Sunday, February 3, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၂)

သစ်ထူးလွင်



Posted: 03 Feb 2013 06:42 AM PST
ကြေးစင်တောင် စီမံကိန်း တွင် ဖေဖော်ဝါရီလ ၂ရက်နေ့ နေ့လည် ၁၂နာရီ ၃၀ မိနစ်က မိုင်းခွဲမှု ပြုလုပ် ခဲ့ပြီးနောက် စက္ကန့်ပိုင်း အကြာတွင် တစ်မိုင်ခန့် အကွာရှိ ရေကြည်ပင် ရွာမှ အုတ်ရေကန် ပြိုကျပြီး အသက်၅ဝ အရွယ်ခန့် အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ကြောင်း ယင်း အမျိုးသမီး ၏ မိသားစုဝင် တစ်ဦးက ပြောကြား သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Feb 2013 02:56 AM PST
ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့ နယ်နေ ကိုဇင်ကိုမင်းသည် ဇန်န၀ါရီ ၁၇ ရက် ည ၇ နာရီခန့် တွင် ဘုရားကုန်းလမ်းဆုံ ကယ်ရီဂိတ်အနီး၌ ခရီးသည် စောင့်ဆိုင်းနေစဉ် အမည်မသိ အမျိုးသား ၁ ဦး ရောက်လာပြီး သံလျင် ကွမ်းခြံကုန်း ကျေးရွာသို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Feb 2013 01:34 AM PST
မတ်လတွင် တန်ဖိုးနည်းဖုန်းများ ၏ ဈေးနှုန်းကို အတိအကျ ပြောကြားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက The Messenger ဂျာနယ်၏ မေးမြန်းမှု အပေါ်ပြန်လည် ဖြေကြား သွားခြင်းဖြစ်သည်။

Messenger News Journal

သမ္မတရုံးဝန်ကြီးဦးစိုးသိန်း။ ဓါတ်ပုံ - Messenger News Journal

Posted: 03 Feb 2013 01:12 AM PST
လွှတ်တော် ကော်မတီများ၏ Check & Balance အလုပ်ခံရမည့် အဖွဲ့အစည်းများ အနေဖြင့် လိုလားမှု မရှိသေး သောကြောင့် ဒီမိုကရေစီ စနစ် ဖော်ဆောင်ရာတွင် အခက်အခဲ ရှိနေသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီလ ၃၁ ရက်က ပြောကြားခဲ့သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မီဒီယာများ၏ မေးခွန်းများကို ဖြေကြားနေစဉ် (ဓာတ်ပုံ - ငြိမ်းဇော်လင်း) ဓါတ်ပုံ - Eleven Media Group



Posted: 03 Feb 2013 12:00 AM PST
ကယားပြည်နယ် ဖရူဆိုမြို့ လောဘူးဒါး အ.မ.က ကျောင်းမှ တတိယတန်း ကျောင်းသူ လေးအား စစ်လေ့ကျင့်ရေးကျောင်း ဆောက်လုပ်ရေး အလုပ်သမားတဦးမှ တောထဲသို့ ခေါ်ဆောင်သွားခြင်းနဲ့ ပါတ်သက်လို့ ယမန်နေ့က အတင်းအဓ္ဓမြ ပုကျင့်မှုဖြင့် ရဲစခန်းမှ အမှုဖွင့်လှစ် လိုက်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Feb 2013 11:40 PM PST
မြန်မာနိုင်ငံတွင် အရက် သောက်သုံး မှုနှုန်းသည် ယခင်နှစ်များ ကထက် မြင့်မား နေကြောင်း ဇန်န၀ါရီလအတွင်း ကျင်းပသည့် (၄၁) ကြိမ်မြောက်မြန်မာ နိုင်ငံ ကျန်းမာရေး ဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်း တစ်စောင်အရ သိရသည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဓါတ်ပုံ - Eleven Media Group

Posted: 02 Feb 2013 11:31 PM PST
မြန်မာနိုင်ငံမှ နိုင်ငံတကာမှ အဖွဲ့ အစည်းများသို့  ပေးဆပ်ရန် ကြွေးမြီ ကန်ဒေါ်လာသန်း ကိုးထောင်ကျော် ကျန်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန် ကပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - 7Day News Journal

