Monday, December 24, 2012

ပိန်ချင်သူများ သတိထားဖွယ်


by General Knowledge on Monday, December 24, 2012 at 2:14am ·


ဧရာဝတီ | Monday, December 24, 2012  အိမ့်သံစဉ်
ပိန်ချင်တဲ့ အမျိုးသမီးတွေအတွက် သတိထား စရာ သင်ခန်းစာပေးတဲ့ သတင်းတစ်ပုဒ်ပါ။ မိန်းကလေးတိုင်း လှချင်ကြတာကတော့ ဓမ္မတာပါဘဲ။ ဒါပေမယ့် မိန်းကလေးတိုင်းရဲ့ အလှဟာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။ 


ခန္ဓာကိုယ် ပိန်ချင်တဲ့ အတွက် ကိုယ်အလေးချိန် ချခဲ့ရာက ကမ္ဘာ့အပိန်ဆုံး အမျိုးသမီး ဖြစ်သွားသူကတော့ ရုရှားနိုင်ငံဖွား မိုနာကို နိုင်ငံမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ်ရှိတဲ့ (Valeria Levitin) ဗလာရီရာ လက်ဗီတင် ဆိုသူပါဘဲ။ 

သူဟာ သူ့ခန္ဓာကိုယ်ကို ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့အတွက်ကို အဟာဓာတ်တွေကို စားသုံးရာမှာ လို အပ်တဲ့ အစားစားတွေကို နှစ်ပေါင်းများစွာ အလွန်အကျွံ လျှော့စားခဲ့ရာမှာ အခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ ခဲ့ ရတာပါ။ 

၁၉ နှစ်အရွယ်က ဗလာရီရာ

 ၃၉ နှစ်အရွယ် ဗလာရီရာ


သူ အသက် ၂၀ ကျော်အရွယ်မှာ မော်ဒယ် တစ်ဦးဖြစ်နိုင်ဖို့အတွက်စတင်ပြီး ခန္ဓာကိုယ်ကို လျှော့ချနိုင်ဖို့ အစားအသောက် ကို စားသင့်တဲ့ အနေထားကနေ လွန်ကဲစွာ လျှော့စားခဲ့ရာမှာ အစားစားချင် စိတ်ပျောက်တဲ့အထိဖြစ်ခဲ့တာပါဘဲ။ 

အမျိုးသား ကျန်းမာရေ ဌာနမှာ(MHS)က ဆရာဝန်ပြောကြားချက် ကတော့ ယခု လက်ရှိ တွင် သူ့ အသက် ၃၉ နှစ်နဲ့ အရပ် အမောင်းက ၅ပေ ၈ လက်မ ရှိသူဖြစ်တဲ့အတွက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ကတော့ ၄ စတုံနဲ့ ၃ အောင်စဘဲ ရှိပါတယ်။ တကယ် ရှိသင့်တာက ၉ စတုံနှင် ၁၂ စတုံ တွင်ရှိနိုင်ရမယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြ ထားပါတယ်။ 

အခုအချိန်မှာတော့ သူက ကိုယ်အလေးချိန် လျှော့ချမယ် မိန်းကလေးတွေကို သူ့ရဲ့ ပိန်ချုံပြီး အပေါင်း အသင်း မိတ်ဆွေတွေ အကြား လူတော မတိုးရဲလောက်အောင် ဖြစ်သွားတဲ့ သူ့ ခန္ဓာကိုယ်ကို ပြသပြီး သင်ခန်းစာ ယူနိုင်ဖို့အတွက် ကိုယ်အလေးချိန် လျှော့ချခြင်းဟာ ကြောက်စရာ ကောင်းကြောင်း သတိပေးပြောဆိုနေပါတယ်။ 

ဗလာရီရာ့ ဆီကို ကိုယ်အလေးချိန် လျှော့ချချင်တဲ့ မိန်းကလေးများက အင်တာနက်မေးလ်တွေနဲ့ ဆက် သွယ် အကြံဥာဏ် တောင်းသူတွေကို သူ့ အနေနဲ့ဖြင့် ကိုယ်အလေးချိန် မလျှော့ဖို့အတွက်ကိုဘဲ အကြံဥာဏ်ပေးတယ်လိုလည်း The sun မှာ ဖော်ထားပါတယ်။ 

Mirror news သတင်းရဲ့ အဆိုအရ သူ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို သေချာ လေ့လာပြီး သင်ခန်းစာ ယူတတ်ကြစေဖို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ 

ငယ်စဉ် ဆယ်ကျော်သက်ဘ၀က ဗလာရီရာနဲ့ ယခု ဗလာရီရာ


Label - ကျန်းမာရေး၊ ဗဟုသုတ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...