Monday, July 15, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၇)

သစ်ထူးလွင်



Posted: 15 Jul 2013 07:16 AM PDT
 ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်တွင် ကျဆုံးခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာ နည်ပုဂ္ဂိုလ်ကြီးများ၏ နိုင်ငံတော် အခမ်းအနားတွင် ရုပ်ကလာပ်များ ထည့်သွင်း ထားခဲ့သော ခေါင်းတ လားများ မှ မှန်ချပ်များကို ရှေး ဟောင်းဘုန်းကြီး ကျောင်းတစ် ကျောင်း၏ ဘုရားခန်း ပြုလုပ်ရာ တွင် ထည့်သွင်းအသုံးပြုထား ကြောင်း ရန်ကုန်တိုင်းမ် နေ့စဉ်မှ စုံစမ်းသိရသည်။ ရန်ကုန်တိုင်း ဒေသကြီး တွံ တေးမြို့နယ် မငေး အလယ်ကျေး ရွာတွင် နှစ်ပေါင်း ၁ရဝ နီးပါးသက် တမ်းရှိ မငေးအလယ်ရွာကျောင်းတိုက်ရှိ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 06:54 AM PDT
အသက် ၈၃ နှစ်အရွယ် အဘိုးအိုတစ်ဦး ကြိုးဆွဲချ သေဆုံးမှုတစ်ခု မြောက်ဒဂုံမြို့နယ်တွင် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။သေဆုံးသူမှာ ဦးထွန်းကြည် ဆိုသူဖြစ်ပြီး မြောက်ဒဂုံမြို့နယ် ၅၁ ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 06:48 AM PDT
ရွှံ့စေးများကို ယူရေနီယမ်ဟု လိမ်လည်ရောင်းချမှုဖြင့် သံသယရှိသူသုံးဦးကို သင်္ဃန်းကျွန်းရဲစခန်းမှ ရဲများက ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ယူရေနီယမ်ဆိုသည်မှာ အနုမြူဗုံး လုပ်ရာတွင်လည်းကောင်း၊ နျူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွင် လည်းကောင်း အရေးပါသည့် ကုန်ကြမ်းသတ္တုဖြစ်ပြီး ကမ္ဘာပေါ်ရှိသတ္တုများထဲတွင် အလေးဆုံး၊ အသိပ်သည်းဆုံး ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 06:19 AM PDT
ရခိုင်ပြည်နယ် သံတွဲမြို့နယ် တရားရုံးတွင် တောင်ကုတ်မှ အမျိုးသမီးငယ် အပေါ် မတရား ပြုကျင့်မူကို  ယနေ့ စတင်ကြားနာ စစ်ဆေးရာ အမျိုးသမီးငယ်မှာ တရားရုံးမှ အထွက်  သတိလစ် မူးမေ့သွားသဖြင့် ဆေးရုံတင်လိုက်ရ သည်ဟု ရခိုင်လူကွန်ယက် (သံတွဲ) မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။ “ အဲဒီကလေးမလေးက တရားရုံး အထွက်မှာ သတိလစ်သွားတဲ့ အတွက် ဆေးရုံ တင်လိုက်ရပါတယ်။ အခု အောက်စီဂျင် သွင်းထားရပါတယ်။ သတိမေ့နေတုန်းဘဲ ဖြစ်ပါတယ်” ဟု
ယနေ့ ညနေ ၄ နာရီခန့်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



15.7.13.Mon. နေ့လည် (1) နာရီ ယနေ့ နံနက် (10)နာရီခွဲခန့်တွင် သံတွဲမြို့ နယ် တရားရုံး၌ မစုစုမွန်အမှုအား တံခါးပိတ်၍ စတင်စစ်ဆေး ခဲ့ပါသည်။ အမှုစစ်ဆေးရာသို့ တောင်ကုတ်မှ လူမှုအဖွဲ့ အစည်းများ နှင့်အတူ လူထု(40)ခန့်၊ သံတွဲမြို့ နှင့် အနီးတစ်ဝိုက်မှ လူထုများနှင့် သံတွဲကမ်းခြေမှ လူထုပရိသတ် (50) ကျော်ခန့် လာရောက်နားထောင်ခဲ့ ပါသည်။  ဓါတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ

ယခု(1)နာရီကျော် လာသည်အထိ အမှုစစ်ဆေးနေဆဲ ဖြစ်သည်။ ရောက်ရှိလာသော လူထုပရိသတ် အချို့ ဖြစ်ပါသည်။ ဓါတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ

အမှုမှာစစ်နေဆဲ။ တံခါးပိတ်စစ်ဆေးသည်ဖြစ်၍ လူထုမှ ပွင့်လင်းမြင်သာမရှိမှုအား စိုးရိမ်စိတ်ဝင်နေကြသည်။ နေ့လည် 1:50  ဓါတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ

Posted: 15 Jul 2013 05:59 AM PDT
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့ နယ် တွင် တာဝန်ကျေ စပါး မသွင်းနိုင်၍ သိမ်းဆည်းခံ ရသော လယ်မြေများ၊ တပ်မတော်မှ သိမ်းဆည်း လယ်မြေများ ကျေးရွာ အုပ်ချုပ်ရေး မှုးဟောင်း တို့ မတရား သိမ်းပိုက်ထားသော လယ်မြေကိစ္စများ အတွက်မြို့ နယ်(၃) မြို့ နယ် မှ လယ်သမားများ အင်အား (၃၀၀)ခန့် မော်လမြိုင်ကျွန်းမြို့ နယ် တရားရုံးရှေ့ တွင် ဇူလှိုင် ၁၅ရက်နေ့  နံနံက် ၉ နာရီ ၃၀ မိနစ်တွင်ဆန္နပြနေကြ ပါသည်။မော်ကျွန်းမြို ၊ ကျိုက်လတ်မြို့ ၊ ဝါးခယ်မမြို့  တို့ မှလယ်သမား အင်းအား(၃၀၀)ခန့် လယ်မြေ သိမ်းဆည်းမှု ပြသာနာများ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ ကြသည်။

Maw Gyun City






Posted: 15 Jul 2013 05:50 AM PDT
ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ်မှာ   လယ်ယာမြေ သိမ်းဆည်းခံရလို့ ထွန်တုံးတိုက်ပွဲ ဝင်တဲ့ တောင်သူတွေကို ဖမ်းဆီးထား ရာကနေ ပြန်လွှတ်ပေးဖို့ လယ်သမား ၂၀၀ ကျော် ဒီကနေ့မနက်က မော်လမြိုင်ကျွန်း  မြို့နယ်အာဏာပိုင် တွေထံ သွားရောက် ဆန္ဒပြခဲ့ကြ ပါတယ်။ အခုလ ၁ ရက်နေ့က  မော်လမြိုင်ကျွန်းမှာ အသိမ်းခံ လယ်ယာမြေတွေ ပြန်ရရေး ထွန်တုံး တိုက်ပွဲဝင်ခဲ့တဲ့ လယ်သမား ၁၃ ယောက်ကို  အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးပိုင်းက အရေးယူဆောင်ရွက်နေမှုတွေကို မကျေနပ်လို့ ကျေးရွာ  ၇ ရွာလောက်က တောင်သူ ၂၀၀ ကျော် ဆန္ဒပြခဲ့ကြတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 05:24 AM PDT
ပြည်တွင်း အခွန်ဦးစီးဌာနက စီးပွားရေး လုပ်ငန်းတွေရဲ့ အမှန်ဝင်ငွေ အပေါ် တရားမျှတပြီး မှန်ကန်မှုရှိတဲ့ ၀င်ငွေခွန် စည်းကြပ်မှုဖြစ်စေဖို့ ကွင်းဆင်း စစ်ဆေးရေး အဖွဲ့တွေနဲ့ စိစစ်စစ်ဆေး သွားမယ်လို့ ဇူလိုင် ၁၃ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံး ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး ကတော့ ပြည်တွင်းမှာ အခွန်ပေးဆောင်မှု မရှိခဲ့တဲ့ ဦးပိုင်ကုမ္ပဏီ အပါအ၀င် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 03:31 AM PDT
၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ ဌေးကြွယ်(က) ရပ်ကွက်နေ ဒေါ်စန်းစန်းမော်သည် အာသောက ဈေးအတွင်း ၀က်သားဆိုင်မှ ဈေးဝယ်ပြီး ပြန်ထွက်လာစဉ် အမျိုးသမီး တစ်ဦးသည် ၎င်း၏ရှေ့မှနေ၍ မိုးမရွာဘဲ ထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက် နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ် နောက်ဘက်မှ အခြားအမျိုးသမီး တစ်ဦးမှ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 03:12 AM PDT
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ဇူလိုင်လ ၂၅ ရက်နေ့၌ GSM ဖုန်းလိုင်း အရေအတွက် ၂ သိန်းကို ငွေကျပ် ၁၅၀၀ ဖြင့် ပထမဦးဆုံး အကြိမ် စတင် ရောင်းချပေးသွားမည်ဟု ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောသည်။ “ဘယ်နေရာမှာ အရေအတွက် ဘယ်လောက်ဆိုတာမျိုးက ထပ်ပြီးတော့ အသေးစိတ် ကြေညာပါလိမ့်မယ်။ ရောင်းတာ ကတော့ ဈေးမပြောင်းဘူး။ ၁၅၀၀ ကျပ်ပဲ” ဟု ဦးကျော်စိုးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Jul 2013 02:50 AM PDT
မန္တလေး-ဇူလိုင်၁၅