Posted: 02 Feb 2013 11:07 PM PST

၂-၂-၂၀၁၃ ရက်နေ့ ၀၉၂၀ အချိန်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ-ရေစကြိုကားလမ်း မိုင်တိုင် (၆/၄-၅)ကြားတွင် ပခုက္ကူမြို့နယ် အမှတ်(၃)ရပ်ကွက် အောင်တော်မူလမ်း နေ ဖြိုးဝေကြည် (၃၃)နှစ် မောင်းနှင်သော ၈င/xxxx လိုက်ထရပ် အဖြူရောင် မျိုးမေတ္တာ ခရီးသည်တင်ယာဉ်သည်----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Feb 2013 09:32 PM PST
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် မှတ်တိုင်အုပ်စု၊ မှတ်တိုင် ကျေးရွာနေ တောင်သူများ ဖြစ်ကြသည့် ဖိုးဖြူ ၊ အုန်းမြင့်၊ ထွန်းလွင် နှင့် မောင်ထွန်း တို့ (၄)ဦးသည် ကြိမ် နှင့် ရုန်းများခုတ်ရန်အတွက် ၂၀၁၃ ဇန်န၀ါရီလ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Feb 2013 09:07 PM PST
အိန္ဒိယနိုင်ငံမှာ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးကို ဝိုင်းပြီး အဓမ္မကျင့်ခဲ့လို့ တနိုင်ငံလုံး အကြီးအကျယ် အမျက်ဒေါသ ထွက်စေခဲ့တဲ့ အမှုကို ကျူးလွန်တယ်ဆိုတဲ့ အမျိုးသား ၅ ယောက်က သူတို့ အဲဒီအမှုကို မကျူးလွန်ကြောင်း ထွက်ဆိုသွားပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်မှုနဲ့ သံသယဖြစ်ဖွယ် ၅ ဦးကို အမှုစစ်ဆေးနေတဲ့ နယူးဒေလီမြို့က ခရိုင်တရားရုံးရှေ့ မြင်ကွင်း။ (ဇန်န၀ါရီလ ၂၄ ရက်၊ ၂၀၁၃)။

Posted: 02 Feb 2013 09:01 PM PST
အင်တာနက်ပေါ်က Twitter လူမှုရေး ကွန်ယက်ဟာ ဒီသီတင်းပတ်ထဲမှာ အဆင့်မြင့် နည်းပညာ သုံးပြီး ထိုးဖောက်ခံရလို့ Twitter အသုံးပြုသူ ၂ သိန်းခွဲရဲ့ အချက်အလက်တွေ ပေါက်ကြားသွား ရတယ်လို့ Twitter က ပြောပါတယ်။ တရားမဝင် ခိုးဝင်ဖို့ မအောင်မြင်ဘဲ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Feb 2013 08:55 PM PST
ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာနေ (ဘ) ဦးမောင်သိန်းညွန့် (မိ) ဒေါ်မကျိုင်အေး တို့၏သမီး မစောပွင့်(၄၅)အား ၄င်းကျေးရွာနေ ဦးမောင်ထွန်းလှိုင်က မုဒိမ်းကျင့်ရန် ကြိုးပမ်း ခဲ့သောကြောင့် ၄င်းအမှုကို တရားလိုဖက်မှ မြို့နယ်က တစ်ဆင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Feb 2013 08:47 PM PST
အစိုးရ တပ်တွေနဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့ရဲ့ လက်နက်ကိုင် KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေး အတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူ လိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Feb 2013 08:10 PM PST
ကချင်ပြည်နယ် မိုးညှင်းမြို့ အထွက် ပြည်ထောင်စု လမ်းမကြီး နံဘေး ဆင်ဘို ကုန်း ကျေးရွာ စက်သုံးဆီ အရောင်း ဆိုင်တန်းတွင် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က မီးလောင်မှု ဖြစ်ပွားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Feb 2013 04:49 PM PST
ဖေဖော်ဝါရီလ (၁)ရက်နေ့က  ပန်းတနော် ဒေသခံ တစ်ထောင်ကျော်၏ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌ ရာထူးမှ မပြောင်းရွှေ့ရန် တောင်းဆို ခဲ့ကြသည့် ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ ဆန္ဒထုတ်ဖော်ပွဲ အပြန်ခရီးတွင် ဖမ်းဆီး ခံခဲ့ရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗိုလ်ကြီးဟောင်း နေမျိုးဇင် အား ဖမ်းဆီးနေစဉ် (ရုပ်/သံ)

