ရှေးစကားအတွက် အတွေးပွား ....
"လှည်းဦးတိုက် လှေဦးတိုက် နေရာမှာ နေရာ ပျက်ဆီးတတ်တယ်၊"
"အုန်းပင်စိုက်ရင် ခိုက်တိုက်တယ်" စသည်ဖြင့် စသည့်ဖြင့်ပေါ့ ငယ်ငယ်ကတည်းက
အကျိုးအကြောင်းဆီလျော်အောင် ရှင်းမပြပေးတဲ့ အကျိုးအပြစ်အက အခုအချိန်ထိ မြန်မာလူမျိုးများမှာ သက်ဝင်နေတုန်းပဲ။
စလောင်း၂ ချပ်တီးပြီး မကစားကြနဲ့ အဖွားတို့ အဖိုးတို့ အမေတို့ စလောင်းဖုံးတွေ ပျက်စီးတတ်တယ် အဲဒီ့အချက် အသစ်ပြန်ဝင်ရင် ပိုက်ဆံကုန်တယ်။
လှည်းဆိုတာ နွားမြင်းနဲ့ ဆွဲရတဲ့အရာ နွားတွေ မြင်းတွေက တိရစ္ဆာန် ကြောက်လန့်တကြားတိုးရင် အိမ်ခြံစည်းရိုး အိမ်အကာအရံပျက်စီးတတ်တယ်။ မတော် လမ်းပိတ်ဆောက်ထားလို့ အစိုးရက ဖယ်ရှားရင် ကိုယ့်အိမ်ပါ အသိမ်းခံရမယ်။
အုန်းပင်စိုက်တာ သူများ ခေါင်းပေါ် အုန်းသီးတွေကြွေကျရင် အိမ်နီးချင်း ခေါင်းမိုးတွေပေါ် ပြုတ်ကျရင် စကားအပြောဆိုများရတတ်တယ်။ (အုန်းပင်စိုက်လို့ခိုက်တတ် အုန်းပင်နဲ့ အလုပ်လုပ်လို့မရင် ကမ်းခြေတွေမှာ အုန်းရည်ရောင်းတဲ့သူတွေ အုန်းလက်ဦးထုပ်တွေ ရောင်းချသူတွေကော)
ဒီလိုအချက်တွေကို Facts and Figure အကျိုးအကြောင်းဆီလျော်အောင် ယုတ်တိယုတ္တာနည်းလမ်းနဲ့ Logically ရှင်းပြ မဆုံးမခဲ့ပဲ အခြောက်တရား နဲ့ ဆုံးမခဲ့တော့ မြန်မာလူမျိုးတွေမှာ အချက်ကျကျ မစဉ်းစားနိုင်တော့ပဲ ဦးနှောက်ထဲ အစွဲတလန်းဖြစ်သွားရော။ နောက်ပိုင်း ဘာဖြစ်ဖြစ် ကိုယ်ပိုင်အတွေးအမြင် နဲ့ မစဉ်းစားနိုင်တော့ဘူး
အရူး နဲ့ ကလေး စကားမှန်တယ်ဆိုတဲ့ စကားကလည်း မြန်မာလူမျိုးတွေအကြား အတော်ယှဉ်ပါးနေတယ်။
ကလေး များကို အရာမသွင်းတတ် ကလေးများကို စိတ်ဖိစီးစေတတ်တဲ့ သက်ကြီးစကားမှ အမှန် အသက်အရွယ်က အဓိကလို့ သဘောပိုက်မိတဲ့ စကားက ဟာသာဖြစ်နေဘူးလား၊
အရူးတွေဆိုရင် ကန့်ကွက်ချက်ပြင်းတယ်၊ ကိုယ့်ကိုအရူးလို့ စမိရင် သဘောမတွေ့တဲ့ လူတွေ ကိုယ်တိုင် အရူးစကားမှန်တယ်ဆိုတယ်လို့ လက်တွေ့ယုံကြည်ကျတဲ့ လူတွေရဲ့သဘောကကော။