ယနေ့နေ့လယ် ၂နာရီ အချိန်ဆက်သွယ် မေးမြန်းချက်အရ ယာဉ်တိမ်း မှောက်မှု ကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ကုသလျှက်ရှိသော တေးသံရှင်ဆိုတေးမှာ အခြေ နေတိုးတက် ကောင်းမွန်လျှက်ရှိကြောင်း ၄င်း၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်မှ အတည်ပြုပြော ကြားသည်။

ဦးနှောက် အလုပ်လုပ်ပုံလည်း တိုးတက်လာပြီ။ သွေပေါင်လည်း မှန်လာပြီ။ သတိကတော့ မရတချက်ရတချက်ပဲ။ ကောလဟလတွေက မမှန်ပါဘူးဟု ဦးရဲမြင့်အောင်က ပြောသည်။

ကားမောင်းသူ သန်းဝင်လှိုင်မှာ အရိုးအထူးကု ဆေးရုံသို့ ယနေ့တွင်ပြောင်းလဲ ကုသလျှက်ရှိကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။

ဖိုးလပြည့်

Popular Myanmar News Journal


Posted: 15 Jul 2013 02:47 AM PDT
မုံရွာမြို့တွင် တက္ကသိုလ်ပထမနှစ် ကျောင်းသား တစ်ဦးကို အုပ်စုဖွဲ့၍ ရိုက်နှက်မှုတစ်ခု ဇူလိုင် ၁၀ ရက် ညသန်းခေါင်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့ရှိ အမှတ်-၂ ရဲစခန်း၏ ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။ “ဆိုင်ကယ်စီးလာတဲ့ သူတွေက ၀ိုင်းအုံပြီး ရိုက်နှက်လို့ ကျွန်တော်မေ့လဲသွားတယ်”ဟု ရိုက်နှက်ခံရသူ သင်္ချာဘာသာရပ် ပထမနှစ်ကျောင်းသား မောင်လှိုင်ဝင်းအောင်က ထိုညကအဖြစ်အပျက်ကို ပြန်လည် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 02:44 AM PDT
ယခုနှစ်ကုန်တွင် ပြုလုပ်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လူငယ်ညီလာခံမှ ရွေးချယ်လိုက်သော ပါတီလူငယ် ခေါင်းဆောင်များကို လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် အမတ်လောင်းများ ရွေးချယ်ရန် အစီအစဉ်ရှိကြောင်း ထိုပါတီ၏ ဗဟိုအလုပ် အမှုဆောင် ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။ လူငယ်ဗဟို ညီလာခံ အဆင့်တွင် ရွေးချယ်မည့် အဆိုပါ လူငယ်များကို ပါတီ၏ ခေါင်းဆောင်ပိုင်းတွင်လည်း နေရာပေးရန် အစီအစဉ်ရှိသည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးဉာဏ်ဝင်း

