Sunday, July 21, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၇)

သစ်ထူးလွင်


Posted: 21 Jul 2013 05:54 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် မဒေါင်းကြီး ကျေးရွာအုပ်စုရှိ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိ မူလတန်း လွန်ကျောင်းကို ဘုန်းကြီးကျောင်းအ နီးသို့ ပြောင်းရွှေ့ရန်အတွက်ဟု ဆိုကာ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး၏ ခွင့်ပြုချက်မယူဘဲ ဇူလိုင်လ ၁၈ ရက်နေ့က ဖြိုချ ဖျက်ဆီးခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 05:23 AM PDT
ငြိမ်းချမ်းရေးကို စိတ်ကောင်း စေတနာနဲ့ ဆောင်ရွက် နေတာမို့ ပြီးခဲ့တဲ့ သမိုင်းကြောင်းကို သင်ခန်းစာယူပြီး ဥပဒေနဲ့ အညီဆောင် ရွက်ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ဇူလိုင် ၂၁ရက်နေ့မှာ တွေ့ဆုံပြီး ပြောဆို ခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Jul 2013 04:16 AM PDT
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် သိမ်းဆည်းခံရသည့် လယ်ယာမြေများထဲမှ စီမံကိန်းအတွက် အသုံးမပြုတော့သည့် လယ်ယာမြေဧက နှစ်သောင်းကျော်ခန့်ကို တောင်သူများ လယ်ယာမြေ မှတ်ပုံတင်ခွင့်ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ခွဲ ခေါင်းဆောင် အမရပူရမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 04:01 AM PDT
ရန်ကုန်၊ ဇူလိုင် ၂၁

ပြည်သူ့လွတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဌ ဦးဌေးဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း နှင့် ဦးခင်ရီတို့ အပါအ၀င် လွတ်တော်ရေးရာကော်မတီဥက္ကဌများသည် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လုံးဝအပစ်အခတ်ရပ်စဲရေးမှာ အလုံးစုံနီးပါး ဖြစ်မြောက်တော့မည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး နှင့် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၏လုပ်ဆောင်ထားမှုတို့ အပေါ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွးနွေးမှုအသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိ။

Popular Myanmar News Journal

ဓာတ်ပုံ- အောင်နိုင်စိုး(ကစ္ဆပ) - Nyo Ohn Myint





Posted: 21 Jul 2013 03:20 AM PDT
မုံရွာမြို့ ဘုရားကြီး ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ကျောက္ကာလမ်းထိပ် အနီးတွင် ယနေ့ ဖွင့်လှစ်သော လွင် လျှပ်စစ် ပစ္စည်း ဆိုင်ကြီးသည် အဆောက်အဦး တည်ဆောက်ထားရှိမှု အခြေအနေမှာ စည်ပင်သာယာ ဌာနပိုင် နယ်နိမိတ် ဧရိယာ အတွင်းသို့ ထင်ရှားစွာ ကျရောက် နေသော်လည်း သက်ဆိုင်ရာမှ တာမြစ်ကန့်သတ်ခြင်း တစ်စုံတစ်ရာ လုံဝမရှိခဲ့သည့် အတွက် စည်ပင်သာယာ ဥပဒေ၏ အထက်တွင် လွင်လျှပ်စစ်ပစ္စည်း ဆိုင်တည်ရှိနေကြောင်း ဒေသခံ ပြည်သူများက ပြောဆိုလျက်ရှိနေ ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 03:07 AM PDT
၂၀.၇.၂၀၁၃ ရက်နေ့ ၀၇၁၅ အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်- ပဲခူးလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော ၈င/---- တိုယိုတာ လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂ အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ တိမ်းမှောက် သွားခဲ့ပါသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 20 Jul 2013 09:05 PM PDT
မှတ်မိသေးတယ်ဗျို့။ ကျုပ်တို့ ငယ်ငယ်တုန်းက ကိုယ်ကြိုက်တဲ့ ဟင်းကောင်းလေးများ မိဘက ချက်ထားရင် တနင့်တပိုး စားပစ်တာ ကလား။ ဒါကို ကြည့်နေတဲ့ လူကြီးတွေက ပီတိနဲ့ပြုံးကြည့်ပြီး အခုလိုပြောတတ်တယ်။ “အောင်မလေးဟဲ့ကြည့်ပါဦး စားလိုက်ကြတာ ဝေသာလီပြည် ဘီလူးဝင်တာ ကျနေတာပဲ”တဲ့။ မိဘအနေနဲ့ ကိုယ့်သား၊ ကိုယ့်သမီးက ထမင်း၊ ဟင်းကို ဗိုက်ဆာဆာနဲ့ အားပါးတရ စားတာတွေ့လို့ ကျေနပ်စိတ်နဲ့ ပြော တာမျိုးဗျ။ ဒါမျိုး လူငယ်ဘ၀ကို ဖြတ်သန်းခဲ့သူတိုင်း တစ်ချိန် မဟုတ်တစ်ချိန် ကြုံကြမှာပါဗျာ။ ကျုပ်တို့ကလည်း အဲဒီလို လူကြီး မိဘတွေကပြောရင် ဘ၀င်ကျ နေတာပဲလေ။ ---
 