နောက်တစ်ခု အဆိုးဆုံးက နုနယ်တဲ့ အတွေးရှိတဲ့ ကလေးသူငယ်တွေကို အဖေ အမေ တွေကိုယ်တိုင် တစ်ယောက်နဲ့တစ်ယောက် စချင်စိတ်နဲ့ဖြစ်ဖြစ်၊ ထိုကလေးမိခင်ဖခင်တွေရဲ့ မိတ်ဆွေတွေကဖြစ်ဖြစ်" ဖေကြီး နဲ့ မေကြီး ဘယ်သူ့ကို ပိုချစ်သလဲ " ဆိုတဲ့ ကလေးဦးနှောက်အသိနဲ့ နှလုံးမချမ်းမြေ့ဖွယ် မေးခွန်းတွေနဲ့ ကျီစယ်သည်ဆိုစေဦး မကျီစယ်သင့်ပေ။
ဆရာဆရာမတွေ လူကြီးမိဘတွေကိုယ်တိုင် မဖြေရှင်းနိုင်တာ ကလေးသူငယ်တွေကို စာမတတ်ရင် ပညာမတတ်ရင် ဆင်းရဲတတ်တယ် ဟိုလူကြီးလို ဆင်းဆင်းရဲရဲ လုပ်စားရလိမ့် ဆိုတဲ့ အခြောက်တရား အကြောက်တရားနဲ့ ဆုံးမမှုတွေ၊ ပညာသည် အတန်းပညာသည်ပဲလား အသက်မွေးဝမ်းကြောင်းတစ်ခုသည်လား
ပညာတတ်အသိုင်းအဝန်းကလည်း ပညာတတ်သလောက် ငါတို့ အတန်းပညာတတ်လို့ ဒီလိုငွေရတယ်၊ အတန်းပညာမရှိသူ အတတ်ပညာရှိသူတွေမိဘတွေကလည်း ကိုယ့်ဗဟုသုတ အတွေ့အကြုံနဲ့ အတန်းပညာမတတ်ရင်တောင် အတတ်ပညာ အသက်မွေးပညာတတ်သင့်ကြောင်း သားတို့သမီးတို့ရေ အခုခေတ်က အတန်းပညာတတ်မှ အလုပ်ကောင်းကောင်းရမယ့် ခေတ်ကြီး ငွေ များများရမယ့် ခေတ်ကြီး နိုင်ငံရပ်ခြားနဲ့ ရင်ဘောင်တန်းရမယ့်ခေတ်ကြီးလို့ အဲတော့ မင်းတို့တွေ အတန်းကျောင်းတက်မှ အလုပ်ကောင်းကောင်းရမယ်။ အသက်မွေးဝမ်းကျောင်းပညာတတ်မှ ပိုက်ဆံ ငွေ ရှာနိုင်မိုလို့ သေချာ ဆုံးမဖို့လိုပါတယ်။
ကျွန်တော် ပတ်ဝန်းကျင်ကော တွေ့နေဆုံနေရတဲ့ ပတ်ဝန်းကျင်မှာကော ကလေးသူငယ်တွေရဲ့ စိတ်ကို အထိခိုက်မှုအဖြစ်ဆုံး၊ ဦးနှောက်ပိုင်းဆိုင်ရင် ဆင်ခြင်ခွဲခြားသုံးသပ်နိုင်မှု စွမ်းရည်တွေ နိမ့်ကျစေမယ့် စကားလုံးတွေနဲ့ ကလေးသူငယ်တွေအပေါ် လူကြီးများက လွှမ်းမိုးမှုရှိနေကြောင်းတွေ့နေ
Logic, Analysis, Common Sense, Fact and Figuring Out စတဲ့ ကိုယ်ပိုင် ဆင်ခြင်တုံတရားနဲ့ ယုတ္တိယုတ္တာ အကြောင်းအချက် နည်းလမ်းကျကျ စဉ်းစားစေချင်ပါသည်။ ယနေ့ ကလေးသူငယ်များသည် နောင်အခါမှာ လူထုချစ်ရတဲ့ လူထုကို ကောင်းကျိုးပြုမယ့် ခေါင်းဆောင်တွေ ပညာရှင်တွေ နိုင်ငံဂုဏ်ဆောင် လူသားများ ဖြစ်လာစေမည့် အကြောင်းကို ပြောချင်တာပါ။
ထေို့ကြောင့် ပြည်မြန်မာမှ ကလေးသူငယ်များ အကြောက်တရား အခြောက်တရား ဘေးမှ ကင်းဝေးပါစေ......
(မဆထ)
0 comments:
Post a Comment