အမှောင်ထဲက ခဲတစ်လုံးအကြောင်း။
ဒီနေ့ မိုးကရွာလိုက် နေကပူလိုက်နဲ့ရာသီဥတုကလည်း မမှန်တော့
ဘာလုပ်ရမှန်းမသိတော့ ပျင်းပျင်းရှိတာနဲ့ တွေ့ကရာ သတင်းစာတစ်စောင်ကို
ကောက်ဖတ်မိတယ်ဗျာ…… သတင်းစာအလယ် လောက်လဲရောက်ရော
ခေါင်းပေါင်းကြီးတွေပေါင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနေတဲ့ ပုံလေးတစ်ပုံတွေ့မိတော့ စိတ်ဝင်စားတာနဲ့ ဆက်ဖတ်လိုက်မိတယ်။
နိုင်ငံတော်အကျိုးပြုမယ့် စီမံကိန်း အကြောင်းတွေများ ဆွေးနွေးနေသလား…… ဖုန်းပြောဆိုခတွေများ လျှော့ပေးတော့မလား…… လမ်းတံတား တွေများ ထပ်ဆောက်ကြတော့မလား…… ပြည်သူလူထုအကျိုးထိခိုက်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းလို စီမံကိန်းတွေများရပ်ဆိုင်းမ ယ့်သတင်းလား
ထင်ပြီး ဖတ်ကြည့်လိုက်တော့…… မဟုတ်ဘူးဗျာ…… ဒေါက်တာ ဆိတ်ဖွားတဲ့
“လာပြန်ပြီ ဒီဆိတ်”… ပြီးခဲ့တဲ့ ၇ လလောက်ကတည်းက ကော်မရှင်တွေဖွဲ့……
မဲခွဲဆုံးဖြတ်ပြီး ရှာပုံတော်ဖွင့်ခဲ့တဲ့ ဒေါက်တာဆိတ်ဖွားအကြောင်း
စုံစမ်းရေးကော်မရှင်အစီရင်ခံစာ ဖတ်ကြားခြင်းတဲ့ဗျာ။
ကော်မရှင်ရဲ့အစီရင်ခံချက်တွေကလည်း အရမ်းကို တိကျလွန်းလှတယ်ဗျာ…… Above the law ရေးခဲ့တဲ့ ဒေါက်တာဆိတ်ဖွားက ၀ါဒဖြန့်ချိရေးအုပ်စုတစ်စုဝ င် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ကြောင်း…… အစိုးရနဲ့ လွှတ်တော်ကြား နားလည်မှုလွဲမှားစေရန် လှုံ့ဆော်ခြင်းသာဖြစ်ပါကြောင်း……
နည်းပညာအားနည်းချက်အရ ရှာဖွေနေဆဲဖြစ်ပါကြောင်း…… ဆိတ်ဖွား မည်သူဖြစ်သည်ကို
တိတိပပ ဖွင့်ဟဖော်ထုတ်ခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် ဆိတ်ဖွားသည်
စွမ်းအင်သတ္တိတစ်ခုခု (သို့) အားနာထောက်ထားလောက်သည့်
အကြောင်းအရာတစ်ရပ်ရပ်ကို ပိုင်ဆိုင်ထားသူဖြစ်နိုင်ြေ ကာင်း…… အဲဒီလို…… “ကြောင်း - ကြောင်း - ကြောင်း” တွေနဲ့ တိတိကျကျ ဖော်ပြထားပါတယ်ဗျာ။
နောက်တစ်ချက်က ဆိတ်ဖွားရဲ့ လုပ်ရပ်တွေကို ပြောလိုက်သေးတယ်…… လွှတ်တော်ရဲ့လုပ်ငန်းများ တည့်မတ်ပေးလိုသော စေတနာမှန်နဲ့….ထောက်ပြပေးလိုတဲ့… သဘောမျိုးမဟုတ်ဘဲ အဂတိတရား တပါးပါးကို အဓိကထား စိတ်လိုက်မာန်ပါရေးသားခြင်း သာ
ဖြစ်တယ်တဲ့။ ပြောတတ်လိုက်တာဗျာ…… စေတနာထားမှတော့ ခေါင်းပေါင်းလေးပေါင်း
ပုဆိုးလေးဝတ်ပြီး Air Con အခန်းထဲ လာအိပ်ငိုက်နေတဲ့ လူတွေလို လုပ်မှာပေါ့……
နောက်ကွယ်ကနေ လူမသိ သူမသိအောင် တိရစ္ဆာန်နာမည်နဲ့ လွှတ်တော်ကို ပုတ်ခတ်တဲ့
အရေးအသားတွေ ရေးမနေဘူးလို့တော့ ယူဆပါတယ်ဗျာ။ နောက်ပြီး ဆက်ပြောသေးတယ်
ကိုဆိတ်ဖွားရေ…… ခင်ဗျားကို အမှောင်ထဲကနေ ခဲနဲ့ပစ်သူသာ ဖြစ်တာကြောင့်
လွှတ်တော်က ရှင်းပြရန် မလိုဘူးတဲ့…… အမှန်တရားကို တာဝန်ယူဖြေရှင်းရဲသူ
