သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၇)
သစ်ထူးလွင် |
|
-
အီဂျစ်မွတ်ဆလင်ခေါင်းဆောင်တွေကိ
ု ဖမ်းဝရမ်းထုတ် - တပ်သိမ်းလယ် ပြန်ပေးမည့်ကိစ္စ အထက်နှင့်အောက်ခြေ တလွဲဖြစ်နေ
- မန္တလေးကျုံးပတ်လည် ညအချိန် မိန်းမလျာများကို စတင်အရေးယူ
- ယဉ်ထိန်းရဲ ၈-ယောက်က ဆိုင်ကယ် မောင်းသမားအား အုပ်စုဖွဲ့  ဝိုင်းဝန်း ကန်ကျောက် နှိပ်စက်ဖမ်းဆီးခြင်း
- ကလေးခရိုင် ရဲမှူးကြီးနှင့် မူးယစ်အရာရှိတို့ကို နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း
- ရွှေရတုကျောက်မျက်ပြပွဲမှ ပတ္တမြားလေးပွင့်ခိုးယူမှု သံသယရှိသူအား အမှုဖွင့်
- မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ပစ်ခတ်ခံရ
- လိမ်လည်ဆေးကုသည့် တရုတ်ဆေးခန်းများကို သတိထားရန် ကျန်းမာရေး ၀န်ကြီးပြော
- ဒလိုင်းလားမားမွေးနေ့ ဆုတောင်းပွဲ တရုတ် ရဲတပ်ဖွဲ့ ပစ်ခတ် နှိမ်နင်း
- မုတ္တမကမ်းလွန်တွင် ဓာတ်ငွေ့သိုက် အသစ် PTTEP တွေ့ရှိ
- သာကေတ မူးယစ်ဖမ်းဆီးမှု လူစုဖြင့် တုံ့ပြန်ခြင်း မဟုတ်ဟု ဆို
- လိုက်လေဝေးလေ အိမ်နှင့် ပျံသာပျံပါ မိုးအမြင့်မှာ ….
- ရည်းစားဟောင်းဖြစ်သူမှ ခေါ်ဆောင်သွားပြီး လက်ကောက်အား လုယူသွားမှု ဖြစ်ပွား
- အုပ်စုလိုက် အဓမ္မကျင့်မှုဖြစ်ပွား
- ထရန်စဖော်မာ ပြောင်းရွှေရာမှာ ငွေကောက်ခံနေကြောင်း တိုင်ကြားစာ
- ထွန်တုံးတိုက်ပွဲဝင် လူထုကွန်ရက်အဖွဲ့ဝင်အချို့ ဖမ်းဆီးတရားစွဲဆိုခံရ
- ဘန်ကောက်တွင် အမေရိကန် တစ်ဦးအား ဓားဖြင့်ခုတ်သတ်သည့် တက္ကစီ ယာဉ်မောင်းကို ဖမ်းဆီးရမိ
- ဘတ်စ်ကားပေါ်ပြုတ်ကျခဲ့သော မျက်ရည်စများ
- တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်ကို ကျောက်တံတားရဲစခန်းက ဖမ်းပြီ (ရုပ်/သံ)
- ရန်ကုန်မှာ BRT အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲမည်
- သင်္ကန်းဝတ်ဖြင့် လာရောက်ကာ တည်းခိုခန်းတွင် အရပ်ဝတ်ဖြင့် နေထိုင်သည့် ဘင်္ဂလားဒေရှ့် နိုင်ငံသာ နှစ်ဦးအား အရေးယူ
- ရေကြောင်းတက္ကသိုလ် ဝင်ခွင့် အမှတ် ၄၅၀ နှင့် အထက် သတ်မှတ်
- ကျောင်းသား ၃ဝဝ လက်ခံသင်ကြားပေးမည့် ရန်ကုန်တက္ကသိုလ် ဝင်ခွင့်အမှတ် ထုတ်ပြန်
- နိုင်ငံရေး ပုဒ်မများ၏ ပြစ်မှု ပြစ်ဒဏ်များ လျှော့ပေးရန် အစီအစဉ်မရှိဟု ပြည်ထဲရေး ဒု ဝန်ကြီးဆို
- အနှိပ်ခန်း အစောင့်နှင့် ရဲတပ်ဖွဲ့ဝင်များ ရန်ဖြစ်
Posted: 10 Jul 2013 06:49 AM PDT
အီဂျစ်
နိုင်ငံတော် ရှေ့နေရုံး ကနေ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင်
မိုဟာမက် ဘဒီး နဲ့ တခြား ထိပ်တန်း ခေါင်းဆောင် အတော် များများကို ဖမ်းဝရမ်း
ထုတ်လိုက် ပါတယ်။ တနင်္လာနေ့က ကိုင်ရိုမြို့ စစ်တန်းလျား အနီး လူပေါင်း ၅၀
