ကွာရှင်းစာချုပ်တစ်စောင် ရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတစ်ခု
ခံစားချက်ကိုယ်ဆီနဲ့
တိတ်ဆိတ်နေကြသူ လူသားနှစ်ဦး ။ သူတို့နှစ်ဦးစလုံး တိတ်ဆိတ်နေကြပေမယ့်
လူသားနှစ်ဦး စလုံး ရင်ထဲမှာ နာကျင်ကြေကွဲတာချင်းတော့ တူညီနေမယ်ထင်ပါတယ် ။
တရားရုံးထဲကထွက်လာတဲ့ စုံတွဲတစ်တွဲ ။ ငေးကြည့်နေကြတဲ့ သူတွေရဲ့
မျက်လုံးတွေကို မသိကျိုးနွံ့ ပြု ကျောခိုင်းထွက်လာရပေမယ့်
ရင်ထဲကခံစားနာကျင်ရတာတွေကိုတော့ ဥပက္ခာပြုလို့မရပါလား ။ အဖြစ်ပျက်တိုင်းမှာ အခြေခံအကြောင်းရင်းအချက်လက်ပေါ င်းများစွာ ရှိနေတတ်တယ် ။ ကွာရှင်းစာချုပ်တစ်စောင်ပေါ် လက်မှတ်ထိုးလိုက်ကြတဲ့ လူသားနှစ်ဦးဆီတိုင်းမှာလည်း အကြောင်းရာ အဖြစ်ပျက်လေးတွေ
ရှိနေတတ်ကြပါတယ် ။
ဘ၀တစ်ခုကို တူတူတည်ဆောက်ကြပြီးမှ ဘာလို့ လမ်းခွဲခြင်းဆိုတဲ့ ခေါင်းစဉ်
တစ်ခုအောက် ကို ရောက်ခဲ့ကြရတာလဲ ။ အိမ်ထောင်တစ်ခုကို အပြီးပိုင် အဆုံးသတ်လမ်းခွဲဖို့
ဆုံးဖြတ်တဲ့နေရာမှာ မိန်းကလေးတွေက ယောကျာင်္းလေးတွေထက် ဘက်စုံကနေ သေချာပိုတွေးတတ်ကြပါတယ် * ကို *။
အိမ်ထောင်ပျက်ဘ၀ကို မရောက်လိုကြသည့် မိန်းမသားတို့ မွေးရာပါဗီဇစိတ်ဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ် သည်းခံ ဖို့ကိုလဲ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့်ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့တဲ့ အခါမှာတော့ ကွာရှင်းစာချုပ်တစ်ခုပေါ်မှာ လက်မှတ်ထိုးခဲ့ရပါပြီ *ကို * ။
ကြွေ ကို့ကို လက်ထပ်ခဲ့စဉ်က ကြွေအသက် 18နှစ်ဘဲရှိပါသေးတယ် ။ အချစ်ဆိုတာနဲ့ ခင်မင်မှု သံယောဇဉ်ဆိုတာကို ကွဲပြားစွာ နားမလည်ခဲ့ပါမိဘူး ။ ကြွေမိဘ နှစ်ပါးက ကျောင်းဆရာ ဆရာမတွေ ဖြစ်တဲ့ အတွက် ကြွေတို့ကို အရမ်းကို ချုပ်ချယ်ခဲ့ပါတယ် ။ သူငယ်တန်းကနေ 10တန်းရောက်တဲ့ အထိ ကြွေဘ၀မှာ သူငယ်ချင်းတွေနဲ့ အပြင်ဆိုတာကို တစ်ခါမှ မသွားခဲ့ရဘူး ။ ကျောင်းတက်ခဲ့တာတာင် မနက်9နာရီ ကျောင်းတက်တယ်ဆို 8.45မှ အိမ်ကားနဲ့ လိုက်ပို့ပေးခဲ့တယ်။ကျောင်းရှေ့ ကို ရောက်တာနဲ့ ကျောင်းတက် ခေါင်းလောင်းထိုးတော့တာပါဘဲ။
