Saturday, July 6, 2013

မှတ်ဥာဏ်ကောင်းခြင်းနဲ့ပတ်သက်လို့

-မှတ်ဥာဏ်ကောင်းခြင်းနဲ့ပတ်သက်လို့ပေါ့။ ခုနက ဈာန်တွေနဲ့ပတ်သက်လို့ နည်းနည်းပါးပါး သိဖူးတာလေးကိုရေးပါတယ်။ မှတ်ဥာဏ်ကောင်းတာနဲ့ပတ်သက်လို့မေးလို့ရေးပြပါမယ်။

-ဗုဒ္ဓဘာသာမှာ မှတ်ဥာဏ်ကို မှတ်သားမှု(သညာ)လို့ ဖွင့်တာကြားနာဖူးပါတယ်။ နာမည်ကြီးကတော့ ညီတော်အာနန္ဒာပေါ့။  တရားတစ်ပုဒ်ကို တစ်ခါနာပြီးတိုင်းအလွတ်ရတယ်တဲ့။ တိပိဋကဓရပါ။ 

-ဒီလို ဥာဏ်ကောင်းအောင်ဘယ်လိုလုပ်ရသလဲဆိုတော့...ဗုဒ္ဓက တစ်နေရာမှာဖြေပါတယ်။ ဒီလို မေ့ရတဲ့အကြောင်းရင်းက စိတ်ကို အနှောက်အယှက်ပေးတဲ့ တရားတွေကြောင့်လို့ဖြေပါတယ်။ 

-ဘယ်လိုတရားတွေလဲဆိုရင် နီဝရဏတရားတွေလို့ဖြေပါတယ်။ ဒီတရားတွေ ခဏကင်းရင် ခဏငြိမ်းချမ်းသွားတယ်လို့ပြောပါတယ်။ 

-ဘယ်လိုနေရင် ကင်းသွားသလဲဆိုတော့ စိတ်ကို ပွိုင့်မှတ်တစ်ခုခုမှာ စိုက်ထားလိုက်ရင် ငြိမ်သွားပါတယ်။ ဒါဟာ အနောက်တိုင်းက Will Power ကျင့်စဉ်တွေနဲ့ခပ်ဆင်ဆင်ပါ။ စက်ဝိုင်းကဒ်လေးကို စိုက်ကြည့်နေတာမျိုးပေါ့။ 

-ဗုဒ္ဓဘာသာမှာကျတော့ သမထ ကမ္မဌာန်းလို့ခေါ်ပါတယ်။ သမထ ဆိုတာ စိတ်ရဲ့ စူးစိုက်အား Concentration ကိုမြင့်တင်ပေးတဲ့ဟာပါ။ ဘိုးတော်၊ မယ်တော် စတဲ့ဟာတွေနဲ့မသက်ဆိုင်ပါ။ စိတ်ကို တစ်နေရာတည်းမှာ စိုက်ထားရင် သမထပါပဲ။ 

-နီဝရဏတရားတွေဆိုတာ ငါးမျိုးတဲ့။ သူများကို မကောင်းတာတွေတွေးနေတဲ့ဒေါသ၊ ထိုင်းမှိုင်းပျင်းရိနေတဲ့ ထိနမိဒ္ဓ၊ ဘာစားချင်လိုက်တာ..ဘယ်လိုနေချင်လိုက်တာစတဲ့အတွေးတွေ (အဘိဇျာ)၊ နောက်တောင်တောင်အီအီလျှောက်တွေးတတ်တဲ့ပျံ့လွင့်မှုနဲ့ ငါတော့စာမေးပွဲနီးနေပြီ....စာမကျက်ခဲ့မိတာ မှားလေခြင်း စတဲ့ စာမေးပွဲနီးမှ ပြန်ဖြစ်တတ်တဲ့နောင်တလိုအတွေး၊ နောက် ငါလုပ်တာ ဖြစ်မှ ဖြစ်ပါ့မလား ဆိုပြီး ကိုယ့်ကိုယ်ကို အရှေ့မတက်စေတော့ဘဲ မေးခွန်းထုတ် သံသယပြန်ပြန်ဝင် နောက်ပြန်ဆွဲနေစေတဲ့အတွေးတွေကို နီဝရဏခေါ် ပိတ်ဆို့တတ်တဲ့တရားတွေလို့ခေါ်ပါတယ်။ 