ကျော် သေဆုံး ခဲ့ရတဲ့ အကြမ်းဖက် မှုကို အဲဒီ ခေါင်းဆောင် တွေက လှုံ့ဆော်
ဖန်တီး ခဲ့တာ လို့ စွပ်စွဲပြီး အခုလို ဖမ်းဝရမ်း ထုတ်လိုက် တာလည်း
ဖြစ်ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 05:59 AM PDT
နိုင်ငံတ၀န်းရှိ
စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို ပြန်ပေးမယ်လို့ စစ်တပ် ထိပ်ပိုင်း
ခေါင်းဆောင်တွေ က ပြောနေပေမယ့် အောက်ခြေမှာ လုပ်နေတာတွေ ကတော့ တလွဲတွေ
ဖြစ်နေတယ်လို့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး
ကော်မရှင် အဖွဲ့ဝင်တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့လထဲ တပ်မတော်
စစ်ထောက်ချုပ်နဲ့ ကာကွယ်ရေး ၀န်ကြီးတို့ လွှတ်တော် ကော်မရှင်ရုံး ကို
လာပြီး စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို စာရင်းဇယားနဲ့ ပြန်ပေးမယ်လို့
ပြောထားခဲ့ပေမယ့် အခု အောက်ခြေမှာ လုပ်နေတာတွေ ကတော့ တခြားစီဖြစ်နေတယ်လို့
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 05:49 AM PDT
မြန်မာနိုင်ငံ၏
ယဉ်ကျေးမှုအမွေ အနှစ်များတွင် တစ်ခုအပါအဝင် ဖြစ်သော မန္တလေး မြို့တော်
ကျုံးဘေးပတ်ဝန်းကျင် လမ်းမများတွင် ညအချိန် လာရောက် စုဝေးလေ့ရှိသည့်
မိန်းမလျာများကို သက်ဆိုင်ရာ နယ်မြေရဲစခန်း ရဲအက်ဥပဒေအရ စတင် အရေးယူမည်
ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက
ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 05:36 AM PDT
၉-၇-၂၀၁၃-ယနေ
့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့  ရှိ ညဈေးတန်း
ထောင့်တွင် ညနေ ၅နာရီကျော်ခန့် က ယာဉ်ထိန်းရဲ များ ဆိုင်ကယ်လိုင်စင်များ
စစ်ဆေးနေစဉ် ၊ ဆိုင်ကယ်သမားတစ်ဦးမှာ မူးနေပြီး ယာဉ်ထိန်းရဲအား
မချေမငံပြန်ဆက်ဆံ ခဲ့ သဖြင့် ၊ ယဉ်ထိန်းရဲ ၈-ယောက်ခန့် 
စုဝေးရောက်ရှိလာပြီး ၊ ဆိုင်ကယ်သမားအား အုပ်စုဖွဲ့  ဝိုင်းဝန်းထိုးနှက်
ကန်ကျောက် သဖြင့် မေ့လဲသွားခဲ့ကြောင်း သိရပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 04:13 AM PDT
ကလေးခရိုင်
ရဲမှူးကြီးနှင့် ကလေး မူးယစ်ကြီးကြပ်မှု အရာရှိတို့ကို ယနေ့မှ စတင်ကာ
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းလိုက်ကြောင်း ၈၈ မျိုးဆက် (ကလေး)
မှဦးအေးမြင့်က ပြောသည်။ ဒုတိယရဲချုပ် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေး
ပူးပေါင်းဆောင် ရွက်သည့် အဖွဲ့ ကလေးမြို့မှ ပြန်လည် ထွက်ခွာပြီး ၅
ရက်ကျော်အကြာ တွင် ထို သို့ဆောင်ရွက်ခြင်းဖြစ်ပြီး ယခင်က သီးသန့်နေရာတွင်
စစ်ဆေးနေခြင်းကို အဆုံးသတ်လိုက်ခြင်းလည်း ဖြစ်သည် ဟု ၄င်းကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 04:10 AM PDT
၂ဝ၁၃