တစ်ယောက်လို ခင်လို့ပါ။ ခုပေးတဲ့ ပိုက်ဆံကလဲ အကိုတစ်ယောက်က ညီမလေးတစ်ယောက်ကို မုန့်ဖိုးပေးတာပါဘဲ.........ဒီ တိုင်းပေရင် ကြွေ လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာ ကို သိနေလို့ ဒီလိုထည့်ပေးလိုက်ရတာပါ ။ ကြွေ ကို ခုလိုဘ၀နဲ့ မြင်နေရတာလဲ ကိုကြီးတကယ်ကို စိတ်မကောင်းဘူးကွာ ။ ကြွေ အမြန်ဆုံး ပျော်ရွင်ဖွယ် ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေနော်....... .....။
ဘ၀တစ်ခုကို တူတူတည်ဆောက်ကြပြီးမှ ဘာလို့ လမ်းခွဲခြင်းဆိုတဲ့ ခေါင်းစဉ်
တစ်ခုအောက် ကို ရောက်ခဲ့ကြရတာလဲ ။ အိမ်ထောင်တစ်ခုကို အပြီးပိုင် အဆုံးသတ်လမ်းခွဲဖို့
ဆုံးဖြတ်တဲ့နေရာမှာ မိန်းကလေးတွေက ယောကျာင်္းလေးတွေထက် ဘက်စုံကနေ သေချာပိုတွေးတတ်ကြပါတယ် * ကို *။
အိမ်ထောင်ပျက်ဘ၀ကို မရောက်လိုကြသည့် မိန်းမသားတို့ မွေးရာပါဗီဇစိတ်ဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ် သည်းခံ ဖို့ကိုလဲ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့်ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့တဲ့ အခါမှာတော့ ကွာရှင်းစာချုပ်တစ်ခုပေါ်မှာ လက်မှတ်ထိုးခဲ့ရပါပြီ *ကို * ။
ကွာရှင်းစာချုပ်တစ်စောင် ရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတစ်ခု
ကြွေ ကို့ကို လက်ထပ်ခဲ့စဉ်က ကြွေအသက် 18နှစ်ဘဲရှိပါသေးတယ် ။ အချစ်ဆိုတာနဲ့ ခင်မင်မှု သံယောဇဉ်ဆိုတာကို ကွဲပြားစွာ နားမလည်ခဲ့ပါမိဘူး ။ ကြွေမိဘ နှစ်ပါးက ကျောင်းဆရာ ဆရာမတွေ ဖြစ်တဲ့ အတွက် ကြွေတို့ကို အရမ်းကို ချုပ်ချယ်ခဲ့ပါတယ် ။ သူငယ်တန်းကနေ 10တန်းရောက်တဲ့ အထိ ကြွေဘ၀မှာ သူငယ်ချင်းတွေနဲ့ အပြင်ဆိုတာကို တစ်ခါမှ မသွားခဲ့ရဘူး ။ ကျောင်းတက်ခဲ့တာတာင် မနက်9နာရီ ကျောင်းတက်တယ်ဆို 8.45မှ အိမ်ကားနဲ့ လိုက်ပို့ပေးခဲ့တယ်။ကျောင်းရှေ
အိမ်ထဲမှာ
လိုတယ်ဆိုတာ မရှိအောင်ထားပေးပါတယ် ။ နောက်ဆုံး ကြွေ လိမ်းဖို့ သနပ်ခါးတောင်
ကိုယ်တိုင် သွေးမလိမ်းရအောင် ဖြည့်စီးပေးတတ်ပေမယ့်
သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာတွေ နဲ့ ပတ်သတ်လာရင်တော့ ချုပ်ချယ် တင်းကျပ်မှုတွေ
အရမ်းများပါတယ်။ဒီလိုနဲ့အချိန်ေ တွကို ဖြတ်သန်းလာလိုက်တာ
ကြွေ 9တန်းမှာ *ကို* နဲ့စတင်ဆုံဆည်းခဲ့ပါတယ် ။ *ကို *က ကြွေ
နားကိုလိမ်မာပါးနပ်စွာနဲ့
ချဉ်းကပ်လာခဲ့တယ်။ ကြွေအတွက် အပြင်ထွက်ချိန်ဆိုတာ ကျောင်းဝန်းထိပ်ကနေ
စာသင်ခန်းထဲကို မရောက်ခင် ကြားကာလလေးကို အပြင်ထွက်ရတယ်လို့
ခေါ်တာပါဘဲ ။ဒီအချိန်တွေကို အမိအရ စာလိုက်ပေးတတ်တယ် ။ ကြွေ
တို့ခေတ်ကလွယ်အိတ်ထဲကိုစာထည့် ပေးတဲ့ ခေတ်ပေါ့ ။
ကြွေမသိအောင်ကြွေလွယ်အိတ်ထဲကို ကို စာချွန်လွှာတွေ တစ်နေ့တစ်စောင်
ရောက်ရောက်လာတတ်ပါတယ်။ ကို က ကြွေထက် နှစ်နှစ်တိတိ ကြီးပေမယ့် အတန်းကတော့ တူတူပါဘဲ ။ ကြွေ တွေးမိတယ် ။ ကို့ကို ကြွေ တကယ်မှ ချစ်ခဲ့ရဲ့လားလို့လေ။
ဟင်အင် ကြွေ ကို့ကို မချစ်ခဲ့ဘူး သေချာတယ်။ ငယ်လွန်းတဲ့
အသက်ရွယ်မှာသာယာတဲ့ စိတ်ကို အချစ်လို့ ခေါင်းစဉ်မှားတပ်ခဲ့မိတာပါ။
ဒီအရွယ်ဆိုတာ လေတိုက်ရင်တောင် လိုက်ရယ်ချင်တဲ့ အရွယ်မျိုးလေ.........။
ကျောင်းမှာသူကလဲ စတား ။ သုံးနိုင် ၊
ဖြုန်းနိုင်သူ သူဠေးသားတစ်ဦး ။ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းပြီး
ကျောင်းတက်သူ ။မိန်းကလေးအများစုရဲ့ စိတ်ဝင်စာခြင်းကို ခံရတဲ့ သူတစ်ယောက်က
ကြွေကို ချစ်တယ်ဆိုတော့ သာယာမိတာပေါ့ ။ကြွေတို့
သူငယ်ချင်းအဖွဲ့လေးထဲကို* ကို* မသိမသာနဲ့ နေရာယူလာခဲ့တယ် ။
ကြွေကလွဲရင် သူငယ်ချင်းအားလုံးက ကျူရှင်တစ်ဝိုင်းထဲ
တက်ကြတယ် ။ ကိုလဲပါတာပေါ့ ။ ဒီလိုနဲ့ ကြွေ နဲ့ ကို ရည်းစားတွေ ဖြစ်ခဲ့ကြပါတယ်။
ရည်းစားဆိုတာလဲ စာထဲမှာတင် ရည်းစားဖြစ်နေတာမျိုးပါ ။ သူများ
သမီးရည်းစားတွေလို အအေးဆိုင်တူတူ ထိုင်တာတို့ ..........ဟိုနေရာမှာ
ဒီနေရာမှာ ချိန်းတွေ့တာမျိုးလဲ မရှိခဲ့ပါဘူး။ ရည်းစား စဖြစ်တုန်းကတော့ ကို့
ကချိန်းခဲ့ဖူးတယ် ။သူချိန်းပေမယ့် ကြွေက ဘယ်ကိုမှ ထွက်မရဘူးလေ။ နောက်တော့ ကို
ကြွေကို ဘယ်တော့မှ မချိန်းတော့ဘူး။
********************
ကြွေတို့ 10တန်းနှစ်မှာ ကို တို့အိမ်က စီးပွားတွေ တအားကို
