Monday, July 22, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၇)

သစ်ထူးလွင်


Posted: 22 Jul 2013 06:22 AM PDT
ဧရာ ၀တီတိုင်း ဒေသကြီး မြောင်းမြ မြို့ က မြစိမ်း ရောင်တောင်  ရှေးဟောင်း
သာသနာ့ နယ်မြေမှာ  တည်ထား ကိုးကွယ်မယ့်  ကြေး တန်ချိန်  ၃၃၃ တန်ရှိ  ကမ္ဘာ့ အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းကို သွန်းလုပ်ဖို့ စီစဉ်နေ ပါတယ်။ ဒီခေါင်းလောင်းကို ဓမ္မမဏ္ဍိုင် ခေါင်းလောင်း တော်ကြီးလို့ အမည် ပေးထားပြီး မြတိဂုံ စေတီ တော် ရင်ပြင်မှာ  ထားရှိမှာ ဖြစ်တယ်လို့  ခေါင်းလောင်း ဖြစ်မြောက်ရေး ဦးဆောင်ပါဝင်သူ
 ဦးသောင်းမြင့်က  ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Jul 2013 06:01 AM PDT
ရန်ကုန်- ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဌာနများတွင် ပြန်လည်အသုံးချမှုများ ရှိကြောင်း သတင်းရရှိသည်။ “ဖမ်းတာက ရဲတပ်ဖွဲ့ကဖမ်းတယ်။ ဖမ်းမိတဲ့ ကားအပေါ်မှာ မူတည်ပြီး ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရတို့ ခွဲဝေယူရ တာတွေရှိတယ်”ဟု ကရင်ပြည်နယ် စီးပွားရေးနှင့် စီမံခန့်ခွဲရေးဝန်ကြီး ဦးမင်းစိုးသိမ်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Jul 2013 04:27 AM PDT
ရန်ကုန်တိုင်း ဒေသကြီး ပြည်လမ်းမကြီး လှိုင်မြို့နယ် တံတားဖြူ မှတ်တိုင် အနီးတွင် ဇူလိုင်လ ၂၁ ရက် နံနက် ၄ နာရီခန့်က ပြိုင်ကား တစ်စီး အရှိန်လွန်ကာ ပက်လက်လန် တိမ်းမှောက်ခဲ့ကြောင်း အဆိုပါ ယာဉ်တိုက်မှု ကို စစ်ဆေးသည့် လှိုင်မြို့နယ် ရဲစခန်းမှ အမှုစစ် အရာရှိက ပြောကြားသည်။အဆိုပါ ပြိုင်ကားသည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Jul 2013 04:15 AM PDT
မသန်စွမ်း ကလေးငယ်တစ်ဦး အဓမ္မပြု ကျင့်ခံရမှု တစ်ခုကို ကွမ်းခြံကုန်း ရဲစခန်းတွင် ဇူလိုင် ၁၈ ရက်က အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။ အဓမ္မကျင့်ခံရသည့် ကလေးငယ်သည် အသက် ၁၃ နှစ်အရွယ်သာ ရှိသေးပြီး မွေးရာပါ စကားမပီ၊ မသန်စွမ်းဖြစ်နေသူဖြစ်ကာ ၎င်းသည် လွန်ခဲ့သော ၁၀ ရက်ခန့်ကတည်းက မိခင်ဈေးရောင်းပြီး ပြန်လာတိုင်း အဓမ္မကျင့်ခံရသည့် အကြောင်းကို လက်ဟန်ခြေဟန်ဖြင့် ပြောပြခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 22 Jul 2013 04:04 AM PDT