ခုနှစ်အတွင်း ပထမဦးဆုံး အကြိမ်ကျင်းပသည့် အကြိမ် ၅ဝ မြောက်
ရွှေရတုကျောက်မျက်ပြပွဲ၌ ပတ္တမြား လေးပွင့် ခိုးယူခဲ့သူဟု သံသယရှိ သူအား
ရဲကဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖွင့်အရေးယူ ထားကြောင်း နေပြည်တော် အမှတ် ၁
ရဲစခန်းမှသိရသည်။ ကျောက်မျက်ပြပွဲ စတင်ကျင်းပ သည့်ဒုတိယမြောက်နေ့၌
အစိုးရနှင့် ပုဂ္ဂလိကဖက်စပ် ပိုင်ဆိုင်သော အဆို ပါပတ္တမြားလေးပွင့်ကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 03:24 AM PDT
ကရင်ပြည်နယ်၊
ဘားအံမြို့နယ် အတွင်းရှိ ကျေးရွာတစ်ခုတွင် ရဲများက မူးယစ်ဆေးဝါးမှုဖြင့်
သံသယရှိသူများကို ဖမ်းဆီးစဉ် သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခံရသည်
့အဖြစ်အပျက်တစ်ခု ဇူလိုင် ၈ ရက်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသရှိ
အပိုင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းက မဇ္ဈိမကို ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 03:17 AM PDT
ရန်ကုန်တိုင်းအတွင်းမှာ
တရုတ်ဆေးဆရာတွေက ကုသနေတဲ့ တရားမ၀င် ဆေးကုခန်းတွေကို ပိတ်သိမ်းဖို့
သက်ဆိုင်ရာက ညွှန်ကြားပြီးဖြစ်ပေမယ့် ဆိုင်းဘုတ်ဖြုတ်ပြီး
ဆက်ကုနေတာကြောင့် ပြည်သူတွေ သတိထားဖို့လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သတိပေးပြောဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Jul 2013 03:15 AM PDT
တရုတ်နိုင်ငံ
စီချွမ်ပြည်နယ် ဒိုဖူ ဒေသတွင် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၏
မွေးနေ့ အထိမ်းအမှတ်အဖြစ် တိဘက် ဘုန်းတော်ကြီးများနှင့် တိဘက်များက
စုပေါင်း၍ ဆုတောင်းခြင်း၊ အမွှေးတိုင်များ ထွန်းခြင်းတို့ကို
ပြုလုပ်ခဲ့ခြင်းကို တရုတ် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ဘီဘီစီ သတင်းတွင်
ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 03:12 AM PDT
ထိုင်း
စွမ်းအင်ကုမ္ပဏီ PTTEP က မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်အော် အနီးရှိ M-3
လုပ်ကွက်တွင် လက်ရှိ စမ်းသပ် တူးဖော်နေသော လုပ်ကွက် သုံးခုမှ ရေနံနှင့်
သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်သော သဘာဝ ဓာတ်ငွေ့သိုက် အသစ်
ရှာဖွေတွေ့ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာနမှ
တာဝန်ရှိသူ ဦးဌေးအောင်က အတည်ပြု ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 03:08 AM PDT
သာကေတမြို့နယ်အတွင်း
မူးယစ် ဆေးတွေ့ရှိ၍ ဝင်ရောက်ဖမ်းဆီးရာ မိသားစုက အမှုကို အမှန်အတိုင်း
ဆောင်ရွက်ပေးရန် အုပ်ချုပ်ရေးမှူးရုံး သို့ သွားရောက်တောင်းဆိုရာမှ