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 20 Jul 2013 08:43 PM PDT
မန္တလေးတိုင်း အမရပူရမြို့နယ် တောင်သမန်အင်းဘေးမှာ တည်ရှိတဲ့ ကားဝပ်ရှော့နဲ့ လမ်းဘေးဓါတ်ဆီဆိုင်တို့ မှာ ဒီနေ့ (ဇူလိုင်၂၁) မနက် ၆ နာရီ ၀န်းကျင်က မီးလောင်မှုဖြစ်ပွား။ DVB TV News

ဓါတ်ပုံ - အိမ်ခိုင်မြဲ







Posted: 20 Jul 2013 08:15 PM PDT
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် စနေနေ့ (ဇူလိုင် ၂၀) ညနေပိုင်း မှောင်စပျိုးချိန်တွင် ကားဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူ ၆၅ ဦးသေဆုံးကြောင်း သိရသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ရမ်မဒန်ကာလဖြစ်သည့်အလျောက် ဘဂ္ဂဒက်လမ်းများပေါ်တွင် ဈေးဝယ်သူများ စည်းကားနေစဉ် ကားဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် ဆေးရုံ သတင်းရင်းမြစ်များက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jul 2013 08:01 PM PDT
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရဲ့ ဆင်ခြေဖုံးဒေသမှာ မူဆလင်အမျိုးသမီး မျက်နှာဖုံးအုပ်မှု တားမြစ်ချက်ကို ဆန့်ကျင်ကန့်ကွက်ရာက သောကြာနေ့ညမှာ အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တယောက်က မူဆလင် အမျိုးသမီး တယောက်ရဲ့ မျက်နှာ ဖုံးထားတာကို စစ်ဆေးချိန်မှာ ရဲအရာရှိကို အမျိုးသမီးရဲ့ ခင်ပွန်းသည်က သည်းကြီးမည်းကြီး တိုက်ခိုက်ခဲ့တဲ့အတွက် သူ့ကို ထရက်ပ်စ် မြို့ ရဲစခန်း တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ရာကနေ အခုလိုအကြမ်းဖက်မှု ဖြစ်ခဲ့ရတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jul 2013 07:58 PM PDT
အမေရိကန်နိုင်ငံမှာ အရပ်ဘက် ရပ်ကွက် လုံခြုံရေးကနေ လူငယ်တစ်ဦးကို ပစ်သတ်ခဲ့ပေမယ့် တရားရုံးက လွှတ်ပေးလိုက်တာနဲ့ပတ်သတ်လို့ လူတွေက မကျေမနပ်ဖြစ်ပြီး မြို့ပေါင်း ၁၀၀ ကျော်မှာ ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ် နှစ်ဆန်းပိုင်းတုန်းက လက်နက်မပါတဲ့ ၁၇ နှစ်အရွယ် လူမည်းအမျိုးသားတစ်ဦးကို ရပ်ကွက် လုံခြုံရေး လုပ်အားပေး George Zimmerman က ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jul 2013 12:01 PM PDT
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီ ကျွန်းကျေးရွာအနီး ပင်လယ်ပြင်တွင် ကျွဲခိုးလာသူ ဘင်္ဂလီ ၇ ဦးကို ဒေသခံများ၏ အကူအညီဖြင့် ပေါက်တော ရဲက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။ သူတို့ကို ဒေသခံများနှင့် ရဲတာဝန်ရှိသူများ ပူးပေါင်းပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြီးခဲ့သော ဇူလိုင်လ (၁၉) ရက်နေ့က ပေါက်တောမြို့နယ် ငပြီကျွန်းအနီးတွင် ကျွဲခိုးကုလား ခုနစ်ယောက်ကို စက်လှေပေါ်တွင် ၄င်းတို့ခိုးလာသော ကျွဲလေးကောင်နှင့်အတူ ဖမ်းဆီးရမိရာ၊ အနောက်ရဲ ဒုက္ခသည်စခန်းတွင် ထောက်ပံ့မှုရယူနေထိုင်ကာ လှုပ်ရှားနေကြသော အဆိုပါ ကုလားတရားခံများက ၄င်းတို့သည် ခိုးလာသော ကျွဲနွားများကို အနောက်ရဲရွာ စက်လှေဆိပ်မှာပင် တာဝန်ကျ လုံခြုံရေးတပ် နှင့် iNGO များ၏ မျက်စိရှေ့တွင်ပင် အတင်အချလုပ်လေ့ ရှိကြောင်း၊ တပ်နှင့်တကွ မည်သည့်တာဝန်ရှိသူကမှ တားမြစ်ခြင်းမရှိကြောင်း ထွက်ဆိုခဲ့ကြသည် ဟု Coral Arakan သတင်းမှာ ရေးသားထားသည်။ (ဓါတ်ပုံ- Coral Arakan Facebook)

