ပြေး after ပြေး
by မြေမှုန်လွင် on Saturday, February 9, 2013 at 8:37pm ·
(၁)
သောင်ပြင်ကမ်းစပ်မှာ မောင်ထွေးငယ် ထိုင်နေသည်။ ပုရွက်ဆိတ်များ တက်နေသည့် ငါးအရိုးကို အားပါးတရ ကိုက်လိုက်သည်။ ဒါပေမဲ့ အရသာမရှိသည့် အရသာပဲ ရှိသည်။ သူ့နောက်ကျော တွင် သေနတ်တစ်လက် လွယ်ထားသည်။ ထို သေနတ်သည် ကျိုက်ထီးရိုးသေနတ် ဖြစ်သဖြင့် အသံကျယ်သည်။
သူသည် ငါးအရိုးကို ပြန်လွှင့်ပစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ငါးသည် အရိုးသာ ကျန်တော့ခြင်း ကြောင့် ဖြစ်သည်။
ထိုင်နေရာမှ ထပြေးသည်။ နောက်ကိုလှည့်၍ သေနတ်နှင့် ပစ်သေးသည်။ ဘယ်သူမှ မသေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် မောင်ထွေးငယ်မှအပ အခြားသူမရှိသည့်အပြင် သူ၏သေနတ်မှာလည်း ကျိုက်ထီးရိုးသေနတ်ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဘယ်ကမှန်းမသိသည့် ၀ံပုလွေများ သူ့ထံသို့ ပြေးလာနေသည်။ မောင်ထွေးငယ်လေး အင်မတန်ကြောက်ရွံ့ကာ သေနတ်ဖြင့် တရစပ် ပစ်သည်။ ၀ံပုလွေများက မကြောက်။ မောင်ထွေးငယ်၏သေနတ်မှာ အသံသာထွက်၍ ကျည်မထွက်သောကြောင့် ဖြစ်သည်။ သူနှင့် တဖြည်းဖြည်းနီးလာသည့်အပြင် ပါးစပ် ကြီးများပါ အစွမ်းကုန်ဖွင့်လာကြသည်။ မောင်ထွေးငယ်လေးခမျာ အကြောက်လွန်ပြီး သေးများထွက်ကုန်သည်။ သေနတ်ကို ပစ်ချကာ အစွမ်းကုန်ပြေးရရှာသည်။
၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁
(၁၂)
သြရသကြီးသည် လှေအပျက်အစီးများကြားတွင် ထိုင်နေသည်။ သူ မေ့မျော နေသည်မှာ ဘယ်နှရက်ရှိနေသလဲ မသိ။ တိုက်ပွဲကြီးကား ပြင်းထန်ကြာရှည်လေရာ သူလည်း ဘယ်အရပ်ရောက်နေမှန်း မသိ။ ဗိုက် အရမ်းဆာသည်။ အနီးအနားတွင် ရှာဖွေကြည့်ရှုရာ ပုရွက်ဆိတ်များ တက်နေသည့် ငါးအရိုးများကိုသာ တွေ့ရသည်။ ၀မ်းသာအားရ ကောက်ယူစားပစ်လိုက်သည်။ ဒါပေမဲ့ အရသာမရှိသည့် အရသာပဲ ရှိသည်။ သောကြောင့် ရဲဝံ့စွာ လွှင့်ပစ်လိုက်၏။
ရုတ်တရက် အော်သံများကြား၍ ကြည့်လိုက်ရာ ရန်သူများ သူ့ဆီလာ နေကြသည်။ ထိုင်နေရာမှ ထပြေးသည်။ နောက်ကိုလှည့်၍ သူနှင့်အတူပါလာသည့် သေနတ်နှင့် ပစ်သေးသည်။ ရန်သူများကား မကြောက်။ အများနှင့်တစ်ယောက် ဖြစ်နေသည်။ သြရသကြီးနှင့် ရန်သူများသည် တဖြည်းဖြည်း နီးလာသည့်အပြင် ရန်သူများသည် ပါးစပ်ကြီးများပါ အစွမ်းကုန်ဖွင့်၍ ပြေးလာနေသည်။ သြရသကြီးခမျာ သေနတ်ကြီးကိုလွှင့်ပစ်၍ ပြေးရရှာသည်။
၁၃၊၁၄၊၁၅၊၁၆၊၁၇၊၁၈၊၁၉၊၂၀၊၂၁၊၂၂၊၂၃၊၂၄၊၂၅၊၂၆၊၂၇၊၂၈၊၂၉၊၃၀၊၃၁၊၃၂၊၃၃၊၃၄၊၃၅၊ ၃၆၊၃၇၊၃၈၊၃၉၊၄၀၊၄၁၊၄၂၊၄၃၊၄၄၊၄၅၊၄၆၊၄၇၊၄၈၊၄၉၊၅၀၊၅၁၊၅၂၊၅၃၊၅၄၊၅၅၊၅၆၊၅၇၊ ၅၈၊၅၉၊၆၀၊၆၁၊၆၂၊၆၃၊၆၄၊၆၅၊၆၆၊၆၇၊၆၈၊၆၉၊၇၀၊၇၁၊၇၂၊၇၃၊၇၄၊၇၅၊၇၆၊၇၇၊၇၈၊၇၉၊ ၈၀၊၈၁၊၈၂၊၈၃၊၈၄၊၈၅၊၈၆၊၈၇၊၈၈၊၈၉၊၉၀၊၉၁၊၉၂၊၉၃၊၉၄၊၉၅၊၉၆၊၉၇၊၉၈၊၉၉၊၁၀၀၊ ၁၀၁၊၁၀၂၊၁၀၃၊၁၀၄၊၁၀၅၊၁၀၆၊၁၀၇၊၁၀၈၊၁၀၉၊၁၁၀၊၁၁၁၊၁၁၂၊၁၁၃၊၁၁၄၊၁၁၅၊ ၁၁၆၊၁၁၇၊၁၁၈၊၁၁၉၊၁၂၀၊၁၂၁၊၁၂၂