လူစုလူဝေး ပုံစံဖြစ်သွားခဲ့ရခြင်း ဖြစ်သည်ဟု ၄င်း ကိစ္စ ဖြစ်ပွားရာ
အနော်မာရပ်ကွက်မှ သိရသည်။ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ ရာ
ကိုမြဝင်းဇော်၏ နေအိမ်မှ ၄င်းနှင့် အတူ ကိုကျော်လင်းအား သာကေတမြို့ မ
ရဲစခန်းမှ ဒုရဲအုပ် အောင်ဇော်ဝ င်းနှင့် အဖွဲ့က အနော်မာ
အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်စဉ် အထက်ပါကဲ့သို့ ဖြစ်ပွား
ခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 03:01 AM PDT
မိုးက
အငြိုးနှင့် ရွာနေသည့်ပုံစံ ကြား လူတချို့မှာ မိုးထဲရေထဲ အလုပ်
ရှုပ်နေခဲ့ကြသည်။ ထိုနေ့က ဇွန်လ၏ တနင်္ဂနွေတစ်ရက်ဖြစ်ပြီး အများပြည် သူတို့၏
အားလပ်ရက်ဖြစ်သော်လည်း ကိုအောင်မြင့်တို့ မိသားစုအတွက်တော့ မဟုတ်ခဲ့။
ကိုအောင်မြင့်က အသက် ၃ဝ မစွန်းသေးသည့်အရွယ် ကုမ္ပဏီဝန် ထမ်း တစ်ဦးဖြစ်ပြီး
မိသားစုက လေးဦး ရှိသည်။ မိမိအပါအဝင် ဇနီးသည်၊ သား နှင့် ယောက္ခမ။ လခစား
ဝန်ထမ်းတစ် ဦး ဖြစ်သည့်အတွက် ငွေ ကတော့ လကုန်ရက်မှသာ မြင်ရသည့်ဘဝဟုသူ က
ဆိုသည်။ သူတို့မိသားစု အတွက် အဆင်ပြေနိုင်သည့် အိမ်တစ်ခုကို ရှာ ဖွေရင်း
ရန်ကင်း၌အခြေ ကျနေသည်က အချိန် နှစ်နှစ်ကျော်ပြီ။ သို့သော် ယခု တော့ နေရပ်
ဌာနေ ပြောင်းလဲမှု စခဲ့ရ သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 02:54 AM PDT
၆.၇.၂၀၁၃
ရက်နေ့ ၁၅၃၀ အချိန် သာကေတမြို့နယ်နေ မနုနုထွေး (ဘ) ဦးအုန်းလွင်သည်
မိတ်ဆွေဖြစ်သူ ဦးကျော်လင်းထွေး မိသားစုနှင့် အတူ သာကေတမြို့နယ်၊
ကျောက်တိုင်မှတ်တိုင် အနီးရှိ
ရွှေပုဇွန် အအေးဆိုင်တွင် စားသောက်နေစဉ် ယခင်က ခင်မင်ရင်းနှီးဖူးသူ ဦးကျော်ကျော်ထွေးနှင့် ရည်းစားဟောင်းဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်နေ အောင်နိုင်ဦးတို့ရောက်ရှိ လာပြီး အတူတူ အအေး သောက်ခဲ့ကြပါသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 02:47 AM PDT
လူသုံးဦးက
ဝိုင်းဝန်း အဓမ္မပြုကျင့်မှုတစ်ခု သမိုင်း ဘူတာရုံလမ်းရှိ တည်းခိုခန်း
တစ်ခုတွင် ဇူလိုင် ၉ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့သဖြင့်
ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း
ထုတ်ပြန်သည်။ ပြုကျင့်ခံရသည့် အမျိုးသမီးသည် အသက် ၃၃ နှစ်အရွယ်ရှိပြီး
မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားပြီး
သူမသည် အလှူတစ်ခုတွင် သွားရောက် ကူညီလုပ်ကိုင်ပြီး အပြန်လမ်းတွင် ယခုလို
အဓမ္မကျင့် ခံရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 02:37 AM PDT
ကျနော်တို့
ပုသိမ်မြို့ အမှတ် - (၇) ရပ်ကွက် (ဧရာမင်း ရာမညရပ်ကွက်) က မှာ
ဖြစ်နေတဲ့အခြေအနေတွေကို ကိုသစ်ထူးလွင်ထံ ရင်ဖွင့် ပြောကြားပါရစေ။