ဗိုလ်ကြီးဟောင်း နေမျိုးဇင် အား ဖမ်းဆီးနေစဉ်

Posted: 02 Feb 2013 04:33 PM PST
ဧရာဝတီ စာပေပွဲတော် ဒုတိယ မြောက်ရက်တွင် ဒေါ်အောင်ဆန်း စုကြည်က လူငယ်များ အနေဖြင့် စာဖက်အား များမှသာလျှင် စဉ်စားဆင်ခြင်မှု မြင့်လာနိုင်ပြီး တိုင်းပြည် အနာဂါတ် အတွက် ကောင်းလိမ့်မည်ဟု ယုံကြည်ကြောင်း တိုက်တွန်းပြောဆို လိုက်သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 02 Feb 2013 04:27 PM PST
ရန်ကုန်တိုင်း တရားရုံးချုပ်နှင့် စုပေါင်း တရားရုံး အဆောက်အဦး တို့ကိုဟိုတယ် အဖြစ် တည်ဆောက်ရန် ဌားရမ်း ထားခြင်းနှင့် ပတ်သတ် ပြီးလွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်း လွှာရေးသားရန် ပြည်သူ့ လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ ကော်မတီဥက္ကဌက ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 02 Feb 2013 04:21 PM PST
ရုံးခွန် အဆ ၁၀၀ တိုးမြှင့် လိုက်သဖြင့် တရားမ မှုများတွင် တရားစွဲဆိုမှု ပြုလုပ်ပါက ရုံးခွန်အဖြစ် ငွေကျပ် ၁၅သိန်း ပေးသွင်း နေရခြင်းကို ပြန်လည် ပြုပြင်ပေးရန် လွှတ်တော်တွင် အရေးကြီး အဆိုအဖြစ် တင်သွင်းသွားရန်ရှိကြောင်း သိရသည်။ ပိုက်ဆံရှိသူများသာ တရားစွဲ ဆိုနိုင်ပြီး ပိုက်ဆံ မရှိသူများ
တရားစွဲဆိုရန် ခက်ခဲသော ငွေပမာဏဖြစ်သည့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 02 Feb 2013 04:12 PM PST
မြန်မာအစိုးရက ပြုလုပ် နေခဲ့သော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပုံမှန်ထက် အလွန်အကျူး ချီးမွမ်းခြင်းကို ခံခဲ့ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး
အဖွဲ့ ကြီး Human Rights Watch( HRW)က ပြောကြားလိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 02 Feb 2013 04:35 PM PST
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်အစိုးရသည် ဒုတိယကမ္ဘာ စစ်အတွင်း ၎င်း၏ အိမ်နီးချင်း နိုင်ငံများအား ကျူး ကျော်သိမ်းပိုက်စဉ် ပြုလုပ်ခဲ့သည့် အမှားအယွင်းများအတွက် နောင်တရရန် လိုအပ်ကြောင်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Feb 2013 04:00 PM PST
ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများစာရင်း LDC မှာပါတဲ့ မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲတွင်းက ရုံးထွက် နိုင်ဖို့ဆိုရင် ချမ်းသာ သူတွေ ပိုချမ်းသာတာထက် ဆင်းရဲသူတွေရဲ့ ဘဝကို ပိုမြှင့်တင် ပေးသင့်ကြောင်း စီးပွားရေး ပညာရှင် ဦးမော်သန်းက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆင်းရဲမှုက ရုံးထွက်ဖို့ဆိုရင် လယ်ယာလုပ်ငန်းမှာ အများကြီး တိုးတက်ဖို့လို

Posted: 02 Feb 2013 03:53 PM PST
နိုင်ငံတကာမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းတဲ့အခါ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့မှုတွေကို ကုစားပေးပြီး၊ အသိအမှတ်ပြုပေးသလို မြန်မာနိုင်ငံမှာလည်း အလားတူ ဆောင်ရွက်ဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


၂၀၁၂ ဇန်နဝါရီက ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပျော်ရွှင်နေကြပုံ ဖြစ်ပါတယ်။

Posted: 02 Feb 2013 03:47 PM PST
ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လာမယ့် တရက်နှစ်ရက်အတွင်း တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ကျင်းပမယ်လို့ ကေအိုင်အိုဘက်က ထွက်လာတဲ့ သတင်းတွေအရ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