ခိုးယူသွားသော ကျွဲများကို ရွာသားများ ပြန်ယူလာစဉ် (ဓါတ်ပုံ- Coral Arakan Facebook)
Posted: 20 Jul 2013 11:43 AM PDT
(၂၀.၇.၂၀၁၃)နေ့ က မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့အနီး ၀င်းပြန်ကျေး ရွာတွင် ခရီးသည်တင် ဟိုင်းလတ်တစ်စီး တိမ်းမှောက်သွား ခဲ့သဖြင့် ကားအား ဆွဲထောင်ပေးရန် ကရိန်းယာဉ်လိုအပ်လျှက်ရှိရာ ဘီးလင်းမြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံးရှိ TE ကားကရိန်းအား သွားရောက် အကူညီတောင်းခံရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှ ကားထောင်ခ တစ်ခုထဲကို ကျပ်(၁)သိန်းပေးရမည် ဖြစ်ကြောင်း၊ ကားအား ရဲစခန်းသို့ ဆွဲပြီး ပို့ပေးရလျှင် နောက်ထပ် (၁)သိန်းပေးရမည် ဖြစ်ကြောင်းနှင့် ယခုကားတစ်စီးအား သွားဆွဲပေးခဲ့ရာ (၁)သိန်းခွဲရခဲ့ကြောင်း ပြောပါသည်။

ဟိုင်းလတ်ကားမှ ငွေမတပ်နိုင်သဖြင့် ၀င်းပြန်ကျေးရွာသို့ ပြန်ခဲ့ပြီး ရွာရှိပြည်သူများ၏ အကူအညီဖြင့် အဆိုပါကားအား ၀ိုင်းဝန်းကူညီပေးခဲ့ရာ ကားမှာ အဆင်ပြေသွား ခဲ့သည်။

ပြည်သူ့ဝန်ထမ်းတစ်ဦးမှာ ဒုက္ခရောက်နေသော ပြည်သူများကို ကူညီရန်တာဝန်ရှိပါသည်။ ငွေမျက်နှာတစ် ခုထဲကိုသာကြည့်သော ဘီးလင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာလို ၀န်ထမ်းမျိုး ခေတ်ပြောင်း စနစ်ပြောင်းတွင် မရှိတော့သင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Thant Zin


Posted: 20 Jul 2013 11:33 AM PDT
ဒိုက်ဦး   ဇူလိုင်   ၁၉

ဒိုက်ဦးမြို့နယ် ရန်ကုန်-နေပြည် တော်အမြန်လမ်းမကြီးပေါ်တွင် ဇူလိုင် ၁၆ ရက် နံနက် ၁ဝ နာရီ ၅ မိနစ်ခန့်က ရန်ကုန်မှ  နေပြည်တော်သို့  ယာဉ် မောင်း မျိုးအောင်(၃၃ နှစ်)မောင်းနှင် လာသော   (မြန်မာမီနီဆလွန်း)  အမျိုးအစား  ခဲရောင်ယာဉ်အမှတ်  ၅ဃ/...သည်   အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၄/ ၇ နှင့် ၇၅/ဝ ကြားတွင် လမ်းချော်ပြီး အရှိန်မထိန်း နိုင်ဘဲ လမ်းလယ်ကျွန်းရှိ အုတ်ခုံကို ဝင်တိုက်မိရာ မော်တော်ယာဉ် တိမ်း မှောက်သွားပြီး ယာဉ်မောင်းမျိုးအောင်၊  ယာဉ်ပေါ်လိုက်ပါလာသူ  ဒေါ်ခင်လေး မူ (၄၅ နှစ်)နှင့် မသဲစုအေး(၂၇နှစ်)တို့   ဒဏ်ရာများရရှိခဲ့သည့်အတွက်   ဒိုက်ဦးမြို့နယ် အုတ်ရှစ်ကုန်း အမြန် လမ်းရဲစခန်းအဖွဲ့က ဒဏ်ရာရရှိသူများ အား    ကျောက်တံခါးမြို့နယ်   ဖဒို ကျေးရွာအုပ်စု   တိုက်နယ်ဆေး ရုံသို့  ပို့ဆောင်ပေးခဲ့သည်။    ယင်းဖြစ်စဉ် တွင် အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်း က ယာဉ်မောင်းမျိုး အောင်ကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သိန်းညွန့် - မြန်မာ့အလင်း