ကျနော်တို့ရာမညရပ်ကွက်၊ လမ်းမကြီး (၃) လမ်း၊ လမ်းသွယ် (၇) ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကတည်းက ရပ်ကွက်သားတွေအသုံးပြုနေတဲ့ ထရန်စဖော်မာတလုံး ရှိပါတယ်။ အဲဒီထရန်စဖော်မာကို အသုံးပြုနေတဲ့ မီတာအသုံးပြုသူ (၅၀၃) ဦးရှိပြီးတော့ ထရန်စဖော်မာကို လူမနေတဲ့မြေကွက်ထဲမှာ သီးသန့်ထားရှိခဲ့တဲ့အတွက် ရပ်ကွက်သားများ လျှပ်စစ်အန္တရာယ် မစိုးရိမ်ခဲ့ရပါ။ ယခုအခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်မီးလင်းရေးကော်မတီတို့ဟာ အမှတ် (၇) ရပ်ကွက်နဲ့သက်ဆိုင်တဲ့ မြို့နယ်လျှပ်စစ်ဓာတ်အားပေးဌာနက နယ်မြေတာဝန်ခံ ၀န်ထမ်းများနဲ့ ပူးပေါင်းပြီးတော့ သီးသန့်မြေကွက်နဲ့ထားတဲ့ ထရန်စဖော်မာကို လူသွားလူလာများတဲ့ လမ်းမကြီး (၃) လမ်းနဲ့ လမ်းသွယ် (၇) လမ်းထောင့်ကို ရွှေ့ပြောင်း ပစ်ခဲ့ပါတယ်။ အဲဒီလိုရွှေ့ပြောင်းဖို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်ထဲကပြည်သူများကို အသိအပေးအကြောင်းကြားခြင်း၊ သဘောထားဆန္ဒတောင်းခံခြင်း လုံးဝမရှိဘဲ သူ့သဘောနဲ့သူ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ ထရန်စဖော်မာရွှေ့ဖို့အတွက်လည်း မီတာအသုံးပြုနေသူ (၅၀၃) ဦးဆီကနေ တအိမ်ထောင်ကို ငွေကျပ် (၂၀၀၀) နှုန်း ကောက်ခံပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မထည့်ဝင်နိုင်တဲ့လူတွေကို “တိုင်ကြားသူရှိတဲ့အတွက် လာရောက်ဖြေရှင်းပါရန်” ဆိုတဲ့ စာပို့ပြီး ရပ်ကွက်ရုံးကိုစာနဲ့ဆင့်ခေါ်ပြီး အခုဆိုရင် လျှပ်စစ်ဗို့အားများတဲ့ ထရန်စဖော်မာဟာ လူသွားလူလာများတဲ့ လမ်းဆုံ လမ်းခွမှာ တည်ရှိနေတာကြောင့် ရပ်ကွက်သူရပ်ကွက်သားတွေနဲ့ ကျောင်းသား ကျောင်းသူတွေ လျှပ်စစ်အန္တရာယ်ကျရောက်မှာကို စိုးရိမ်နေရပါတယ်။ မြေနေရာမရှိလို့ လမ်းဘေးမှာထားရတယ်ဆိုရင် ကျနော်တို့လက်ခံနိုင်ပါတယ်။ အခုဟာက သူ့ဘာသာ သီးသန့်မြေကွက်နဲ့ထားတဲ့ ထရန်စဖော်မာကို မဆီမဆိုင် လမ်းဆုံလမ်းခွကို အုပ်ချုပ်ရေးမှူးက ရွှေ့ပစ်လိုက်တာကို ကျနော်တို့ မကျေနပ်ပါဘူး။ သီးသန့်မြေကွက်ထဲက ထရန်စဖော်မာကို ရွှေ့ပြောင်းရတာဟာ တကယ်တော့ အဲဒီမြေကွက်ကို တနည်းနည်းနဲ့ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ရည်ရွယ်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဘာလို့ဆိုတော့ တခြားရပ်ကွက်တွေမှာ လွတ်နေတဲ့ရပ်ကွက်ပိုင်မြေတွေကို အုပ်ချုပ်ရေးမှူးတွေက ရောင်းစားပြီး ကိုယ်ကျိုးရှာခဲ့တဲ့သာဓကတွေ ရှိပါတယ်။ ဒါကြောင့် အများပြည်သူနဲ့သက်ဆိုင်တဲ့ ထရန်စဖော်မာကို ကိုယ့်သဘောနဲ့ကိုယ် လမ်းဘေးကို ရွှေ့ပြစ်ခြင်း၊ ထရန်စဖော်မာရွှေ့ဖို့အတွက် အာဏာအလွဲသုံးစားပြုလုပ် ခြိမ်းခြောက်ပြီး ငွေကြေးကောက်ခံခြင်းများပြုလုပ် |
||
