Thursday, July 4, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၇)

သစ်ထူးလွင်


Posted: 04 Jul 2013 05:25 AM PDT
ရန်ကင်းမြို့နယ် ၈ရပ်ကွက်ထဲက စည်ပင် ဝန်ထမ်း အိမ်ရာဘေးက စည်ပင်လမ်းကို တိုးချဲ့ဖို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ လမ်းဘေးက ဆိုင်ခန်းတွေကို မြို့တော်စည်ပင် ဇူလိုင် ၃ရက်နေ့မှာ မြေတူးစက်တွေနဲ့ စတင် ဖျက်စီး ခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Jul 2013 05:18 AM PDT
ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းဖို့ အစပျိုးခြေလှမ်းအဖြစ် ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပါတီတွေက အမတ်ဦးရေ အချိုးစားအတိုင်း အမည်စာရင်း တင်သွင်းခိုင်းလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမတ် သူရဦးအေးမြင့်က ကော်မတီဖွဲ့ရေး အဆိုတင်မှုကို လွှတ်တော်က သဘောတူပြီးတဲ့နောက် လက်တွေ့ အကောင်အထည် ဖော်လိုက်တာပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Jul 2013 05:09 AM PDT
တပ်မတော် အစိုးရ လက်ထက်က သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ ပြန်ပေးတဲ့ကိစ္စွမှာ မျှမျှတတ ဆောင်ရွက်ဖို့ ဧရာဝတီတိုင်း မြို့နယ်တချို့က ရာနဲ့ချီတဲ့ လယ်သမားတွေဟာ ပုသိမ်မြို့ပေါ်က လမ်းမတွေပေါ်မှာ  လှည့်လည် ဆန္ဒပြကြပါတယ်၊။ ဧရာဝတီတိုင်း ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့်၊ လပွတ္တာ၊ ငပုတော စတဲ့မြို့နယ်တွေထဲက လယ်သမား၂၀၀ ကျော်ဟာ အစိုးရရုံးစိုက်ရာ ပုသိမ်မြို့ပေါ်လာပြီး  ဒီကနေ့ လှည့်လည် ဆန္ဒဖော်ထုတ်ကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 03:22 AM PDT
ဖခင်အရင်းဖြစ်သူမှ သမီးနှစ်ဦးအား သားမယား အဖြစ် ပြုကျင့်မှု ဖြစ်ပွား ခဲ့ကြောင်း မန်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချော ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး အမှုဖြစ်စဉ်မှာ ပြီးခဲ့သော ဇွန်လဆန်းပိုင်းက မ--------(၁၆)နှစ်နှင့် ညီမဖြစ်သူ မ-----တို့နှစ်ဦး နေအိမ်အပေါ်ထပ်တွင် အိပ်နေစဉ် ဖခင်အရင်းဖြစ်သူ ဦး---မှ မ----၏ ပခုံးအား လှုပ်နှိုးပြီး မအော်နှင့် အော်လျှင် သတ်ပစ်မည်ဟု ချိန်းခြောက်ပြောဆိုကာ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 03:15 AM PDT
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် လူ ၁၀၀ ကျော် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံး ခဲ့ကြောင်း တောင်ငူခရိုင် ရောဂါပိုးမွှားမှ တစ်ဆင့် ကူးစက်တက်သော ပိုးမွှားနှိမ်နှင်းရေးအဖွဲ့ (ရ-ပ-က-န) က ထုတ်ပြန်သော အစီအရင်ခံစာအရ သိရှိ ရသည်။ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ်တို့တွင် ဇွန်လပထမပတ်က သွေးလွန် တုပ်ကွေးရောဂါဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Jul 2013 03:01 AM PDT
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဇူလိုင်လ ၃ ရက်) နေ့က ကျောင်းဆရာမ တစ်ဦးနှင့် မူလတန်းကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူ တစ်ခု ဖြစ်ပွားခဲ့ရာ ယခုအခါ ၎င်း မူခင်းနှင့် ပတ်သက်ပြီး သင်္ကာမကင်းသူ သားဖနှစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးခံရသူ (၂) ဦးမှာ အခင်း ဖြစ်ပွားရာ ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ပီစိရွာမှ ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲမြို့နယ်မှူး ရဲမှူး တင်မောင်က အတည်ပြု ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဆေးရုံတင်ခါစတွင် သတိမရသေးသည့် ကျောင်းဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိပြန်လည်လာ ပြီဖြစ်သည်။ photo credit : Zaw Hlaing