Posted: 15 Jul 2013 12:10 AM PDT
ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိသဖြင့်ဟုဆိုကာ မန္တလေးတိုင်း ဒေသကြီး တွင် တစ်လအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ငါးဦးကို အရေးယူခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် ဇွန်လက ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးကို တာဝန်မှ ရပ်စဲခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး သုံးဦးကို သတိပေးစာ ပေးပို့ ခဲ့ရကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 12:03 AM PDT
မန္တလေးတိုင်း ဒေသကြီး မန္တလေး မြို့ပြင်ရှိ လယ်ယာမြေများကို ဝယ်လက် များ အကြိုက်တွေ့နေသဖြင့် တစ်ဧကလျှင် ကျပ် သိန်း တစ်ထောင်ခန့် အထိ ဈေးမြောက်လာကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်း သိရှိရသည်။ “ဝယ်လက်ကတော့ စုံတယ်။ အခု လယ်ယာမြေဘက်ကို စိတ်ဝင်စားမှု ပိုများလာကြတဲ့ သဘောပါ” ဟု မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်ချိုက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 11:57 PM PDT
ချုံခို တိုက်ခိုက်ခြင်းဆိုတာ စစ်တပ်ကသုံးတဲ့ စကားဖြစ်တယ်။ ရန်သူကို အသာစီးရယူပြီး ချေမှုန်းဖို့အတွက် ပုန်းကွယ်ပြီး စောင့်နေတဲ့ နေရာ။ အဲဒီနေရာကနေ ရန်သူက ဘယ်နေရာကနေ ကိုယ့်ကို ဘယ်သူပစ် နေတယ်ဆို တာတောင် မသိလိုက်ဘဲ လုံးဝ ပြုတ်ပြုတ်ပြုန်းအောင် လုပ်နိုင်တယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 11:43 PM PDT
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဘက်ကို ပို့ဆောင်မယ့် ကျည်ဆန် ၁ သိန်းကျော်ကို ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းရုပ်သံ ချန်နယ်လ် ၃ မှာ သတင်း ဖော်ပြသွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မယ်ဟောင်ဆောင်ခရိုင်ဝန် နန်းနရမွန်း ပါလာ့ဝပ်က ဇူလိုင် ၁၄ ရက်နေ့ မနက် ၉ နာရီခွဲက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ ချန်နယ်လ် ၃ က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 10:51 PM PDT
ထိုင်းနိုင်ငံမှာ ၂၀၁၃ ခုနှစ်ဝက်အတွင်း ရေတိုရင်းနှီးမြှုပ် နှံမှု လုပ်ငန်းတွေက ငွေပင်ငွေရင်းတွေ ပြည်ပကို စီးဆင်းခဲ့တဲ့ အတွက် အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ ထိုင်းဘတ်ငွေ တန်ဖိုးဟာ ၆.၁ ရာခိုင်နှုန်း အထိ လျော့ကျ သွားခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်း ထိုင်းဘတ်ငွေတန်ဖိုး အနိမ့်ဆုံးကို ကျဆင်းသွား ခဲ့တာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 10:47 PM PDT
Posted: 14 Jul 2013 10:41 PM PDT
မုံရွာမြို့  သလ္လာမြို့သစ်ရပ်ကွက်၊  ကျောက္ကာလမ်း၊ စီးပွားရေး တက္ကသိုလ် ကျောင်းအနီး ပန်းဝတ်ရည် အမျိုးသမီး ဘော်ဒါ ဆောင်ရှေ့တွင်  မုံရွာတက္ကသိုလ် ကျောင်းသား တစ်ဦး မျက်နှာချင်း ဆိုင်ယာဉ် တိုက်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသဖြင့် သေဆုံး ခဲ့ရကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 10:30 PM PDT
