အီဂျစ်နိုင်ငံ၏ အဖြစ်အပျက်တွေက မြန်မာတွေအတွက် သင်ခန်းစာယူစရာများ
အီဂျစ်နိုင်ငံမှာ အခြေခံဥပဒေကို ဆိုင်းငံ့လိုက်ပြီး၊ ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ် အခြေခံဥပဒေ ဆိုင်ရာခုံရုံးရဲ့ အကြီးအကဲကို တာဝန်ပေးအပ်လိုက်ကြောင်း စစ်တပ်က ကြေညာလိုက်ခဲ့ပြီ။
သမ္မတ မိုဟာမက် မော်စီ ရာထူးက ဆင်းပေးရေးကို အတိုက်အခံတွေက အကြီးအကျယ် တောင်းဆို အုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်
လူထုရဲ့တောင်းဆိုချက်အရ စစ်တပ်က ဆောင်ရွက်ခဲ့တာဖြစ်တဲ့ အကြောင်းလည်း အီဂျစ် စစ်ဦးစီးချုပ် အဗ္ဗဒူ ဖာတာ ခါလီ အယ်လ်စီစီက ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောဆိုသွားခဲ့တယ်။
သမ္မတ ရာထူးမှ ဖယ်ရှာ ခံလိုက်သော မိုဟာမက် မော်စီ
အစောပိုင်းမှာ တုန်းကတော့ သမ္မတ မော်စီ အနေနဲ့ နိုင်ငံရေး ပြဿနာတွေကို (၄၈) နာရီအတွင်း ပြေလည်အောင် ဖြေရှင်းဖို့နဲ့ မလုပ်နိုင်ရင် စစ်တပ်က ကြားဝင်မှာ ဖြစ်တဲ့ အကြောင်းကို သတိပေးထားတာ ဖြစ်တယ်။
စစ်တပ်က ရာဇာသံပေးပြီး (၂၄) နာရီအကြာတွင် သမ္မတ မော်စီ က စစ်တပ်၏ ရာဇာသံကို ပြန်ယုတ်သိမ်းရန် တောင်းဆို လိုက်ပါသေးတယ်။ သူတာလျင် တရားဝင် သမ္မတ ဖြစ်တယ်။ သမ္မတ အမိန့်ကိုတာ စစ်တပ်က နာခံရမယ့်တဲ့။ ဒါပေမယ့် သက်တမ်း (၁) နှစ်သာ ရှိခဲ့သော သမ္မတ မော်စီ ခဗျာ စစ်တပ်၏ ဧည်ဂေယာကနေ အကျယ်ချုပ်ဖြင့် အထိမ်းအသိမ်းခံနေရပါပြီ။

အီဂျစ်စစ်ဦးစီးချုပ် အဗ္ဗဒူ ဖာတာ ခါလီ အယ်လ်စီစီက ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ထုတ်လွှင့်ခဲ့တဲ့ရုပ်မြင်သံကြား မိန့်ခွန်း ပြောဆိုနေပုံ
ပြဿနာ၏ အရင်းခံက အာရပ်နွေဦးက အီဂျစ်နိုင်ငံကို (၂၀၁၁) ဇန်န၀ါရီ (၂၅) ရက်နေ့မှာ စတင်ရောက်ရှိ လာခဲ့တယ်။ နှစ်ပေါင်း (၃၀) ကြာ အာဏာရှင် သမ္မတ မူဘာရက် ရာထူးမှ နုတ်ထွက်ခဲ့ရပြီး၊ အီဂျစ်ပြည်သူတွေက ဒီမိုကရေစီရရှိရေးကို တောင်းဆို ခဲ့ကြဒါ ဖြစ်တယ်။ ထို့ကြောင့် ပါလီမန်ကို ဖျက်သိမ်း၊ အခြေခံဥပဒေကို ရပ်ဆိုင်း၍ လက်နက်ကိုင် တပ်ပေါင်းစုံတို့၏ ထိပ်တန်း စစ်ကောင်စီက အာဏာကို ထိန်းထားခဲ့တယ်။
(၂၀၁၂) ခုနှစ်တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး၊ ပြည်သူတွေက ရွေးကောက်တင်မြောက်သော အစိုးရ၏ လက်ထဲသို့ စစ်တပ်က အာဏာကို လွဲပြောင်းပေးခဲ့ပြီး၊ အရွေးအကောက်ခံ ခဲ့ရတဲ့ သမ္မတ မော်စီ က မွတ်စလင် ညီအကိုတော်များ အဖွဲ့မှ ဖြစ်နေတယ်။
အဲဒီအချိန်က ပါလီမန်မှာ မွတ်စလင်ညီအကိုတော်များ အဖွဲ့နှင့် အခြား အစ္စလာမ်ဝါဒီတွေက အများစုဖြစ်ခဲ့ပြီး၊ ပြည်သူတွေ တကယ်လိုလားနေသော ဒီမိုကရေစီ အစား၊ တင်းကျပ်သော အစ္စလာမ်ဘာသာရေး ဥပဒေများကိုသာ အခြေခံထားသည့် အခြေခံဥပဒေကို (၂၀၁၂)တွင် ရေးဆွဲပြဌာန်း လာခဲ့ဒါ ဖြစ်တယ်။

မိုဟာမက် မော်စီ ကို သမ္မတ ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရှိလိုက်ရသော ဆန္ဒပြပြည်သူများက အောင်ပွဲခံနေပုံ
ထို့ကြောင့် အီဂျစ်နိုင်ငံ၏ စိန်ခေါ်မှု့က စစ်တပ်နှင့် အစ္စလာမ်ဝါဒီတွေအကြား အားပြိုင်မှု၊ အစ္စလာမ်ဘာသာရေးကို အခြေခံသော အခြေခံဥပဒေ ဖြစ်လာခဲ့သောကြောင့် အမျိုးသမီးများနှင့် လူနည်းစု ခ ( ခ်) ထ (စ်) ခရစ်ယာန်များ၏ စိုးရိမ်မှုနှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရေး အစား အစ္စလာမ်ဘာသာကို နိုင်ငံရေးမှာ ဥပဒေတွေအဖြစ် ပြဌာန်းလာသောကြောင့် လစ်ဘရယ်တွေ၏ မကျေနပ်မှု စသည့်တွေက အီဂျစ်နိုင်ငံ၏ တည်ငြိမ်မှုအတွက် စိန်ခေါ်မှု့တရပ် ဖြစ်လာခဲ့တော့တယ်။
အခုတော့ (၂၀၁၂) အခြေခံဥပဒေကို စစ်တပ်က ယာယီရပ်ဆိုင်းလိုက်ပြီး၊ အနာဂတ် အီဂျစ်နိုင်ငံရေးက အီဂျစ်ပြည်သူတွေ လိုလားသော ဒီမိုကရေစီစနစ် ဆီကို တကယ် ဦးတည် လာမှာ လား၊ ဒါမှမဟုတ် စစ်တပ်က တကယ် အာဏာပြန်သိမ်းလိုက်ပြီး၊ အာဏာရှင်စနစ် ဆီကိုပဲ ပြန်သွား မလား၊ ဒါမှမဟုတ် ပြဿနာတွေနဲ့ပဲ နှစ်ပါးသွားတော့မှာလား ဆိုဒါကို စောင့်ကြည် ရမှာ ဖြစ်တယ်။ အီဂျစ်နိုင်ငံ၏ အဖြစ်အပျက်တွေက မြန်မာတွေအတွက် ပူပူနွေးနွေး သင်ခန်းစာ ယူစရာများ ဖြစ်နေတယ်။
0 comments:
Post a Comment