ထိုးကျသွားတယ် ။ ကြွေ အိမ်က ကြွေကို ရန်ကုန်မှာ
ကျောင်းပြောင်းထားလိုက်တယ် ။ ကိုနဲ့ ကြွေ ရည်းစားဖြစ်နေတာကို သိသွားတော့
10တန်းမှာနှစ်ချင်းပေါက် မအောင်ဆိုးတာကြောင့် ပါ။ရန်ကုန်မှာ
ကျောင်းပြောင်းတက်လိုက်ရတယ်။အဲ ဒီနှစ်မှာ ကြွေက နှစ်ချင်းပေါက် အောင်ခဲ့ပေမယ့် ကို ကတော့
စာမေးပွဲကျခဲ့တယ် ။ကြွေ ရန်ကုန်မှာ သွားနေတဲ့ တနှစ်လုံး
အဆက်သွယ်ပြတ်ခဲ့တယ်။ ပြန်ရောက်ပြီး တစ်လ အကြာ ညနေခင်းတစ်ခုမှာ ကြွေနဲ့
ကို အခွေဆိုင် မှာ ပြန်ဆုံမိကြပါတယ်။ .ကြွေ အခွေဆိုင်ထဲ ၀င်တော့ ကိုက အခွေဆိုင်ထဲမှာ
ကြိုတင် ရောက်နှင့်နေခဲ့တယ်နော် ။ ကို့ ကို ကြွေ
လုံးဝမမြင်ဘူး ။.ကြွေ ဆိုင်ထဲ ၀င်လိုက်တယ်ဆိုရင်ဘဲ
*ကြွေလေး*
ရင်းနှီးတဲ့ ခေါ်သံကြောင့် အသံလာရာဆီကို လှည့်လိုက်တယ်ဆိုရင်ဘဲ ကို့ ကို တွေ့လိုက်ရတယ်။
*ဟင် ! ကိုသူ*
*ဘယ်လို ခေါ်လိုက်တာလဲ ကြွေလေး..........ကိုသူဟုတ်လား. .......ကို လို့ဘဲ ခေါ်ပါကွာ.........နော်*
*မပြောတတ်ဘူးလေ...........ကိုသူ မှာ ချစ်သူတွေဘာတွေ ရှိနေရင် အားနာလို့ပါ*
*ရှိစရာလားကွာ........ကြွေလေး ရှိနေတာကို နောက်ထပ် ချစ်သူရှိစရာလား*
*ကြွေ သွားတော့မယ်.........လေးလေး လိုက်ပို့တာ ။ ကို့ကို တွေ့ရင် ကြွေ ဆူခံရမှာ
ကြွေ သွားတော့မယ်နော် ကို*
********************
ဒီလိုနဲ့ ကြွေနဲ့ကို အဆက်သွယ် ပြန်ရခဲ့ကြတယ် ။ ရည်းစားတွေ ပြန်ဖြစ်ခဲ့ကြတယ်နော် ။
တစ်နေမှာ့ ဖေဖေနဲ့မေမေက သူတို့မိတ်ဆွေ သားနဲ့ ကြွေကို စွေစပ်ပေးဖို့ တိုင်ပင်နေတာကို ကြွေကြားခဲ့တယ် ။ သူက ဆရာဝန်တစ်ယောက် ။
ကြွေက မွေးရာပါ နှလုံးရောဂါသည်မို့ စိတ်ချရအောင် မေမေတို့ စီစဉ်ကြတာတဲ့လေ ။ ကြွေကိုတော့ တရားဝင့်အသိမပေးကြသေးပေမယ့် ကြွေ စိတ်ထဲ အရမ်းစိုးရိမ်မိသွားခဲ့တယ် ။ စိတ်ထဲမှာလဲ ဝေခွဲရခက်နေမိတယ် ။ တစ်ခါမှ မသိတဲ့ သူတစ်ယောက်ကို ကြွေ မလိုချင်ဘူး ။ နောက်တစ်ခုက
ကြွေ ခုလိုချုပ်ချယ်ခံဘ၀ကြီးကိုလဲ မွန်းကျပ်လွန်းလှပြီ။ကြွေ
ကို့ဆီဖုန်းခေါ်ပြီး အကြောင်းအရာတွေကို ပြောပြလိုက်မိတယ် ။ ကို့