ပြီးခဲ့တဲ့ ရွှေလီဆွေးနွေးပွဲက မှတ်တမ်းပုံ ဖြစ်ပါတယ်။

Posted: 02 Feb 2013 03:41 PM PST
ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေရှိရာကို တရုတ် နိုင်ငံ ဘက်က ကျူးကျော် ၀င်ရောက်မှု မလုပ်နိုင်အောင် ဟန့်တား ကာကွယ်သွား မယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုပြောဆို လိုက်ပါတယ်။ ပင်လယ်ပြင်အတွင်း နှစ်ဘက် ရင်ဆိုင်မှုတွေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဂျပန်ကမ်းရိုးစောင့်တပ်ဖွဲတွေနဲ့ တရုတ်ငါးဖမ်းသင်္ဘောတစီး ထိပ်တိုက်တွေ့ခဲ့ကြစဉ်။ (ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၃)။

Posted: 02 Feb 2013 03:36 PM PST
အစိုးရ စစ်တပ်ဖက်က ထိုးစစ်ဆင်တာတွေ ရပ်တန့်မယ်ဆိုရင် ကချင်လွတ်လပ်ရေး အဖွဲ့ KIOက လည်း ပြဿနာ ဖြစ်စေမယ့် စစ်ရေး လှုပ်ရှားမှုတွေ ပြုလုပ်မှာ မဟုတ်တဲ့ အကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့ အပေါ် ဒေသခံ ပြည်သူတွေက ကြိုဆိုလိုက်ပါတယ်။ ကချင်ဒေသခံပြည်သူတွေကတော့ ဒီကြေညာချက်ကို နှစ်ဖက်လုံးက လိုက်နာပြီး စားပွဲဝိုင်းဆွေးနွေးပွဲတွေကနေ တဆင့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိစေဖို့ကို မျှော်လင့်ကြောင်း ပြောပါတယ်။ တချိန်တည်းမှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ငြိမ်းချမ်းရေးရဖို့ မိမိတို့အားလုံး ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ့် အချိန် ကျနေပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ အချက်၇ချက်ပါဝင်ပြီး အဓိကအချက်တွေအဖြစ်ကတော့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ လိုအပ်တဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်ဆိုတဲ့ အကြောင်းအပါအ၀င် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ကူညီနိုင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေထံကနေ အကူအညီရယူသွားမယ်ဆိုတဲ့ အချက်တွေ ထည့်သွင်းဖော်ပြထားပါတယ်။ နောက်ဆုံးအချက်မှာတော့ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းမယ်ဆိုရင် KIAကလည်း ပြဿနာဖြစ်ပွားနိုင်မယ့် စစ်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်မှာ မဟုတ်ကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီလိုထုတ်ပြန်လိုက်တဲ့အပေါ်မှာ ကချင်ဒေသခံပြည်သူတွေက ကြိုဆိုလိုက်ပြီး စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့မျှော်လင့်ကြောင်း ပြောဆိုကြပါတယ်။

“သူတို့ အဲ့သလို ကြေညာချက်ထုတ်တယ်ဆိုလို့ရှိရင် နှစ်ဖက်စလုံးက ဒီဥစ္စာကို လိုက်နာတယ်ဆိုရင် အင်မတန် မင်္ဂလာရှိတဲ့ကိစ္စပဲ။ အဲ့တာဆိုရင်တော့ ဆွေးနွေးပွဲတွေလည်း ပြန်စပြီး ငြိမ်းချမ်းရေးက ရဖို့ဆိုတာကတော့ တော်တော်လေး နီးစပ်သွားတာပေါ့။ ကောင်းသွားတာပေါ့။ စားပွဲပေါ်ရောက်တယ်ဆိုရင် အေးအေးဆေးဆေး ညှိနှိုင်းလို့ ရနိုင်တဲ့ အနေအထားတွေပဲလေနော်။”