Posted: 10 Jul 2013 02:01 AM PDT
တောင်သူ
လယ်သမားတွေ မြေယာပြန်ရရေး ထွန်တုံးတိုက်ပွဲ ဆင်နွှဲရာမှာ ပါဝင်တဲ့
အန်အယ်လ်ဒီအဖွဲ့ဝင် ၁ ဦး အပါအ၀င် လူမှုကွန်ရက်အဖွဲ့ဝင် တချို့ ဖမ်းဆီး
တရားစွဲဆို ခံနေရပါတယ်။ မန္တလေးတိုင်း သာစည်မြို့နယ် သန်းတောကျေးရွာမှာ
လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည် မြောင်းဝန်ကြီးဌာနက သိမ်းထားခဲ့တဲ့လယ်မြေကို
ပြန်ရဖို့ တောင်သူတွေဟာ အခုနှစ် ဧပြီလက ထွန်တုံး
တိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 01:55 AM PDT
ထိုင်းနိုင်ငံ
ဘန်ကောက်တွင် အမေရိကန် တစ်ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့်
တက္ကစီယာဉ်မောင်းကို ဖမ်းဆီး ရမိ ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္လာနေ့တွင်
ကြေညာသည်။ အသက် ၃၂ နှစ်အရွယ် တက္ကစီယာဉ်မောင်းက ပြစ်မှုကျူးလွန်ကြောင်း
ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့ အရာရှိက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Jul 2013 01:36 AM PDT
ဇူလိုင်၏
မိုးစက်များက မှန်ပြတင်းဝမှ တရကြမ်း ပြေးဝင်နေသည်။ ဆွဲဆွဲငင်ငင်
အော်ဟစ်နေသည့် ကားများ ...။ ငါးဆယ်တစ် ရာပေးစီး၍ ရသည့် ကားများရှိသလို
'အထူး'ဟု သမုတ်ပြီး
မှတ်တမ်း တင်ထားသော ကားကြီးများက ဘယ်ညာ ယိမ်းထိုးကာ သူ့ထက်ငါ အပြိုင်။ သို့သော် သူတို့သည် ပန်းတိုင်မရှိ အောင်မြင်မှု မရှိ။ နေ့စဉ်နှင့် အမျှ ဒရိုင်ဘာ၏ ခြေနှင့် လက်ကသာ အဓိက . . . .။ ---- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 01:29 AM PDT
မတရားမှုတွေကို
ရင်ဆိုင်ရနေရတဲ့ ပြည်သူတွေဟာ ဆန္ဒပြတဲ့အပေါ် ရဲက ပုဒ်မ ၁၈နဲ့
အရေးယူနေတာကြောင့် ဒီဥပဒေကို ဖျက်သိမ်းပေးဖို့ လှုပ်ရှားတက်ကြွသူ
ကိုထင်ကျော်ဟာ ဇူလိုင် ၁ဝရက်နေ့မှာ ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံလိုက်ရပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 01:07 AM PDT
ယာဉ်ကြော
ကျပ်တည်းလာပြီး ပြည်သူတွေ သွားလာရေး ခက်ခဲလာတဲ့ ရန်ကုန်မြို့တော် အတွက်
BRT (Bus Rapid Transit) စနစ် စမ်းသပ်ပြေး ဆွဲတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့
ရန်ကုန်စည်ပင်ကော်မတီရုံးမှာ ကျင်းပတဲ့ ပို့ဆောင်ရေး ဆိုင်ရာ အစည်းအဝေးမှာ
ဆုံးဖြတ်လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Jul 2013 12:51 AM PDT
၉.၇.၂၀၁၃
ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
နယ်မြေအတွင်း သတင်းစုံစမ်းစဉ် ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်ရှိ POLO
တည်းခိုးခန်းတွင် သင်္ဃန်းဝတ်ဖြင့် သံဃာ(၂)ပါး ရောက်ရှိ တည်းခိုနေပြီး ခဏအကြာ