မဟုတ်ဘူးတဲ့…… ပြောနေကြပြန်ပြီ…… ခင်ဗျားကတော့ နာမည်ကြီးရင်းကြီးနေတော့တာဘဲ…… ခင်ဗျားအမှောင်ထဲက ပေါက်လိုက်တဲ့ခဲလုံးဟာ ပစ်မှတ်ကို မှန်တော့ မှန်သွားတာပဲ…… (တစ်ယောက်ယောက် ကိုပေါ့) …… “တိန်”။
လွှတ်တော်ဆိုတာလည်း ပြည်သူတွေကို အကျိုးပြုတဲ့ ပြည်သူတွေကို ကိုယ်စားပြုထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်တယ်…… ဒေါက်တာဆိတ်ဖွားရဲ့ ပစ်လိုက်တဲ့ ခဲက ကြီးလွန်းပါတယ်ဗျာ…… ဥက္ကဋ္ဌကြီးကလည်း သူတို့အမျိုးကိုထိ မချိအောင် နာတတ်တာ ပေါ်လွင်လွန်းပါတယ်…… အဲဒီလို အနာပေါ်တုတ်ကျလာတော့ အမေရိကန်နိုင်ငံရဲ့ Google Company ကို ပြန်ပြီးအောက်ကျို့ကြပြန်တယ်……
အခုကိစ္စမှာ အမှန်အတိုင်းဝန်ခံခဲ့တဲ့ ဒေါက်တာ ခင်မောင်ညိုကိုကျတော့
ဝိုင်းပြီး ဆွမ်းကြီးလောင်းခဲ့တယ်…… ဥက္ကဋ္ဌကြီးရဲ့ လုပ်ရပ်ကတော့ ဆိတ်ဟ၀ှာလို
ဟိုဘက် ပြေးကပ် ဒီဘက် ပြေးကပ်နဲ့ လေယူရာတိမ်းဝါဒရှိတယ်ဆိုတာ လယ်ပြင်မှာ
ဆင်သွားသလို ထင်ထင်ရှားရှားကြီး မြင်တွေ့နေရပါပြီ…… ဒါကတော့ တစ်တော
တစ်ကြက်ဖ…… တစ်ရွာ တစ်ပုဒ်ဆန်းဆိုတဲ့ ဆောင်ပုဒ်လေးလည်းရှိတာကို။
ဥက္ကဋ္ဌကြီး ….. ဥက္ကဋ္ဌကြီးရဲ့ စကားအရ အမှောင်ထဲက ခဲနဲ့ပစ်သူကို ရှာဘို့ကြိုးစားနေတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကြီးက
ဟိုလူ့ အကူအညီမရလို့၊ ဒီအဖွဲ့အကူအညီမရလို့လို့ ပြောနေမယ့်အစား၊ ကိုယ်နဲ့
အယူအဆချင်းမတူလို့၊ ဝေဖန်လို့ ဆိုတဲ့ မကျေနပ်မှုတွေနဲ့ အချိန်ကုန်ခံပြီး
စုံစမ်းစစ်ဆေးနေမယ့် အစား အယူအဆ မတူသော်လဲ တိုင်းပြည်အကျိုးရှိမယ့်
ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ပေးနိုင်ပါစေလို့ ဆုမွန်ကောင်း ….
တောင်းပေးလိုက်ပါတယ်။
တိုင်းပြည်ကောင်းစားချင်သူတ စ်ဦး။
နိုင်ငံတော်အကျိုးပြုမယ့် စီမံကိန်း အကြောင်းတွေများ ဆွေးနွေးနေသလား…… ဖုန်းပြောဆိုခတွေများ လျှော့ပေးတော့မလား…… လမ်းတံတား တွေများ ထပ်ဆောက်ကြတော့မလား…… ပြည်သူလူထုအကျိုးထိခိုက်မယ့
ကော်မရှင်ရဲ့အစီရင်ခံချက်တေ
နောက်တစ်ချက်က ဆိတ်ဖွားရဲ့ လုပ်ရပ်တွေကို ပြောလိုက်သေးတယ်…… လွှတ်တော်ရဲ့လုပ်ငန်းများ တည့်မတ်ပေးလိုသော စေတနာမှန်နဲ့….ထောက်ပြပေးလိ
လွှတ်တော်ဆိုတာလည်း ပြည်သူတွေကို အကျိုးပြုတဲ့ ပြည်သူတွေကို ကိုယ်စားပြုထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်တယ်…… ဒေါက်တာဆိတ်ဖွားရဲ့ ပစ်လိုက်တဲ့ ခဲက ကြီးလွန်းပါတယ်ဗျာ…… ဥက္ကဋ္ဌကြီးကလည်း သူတို့အမျိုးကိုထိ မချိအောင် နာတတ်တာ ပေါ်လွင်လွန်းပါတယ်…… အဲဒီလို အနာပေါ်တုတ်ကျလာတော့ အမေရိကန်နိုင်ငံရဲ့ Google Company ကို ပြန်ပြီးအောက်ကျို့ကြပြန်တယ
ဥက္ကဋ္ဌကြီး ….. ဥက္ကဋ္ဌကြီးရဲ့ စကားအရ အမှောင်ထဲက ခဲနဲ့ပစ်သူကို ရှာဘို့ကြိုးစားနေတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကြီးက
တိုင်းပြည်ကောင်းစားချင်သူတ
0 comments:
Post a Comment