူများ အရပ်ဝတ်အသွင် ယူပြီး ရုပ်ရှင်ရိုက်ကွင်းများတွင် အနုပညာရှင် သရုပ်ဆောင်တခိျု့ မူးယစ်ဆေးဝါးရောင်း ဝယ်သုံးစွဲမှုများ ရှိမရှိကို စစ်ဆေးသွားရန် စီ စဉ်နေကြောင်း မူးယစ်အထူးတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ်ဖော် ပြောကြား လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သရုပ်ဆောင် ဘုန်းလျှံ
သရုပ်ဆောင် ရဲတိုက်

Posted: 07 Jul 2013 02:41 AM PDT
ရခိုင်ပြည်နယ် မောင်တောမြို့ ဗဟိုကျောင်းတွင် လုံခြုံရေး ယူထားသော တပ်ဖွဲ့ တစ်ခုမှ တပ်ကြပ်ကြီး တစ်ဦးက တပ်သား တစ်ဦးကို ပါးရိုက်ရာမှ  တပ်သားက မကျေနပ်၍ သေနတ် ပစ်ဖေါက်ခဲ့သဖြင့် ဖမ်းဆီးခံရသည်ဟု သိရသည်။ သေနတ် ပစ်ဖေါက်၍ ဖမ်းဆီးခံရသူ တပ်သား ကို တပ်ရင်း အချုပ်သို့ ပို့ဆောင် လိုက်သည်ဟု သိရသည်။ ပါးရိုက်သူ တပ်ကြပ်အားလည်း တစ်ခြားနေရာ တစ်ခုသို့ ပြောင်းရွှေ့လိုက်သည်ဟု ဘုန်းကြီးကျောင်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Jul 2013 02:37 AM PDT
ဒီကနေ့ မနက်က အိန္ဒိယနိုင်ငံ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှာ ဗုံး ၉ လုံးပေါက်ကွဲခဲ့တဲ့ အတွက် ရဟန်းတော် (၂) ပါး ဒဏ်ရာ ရရှိသွားတယ်လို့ PTI သတင်းကို ကိုးကားပြီး The Hidu သတင်းမှာ ရေးသား ဖေါ်ပြထားပါတယ်။ ဒီကနေ့ နံက်နက် ၅ နာရီ ၃၀ ကနေ ၅ နာရီ ၅၈ မိနစ် အတွင်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Jul 2013 02:11 AM PDT
အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ကျောင်းသား အခွင့်အရေးနှင့် ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြကြသည့် ကျောင်းသားများအား ပစ်ခတ်သတ် ဖြတ်ခဲ့ခြင်းနှင့် လွတ်လပ်ရေး တိုက်ပွဲဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ မိုးခွဲဖြို ဖျက်ခံရခြင်း နှစ်ပတ်လည် 7 July အခမ်းအနားကို အထက် မြန်မာပြည် မုံရွာနှင့် မန္တလေးမြို့တွင် ကျင်းပခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 ဇူလိုင်(၇)ရက် ကျောင်းသား အရေးတော်ပုံ (၅၁)နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို မန္တလေးမြို မဟာအောင်မြေမြို့ နယ် ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်မှာ ကျင်းပပြုလုပ်။ သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ - DVB TV News


Posted: 07 Jul 2013 01:09 AM PDT
လက်ရှိအစိုးရ၏ ကျန်းမာရေးကဏ္ဍ ပြုပြင်ရေး အပိုင်းများအနက် သိသာထင်ရှားသည့် ပြောင်းလဲမှုတစ်ခုကို ဇူလိုင် လ ၁ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် တရားဝင် ထုတ်ပြန်ခဲ့ရာ ယင်းအပြောင်းအလဲသည် အစိုးရသစ်လက်ထက် မတိုင်ခင် ဦးနှောက်ယိုစီးမှု ဖြစ်ပေါ်ခဲ့သော မြန်မာ နိုင်ငံ၏ အခြေအနေကို တစ်စိတ်တစ်ပိုင်း ပြန်လည် ဖြည့်ဆည်းခြင်းဟုလည်း ယူဆနိုင်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Jul 2013 01:02 AM PDT
ကသည်းသူပုန်များ ဆက်ကြေး တောင်းသောကြောင့် မြန်မာ - အိန္ဒိယ နယ်စပ်ရှိ အဓိကဈေးကြီး ဖြစ်သော တမူးမြို့နှင့် လေးမိုင်ခန့် အကွာရှိ နန့်ဖာလုံဈေးကို တစ်ဖက်နိုင်ငံမှ ကုန်သည်များ လာရောက် ဝယ်ယူခြင်း မရှိသဖြင့် ဈေးရှိဆိုင်ခန်းပေါင်း ၉၀၀ ခန့် အားလုံးပိတ်ထားကြောင်း အဆိုပါ ဈေးဘဏ္ဍာရေးမှူး ဦးခင်မောင်ချိုက The Voice သို့ အတည်ပြု ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Jul 2013 12:57 AM PDT
တရုတ်နိုင်ငံတွင် ကလေးမွေးဖွား ပေးခဲ့ရသော လူကုန်ကူးခံရသူ အသက် ၂၂နှစ် အရွယ်အမျိုးသမီးသည် ရန်ကုန်သို့ ပြန်လည် ရောက်ရှိချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်နေ မအိပြည့်ဖြိုး ၂၂ နှစ်သည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Jul 2013 12:53 AM PDT
တိုက်ခန်းများကို အရစ်ကျရောင်းချရန် စီစဉ်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အိမ်ရာစီမံကိန်း နယ်မြေတွင် ကျူးကျော် နေထိုင်သူများကို ယာယီနေထိုင်ရန် သတ်မှတ်ပေး ထားသည့် နေရာသို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် နောက်ဆုံးထား ရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Jul 2013 08:23 PM PDT
ခရီးသည် ၃၀၀ ကျော် တင်ဆောင်လာတဲ့ Asiana လေကြောင်းလိုင်း က လေယာဉ်တစီး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကို နိုင်ငံတကာလေဆိပ်ကိုအဆင်းမှာ ပျက်ကျခဲ့လို့ လူ နှစ်ဦး အနည်းဆုံး သေဆုံးသွားရပါတယ်။ ဆန်ဖရန်ဆစ္စကို မီးသတ်ဌာနအကြီးအကဲ Joanne Hayes-White က လူ ၁၃၀ ဒဏ်ရာရရှိပြီး တချို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆန်ဖရန်ဆစ္စကို နိုင်ငံတကာလေဆိပ်အဆင်း ပျက်ကျခဲ့ပုံ။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။