စစ်ဆေးရေးအဖွဲ့များ တိုက်ခိုက်ခံရမှုကြောင့် ခေတ္တ ရပ်ဆိုင်းထားသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ယူမှုကို နိုင်ငံတကာကြားခံ အဖွဲ့အစည်း (Third Party) အကူအညီဖြင့် ဆက်လက် ကောက်ယူ သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Jul 2013 04:01 AM PDT
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ တန် CDMA ဆင်းကတ်များ ကို သုံးလ ဆက်တိုက် ရောင်းချနေရာမှ GSM မိုဘိုင်းလ် ဆင်းကတ် နှစ်သိန်း ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ကြေညာသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Jul 2013 04:39 AM PDT
ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ် ရွှေပျောက်ကျေးရွာရှိ သူငယ်တန်း ကျောင်းသူ တစ်ဦး အဓမ္မပြု ကျင့်ခံရမှုနှင့် ပတ်သက်၍ အတန်းဖော် သူငယ်တန်း ကျောင်းသားများကို ခေါ်ယူ စစ်ဆေးခွင့် လုံးဝ မပြုနိုင်ဟု ယင်းကလေး ငယ်များ၏ မိဘများက The Voice သို့ ပြောကြား သည်။ ဇူလိုင်လ ၂၀ ရက်နေ့က ယင်း ကလေးများ၏ မိဘ ၁၀ ဦးကို ကျောက်တန်း မြို့နယ် ရဲစခန်းက ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်သို့ ခေါ်ယူ တွေ့ဆုံခဲ့ပြီး ကလေးများကို စစ်ဆေး မေးမြန်းခွင့် ပြု မပြု မေးမြန်းရာတွင် ကလေးငယ် များ၏ အနာဂတ် အစွန်းအထင်းဖြစ်မည် စိုးသဖြင့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 10:07 PM PDT
ဒူဘိုင်းတွင် မုဒိမ်းကျင့်မှု လည်းခံရ၊ ထောင်ချခြင်းလည်း ခံရသည့် နော်ဝေး အမျိုးသမီး တစ်ဦးအတွက် မကြာသေးမီက ဥရောပ မီဒီယာများက အလေးအနက် ဖော်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ နော်ဝေးမှ အမျိုးသမီး တစ်ဦးသည် သူမကို မုဒိမ်းကျင့်သည့် အတွက် ဒူဘိုင်း တရားရုံးတွင် တိုင်တန်းခဲ့သော်လည်း တရားရုံးက သူမကို ထောင်ဒဏ် (၁၆)လ ချမှတ်ခဲ့သည်။ မာတီဒိုဘရာ ဒီလက်ဗ်ကို တရားရုံးက စွဲချက်(၃)ခု တင်ခဲ့သလို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒူဘိုင်းတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ နော်ဝေးမှ အမျိုးသမီး တစ်ဦးသည် သူမကို မုဒိမ်းကျင့်သည့် အတွက် ဒူဘိုင်း တရားရုံးတွင် တိုင်တန်းခဲ့သော်လည်း တရားရုံးက သူမကို ထောင်ဒဏ် (၁၆)လ ချမှတ်ခဲ့