ကချက်ချင်းဘဲ ခိုးပြေးဖို့ စီစဉ်ခဲ့တယ် ။ ကြွေ အံ့သြနေမိတယ် ။ အိမ်မက်မက်နေသလားလို့ အကြိမ်ကြိမ် တွေးမိတယ်။ မသေချာ မရောရာမှုတွေနဲ့ အိမ်ထောင်သည်ဆိုတဲ့ ဘ၀ တစ်ခုကို ကြွေ အသက် 18နှစ်နဲ့ 7ရက်ပြည့်တဲ့နေ့မှာ ရောက်ရှိခဲ့ပါတယ်။
********************
ကြွေထင်ခဲ့တာက ကြွေ မရဘူးတဲ့
ပျော်ရွင် လွပ်လတ်ခြင်းတွေ ရလိမ့်မယ်လို့ တထစ်ချ ယုံကြည်မိခဲ့တာပါ
။တစ်ကယ်တမ်း ကြွေ ပိုင်ဆိုင်လိုက်ရတာက ကို့ရဲ့ နေတတ်ခြင်း၊
တစ်ကိုယ်ကောင်းဆန်ခြင်း၊ တာဝန်မယူတတ်ခြင်း ၊ ဥပက္ခာပြုရက်စက်ခြင်းဆိုတာတွေကို ဘဲ ကြွေ အဲပြည့်ဝ ပိုင်ဆိုင်လိုက်ရတယ် ။ ကြွေ အိမ်ထောင်သက် တနှစ်လောက်မှာတော့ကြွေ အသေချာသိသွားခဲ့တယ် ။ ကြွေ ကို့ကို လုံးဝမချစ်ခဲ့ဘူးဆိုတာကို ပေါ့ ။ ဒါပေမယ့် ကြွေ မှာ ပြင်ဆင်ဖို့ အခွင့်ရေးလုံးဝကို
မရှိခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ ကြွေ မိကောင်းဖခင်သားသမီးပီတစွာ တစ်သက်မှာ
တခါဘဲ အိမ်ထောင်ပြုချင်တယ် ။ အဲဒီအိမ်ထောင်ကိုလဲ တည်မြဲဖို့ ကြွေ
ကြိုးစားချင်တယ်။ ကို့ ကြွေအပေါ် တာဝန်မကျေလဲ ကြွေ
ပျော်အောင်ကြိုးစားနေခဲ့ပါတယ် ။ တဖြေးဖြေး
ဆိုးရွားလာတဲ့ ကို့အခြေနေက ကြွေ အကိုင်တွယ်မတတ်လို့လား ကံကြမ္မာက
ရက်စက်ခဲ့စေသလား ။ ဘာအလုပ်ကို လုပ်လုပ် အရှုံးတွေ ပေါ်
အကြွေးတွေတင် ။ ကို့ ကတော့ စိတ်ညစ်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့
မိုးလင်းမိုးချုပ် အရက်ကို သောက်လာတတ်တယ်။ နောက်ဆုံး ကြွေအိမ်မှာဆို သနပ်ခါးတောင် သွေးပြီးတားကို အဆင်သင့် လိမ်းတဲ့ဘ၀တစ်ခုနဲ့ နေလာတဲ့ ကြွေ လမ်းဘေးမှာ လက်ဖက်သုတ် အအေးတွေတောင် ရောင်းခဲ့ရပါတယ် ။ ကြွေ အဲဒီအချိန်ထိ နောက်ဆုတ်လိုက်ဖို့ မတွေးခဲ့ပါဘူး ။ ကြွေ ရွေးချယ်ထားတဲ့ လမ်းတစ်ခုကို အဆုံးထိ လျှောက်ဖို့ကိုဘဲ ကြွေ တွေးမိတယ်။
မိုးကြီးလေကြီး ကျနေတဲ့အချိန် မီးတွေကပျက် ခြောက်ခြားဖို့ကောင်းတဲ့ညတွေမှာ အိမ်တံခါးကို အပြင်ကနေ သော့ခတ်ပြီး
တစ်ယောက်ထဲ ပြစ်ထားခဲ့တဲ့ ရက်စက်မှုတွေကိုလည်း အကြိမ်ကြိမ် ရရှိပိုင်ဆိုင်ခဲ့ရလဲ နောက်ဆုတ်ဖို့ မတွေးခဲ့ဘူးပါဘူး ။ အိမ်ထောင်ကွဲ