ဒါကတော့ ကချင်ပြည်နယ်က ဒေသခံတယောက်ပြောဆိုတာဖြစ်ပါတယ်။ တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးစောဝင်းထွန်းက သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံးရဲ့ မျက်နှာထောက်ထားပြီးမှ ကချင်ပြည်နယ်သူ၊ ပြည်နယ်သား အားလုံးရဲ့ ဘဝကို စဉ်းစားပြီးမှ အကောင်အထည်ဖော်နိုင်မှ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးကို ရမယ်လို့ ထင်ပါတယ်။ အခုက ကျနော်တို့အနေနဲ့ကတော့ နှစ်ဖက်စလုံးမှာပေါ့နော်။ အဲ့ဒီ့စိတ်ရင်းစေတနာပေါ် အခုအချိန်အထိ ပီပီပြင်ပြင်မှ ရှိကြရဲ့လားဆိုတာကိုလည်း ကျနော်တို့ ထည့်ပြော ချင်ပါတယ်။ ပြည်နယ်သူ၊ ပြည်နယ်သားများရဲ့ တည်ငြိမ်ရေးကို ထောက်ထားညှာတာကျရင်ဖြင့် တဘက်နဲ့ တဘက် အပြန်အလှန်ထုတ်တဲ့ ကြေညာချက်အတိုင်း လက်တွေ့ အကောင်အထည်ဖော်ပေးကြပါလို့ ဒီလိုပဲ ကျနော်တို့ ဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်ခင်ဗျ။”

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်
တဦးဖြစ်တဲ့ ဦးယုဇော်ခေါင်ကတော့ အစိုးရနဲ့ KIO ဆွေးနွေးပွဲတွေ စတင်နိုင်တော့မယ့် အလားအလာအဖြစ် သုံးသပ်ပါတယ်။

“ဒါကတော့ ယုံကြည်မှုကို တည်ဆောက်တာက အင်မတန်မှ ကောင်းပါတယ်။ အပြုသဘောဆောင် ပါတယ်။ ဒါကတော့၊ ငြိမ်းချမ်းရေးအတွက် ဒီလိုဆွေးနွေးမှုက အင်မတန်မှ အထောက်အကူဖြစ်တဲ့ ထုတ်ပြန် ကြေညာချက်ကြီးဖြစ်ပါတယ်။ အမြန်ဆုံး ဆွေးနွေးပွဲ လုပ်ပြီးတော့ အကောင်အထည်ဖော်ဖို့ဆိုတဲ့ဟာကို ဒါတော့ ရင်ဖွင့်ပြောပြတဲ့အသံလို့ပဲ ကျနော်တို့ အဲ့လိုပဲ သုံးသပ်လို့ရပါတယ်။"

နိုင်ငံတော်သမ္မတဦးသိန်းစိန်
ကလည်း ဒီကနေ့မနက်မှာ ပြည်သူကို ရေဒီယိုက တဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ငြိမ်းချမ်းရေးရဖို့ မိမိတို့အားလုံး ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ့် အချိန် ကျရောက်နေပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။

“ယခုဖြစ်ပွားနေတဲ့ပဋိပက္ခတွေ၊ အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများက ပြည်သူအများစု ခံစားနေရတာတွေ၊ စိတ်ဒဏ်ရာ နာကျင်မှုတွေဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုဖြစ်ပါတယ်။ မိမိတို့ အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသားညီအစ်ကိုများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ထိရောက်စွာ ပေးနိုင်ဖို့ အသင့်ပြင်ဆင် လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်သော နိုင်ငံတကာ အဖွဲ့အစည်းများနဲ့လည်း ဆက်သွယ် ဆောင်ရွက်လျက်ရှိပါတယ်။ တဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို  ကျရောက်နေပြီဖြစ်ပါတယ်။”

နိုင်ငံတော် သမ္မတက သက်ဆိုင်ရာ ခေါင်းဆောင်တွေကို စားပွဲဝိုင်းမှာ လာရောက်ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းထားသလို ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ ထိလွယ်ရှလွယ် အဆင့်ရောက်နေတာကြောင့် ညီညီညွတ်ညွတ် သဘောထားကြီးကြီး ဆောင်ရွက်ဖို့ကိုလည်း ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAက သူတို့ ဒေသ ပန်းဆန်းမှာ လာရောက်တွေ့ဆုံဆွေးနွေးဖို့အတွ
က် မြန်မာအစိုးရနဲ့ KIO ဖက်က တာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပြီး နှစ်ဖက်လုံးက တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

 ကိုမိုးဇော် (ဗွီအိုအေ)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...