Posted: 06 Jul 2013 08:19 PM PDT
ရထားပေါက်ကွဲစဉ်
ကနေဒါနိုင်ငံ Quebec ပြည်နယ်က လက်ခ် မက်ဂန်းတစ် မြို့လေးမှာ ရေနံတင် ရထား ပေါက်ကွဲမှု ဖြစ်လို့ ကြီးကြီးများများ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ နေရာဟာ အမေရိကန် နယ်စပ်အနီးမှာလည်း ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီး နာရီအတော်ကြာထိ မီးငြိမ်းသတ်မှုတွေ ဆက်လုပ်နေရပါတယ်။

မီးလောင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အများအပြားလည်း ပျောက်ဆုံးနေပါတယ်။

ပေါက်ကွဲတဲ့ ရထား အနီးအနားက အိမ်တွေလည်း မီးလောင် ကျွမ်းခဲ့ပါတယ်။

ရထားကုမ္ပဏီ ပြောခွင့်ရသူကတော့ အခု ရထားဟာ တွဲထိန်း ဝန်ထမ်းတွေ အပြောင်းအလဲ လုပ်ဖို့ ရပ်နားထားစဉ်မှာ ရထားက အနိမ့်ပိုင်းဆီကို လိမ့်ဆင်းသွားခဲ့ပြီး ဘာကြောင့်ဆိုတာ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Posted: 06 Jul 2013 08:16 PM PDT
မြန်မာပြည် ထဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ထဲမှာ တရားဝင်တင်သွင်း တဲ့ ကုန်စည်ထက် တရားမဝင် ဝင်လာတာ က ပိုများနေတာကြောင့် တားဆီးဖို့ စီစဉ် နေရပါတယ်။ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တို့ စနေနေ့ က ရန်ကုန် မှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Jul 2013 02:22 AM PDT
ဇူလိုင် ၆ ရက်နေ့ က  ရန်ကုန်တိုင်း သုံးခွမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်  ဒေါ်စုစုလွင် မိသားစုသည် အမှတ်(15)၊ ကမ္ဘောဇရိပ်သာ၊ ရန်ကုန်မြို့တွင် သုံးခွမြို့ပေါ်ရှိ မြို့မိမြို့ဖများအား လက်ခံတွေ့ဆုံပြီး ကျေးလက်နေ ပြည်သူ လူထုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့နယ်အတွင်း လုပ်ဆောင်လျှက်ရှိသော ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် ပက်သတ် အကြောင်းအရာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး တည်ဆောက်လျှက်ရှိသော မီးသဂြိုဟ်စက် တည်ဆောက်မှု အတွက် ကွယ်လွန်သူဖခင်ကြီး ဦးလွင် + မိခင်ကြီး ဒေါ်တင်တင်မလေး မောင်ကျော်ဆန်းလွင် တို့အား ရည်စူးကာ ဦးထင်ကျော် +ဒေါ်စုစုလွင် (ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ၊သုံးခွမြို့နယ်) တို့မှ ကျပ်သိန်းတစ်ရာ ပါဝင်လှူဒါန်း ခဲ့ပါသည် ။
သတင်း - ဓါတ်ပုံ - လွင်ဌေးမောင် ၊ ဟိန်းဇော်




Posted: 06 Jul 2013 08:19 PM PDT
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီကို ပြောပါတယ်။
အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု မရှိကြောင်းနဲ့ အသေအပျောက် ရှိတယ်လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာတော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။

ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...