မိန်းမတစ်ယောက်အဖြစ်ကို
မခံယူချင်လို့ပါ။*ကို* မပေါ် သည်းခံနိုင်မှုတွေ ကြွေရင်ထဲ
ထွက်ပြေးမသွားပါစေနဲ့လို့ဘဲ ကြွေ အကြိမ်ကြိမ် ဆုတောင်းမိပါတယ် ။ ဒါပေမယ့်
ကြွေဆုတောင်းတွေ မပြည့်ခဲ့ပါဘူး ။
********************
ကြွေ ကို့ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတဲ့ ရင်နာစရာ ဖြစ်ရပ်လေး
တစ်ခုသော မနက်ခင်းလေးမှာ ကြွေ ဆိုင်ခင်းနေတုန်းဧည့်သည်တစ်ယော က်
ရောက်လာပါတယ် ။ အဲဒီဧည့်သည်ကို တွေ့လိုက်ရတော့ကြွေ
အရမ်းကို အံ့သြသွားမိတယ် ။ဘာလို့လဲဆိုတော့ ကြွေဆီကို လာလည်တဲ့ သူက ကြွေ
ကို ငယ်ငယ်က စိတ်ဝင်စားခဲ့ဖူးတဲ့ အကိုကြီး တစ်ယောက်ဖြစ်နေတယ်။ အဲဒီအကိုက
ကြွေ ဆီကိုလာလည်တာတဲ့လေ ။ ကြွေ အတွက်ဆိုပြီး အရုပ်အကြီးကြီးတစ်ခုပါ
လက်ဆောင်ပေးသွားခဲ့တယ် ။ .ကြွေ အတင်းငြင်းနေတဲ့ကြားက အဲဒီအကိုက အတင်းကို
ပေးသွားခဲ့တယ်။ ဒီအချိန် *ကို* လဲ ကြွေအနားမှာ ရှိနေခဲ့တယ် ။ ကို ကလည်း
ယူလိုက်ပါဆိုတာနဲ့ ကြွေ လက်ခံထားလိုက်တယ် ။ အဲဒီအကို
ပြန်သွားပြီး5ရက်လောက်အကြာမှာ အရုပ်ကြီးက ထိတာနဲ့ သီချင်းသံတွေ
ထွက်နေလို့ဓာတ်ခဲတွေ ထုတ်လိုက်တယ်ဆိုရင်ဘဲ ဓာတ်ခဲထည့်တဲ့နေရာမှာ
ငွေ တစ်သိန်းတစ်အုပ်နဲ့ စာတစ်စောင်ကို
တွေ့လိုက်ရတယ်...........။စာကို ဖတ်ကြည့်လိုက်တော့
ညီမလေး
အကို လာလည်တယ်ဆိုတာ ညီမလေးအပေါ် ဘာစိတ်မှ မရှိပါဘူးနော်.........ညီမလေး
ကြွေ
လေ စိတ်မကောင်းလိုက်တာ ။ ကြွေ ဘယ်သူဆီကမှလဲ ဒီလို မယူဘူးဘူး ။
ခုကိုကြီးပေးတာကိုလဲ လက်မခံနိုင်ဘူး။ကြွေ စိတ်လဲတအားဆိုးမိခဲ့တယ် ။
ချက်ချင်း ကို့ကို ပြောပြပြီး ကိုကြီးဆီ ဖုန်းဆက်ပြီး ငွေကို
ပြန်ပို့မဲ့အကြောင်းပြောပြလိုက် တယ်။ ကြွေသိတဲ့ နေ့က သောကြာနေ့ ညနေဖြစ်နေလို့
ပိုက်ဆံကို
ချက်ချင်း လွဲဖို့ အဆင်မပြေဘူးရှင်။ တနလာင်္နေ့ ရောက်မှ လွှဲလို့ရတော့မှာလေ။
ပိုက်ဆံတွေကို ဒီတိုင်းဘဲ သိမ်းထားလိုက်တယ် ။ တနလာင်္နေ့ ရောက်လို့
ငွေလွှဲဖို့ ပိုက်ဆံကို ကြွေ ကြည့်လိုက်တော့ပိုက်ဆံအုပ်ထဲက ငွေ 5သောင်းလျော့နေခဲ့တယ် ။ ကြွေ ကို့ကို အော်ခေါ်တာပေါ့................