Posted: 20 Jul 2013 11:29 AM PDT
ပါလက်စတိုင်း အကျဉ်းသား တွေကို အရေ အတွက် အကန့် အသတ်နဲ့ ပြန်လွှတ် ပေးဖို့ စီစဉ် နေတယ်လို့ အစ္စရေး အစိုးရက ကြေညာ လိုက် ပါတယ်။ ဒါဟာ ငြိမ်းချမ်း ရေး ဆွေးနွေး မှုတွေ ပြန်စ တော့မယ့် ဆိုတဲ့ လက္ခဏာ ကို ပြသ လိုက်တာလည်း ဖြစ်ပါ တယ်။  အစ္စရေး နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး ယူဗာလ် စတိန်းနစ်ဇ် က အကျဉ်းသား တွေကို အဆင့်လိုက် ပြန်လွှတ် ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အစ္စရေးနဲ့ ပါလက်စတိုင်း ဆွေးနွေး မှုတွေ ပြန်စ တော့မယ်လို့ မစ္စတာ ကယ်ရီ ပြောကြားပြီး နောက် အခုလို ကြေညာ

Posted: 20 Jul 2013 11:17 AM PDT
တရုတ်နိုင်ငံ ဘေဂျင်း နိုင်ငံတကာလေဆိပ်၏ ခရီးသည်များ ဆိုက်ရောက်နားနေရာ ခန်းမ (‪Terminal‬ 3) တွင် စနေနေ့ (ဇူလိုင် ၂၀ ရက်) ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေသူတစ်ဦးက လက်လုပ်ဗုံးကို ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်များက ဆိုသည်။ ဗုံးဖောက်ခွဲခဲ့သူမှာ အသက် ၃၄ နှစ်အရွယ် ‪‎Ji‬ ‪‎Zhongxing‬ ဖြစ်ပြီး ‪Shangdong‬ ပြည်နယ်မှဖြစ်သည်။ အဆိုပါ ဗုံးဖောက်ခွဲသူမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေသူတစ်ဦးက လက်လုပ်ဗုံးကို ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်များက ဆိုသည်

Posted: 20 Jul 2013 11:13 AM PDT
ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာရှိတဲ့ ဦးပိုင်ကုမ္ပဏီ လက်အောက်ခံ နန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီက နေ့စားဝန်ထမ်းတွေက အခြေခံလစာ တိုးမြှင့်ပေးဖို့နဲ့ တခြား အလုပ်သမားတွေ အတိုင်း ခံစားခွင့်တွေရဖို့အတွက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆို လိုက်ကြပါတယ်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းမှာ အဲဒီနေ့စား အလုပ်သမားတွေက တောင်းဆို ခဲ့ကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jul 2013 11:10 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်အပိုင် တောင်တရုတ်ပင်လယ်ပြင်ထဲက ကော့ဖငံကျွန်းမှာ ဆိုက်ကပ်ထားတဲ့ အင်ဒိုနီးရှား ပင်လယ်ပြင်ငါးဖမ်းလှေ ၆ စီးပေါ်မှာ လူကုန်ကူးသူတွေက ရောင်းစားခံထားရတဲ့ မြန်မာအလုပ်သမား ၁၆ ဦးနဲ့ ကမ္ဘောဒီးယားလူမျိုး အလုပ်သမား စုစုပေါင်း ၅၀ ဦးတို့ကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (MAT) ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။

အခုကယ်တင်ခံရတဲ့ အလုပ်သမားတွေထဲမှာ ရခိုင်လူမျိုး ၁၀ ဦးနဲ့ အခြားသော ပြည်နယ်နှင့်တိုင်းတွေဖြစ်ကြတဲ့ ကရင်၊ မွန်နဲ့ ပဲခူးတိုင်းတို့ကလူတွေ ပါဝင်ပါတယ်၊ ဒီအထဲမှာ အသက်အငယ်ဆုံးက ၂၀ နှစ်ဖြစ်ပြီး အကြီးဆုံးက ၄၂ နှစ် ဖြစ်တယ်လို့သိရပါတယ်၊။ ထိုင်းနိုင်ငံမှာ ယခုနှစ် ဇန်နဝါရီလကနေ ဒီနေ့အထိ လူကုန်ကူးခံခဲ့ရသူ မြန်မာပြည်သား စုစုပေါင်း ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီလို့လည်း သိရပါတယ်။

RFA Burmese


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...