Posted: 04 Jul 2013 02:52 AM PDT
လာဘ်ပေး လာဘ်ယူမှုများနှင့် ပတ်သက်၍ တိုင်ကြားခံထားရသည့် ခရိုင်အဆင့် တရားသူကြီး အခိျု့၏ ပိုင် ဆိုင်မှုများကို အထူးအဖွဲ့ဖွဲ့ပြီး လှိျု့ဝှက်စုံစမ်း သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးမှ အဆင့် မြင့် တရားသူကြီး တစ်ဦးက ထုတ် ဖော်ပြောကြား လိုက်သည်။ ယင်းကဲ့သို့ စစ်ဆေးရာတွင် ခရိုင်အဆင့် တရားသူကြီး အခိျု့ ၏ ပိုင်ဆိုင်မှုများနှင့် အတူ မိသားစုများ၏ လုပ်ငန်း လုပ်ကိုင်မှုများ ကိုစစ်ဆေး သွားမည်ဖြစ်ကာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရားရုံးချုပ် အဆောက်အအုံရှေ့တွင် ဆိုက်ကား တစ်စီးဖြတ်နင်းသွားသည်ကို တွေ့ရစဉ်။ တရားစီရင်ရေးမဏ္ဏိုင်တွင် ခိျု့ယွင်း အားနည်းချက်များ ရှိနေဆဲ ဖြစ်သည်။

Posted: 04 Jul 2013 02:41 AM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ လားရှိုးမြို့ ရဲ့ မြို့ အလယ်မှာ တည်ရှိတဲ့  နန်းဟေ၀န် ပန်းခြံမှာ အသက်(၁၇)နှစ် အရွယ် မိန်းကလေးတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးနေကြောင်း ဇူလိုင်လ(၄)ရက်နေ့ ယနေ့ နံနက် ၁၁း၀၀ ၀န်းကျင်ခန့် မှာ တွေ့ ရှိခဲ့တယ်လို့  လားရှိုးမြို့ မ ရဲစခန်း က တာဝန်ရှိသူတွေက ပြောပါတယ်။  ဒုရဲမှူးအဆင့် တာဝန်ယူ ရုံးထိုင်တဲ့  မြို့မရဲစခန်း(ယခင်အမှတ်-၁၊ရဲစခန်း)နှင့် သုံးမိနစ်ခန့်သာ လမ်းလျှောက်ရင် ရောက်နိုင်တဲ့  အကွာအဝေးမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 01:49 AM PDT
၎.၇.၂၀၁၃ နေ့ နံနက် (၁၀း၃၀) အချိန်တွင် ပုသိမ်မြို့နယ် ကြက်တူရွေး ကျေးရွာ မဒေါ့ကုန်း ကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ် လပွတ္တာမြို့နယ်များ အတွင်းတွင် နေထိုင်သော လယ်သမားများသည် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ဦးထွန်းထွန်းဦး၊ ဦးမြင့်နိုင်၊ ဦးဇော်မိုး တို့ဦးဆောင်လျှက် အင်အား (၂၀၀) ခန့် သည်  ဗွီနိုင်း အစ (၁၅)ခုကို ကိုင်ဆောင်လျှက် လယ်ယာမြေများအား မတရား သိမ်းဆည်းခံရမှုကို ပုသိမ်မြို့ ကန်သာယာ ပန်းဥယျာဉ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဝန်တွင် စုစည်းပြီး စတင် စီတန်းကာ ဆန္ဒဖေါ်ထုတ် လှည့်လည် ခဲ့ပါသည်။