Posted: 21 Jul 2013 10:02 PM PDT
မြန်မာ့ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းတို့တွင် ပါဝင်ခဲ့ဖူးသည့် အသက် ၉၅နှစ် အရွယ် ဆရာကြီး ဒဂုန်တာရာကို တောင်ကိုရီးယားနိုင်ငံရှိ Manhae ဖောင်ဒေးရှင်းက ငြိမ်းချမ်းရေးဆု ပေးအပ် မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ယင်းဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံ Kangwon ပြည်နယ် Bekdam ဘုရားကျောင်းတွင် သြဂုတ်လ ၁၂ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 09:53 PM PDT
ဇူလိုင်လ (၂၂)ရက်နေ့ ထုတ် မဇ္ဈိမ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 09:51 PM PDT
ဇူလိုင်လ (၂၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jul 2013 09:45 PM PDT
ဇူလိုင်လ(၂၁)ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၁၁

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 09:43 PM PDT
ဇူလိုင်လ(၁၈)ရက်နေ့ ထုတ် ဈေးကွက် အမှတ် - ၈၂၂

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 07:17 PM PDT
ဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထား ရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးခွဲမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို သံဃာနှင့် လူထုအင်အား စုစုပေါင်း ၁၅၀ ခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရား အနီးတွင် ဇူလိုင်လ ၂၁ ရက်က ပြုလုပ်ခဲ့ကြသည်။ ဗုံးပေါက်ကွဲမှုမှာ ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဗုံး ၁၃ လုံး အနက် ကိုးလုံး ပေါက်ကွဲခြင်းဖြစ်သည်။ ကမ္ဘာ့ယဉ်ကျေးမှုအထိမ်းအမှတ်နယ်မြေဖြစ်သည့် ဗုဒ္ဓဂယာအား ဗုံးဖောက်ခွဲသည့် အကြမ်းဖက်သမားများကိုလည်း ဆန့်ကျင်သည်ဟု ဆန္ဒပြသူတို့က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗုဒ္ဓဂါယာ ဗုံးဖောက်ခွဲ မှုနဲ့ ပတ်သက်ပြီး သံဃာတော် များ နှင့် လူ ၁၀၀ ခန့် ဇူလိုင်၂၁ရက်နေ့က ရန်ကုန် မြို့ ဆူးလေ ဘုရား အနီးမှာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်။ DVB TV News

Posted: 21 Jul 2013 07:06 PM PDT
စီးပွားရေး အားကောင်းလာနေတဲ့ တရုတ်နိုင်ငံမှာ တတ်နိုင်သူတွေက ရင်းနှီးမြှုပ်နှံမှု အဖြစ် အဖိုးတန် ကျောက်မျက်တွေကို စုဆောင်း လာနေကြပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံက ကုန်သည်တွေပါ လာရောက် ပြသခဲ့ကြ တဲ့ ဘေဂျင်းမြို့တော်က ကျောက်မျက်ရတနာ ပြပွဲမှာ တရုတ်နိုင်ငံသားတွေ နဲ့ ပြည့်နှက်နေခဲ့တာပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 07:01 PM PDT
တနင်္ဂနွေနေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အထက် လွှတ်တော် ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အစိုးရအဖွဲ့က အပြတ်အသတ် အနိုင်ရရှိ သွားခဲ့ပါတယ်။ ဒါဟာ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရ အနေနဲ့ တိုင်းပြည် အုပ်ချုပ်ခွင့် အာဏာကို အခိုင်အမာ ရရှိသွားတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရေးမှာ  သြဇာအရှိန်အ၀ါ ကြီးမားခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း ဂျူနီချီးရိုး ကိုအိဇူမိ (Junichiro Koizumi)၊ ၂၀၀၆ ခုနှစ်မှာ ရာထူးကနေ အနားယူ သွားပြီးတဲ့ နောက်ပိုင်း၊ ဂျပန်နိုင်ငံမှာ ပထမဆုံး တည်ငြိမ်တဲ့ အစိုးရ တရပ် ပေါ်ပေါက် လာတာလည်း ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Jul 2013 09:15 PM PDT
ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းမြို့ကြီး တစ်ခုကို သုတေသန ပညာရှင်တွေ စတင် တွေ့ရှိခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၂၀၀ ကျော်လောက်က တည်းက တည်ရှိခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ ဒီမြို့ဟောင်းဟာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ကနေ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ်ထားတဲ့ အန်းကောဝပ် ဘုရားကျောင်းတော် ထက်ကို ခေတ်စောနိုင် တယ်လို့ ပညာရှင်တွေက ယုံကြည်ထား ကြတာပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jul 2013 06:28 PM PDT
သမ္မတ ဦးသိန်းစိန်ဟာ ဥရောပခရီးစဉ်ကနေ မကြာခင်က ပြန်ရောက်လာပြီးနောက် မနေ့ကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့တို့နဲ့ တွေ့ဆုံပြီး ပြည်တွင်းက ပဋိပက္ခတွေကို ပြည်ပက လူ့အခွင့်အရေးရှုထောင့်ကနေ ဘယ်လို သဘောထားတယ်ဆိုတာ တွေ့ဆုံပြောကြားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဥရောပ ခရီးစဉ်အတွင်း ဦးသိန်းစိန် ဗြိတိန်ရောက်စဉ်
Posted: 21 Jul 2013 12:40 PM PDT
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း၊ ၈၄×၈၅ လမ်းကြား၊ ဦးဝီရသူ တရားပွဲ အနီးမှာ ဗုံးပေါက်ကွဲမှု ကြောင့် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိပါသည်။  ယနေ့ 21.7.2013 ရက်နေ့ ည 8:35 နာရီတွင် စတင်ပြီး မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူက "ဆွေမျိုးဆိုတာ များလေကောင်းလေ" တရားဟောကြားနေစဉ် ၉း၀၀ နာရီခန့်တွင် တရားမဏ္ဍပ်နောက်ကျောမှ ရုတ်တရပ်ပေါက်ကွဲမှုကြီး တစ်ရပ် ဖြစ်ပေါ်ခဲ့ရာ ဦးဝီရသူက တရားဆက်မဟောဘဲ ရပ်ထားလိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေါ်အေးအေးခင် ၏ ပေါင်တွင် စူးနစ်ဝင်နေသော ခဲယမ်းစ တစ်ခု။
အခင်းမဖြစ်ခင် တရားဟောစဉ်။
အသံချဲ့စက်ဆရာ ဦးကျော်ဝင်း၏ ဗိုက်ခေါက်ထဲ နစ်ဝင်နေသော ခဲယမ်းစ တစ်ခု။