-ဒါဖြင့် ဒီလို Concentration တက်လာရုံနဲ့ဒီဟာတွေ ကင်းသွားမှာလားဆို အကုန်တော့မကင်းဘူး။ ဒါပေမယ့် ကိုယ့်စွမ်းအားရှိရင်ရှိသလောက် ကင်းသွားတယ်။ ဒိနည်းအားဖြင့် သညာလို့ခေါ်တဲ့မှတ်ဥာဏ်မှာ ဆက်စပ်မှတ်သားတတ်တဲ့မှတ်ဥာဏ်ကော၊ Photographic memory လို့ခေါ်တဲ့ဥာဏ်ကော နှစ်မျိုးလုံးတက်လာတဲ့အပြင် ထိုးထွင်းသိမြင်တတ်တဲ့ဥာဏ်ပါ တက်လာတတ်ပါတယ်။ 

-ဘယ်လိုကျင့်မလဲဆို အလွယ်ဆုံးက လေဝင်လေထွက်မှာ သတိကပ်ထားတဲ့နည်းပါ။ သတိကပ်ထားတဲ့အတွက် ကောင်းကျိုးတွေအများကြီးပါ။ ဇီဝကမ္မဖြစ်စဉ်တွေ ညီညွတ်မျှတလာတာကိုလဲ သတိပြုမိမှာပါ။ 

-ဗဟုသုတပါ။ Personality Development စာပေအမျိုးအစားပေါ့။ ဗုဒ္ဓဘာသာရှုထောင့်ကနေ မိမိ ဖတ်ဖူးတာလေးတွေနဲ့ ပေါင်းစပ်ရေးသားလိုက်ပါတယ်။
 
-မှတ်ဥာဏ်ကောင်းခြင်းနဲ့ပတ်သက်လို့ပေါ့။ ခုနက ဈာန်တွေနဲ့ပတ်သက်လို့ နည်းနည်းပါးပါး သိဖူးတာလေးကိုရေးပါတယ်။ မှတ်ဥာဏ်ကောင်းတာနဲ့ပတ်သက်လို့မေးလို့ရေးပြပါမယ်။
-ဗုဒ္ဓဘာသာမှာ မှတ်ဥာဏ်ကို မှတ်သားမှု (သညာ) လို့ ဖွင့်တာကြားနာဖူးပါတယ်။ နာမည်ကြီးကတော့ ညီတော်အာနန္ဒာပေါ့။ တရားတစ်ပုဒ်ကို တစ်ခါနာပြီးတိုင်းအလွတ်ရတယ်တဲ့။ တိပိဋကဓရပါ။

-ဒီလို ဥာဏ်ကောင်းအောင်ဘယ်လိုလုပ်ရသလဲဆိုတော့...ဗုဒ္ဓက တစ်နေရာမှာဖြေပါတယ်။ ဒီလို မေ့ရတဲ့အကြောင်းရင်းက စိတ်ကို အနှောက်အယှက်ပေးတဲ့ တရားတွေကြောင့်လို့ဖြေပါတယ်။

-ဘယ်လိုတရားတွေလဲဆိုရင် နီဝရဏတရားတွေလို့ဖြေပါတယ်။ ဒီတရားတွေ ခဏကင်းရင် ခဏငြိမ်းချမ်းသွားတယ်လို့ပြောပါတယ်။