(၁၂၃)
မောင်ထွေးငယ် ပြေးနေသည်။ နောက်ကို တစ်စက်ကလေးမျှ လှည့်မကြည့်။ သြရသကြီးလည်း ပြေးနေသည်။ နောက်ကို တစ်စက်လေးမျှ လှည့်စောင်း၍ပင်မကြည့်။ သူတို့သည် ပြေးရင်းပြေးရင်း မောလာကြသည်။ သူတို့ မပြေးချင်ကြတော့။ ထို့ကြောင့် သူတို့သည် ပြေးလွှားခြင်းကို ရပ်လိုက်ပြီး ရန်သူများကို ရင်ဆိုင်ရန် စောင့်နေကြသည်။ နဖူးတွေ့ဒူးတွေ့ ရန်သူအစစ်များ ရောက်ရှိလာသည့်အခါတွင်တော့ ရင်ဆိုင်တိုက်ခိုက်မည် ဟူသည့် သူတို့စိတ်များ လွင့်စင်သွားလေသည်။ ကြောက်ရွံ့ခြင်းသာ ပြန်လည်ကြီးစိုး လာ၍ မောင်ထွေးငယ်လေး ပြေးရပြန်ပါသည်။ သြရသကြီးလည်း ပြေးရပြန်ပါသည်။ (ပါးစပ်ကြီးများ အစွမ်းကုန်ဖွင့်၍ လိုက်လာကြသည်)
မောင်ထွေးငယ်လေး အသက်ကြီးလာကာ သြရသကြီးအရွယ်သို့ ရောက်ရှိ နေပြီ။ သြရသကြီးမှာမူ အဘိုးကြီးတစ်ပိုင်း ဖြစ်၍နေလေပြီ။ သို့သော် သူတို့နှစ်ယောက် ပြေးလျက်ရှိတုန်းပင်။ သူတို့ ရပ်လိုက်တိုင်း ရန်သူများရောက်လာသဖြင့် ရပ်ဆိုင်းခြင်းကို သူတို့ ကြောက်ရွံ့နေပြီ။ ထို့ကြောင့် ပြေးလျက်သာ ပြေးရသည်။ ပြေးလွန်းသဖြင့် သူတို့ မူလကမ်းခြေကို သူတို့ မမှတ်မိတော့။ ထို့အပြင် ကမ်းခြေကို ဘယ်တော့မှ ပြန်မရောက်ကြ။ ပြန်ရောက်သည့်တိုင် ကမ်းခြေ၏အရသာကို မသိနိုင်ကြတော့။ အဘယ်ကြောင့်ဆိုသော် သူတို့ ပြေးနေရသည်။