*ကို့ .......ကို..........*
*ဟာ.....ဘာလို့ အော်နေတာလဲကွာ...........ဆူညံေ နတာဘဲ*
*ကိုရေ ပိုက်ဆံ 5သောင်းပျောက်သွားလို့ လုပ်ပါအုံး ဒီနေ့ လွဲပေးမယ်ပြောထားတာ*
*ကို သုံးလိုက်တယ်...ကိစ္စရှိလို့*
*ဘာ! ကို သုံးလိုက်တယ် ဟုတ်လား........အောင်မလေး ရက်စက်လိုက်တာ ကိုရယ်.........ကြွေ ဘာနဲ့ ပြန်ထည့်ရမှာလဲရှုင်*
*ကြွေကိုက ရှည်တာ ဟိုက မုန့်ဖိုးပေးတာဘဲ ယူလိုက်ပေါ့..............*
*ကို ဘယ်လိုပြောလိုက်တာလဲ........... သူပေးတာကို ကြွေက ယူရင် ဘယ်လိုဖြစ်သွားမလဲကို သေချာတွေးပါအုံး။
ကို ခုလိုသုံးလိုက်တော့ ကို ကြွေကို ရောင်းစားလိုက်တာနဲ့ မတူဘူးလား ကို......ကိုရယ် ရက်စက်လိုက်တာရှင်*
ကိုကတော့ သူမဟုတ်သလိုဘဲ ထွက်သွားပါတယ်.............ကြွေ မှာတာ နောက်ဆုံး လက်နက် ကြွေနားက အဖြစ်ပန်ထားတဲ့
နားကပ်လေးကို ချွှတ်ရောင်းပြီး
ကိုကြီးဆီ ငွေ တစ်သိန်းပြည့်အောင် ပြန်လွှဲပေးလိုက်ပါတယ် ။ ကြွေ ရင်ထဲမှာ
စူးနစ်နေအောင် နာကျင်ခံစားလိုက်ရတဲ့ဝေဒနာက ကြွေ ဘ၀ထဲကနေ ကို့ကို
အပြီးပိုင်မောင်းထုတ်လိုက်ပါတော့ တယ်ရှင်။
သည်းခံခြင်း၊ နားလည်ခြင်း၊ခွင့်လွတ်ခြင်း ဆိုတဲ့ ခြင်းများစွာကို *ကို *အပေါ်မှာ ကြွေ ထားပေးခဲ့ပြီးပါပြီ။အချစ်ဆိုတာ မရှိခဲ့ပေမယ့် ကြွေ အကောင်းဆုံး နဲ့ တာဝန်အကျေဆုံး ဖြစ်အောင် ကိုအပေါ်မှာ ပေးဆပ်ပေးခဲ့ပါတယ်။ကြွေ ပြန်ရလိုက်တာ
တွေက ရက်စက်ခြင်း၊ စာနာမှုကင်းခြင်း ၊ ရက်စက်တဲ့ ဥပက္ခာပြုခြင်း ဆိုတာတွေဘဲ ကိုက ကြွေကို လက်ဆောင်ပြန်ပေး
ခဲ့တယ်......ကို
အပေါ်မှာ အရွံ့ကြီးရွံ့ ၊ စိတ်အနာကြီးနာခဲ့ပြီဆိုတာ သေသေချာချာ
နားလည်လိုက်ရတဲ့ချိန်မှာ ကို ၀ဋ်ကြွေးတွေကို ဆပ်လို့ကုန်ပြီလို့
သတ်မှတ်လိုက်ပါသည်။ ကြွေ ကာလကြာရှည်စွာ ကိုနဲ့ ပတ်သတ်သမျှကို ခံစားကြွေကွဲ
ခဲ့သည့် ကြွေ ရင်ထဲမှာ ကိုနဲ့ ပတ်သတ်သမျှ ဆုံးခန်းတိုင်ပါပြီ ။
အဆုံးသတ်ဇာတ်သိမ်းကတော့ နာကျင်ခြင်းတွေအပြည့်နဲ့ တဆက်ဆက်တုန်ရီ နေတဲ့
လက်အစုံက ကွာရှင်းစာချုပ်တစ်စောင်ပေါ်မှာ လက်မှတ်ရေးထိုးလိုက်ခြင်းပါပဲ ။
ခိုင် ( ရွှေတောင် )
0 comments:
Post a Comment