ရန်ကုန်တိုင်း ဒေသကြီးအတွင်း   တရားမဝင်  စီးနင်း အသုံးပြုနေသော  လိုင်စင်မဲ့ ဆိုင်ကယ်များနှင့် နယ်ကျော် စီးဆိုင်ကယ်များကို ဖမ်းဆီးအရေးယူ လျက်ရှိကြောင်း  ယာဉ်ထိန်းတပ်ဖွဲ့က တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ ''ရန်ကုန်တိုင်း ဒေသကြီးအတွင်း  တရားမဝင်လိုင်စင်နဲ့  စီးနင်းအသုံး ပြုခွင့်ပေးထားတဲ့ ဆိုင်ကယ်မရှိပါ ဘူး။ ဌာနဆိုင်ရာ ဆိုင်ကယ်အချို့  လောက် သာရှိပါတယ်။ အထူးသဖြင့် ရန်ကုန် မြို့တွင်း၊ မြို့ဆင်ခြေဖုံး တွေမှာ ဆိုင် ကယ်အသုံးပြုခွင့် မရှိပါဘူး။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 10:23 PM PDT
မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဒုတိယမြောက် သေဆုံးမှု အမြင့်ဆုံး ရောဂါဖြစ်သည့် သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ကာကွယ်စစ်ဆေးခြင်း စမ်းသပ်စီမံချက်ကို အောက်တိုဘာလတွင် ရမည်းသင်းနှင့် ပြင်ဦးလွင်မြို့နယ်တို့၌ စတင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ မိခင်၊ ကလေး ကျန်းမာရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြား သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 10:18 PM PDT
ကမ္ဘာ့ရွှေဈေး ကျဆင်းမှု ဂယက်ကြောင့် ဈေးဆက်တိုက် ကျဆင်းပြီး ပြီးခဲ့သည့် ရက်ပိုင်းက ပြန်လည် မြင့်တက်လာသည့် ပြည်တွင်း ရွှေဈေးမှာ ဇူလိုင်လ ၁၅ ရက်နေ့ ဈေးကွက်အဖွင့်တွင် အနည်းငယ် ဆက်လက် မြင့်တက်ဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်းမှ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Jul 2013 10:11 PM PDT
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတကို စစ်တပ်က ဖယ်ရှားခဲ့ပြီးတဲ့ နောက် အဆင့်မြင့် အမေရိကန် ကိုယ်စားလှယ် William Burns ဟာ အီဂျစ် စစ်တပ် သြဇာခံ အစိုးရသစ်နဲ့ တွေ့ဆုံဖို့ ကိုင်ရိုကို ရောက်လာပါတယ်။ သူဟာ သမ္မတ မော်စီကို ဖြုတ်ချပြီး နောက်ပိုင်း ပထမဆုံး ရောက်ရှိ လာတဲ့ အမေရိကန် အရာရှိကြီး လည်း ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မွတ်ဆလင် ဘရားဟုဒ် ခေါင်းဆောင် မစ္စတာ Badie အပါအဝင် အစ္စလာမ္မစ် ၁၄ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်လိုက်

Posted: 14 Jul 2013 10:09 PM PDT
လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် ကို ပစ်သတ်မှု အတွက် အမေရိကန် ရပ်ကွက် အကျိုးဆောင် ကို တရားသေ လွှတ်ပေးခဲ့မှု အပေါ် ကျေအေး ကြဖို့ အမေရိကန် သမ္မတ အိုဘားမားက ပန်ကြား ခဲ့ပါတယ်။ သူ့မှာသာ သားရှိရင် Trayvon Martin အရွယ် ရှိမှာပဲ အစချီပြီး သေဆုံးသူ လူငယ်ရဲ့ မိဘ တွေကို ရည်ညွှန်း ပြီး မစ္စတာ အိုဘားမားက ပြောကြားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Zimmerman လက်စားချေ ခံရနိုင်

Posted: 14 Jul 2013 10:07 PM PDT
ဇူလိုင် (၁၅) ရက်နေ့ မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...