ကိုကိုဖြိုး

Myanmar News Now


Posted: 04 Jul 2013 01:09 AM PDT
ဒီနေ့ လူငယ်လူရွယ် လေးတွေကြားမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးပုံစံ ကော်ရှူတဲ့ ဓလေ့နဲ့ ပတ်သက်ပြီး အမျိုးသားရေး ပြဿနာတရပ် ဖြစ်တာကြောင့် သမ္မတဆီကို သ၀ဏ်လွှာပေးပို့ အကြောင်းကြားသွားမယ့်အပြင် ၀န်ကြီးဌာနအသီးသီး စုပေါင်း ဖြေရှင်းပေးဖို့ အစိုးရအဖွဲ့ကိုလည်း အကြောင်းကြားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 01:04 AM PDT
Ytalk မှတစ်ဆင့် မလေးရှားနိုင်ငံသို့ တစ်လအတွင်း အခမဲ့ ဖုန်းခေါ်ဆိုနိုင်ရန် ရွေ့လျား မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့တော် နေရာအနှံ့သို့ လှည့်လည် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီ VMG Telecoms ကုမ္ပဏီမှ Marketing Executive ဒေါ်ဖြိုးမီမီရှိန်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 12:55 AM PDT
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဇွန်န၀ါရီလ(၄) ရက်နေ့ နံနက် (၃)နာရီခန့်တွင် သရုပ်ဆောင်ရဲတိုက်ကို ဆေးခြောက် တစ်ကျပ်သားနှင့်အတူ ဖမ်းမိထားကြောင်း ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးရဲစခန်းမှ တာဝန်ရှိသူ က NewsWatch(စောင့်ကြည့်)သတင်းဂျာနယ်ကို ပြောကြားသည်။
၎င်းကို သတင်းပေးပို့ချက်အရ သွားရောက် စစ်ဆေးခဲ့ရာ ဆိုက်ကယ်တစ်စီးနှင့် ဆေးသုံးထားသည်ကိုတွေ့ရှိရပြီး၊ ဆေးခြောက် တစ်ကျပ်သား လက်ဝယ်တွေ့ရှိမှုကြောင့် မူးယစ် ပ၄/၂၀၁၃ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ငြိမ်းချမ်းမေ
News Watch Journal


Posted: 04 Jul 2013 12:49 AM PDT
ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင် သာသနာရေးမှူး ဦးသန်းထွန်းသည် ၄င်း၏ အိမ်ဖော် အရွယ်မရောက် သေးသူ မ—–အား အလိုမတူဘဲ သားမယား အဖြစ် ပြုကျင်ခဲ့သောကြောင့် အရေးယူပေးပါရန် မရွှန်းဝေသော် ၏ အစ်မ၀မ်းကွဲဖြစ်သူ ဟင်္သာတ မြို့၊ ဘုရားကြီး ရပ်ကွက်နေ ဒေါ်—–က သာသနာရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ထံတိုင်ကြား ခဲ့ခြင်းနှင့် ပတ်သက်၍ သာသနာ ရေးဝန်ကြီးဌာနက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 12:39 AM PDT
ပြည်ပနိုင်ငံသား ခံယူထားတဲ့  မြန်မာ နိုင်ငံသားတွေ နိုင်ငံသား အဖြစ် ပြန်လည် လျှောက်ထားမှု ရှိနေပြီး လျှောက်ထား လာသူတွေကို စိစစ်လုပ်ဆောင် ပေးနေပါတယ်။ လောလောဆယ် နိုင်ငံသားလျှောက်ထား သူပေါင်း ၅၆ ဦး ရှိနေပြီဖြစ်ပြီး စိစစ်ဆဲ အဆင့်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထား သူတွေကို အဆင့်ဆင့် စိစစ်လုပ်ဆောင် ပေးနေတာနဲ့ ပတ်သက်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jul 2013 11:28 PM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယခုရက်ပိုင်း အတွင်း လွှတ်တော်နဲ့ အစိုးရအကြား အပြန်အလှန် ရေးသားပြောဆို နေကြတာတွေဟာ ဒီမိုကရေစီနိုင်ငံ တစ်ခုမှာ အုပ်ချုပ်ရေး မဏ္ဏိုင်နဲ့ ဥပဒေပြု မဏ္ဏိုင်တွေ အပြန်အလှန်ထိန်းသိမ်းတဲ့ လက္ခဏာမျှဖြစ်ပြီး စိုးရိမ်ပူပန်စရာ ပြဿနာတစ်ရပ် မဟုတ်ပါဘူးလို့ RFA ကို ပြောဆိုလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jul 2013 11:19 PM PDT
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အရှေ့မြောက်ဘက် Ukay Perdana အရပ်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ မနေ့မနက်က မြေပြိုကျတဲ့အတွက် မြန်မာနိုင်ငံက အလုပ်သမား ၃ ယောက်သေဆုံးပြီး၊ တစ်ယောက်က ခြေထောက်ကျိုးသွားတယ်လို့  မလေးရှားနိုင်ငံအခြေစိုက် ဘနားမားသတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Jul 2013 10:01 PM PDT
လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေး ရဖို့ ဆောင်ရွက်နေရာမှာ ပထမအဆင့် အပစ်အခတ် ရပ်စဲရေး အကောင် အထည်ဖော်မှု ပြီးဆုံး လုနီးပါပြီ။ သူတို့အနေနဲ့ မကြာခင် ကချင် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ဖို့ မျှော်လင့်နေပြီး၊ အဲဒါနဲ့ တပြိုင်နက်တည်း တတိုင်းပြည်လုံး အတိုင်းအတာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး အပစ်အခတ် ရပ်စဲတဲ့ လက်မှတ်ရေး ထိုးပွဲကြီး ကျင်းပ နိုင်ဖို့လည်း ပြင်ဆင်နေကြ ပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jul 2013 09:53 PM PDT
ရွှေတိဂုံ စေတီတော်သို့ လာရောက် ဖူးမြော်သော ထိုင်း ဘုရင့်သမီးတော်ဖြစ်သူ သီရိဒုံကို ဓာတ်ပုံ သတင်းထောက် တစ်ဦးက သတင်းဓာတ်ပုံ ရိုက်ကူးရန် နေရာယူနေစဉ် ဘုရား လုံခြုံရေး အဖွဲ့ဝင် များက ကိုယ်ထိလက်ရောက်မှု ကျူးလွန်ခဲ့၍ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းက နှစ်ဦး နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကိုယ်ထိ လက်ရောက် ကျူးလွန်ခံရသူ ဥရောပ သတင်းဓာတ်ပုံဌာန (EPA) မှ ဓာတ်ပုံ သတင်းထောက် ဦးလင်းဘိုဘိုက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jul 2013 09:45 PM PDT
ရန်ကုန်။ဇူလိုင်၊၎

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မှာ သရုပ်ဆောင် ရဲတိုက်ကို ယမန်နေ့ညက ဆေးခြောက်တွေနဲ့ဖမ်းစီးရမိတယ်လို့ ကျောက်တံခါး မြို့နယ် မှုးရုံးက သိရပါတယ်။

Author- မိုးစက်

Kumudra


Posted: 03 Jul 2013 09:13 PM PDT
ဇူလိုင်လ(၄)ရက်နေ့ ထုတ် ကြေးမုံ နေ့စဉ်ထုတ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 03 Jul 2013 09:11 PM PDT
ဇူလိုင်လ(၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့စဉ်ထုတ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 03 Jul 2013 09:07 PM PDT
ဇူလိုင်လ(၄)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 03 Jul 2013 08:52 PM PDT
ကျောင်ဖွင့် ရာသီချိန်၌ ယာဉ်အသွားအလာ အလွန်ရှုပ်ထွေး လျက်ရှိသော မုံရွာမြို့ကြီးသည် ယာဉ်တိုက်မှုများ ဖြစ်ပွားသော်လည်း သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း မုံရွာမြို့ခံ တစ်ဦးမှ ပြောဆိုသည်။ “ မနေ့(၃.၇.၂၀၁၃)ည ၁၀ နာရီ အချိန်လောက်က သာစည်လမ်း မီးပွိုင့်ရဲ့ဗဟိုချက် ဆုံမှတ်နေရာမှာ ကားနဲ့ဆိုင်ကယ် ကန့်လန့်ဖြတ် ယာဉ်တိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jul 2013 08:38 PM PDT
ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အစိုးရ တပ်တို့အကြား တင်းမာမှုများ ရှိနေပြီး ဝတပ်ဘက်မှ တပ်လှန့်ထားမှုများ ရှိသလို အစိုးရ ဘက်မှလည်း ဆက်သွယ်ရေး လမ်းများ ဖြတ်တောက် ထားသည်ဟု UWSA နှင့် စစ်ရေး လေ့လာသူများက ပြောသည်။ “နည်းနည်းတော့ တင်းမာနေတယ်။ ကျနော်တို့ ဝ နယ်မြေက အစိုးရက တပ်စခန်း ၄ ခုမှာ ၃ ခု သူတို့ ပြန်တောင်းလာတယ်။ အခုတော့ အဲဒီလိုပဲ တင်းမာနေတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Jul 2013 06:56 PM PDT
ပြည်မြို့ အများ ပြည်သူငှာ နားနေ အပန်းဖြေရာ ဧရာဝတီ မြစ်ကမ်းနဘေး ကမ်းနားလမ်းတစ်လျှောက်တွင် စည်ပင်မှ မြောင်းပုတ်ရည် သယ်ဆောင်လာသော ကားများ စည်ကမ်းမဲ့စွာ မြောင်းပုတ်ရွှံ့ ရည်များစွန့် ပစ်နေကြောင်း သိရပါတယ်။ ကမ်းနားလမ်းဟာ ပြည်မြို့ ရဲ့  အလှတရားများထဲမှာ တစ်ခုအပါအ၀င် ဖြစ်သည့်အား လျှော်စွာ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြည်မြို့ စည်ပင်မှ စည်းကမ်းမဲ့စွာ ကမ်းနားလမ်း တစ်လျှောက်တွင် ရွှံ့ ပုတ်ရည်များ စွန့်ပစ်နေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...