အခင်းဖြစ်ပြီးမှ ပြန်လည်ဟောကြားစဉ်။


Posted: 21 Jul 2013 12:01 PM PDT
မန္တလေး ၊ ဇူလိုင် ၂၁

၂၁-၇-၁၃ ည(၁၀)နာရီ ခန့်က ပေါက်ကွဲသံ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဗုံးပေါက်ကွဲ မှု မဟုတ်ပဲ ၊ မန္တလေး ၃၆လမ်း ၊ ၈၄×၈၅လမ်းကြားရှိ အေးမေတ္တာဆေးခန်းမှ ဒေါက်တာတင်မြင့် ပိုင် (၇က/၃၀၂၀) အဖြူရောင် ဆလွန်းကား ရပ်တန့်ထားစဉ် ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး တာဝန်ရှိသူများမှ စစ်ဆေးခဲ့ကြပြီးနောက် သာမန်ပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည် ။

" ဗုံး ဆိုရင် ကားက ဒီထက်ပျက်စီးမယ် ၊ နောက် အောက်မှာ ဓါတ်ဆီတွေ ယိုနေတာ မီးလောင်မှာပေါ့ ၊ ခုတော့ ဘေးမှာ မီးသတ်တွေလည်း အသင့်စောင့်နေတယ် " ဟု မျက်မြင်တစ်ဦးက ပြောပြသည် ။

" ကျွန်တော်တို့ အတည်ပြုပြီးရင် ပြောပါမယ် ၊ ခုလောလောဆယ် စစ်ဆေးနေဆဲပါ " ဟု ရဲအရာရှိတစ်ဦးမှ ပြောကြားသည် ။

နောက်ဆက်တွဲ သတင်းအရ အသေးစား ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ကြောင်း ကြားသိရသည် ။


ကိုဝိုင်ဝိုင်ကေ
Posted: 21 Jul 2013 09:00 AM PDT
၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရရုံးတွေ သွားရောက် ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့ "၀" အထူးဒေသ အပါဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ စာရင်းကို ကောက်ယူသွားဖို့ ရှိနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီက RFA ကိုပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Jul 2013 08:57 AM PDT
အထက(၁) ရေနံချောင်းမြို့မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ် ကျောင်းသားဘ၀က လက်ရေးမူရင်း ပါဠိ ဘာသာမှတ်စုစာအုပ်ကို အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဇူလိုင်လ ၁၉ ရက်နေ့ ရေနံချောင်းကို ရောက် ရှိခိုက်ယူသွားတဲ့အတွက် ဒေသခံတွေက စာအုပ်ပြန်လည် ပြန်လည်ရရှိအောင် ကြိုးစား သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...