အဆိုပါ သူနှစ်ဦးမှာ အရပ်ဝတ်ဖြင့် လမ်းဘေး ထမင်းဆိုင်တွင် ထမင်း
ထွက်စားနေကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 12:46 AM PDT
မြန်မာနိုင်ငံ
ရေကြောင်းပညာ တက္ကသိုလ်၏ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်အတွက် ဝင်ခွင့်ရမှတ်ကို ၄၅၀
နှင့် အထက် သတ်မှတ်ထားကြောင်း ရေကြောင်း ပညာတက္ကသိုလ်က တရားဝင်ထုတ်ပြန်
ထားကြောင်း သိရသည်။ လျှောက်ထားသူများသည် ၂၀၁၃ ခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ် ၄၅၀ နှင့် အထက်ရရှိပြီး မြန်မာ၊ အင်္ဂလိပ်၊
သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ (သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊
ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊
ဓာတုဗေဒ၊ ပထဝီဝင် ဘာသာရပ်များဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်မည်
ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 12:46 AM PDT
ကျောင်းသား
၃ဝဝ သာ လက်ခံသင်ကြား ပေးမည့် ရန်ကုန် တက္ကသိုလ်ဝင်ခွင့်အမှတ်ကို
ပညာရေးဝန်ကြီးဌာန မှ ထုတ်ပြန်လိုက်သည်။ အနှစ် ၂ဝ နီးပါး ပိတ်ထားခဲ့သည့်
ရန်ကုန် တက္ကသိုလ်တွင် ယခု ပညာသင်နှစ်မှ စတင်ကာ ဘာသာရပ် ၂ဝ
သင်ကြားပေးမည်ဖြစ်ပြီး ဘာသာ ရပ်တစ်ခုလျှင် ၁၅ ဦးစီသာ လက်ခံမည် ဖြစ်သည်။
ဝင်ခွင့်အတွက် အနိမ့်ဆုံးအမှတ်မှာ ၄၃ဝ မှတ်ဖြစ်ပြီး အမြင့်ဆုံးမှာ ၅၁ဝ မှတ်
ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 12:38 AM PDT
ဒေါ်အောင်ဆန်းစုကြည်
အပါအဝင် နိုင်ငံရေးသမား အများစုကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် နိုင်ငံရေး
ပုဒ်မများဖြစ်သော နိုင်ငံတော်အား ထိပါး နှောင့်ယှက်သည့် အန္တရာယ်ကို ကာကွယ်
စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၁၀-က) နှင့် အရေးပေါ် စီမံချက် အက်ဥပဒေ (၅-ည)
တို့တွင် ပါရှိသော ပြစ်မှု ပြစ်ဒဏ် များကို လျှော့ပေါ့ပေးမည် မဟုတ်ကြောင်း
ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက
ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jul 2013 12:25 AM PDT
ရန်ကုန်တိုင်းဒေသကြီး
တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ်ရပ်ကွက် အသောကလမ်းတွင် ဇူလိုင်လ ၈ ရက်နေ့ ည
၉ နာရီခွဲခန့်က အနှိပ်ခန်းသို့ အပေါ့သွားရန်ဟုဆိုကာ လာရောက်သည့်
ရဲတပ်ဖွဲ့များနှင့် အနှိပ်ခန်း လုံခြုံရေး ဝန်ထမ်းတို့အကြား အနှိပ်ခန်းထံ
ငွေတောင်းရာမှ ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း အဆိုပါ အနှိပ်ခန်း အနီးတွင်
နေထိုင်သူများ၏ ပြောကြားချက် အရ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment