Saturday, July 20, 2013

*** သဘာဝ နှင့် ဆန္ဒ ***


ကိုယ်စိတ်နွမ်း၍
အိပ်တန်းပြန်ဝင် ၊ နားလိုက်ချင်၏။

မြေပြင်ပေါ် ရပ် ၊ ခြေစုံ မတ်ဖို့
နတ်တို့ မကူ ၊ လူက မစွမ်း
လမ်းက မချော ၊ သွားရင်း မောမိ။

လောကီဝန်းကျင် ၊ လူရာဝင်ဖို့
နေစဉ်လှုပ်ရှား ၊ လူ မနားလည်း
နေစား ခက်ဆဲ ၊ လိုအပ်မြဲပင်။

သဲထဲ ရေလောင်း ၊ နေ့ပေါင်းများစွာ
နောက်မှာကျန်ရစ် ၊ ပြန် မဖြစ်လည်း
ထစ်ကနဲဆို ၊ ပြန်လိုချင်မိ။

လူ၏သဘော ၊ ရှေ့သို့လော၍
နောက်ကျော မလုံ ၊ မနော တုန်လျက်
အစုန်တွင် မျှော ၊ မျော၏ မြောမိ။

ဇောခုနှစ်တန် ၊ သေမိန့်ပြန်မှ
အဆန်ကို ခင် ၊ ဆန်ဖို့ ပြင်၏။

သံစဉ် မပီ ၊ ကြိုး မညီ၍
ဂီတ မချို ၊ ကံနေ ညိုမှ
ဟိုတ သည်တ ၊ ကယ်ကြပါနဲ့
လာခဲ့တဲ့လမ်း ၊ ကိုယ့်အိပ်တန်းသို့
ဝမ်းနည်း နောင်တ ၊ မျက်ရည်ကျလျက်
ပြန်ကြ ပြန်ရ ၊ ထွက်ခွာကြ၏။

ဘဝက တို ၊ လူက အိုပြီ
လိုချင်သရွေ့ ၊ ရှာဖွေဖြည့်လည်း
မပြည့် လိုမြဲ ၊ ဒုက္ခထဲ၌
ဝဲလည်နစ်မြုပ် ၊ အကျွန်ုပ်သည်
ရုပ်ကလည်း နွမ်း ၊ စိတ်ပင်ပန်းလို့
အိပ်တန်းပြန်ဝင် ၊ နားလိုက်ချင်၏။

မြေပြင်ပေါ်ရပ် ၊ ခြေစုံ မတ်ဖို့
နတ်က မကူ ၊ ကံ မထူနဲ့
လူရဲ့ဒုက္ခ ကြီးပေစွ။ ။


ကျော်မိုး ( စကားဝါမြေ )
၂၀၊၇၊၂၀၁၃(စနေနေ့)

Artist-Sam Origine

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...