-ဘယ်လိုနေရင် ကင်းသွားသလဲဆိုတော့ စိတ်ကို ပွိုင့်မှတ်တစ်ခုခုမှာ စိုက်ထားလိုက်ရင် ငြိမ်သွားပါတယ်။ ဒါဟာ အနောက်တိုင်းက Will Power ကျင့်စဉ်တွေနဲ့ခပ်ဆင်ဆင်ပါ။ စက်ဝိုင်းကဒ်လေးကို စိုက်ကြည့်နေတာမျိုးပေါ့။

-ဗုဒ္ဓဘာသာမှာကျတော့ သမထ ကမ္မဌာန်းလို့ခေါ်ပါတယ်။ သမထ ဆိုတာ စိတ်ရဲ့ စူးစိုက်အား Concentration ကိုမြင့်တင်ပေးတဲ့ဟာပါ။ ဘိုးတော်၊ မယ်တော် စတဲ့ဟာတွေနဲ့မသက်ဆိုင်ပါ။ စိတ်ကို တစ်နေရာတည်းမှာ စိုက်ထားရင် သမထပါပဲ။

-နီဝရဏတရားတွေဆိုတာ ငါးမျိုးတဲ့။ သူများကို မကောင်းတာတွေတွေးနေတဲ့ဒေါသ၊ ထိုင်းမှိုင်းပျင်းရိနေတဲ့ ထိနမိဒ္ဓ၊ ဘာစားချင်လိုက်တာ..ဘယ်လိုနေချင်လိုက်တာစတဲ့အတွေးတွေ (အဘိဇျာ)၊ နောက်တောင်တောင်အီအီလျှောက်တွေးတတ်တဲ့ပျံ့လွင့်မှုနဲ့ ငါတော့စာမေးပွဲနီးနေပြီ....စာမကျက်ခဲ့မိတာ မှားလေခြင်း စတဲ့ စာမေးပွဲနီးမှ ပြန်ဖြစ်တတ်တဲ့နောင်တလိုအတွေး၊ နောက် ငါလုပ်တာ ဖြစ်မှ ဖြစ်ပါ့မလား ဆိုပြီး ကိုယ့်ကိုယ်ကို အရှေ့မတက်စေတော့ဘဲ မေးခွန်းထုတ် သံသယပြန်ပြန်ဝင် နောက်ပြန်ဆွဲနေစေတဲ့အတွေးတွေကို နီဝရဏခေါ် ပိတ်ဆို့တတ်တဲ့တရားတွေလို့ခေါ်ပါတယ်။

-ဒါဖြင့် ဒီလို Concentration တက်လာရုံနဲ့ဒီဟာတွေ ကင်းသွားမှာလားဆို အကုန်တော့မကင်းဘူး။ ဒါပေမယ့် ကိုယ့်စွမ်းအားရှိရင်ရှိသလောက် ကင်းသွားတယ်။ ဒိနည်းအားဖြင့် သညာလို့ခေါ်တဲ့မှတ်ဥာဏ်မှာ ဆက်စပ်မှတ်သားတတ်တဲ့မှတ်ဥာဏ်ကော၊ Photographic memory လို့ခေါ်တဲ့ဥာဏ်ကော နှစ်မျိုးလုံးတက်လာတဲ့အပြင် ထိုးထွင်းသိမြင်တတ်တဲ့ဥာဏ်ပါ တက်လာတတ်ပါတယ်။

-ဘယ်လိုကျင့်မလဲဆို အလွယ်ဆုံးက လေဝင်လေထွက်မှာ သတိကပ်ထားတဲ့နည်းပါ။ သတိကပ်ထားတဲ့အတွက် ကောင်းကျိုးတွေအများကြီးပါ။ ဇီဝကမ္မဖြစ်စဉ်တွေ ညီညွတ်မျှတလာတာကိုလဲ သတိပြုမိမှာပါ။

-ဗဟုသုတပါ။ Personality Development စာပေအမျိုးအစားပေါ့။ ဗုဒ္ဓဘာသာရှုထောင့်ကနေ မိမိ ဖတ်ဖူးတာလေးတွေနဲ့ ပေါင်းစပ်ရေးသားလိုက်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...