ခန္ဒာကိုယ်အပိုင်းပိုင်းပြတ် အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိ
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ
သပြေလှချောင်းထဲတွင် မသင်္ကာဖွယ်ရာ ပီနံအိတ်အတွင်း
ကျွတ်ကျွတ်အိတ်အမဲဖြင့်ထုပ်ထားသော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀
ကျော် ၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄
ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်းအရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့်
ယောကျာ်းဝတ်ပုဆိုးအနီးတစ်ထည်ကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင်အဖြစ်
တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
သတင်းထပ်မံရရှိပါက ဆက်လက်ဖော်ပြပါမည်။
new by:ဒေါက်တာလမ်းပြကြယ်

===============================================
0 comments:
Post a Comment