၁၂၄၊၁၂၅၊၁၂၆၊၁၂၇၊၁၂၈၊၁၂၉၊၁၃၀၊၁၃၁၊၁၃၂၊၁၃၃၊၁၃၄၊၁၃၅၊၁၃၆၊၁၃၇၊၁၃၈၊၁၃၉၊၁၄၀၊ ၁၄၁၊၁၄၂၊၁၄၃၊၁၄၄၊၁၄၅၊၁၄၆၊၁၄၇၊၁၄၈၊၁၄၉၊၁၅၀၊၁၅၁၊၁၅၂၊၁၅၃၊၁၅၄၊၁၅၅၊ ၁၅၆၊၁၅၇၊၁၅၈၊၁၅၉၊၁၆၀၊၁၆၁၊၁၆၂၊၁၆၃၊၁၆၄၊၁၆၅၊၁၆၆၊၁၆၇၊၁၆၈၊၁၆၉၊၁၇၀၊ ၁၇၁၊၁၇၂၊၁၇၃၊၁၇၄၊၁၇၅၊၁၇၆၊၁၇၇၊၁၇၈၊၁၇၉၊၁၈၀၊၁၈၁၊၁၈၂၊၁၈၃၊၁၈၄၊၁၈၅၊ ၁၈၆၊၁၈၇၊၁၈၈၊၁၈၉၊၁၉၀၊၁၉၁၊ ၁၉၂၊၁၉၃၊၁၉၄၊၁၉၅၊၁၉၆၊၁၉၇၊၁၉၈၊၁၉၉၊၂၀၀၊ ၂၀၁၊၂၀၂၊၂၀၃၊၂၀၄၊၂၀၅၊၂၀၆၊၂၀၇၊၂၀၈၊၂၀၉၊၂၁၀၊၂၁၁၊၂၁၂၊၂၁၃၊၂၁၄၊၂၁၅၊၂၁၆၊၂၁၇၊ ၂၁၈၊၂၁၉၊၂၂၀၊၂၂၁၊၂၂၂၊၂၂၃၊၂၂၄၊၂၂၅၊၂၂၆၊၂၂၇၊၂၂၈၊၂၂၉၊၂၃၀၊၂၃၁၊၂၃၂၊၂၃၃၊၂၃၄၊ ၂၃၅၊၂၃၆၊၂၃၇၊၂၃၈၊၂၃၉၊၂၄၀၊ ၂၄၁၊၂၄၂၊၂၄၃၊၂၄၄၊၂၄၅၊၂၄၆၊၂၄၇၊၂၄၈၊၂၄၉၊၂၅၀၊ ၂၅၁၊၂၅၂၊၂၅၃၊ ၂၅၄၊၂၅၅၊၂၅၆၊၂၅၇၊၂၅၈၊၂၅၉၊၂၆၀၊၂၆၁၊၂၆၂၊၂၆၃၊၂၆၄၊၂၆၅၊၂၆၆၊၂၆၇၊ ၂၆၈၊၂၆၉၊၂၇၀၊၂၇၁၊၂၇၂၊၂၇၃၊၂၇၄၊၂၇၅၊ ၂၇၆၊၂၇၇၊၂၇၈၊၂၇၉၊၂၈၀၊၂၈၁၊၂၈၂၊ ၂၈၃၊၂၈၄၊၂၈၅၊၂၈၆၊၂၈၇၊၂၈၈၊၂၈၉၊၂၉၀၊၂၉၁၊၂၉၂၊၂၉၃၊၂၉၄၊၂၉၅၊၂၉၆၊၂၉၇၊၂၉၈၊၂၉၉၊ ၃၀၀၊၃၀၁၊၃၀၂၊၃၀၃၊၃၀၄၊၃၀၅၊၃၀၆၊၃၀၇၊၃၀၈၊၃၀၉၊၃၁၀၊၃၁၁၊၃၁၂၊၃၁၃၊၃၁၄၊၃၁၅၊ ၃၁၆၊၃၁၇၊၃၁၈၊၃၁၉၊၃၂၀၊၃၂၁၊၃၂၂၊၃၂၃၊၃၂၄၊၃၂၅၊၃၂၆၊၃၂၇၊၃၂၈၊၃၂၉၊၃၃၀၊၃၃၁၊ ၃၃၂၊၃၃၃၊၃၃၄၊၃၃၅၊၃၃၆၊၃၃၇၊၃၃၈၊၃၃၉၊၃၄၀၊၃၄၁၊၃၄၂၊၃၄၃၊၃၄၄၊၃၄၅၊၃၄၆၊၃၄၇၊ ၃၄၈၊၃၄၉၊၃၅၀၊၃၅၁၊၃၅၂၊၃၅၃၊၃၅၄၊၃၅၅၊၃၅၆၊၃၅၇၊၃၅၈၊၃၅၉၊၃၆၀၊၃၆၁၊၃၆၂၊ ၃၆၃၊၃၆၄၊၃၆၅၊၃၆၆၊၃၆၇၊၃၆၈၊၃၆၉၊၃၇၀၊၃၇၁၊၃၇၂၊၃၇၃၊၃၇၄၊၃၇၅၊၃၇၆၊၃၇၇၊ ၃၇၈၊၃၇၉၊၃၈၀၊၃၈၁၊၃၈၂၊၃၈၃၊၃၈၄၊၃၈၅၊၃၈၆၊၃၈၇၊၃၈၈၊၃၈၉၊၃၉၀၊၃၉၁၊၃၉၂၊၃၉၃၊ ၃၉၄၊၃၉၅၊၃၉၆၊၃၉၇၊၃၉၈၊၃၉၉၊၄၀၀၊၄၀၁၊၄၀၂၊၄၀၃၊၄၀၄၊၄၀၅၊၄၀၆၊၄၀၇၊၄၀၈၊၄၀၉၊ ၄၁၀၊၄၁၁၊၄၁၂၊၄၁၃၊၄၁၄၊၄၁၅၊၄၁၆၊၄၁၇၊၄၁၈၊၄၁၉၊၄၂၀၊၄၂၁၊၄၂၂၊၄၂၃၊၄၂၄၊၄၂၅၊ ၄၂၆၊၄၂၇၊၄၂၈၊၄၂၉၊၄၃၀၊၄၃၁၊၄၃၂၊၄၃၃၊၄၃၄၊၄၃၅၊၄၃၆၊၄၃၇၊၄၃၈၊၄၃၉၊၄၄၀၊ ၄၄၁၊၄၄၂၊၄၄၃၊၄၄၄၊၄၄၅၊၄၄၆၊၄၄၇၊၄၄၈၊၄၄၉၊၄၅၀၊၄၅၁၊၄၅၂၊၄၅၃၊၄၅၄၊၄၅၅၊၄၅၆၊ ၄၅၇၊၄၅၈၊၄၅၉၊၄၆၀၊၄၆၁၊၄၆၂၊၄၆၃၊၄၆၄၊ ၄၆၅၊၄၆၆၊၄၆၇၊၄၆၈၊၄၆၉၊၄၇၀၊၄၇၁၊ ၄၇၂၊၄၇၃၊၄၇၄၊၄၇၅၊၄၇၆၊၄၇၇၊၄၇၈၊၄၇၉၊၄၈၀၊၄၈၁၊၄၈၂၊၄၈၃၊၄၈၄၊၄၈၅၊၄၈၆၊ ၄၈၇၊၄၈၈၊၄၈၉၊၄၉၀၊၄၉၁၊၄၉၂၊၄၉၃၊၄၉၄၊၄၉၅၊၄၉၆၊၄၉၇၊၄၉၈၊၄၉၉၊၅၀၀၊ ၅၀၁၊၅၀၂၊၅၀၃၊၅၀၄၊၅၀၅၊၅၀၆၊၅၀၇၊၅၀၈၊၅၀၉၊၅၁၀၊၅၁၁၊၅၁၂၊၅၁၃၊၅၁၄၊၅၁၅၊ ၅၁၆၊၅၁၇၊၅၁၈၊၅၁၉၊၅၂၀၊၅၂၁၊၅၂၂၊၅၂၃၊၅၂၄၊၅၂၅၊၅၂၆၊၅၂၇၊၅၂၈၊၅၂၉၊၅၃၀၊ ၅၃၁၊၅၃၂၊၅၃၃၊၅၃၄၊၅၃၅၊၅၃၆၊ ၅၃၇၊၅၃၈၊၅၃၉၊၅၄၀၊၅၄၁၊၅၄၂၊၅၄၃၊၅၄၄၊၅၄၅၊ ၅၄၆၊၅၄၇၊၅၄၈၊၅၄၉၊၅၅၀၊၅၅၁၊၅၅၂၊၅၅၃၊၅၅၄၊၅၅၅၊၅၅၆၊၅၅၇၊၅၅၈၊၅၅၉၊၅၆၀၊၅၆၁၊ ၅၆၂၊၅၆၃၊၅၆၄၊၅၆၅၊၅၆၆၊၅၆၇၊၅၆၈၊၅၆၉၊၅၇၀၊၅၇၁၊၅၇၂၊၅၇၃၊၇၅၄၊၅၇၅၊၅၇၆၊ ၅၇၇၊၅၇၈၊၅၇၉၊၅၈၀၊၅၈၁၊၅၈၂၊၅၈၃၊၅၈၄၊၅၈၅၊၅၈၆၊၅၈၇၊၅၈၈၊၅၈၉၊၅၉၀၊၅၉၁၊ ၅၉၂၊၅၉၃၊၅၉၄၊၅၉၅၊၅၉၆၊၅၉၇၊၅၉၈၊၅၉၉၊၆၀၀၊၆၀၁၊၆၀၂၊၆၀၃၊၆၀၄၊၆၀၅၊၆၀၆၊၆၀၇၊ ၆၀၈၊၆၀၉၊၆၁၀၊၆၁၁၊၆၁၂၊၆၁၃၊၆၁၄၊၆၁၅၊၆၁၆၊၆၁၇၊၆၁၈၊၆၁၉၊၆၂၀၊၆၂၁၊၆၂၂၊၆၂၃၊ ၆၂၄၊၆၂၅၊၆၂၆၊၆၂၇၊၆၂၈၊၆၂၉၊၆၃၀၊၆၃၁၊၆၃၂၊၆၃၃၊၆၃၄၊၆၃၅၊၆၃၆၊၆၃၇၊၆၃၈၊၆၃၉၊၆၄၀၊ ၆၄၁၊၆၄၂၊၆၄၃၊၆၄၄၊၆၄၅၊၆၄၆၊၆၄၇၊၆၄၈၊၆၄၉၊၆၅၀၊၆၅၁၊၆၅၂၊၆၅၃၊၆၅၄၊၆၅၅၊၆၅၆၊ ၆၅၇၊၆၅၈၊၆၅၉၊၆၆၀၊၆၆၁၊၆၆၂၊၆၆၃၊၆၆၄၊၆၆၅၊၆၆၆၊၆၆၇၊၆၆၈၊၆၆၉၊၆၇၀၊၆၇၁၊၆၇၂၊ ၆၇၃၊၆၇၄၊၆၇၅၊၆၇၆၊၆၇၇၊၆၇၈၊၆၇၉၊၆၈၀၊၆၈၁၊၆၈၂၊၆၈၃၊၆၈၄၊၆၈၅၊၆၈၆၊၆၈၇၊ ၆၈၈၊ ၆၈၉၊၆၉၀၊၆၉၁၊၆၉၂၊၆၉၃၊၆၉၄၊၆၉၅၊၆၉၆၊၆၉၇၊၆၉၈၊၆၉၉၊၇၀၀၊၇၀၁၊၇၀၂၊၇၀၃၊၇၀၄၊ ၇၀၅၊၇၀၆၊၇၀၇၊၇၀၈၊၇၀၉၊၇၁၀၊၇၁၁၊၇၁၂၊၇၁၃၊၇၁၄၊၇၁၅၊၇၁၆၊၇၁၇၊၇၁၈၊၇၁၉၊၇၂၀၊ ၇၂၁၊၇၂၂၊၇၂၃၊၇၂၄၊၇၂၅၊၇၂၆၊၇၂၇၊၇၂၈၊၇၂၉၊၇၃၀၊၇၃၁၊၇၃၂၊၇၃၃၊၇၃၄၊၇၃၅၊၇၃၆၊ ၇၃၇၊၇၃၈၊၇၃၉၊၇၄၀၊၇၄၁၊၇၄၂၊၇၄၃၊၇၄၄၊၇၄၅၊၇၄၆၊၇၄၇၊၇၄၈၊၇၄၉၊၇၅၀၊၇၅၁၊ ၇၅၂၊၇၅၃၊၇၅၄၊၇၅၅၊၇၅၆၊၇၅၇၊၇၅၈၊၇၅၉၊၇၆၀၊၇၆၁၊၇၆၂၊၇၆၃၊၇၆၄၊၇၆၅၊၇၆၆၊ ၇၆၇၊၇၆၈၊၇၆၉၊၇၇၀၊၇၇၁၊၇၇၂၊၇၇၃၊၇၇၄၊၇၇၅၊၇၇၆၊၇၇၇၊၇၇၈၊၇၇၉၊၇၈၀၊ ၇၈၁၊၇၈၂၊၇၈၃၊၇၈၄၊၇၈၅၊၇၈၆၊၇၈၇၊၇၈၈၊၇၈၉၊၇၉၀၊၇၉၁၊၇၉၂၊၇၉၃၊၇၉၄၊၇၉၅၊ ၇၉၆၊၇၉၇၊၇၉၈၊၇၉၉၊၈၀၀၊၈၀၁၊၈၀၂၊၈၀၃၊၈၀၄၊၈၀၅၊၈၀၆၊၈၀၇၊၈၀၈၊၈၀၉၊၈၁၀၊၈၁၁၊ ၈၁၂၊၈၁၃၊၈၁၄၊၈၁၅၊၈၁၆၊၈၁၇၊၈၁၈၊၈၁၉၊၈၂၀၊၈၂၁၊၈၂၂၊၈၂၃၊၈၂၄၊၈၂၅၊၈၂၆၊၈၂၇၊၈၂၈၊ ၈၂၉၊၈၃၀၊၈၃၁၊၈၃၂၊၈၃၃၊၈၃၄၊၈၃၅၊၈၃၆၊၈၃၇၊၈၃၈၊၈၃၉၊၈၄၀၊၈၄၁၊၈၄၂၊၈၄၃၊ ၈၄၄၊၈၄၅၊၈၄၆၊၈၄၇၊၈၄၈၊၈၄၉၊၈၅၀၊ ၈၅၁၊၈၅၂၊၈၅၃၊၈၅၄၊၈၅၅၊၈၅၆၊၈၅၇၊၈၅၈၊၈၅၉၊ ၈၆၀၊ ၈၆၁၊၈၆၂၊၈၆၃၊၈၆၄၊၈၆၅၊၈၆၆၊၈၆၇၊၈၆၈၊၈၆၉၊၈၇၀၊၈၇၁၊၈၇၂၊၈၇၃၊၈၇၄၊၈၇၅၊ ၈၇၆၊၈၇၇၊၈၇၈၊၈၇၉၊၈၈၀၊၈၈၁၊၈၈၂၊၈၈၃၊၈၈၄၊၈၈၅၊၈၈၆၊၈၈၇၊၈၈၈၊၈၈၉၊၈၉၀၊၈၉၁၊ ၈၉၂၊၈၉၃၊၈၉၄၊၈၉၅၊၈၉၆၊၈၉၇၊၈၉၈၊၈၉၉၊၉၀၀၊၉၀၁၊၉၀၂၊၉၀၃၊၉၀၄၊၉၀၅၊၉၀၆၊၉၀၇၊ ၉၀၈၊၉၀၉၊၉၁၀၊၉၁၁၊၉၁၂၊၉၁၃၊၉၁၄၊၉၁၅၊၉၁၆၊၉၁၇၊၉၁၈၊၉၁၉၊၉၂၀၊၉၂၁၊၉၂၂၊၉၂၃၊ ၉၂၄၊၉၂၅၊၉၂၆၊၉၂၇၊၉၂၈၊၉၂၉၊၉၃၀၊၉၃၁၊၉၃၂၊၉၃၃၊၉၃၄၊၉၃၅၊၉၃၆၊၉၃၇၊၉၃၈၊၉၃၉၊ ၉၄၀၊၉၄၁၊၉၄၂၊၉၄၃၊၉၄၄၊၉၄၅၊၉၄၆၊၉၄၇၊၉၄၈၊၉၄၉၊၉၅၀၊ ၉၅၁၊၉၅၂၊၉၅၃၊၉၅၄၊ ၉၅၅၊၉၅၆၊၉၅၇၊၉၅၈၊၉၅၉၊၉၆၀၊၉၆၁၊၉၆၂၊၉၆၃၊၉၆၄၊၉၆၅၊၉၆၆၊၉၆၇၊၉၆၈၊၉၆၉၊ ၉၇၀၊၉၇၁၊၉၇၂၊၉၇၃၊၉၇၄၊၉၇၅၊၉၇၆၊၉၇၇၊၉၇၈၊၉၇၉၊၉၈၀၊၉၈၁၊၉၈၂၊၉၈၃၊၉၈၄၊ ၉၈၅၊၉၈၆၊ ၉၈၇၊၉၈၈၊၉၈၉၊၉၉၀၊၉၉၁၊၉၉၂၊၉၉၃၊၉၉၄၊၉၉၅၊၉၉၆၊၉၉၇၊၉၉၈၊၉၉၉၊၁၀၀၀၊ ၁၀၀၁၊၁၀၀၂၊၁၀၀၃၊၁၀၀၄၊၁၀၀၅၊၁၀၀၆၊၁၀၀၇၊၁၀၀၈၊၁၀၀၉၊၁၀၁၀၊၁၀၁၁၊၁၀၁၂၊ ၁၀၁၃၊၁၀၁၄၊၁၀၁၅၊၁၀၁၆၊၁၀၁၇၊၁၀၁၈၊၁၀၁၉၊၁၀၂၀၊၁၀၂၁၊၁၀၂၂၊၁၀၂၃၊ ၁၀၂၄၊၁၀၂၅၊၁၀၂၆၊၁၀၂၇၊၁၀၂၈၊၁၀၂၉၊၁၀၃၀၊၁၀၃၁၊၁၀၃၂၊၁၀၃၃၊၁၀၃၄၊၁၀၃၅၊ ၁၀၃၆၊၁၀၃၇၊၁၀၃၈၊၁၀၃၉၊၁၀၄၀၊၁၀၄၁၊၁၀၄၂၊၀၁၄၃၊၁၀၄၄၊၁၀၄၅၊၁၀၄၆၊၁၀၄၇၊ ၁၀၄၈၊၁၀၄၉၊၁၀၅၀၊၁၀၅၁၊၁၀၅၂၊၁၀၅၃၊၁၀၅၄၊၁၀၅၅၊၁၀၅၆၊၁၀၅၇၊၁၀၅၈၊၁၀၅၉၊ ၁၀၆၀၊ ၁၀၆၁၊၁၀၆၂၊၁၀၆၃၊၁၀၆၄၊၁၀၆၅၊၁၀၆၆၊၁၀၆၇၊၁၀၆၈၊၁၀၆၉၊၁၀၇၀၊၁၀၇၁၊ ၁၀၇၂၊၁၀၇၃၊၁၀၇၄၊၁၀၇၅၊၁၀၇၆၊၁၀၇၇၊၁၀၇၈၊၁၀၇၉၊၁၀၈၀၊၁၀၈၁၊၁၀၈၂၊ ၁၀၈၃၊၁၀၈၄၊၁၀၈၄၊၁၀၈၅၊၁၀၈၆၊၁၀၈၇၊၁၀၈၈၊၁၀၈၉၊၁၀၉၀၊၁၀၉၁၊၁၀၉၂၊၁၀၉၃၊ ၁၀၉၄၊၁၀၉၅၊၁၀၉၆၊၁၀၉၇၊၁၀၉၈၊၁၀၉၉၊၁၁၀၀၊၁၁၀၁၊၁၁၀၂၊၁၁၀၃၊၁၁၀၄၊၁၁၀၅၊ ၁၁၀၆၊၁၁၀၇၊၁၁၀၈၊၁၁၀၉၊၁၁၁၀၊၁၁၁၁၊၁၁၁၂၊၁၁၁၃၊၁၁၁၄၊၁၁၁၅၊၁၁၁၆၊၁၁၁၇၊ ၁၁၁၈၊၁၁၁၉၊၁၁၂၀၊၁၁၂၁၊၁၁၂၂၊၁၁၂၃၊၁၁၂၄၊၁၁၂၅၊၁၁၂၆၊၁၁၂၇၊၁၁၂၈၊၁၁၂၉၊၁၁၃၀၊ ၁၁၃၁၊၁၁၃၂၊၁၁၃၃၊၁၁၃၄၊၁၁၃၅၊၁၁၃၆၊၁၁၃၇၊၁၁၃၈၊၁၁၃၉၊၁၁၄၀၊၁၁၄၁၊၁၁၄၂၊၁၁၄၃၊ ၁၁၄၄၊၁၁၄၅၊၁၁၄၆၊၁၁၄၇၊၁၁၄၈၊၁၁၄၉၊၁၁၅၀၊၁၁၅၁၊၁၁၅၂၊၁၁၅၃၊၁၁၅၄၊၁၁၅၅၊ ၁၁၅၆၊၁၁၅၇၊၁၁၅၈၊၁၁၅၉၊၁၁၆၀၊၁၁၆၁၊၁၁၆၂၊၁၁၆၃၊၁၁၆၄၊၁၁၆၅၊၁၁၆၆၊၁၁၆၇၊ ၁၁၆၈၊၁၁၆၉၊ ၁၁၇၀၊၁၁၇၁၊၁၁၇၂၊၁၁၇၃၊၁၁၇၄၊၁၁၇၅၊၁၁၇၆၊၁၁၇၇၊၁၁၇၈၊၁၁၇၉၊ ၁၁၈၀၊၁၁၈၁၊၁၁၈၂၊၁၁၈၃၊၁၁၈၄၊၁၁၈၅၊၁၁၈၆၊၁၁၈၇၊၁၁၈၈၊၁၁၈၉၊၁၁၉၀၊၁၁၉၁၊ ၁၁၉၂၊၁၁၉၃၊၁၁၉၄၊၁၁၉၅၊၁၁၉၆၊၁၁၉၇၊ ၁၁၉၈၊၁၁၉၉၊၁၂၀၀၊၁၂၀၁၊၁၂၀၂၊၁၂၀၃၊ ၁၂၀၄၊၁၂၀၅၊၁၂၀၆၊၁၂၀၇၊၁၂၀၈၊၁၂၀၉၊၁၂၁၀၊၁ ၂၁၁၊၁၂၁၂၊၁၂၁၃၊၁၂၁၄၊၁၂၁၅၊၁၂၁၆၊ ၁၂၁၇၊၁၂၁၈၊ ၁၂၁၉၊၁၂၂၀၊၁၂၂၁၊၁၂၂၂၊၁၂၂၃၊၁၂၂၄၊၁၂၂၅၊၁၂၂၆၊၁၂၂၇၊၁၂၂၈၊၁၂၂၉၊ ၁၂၃၀၊၁၂၃၁၊၁၂၃၂၊၁၂၃၃
(၁၂၃၄)
သူတို့နှစ်ယောက်စလုံးသည် ပြေးလွှားခြင်းကို မကြိုက်။ ပြေးရခြင်းသည် သူတို့အတွက် ပင်ပန်းလွန်းလှသည်။ မပြေးလိုကြတော့။ ထို့အတူ ရပ်ဆိုင်းခြင်းသည် သက်တောင့်သက်သာ ရှိသည့်အပြင် သူတို့အတွက် သာလွန်ကောင်းမွန်ကြောင်း သိကြသည်။ သို့သော် သူတို့ မရပ်နိုင်ကြ။ ရပ်ဆိုင်းခြင်းကို ကြောက်ရွံ့နေသည်။ ပြေးမြဲသာ ပြေးရသည်။ အရသာမရှိသည့် ငါးရိုးကို လွှင့်ပစ်ရဲသည့်သတ္တိမျိုးကို သူတို့ ပြန်လည်လိုချင်နေကြသည်။ သို့သော် ဖြဲကားထားသည့် ပါးစပ်ကြီးများကိုလည်း ကြောက် ကြသည်။ သောကြောင့် သူတို့ ပြေးလေသည်။
(၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀)
မြေမှုန်လွင်

0 comments:
Post a Comment