ကဲ.............သင်အခုဘာလုပ်မလဲ
ဘွဲ့ရပြီးနောက် ရှောင်နဲ့ဂျင်းဟာ ကုမ္ပဏီတစ်ခုမှာ အတူတူ အလုပ်ဝင်ခဲ့ကြတယ်။ နှစ်ယောက်စလုံးဟာ အလုပ်ကို အလွန်ပဲကြိုးစား ခဲ့ကြတယ်။
နှစ်များစွာကြာပြီးတဲ့အခါမှာ ကုမ္ပဏီသူဌေးက ရှောင်ကို ရာထူးပေးခဲ့ပြီး ဂျင်းကိုတော့ သာမန်အရောင်း ၀န်ထမ်းဘ၀နဲ့ နေစေခဲ့တယ်။တစ်နေ့မှာတော့ ဂျင်းဟာ ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး သူဌေးဆီသွားပြီး အလုပ်ထွက်စာသွားတင်ပြီး စောဒကသွားတက်ခဲ့တယ်။ သူဌေးဟာ အလုပ်ကို ကြိုးစားလုပ်တဲ့သူကို တန်ဖိုးမထားကြောင်းနဲ့ ကပ်ဖားယက်ဖား မျက်နှာချို သွေးတဲ့ ၀န်ထမ်းကိုသာ ရာထူးတိုးပေးကြောင်းပြောခဲ့ တယ် ။
သူဌေးဟာ ဂျင်းနှစ်ပေါင်းများစွာကတည်းက အလုပ်ကြိုးစား ကြောင်း သိခဲ့ပြီးသားပါ။ ဒါပေမယ့် သူနဲ့ရှောင်တို့ကြားက မတူညီမှုတွေကို ဂျင်းနားလည်စေဖို့အတွက် အောက်ပါအတိုင်း ခိုင်းစေခဲ့တယ် ။
ဈေးကွက်ထဲမှာရှိတဲ့ ဖရဲသီးရောင်းတဲ့လူရှိမရှိကို သွားရှာစေခဲ့တယ်။ ဂျင်းဟာသွားပြီး တွေ့ကြောင်းပြောခဲ့တယ် ။ သူဌေးက ဈေးဘယ်လောက်ရှိလဲ မေးတယ်။ ဂျင်းက ဈေးကို တစ်ခေါက်ပြန်သွားပြီး မေးတယ် ။ ပြီးတော့ ပြန်လာပြီး တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရှိကြောင်း ပြန်ပြောခဲ့တယ်။
သူဌေးကပြောတယ်။ မင်းကိုမေးတဲ့အတိုင်း ရှောင်ကို ငါမေးပြမယ်။ ရှောင်ဟာ ဈေးကိုသွားတယ်။ ပြီးတော့ ပြန်လာပြီး ဖြေခဲ့တယ်။ “ဈေးထဲမှာ ဖရဲသီးရောင်းတဲ့သူတစ်ယောက် ရှိပါတယ်။ တစ်ကီလိုဂရမ်ကို ဒေါ်လာ (၁၂)ကျပ်ရောင်းပြီး တစ်ဆယ်ကီလိုဂရမ်ကို ဒေါ်လာ (၁၀၀)ရောင်းပါတယ်။သူ့မှာ ရောင်းဖို့ဖရဲသီး အလုံး ၃၄၀ ရှိပါတယ်။ စားပွဲပေါ်မှာ ၅၈ လုံးတင်ထားပြီး တစ်လုံးစီက ဆယ့်ငါးကီလိုဂရမ်လောက် လေးပါတယ်။ တောင်ပိုင်းကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ယူရောင်းတာပါ။ လတ်ဆတ်နီရဲပြီး အရသာ အလွန်ကောင်းပါတယ်။
ဂျင်းဟာ အလွန်ကို အံ့အားသင့်သွားပြီး သူနဲ့ရှောင်တို့ကြားက မတူညီမှုကို နားလည်သွားခဲ့တယ်။ သူ အလုပ်ထွက်စာမတင်တော့ဘဲ ရှောင်ဆီကနေ အရာရာကိုသင်ယူဖို့ ဆုံးဖြတ်လိုက်တယ် ။
ဘ၀မှာ အအောင်မြင်ဆုံးလူတွေဟာ စေ့စေ့စပ်စပ် သေသေချာချာ လုပ်တယ်။ သူများတွေထက် ပိုတွေးတယ်။ အနက်ရှိုင်းဆုံးကို နားလည်တယ်။ သင် မနက်ဖြန်လောက်သာ မြင်နိုင်တဲ့အရာတွေကို အအောင်မြင်ဆုံးလူတွေက နှစ်ပေါင်းများစွာ ကြိုတွေးပြီး မြင်တတ်ကြတယ်။ နေ့တစ်နေ့နဲ့ နှစ်တစ်နှစ်ရဲ့ ကွာခြားချက်က (၃၆၅)ကြိမ်ရှိပါတယ်။ ကဲ ... အခု သင်ဘာလုပ်မလဲ။
နှစ်များစွာကြာပြီးတဲ့အခါမှ
သူဌေးဟာ ဂျင်းနှစ်ပေါင်းများစွာကတည်
ဈေးကွက်ထဲမှာရှိတဲ့ ဖရဲသီးရောင်းတဲ့လူရှိမရှိကိ
သူဌေးကပြောတယ်။ မင်းကိုမေးတဲ့အတိုင်း ရှောင်ကို ငါမေးပြမယ်။ ရှောင်ဟာ ဈေးကိုသွားတယ်။ ပြီးတော့ ပြန်လာပြီး ဖြေခဲ့တယ်။ “ဈေးထဲမှာ ဖရဲသီးရောင်းတဲ့သူတစ်ယောက် ရှိပါတယ်။ တစ်ကီလိုဂရမ်ကို ဒေါ်လာ (၁၂)ကျပ်ရောင်းပြီး တစ်ဆယ်ကီလိုဂရမ်ကို ဒေါ်လာ (၁၀၀)ရောင်းပါတယ်။သူ့မှာ ရောင်းဖို့ဖရဲသီး အလုံး ၃၄၀ ရှိပါတယ်။ စားပွဲပေါ်မှာ ၅၈ လုံးတင်ထားပြီး တစ်လုံးစီက ဆယ့်ငါးကီလိုဂရမ်လောက် လေးပါတယ်။ တောင်ပိုင်းကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ယူရောင်းတာပါ။ လတ်ဆတ်နီရဲပြီး အရသာ အလွန်ကောင်းပါတယ်။
ဂျင်းဟာ အလွန်ကို အံ့အားသင့်သွားပြီး သူနဲ့ရှောင်တို့ကြားက မတူညီမှုကို နားလည်သွားခဲ့တယ်။ သူ အလုပ်ထွက်စာမတင်တော့ဘဲ ရှောင်ဆီကနေ အရာရာကိုသင်ယူဖို့ ဆုံးဖြတ်လိုက်တယ် ။
ဘ၀မှာ အအောင်မြင်ဆုံးလူတွေဟာ စေ့စေ့စပ်စပ် သေသေချာချာ လုပ်တယ်။ သူများတွေထက် ပိုတွေးတယ်။ အနက်ရှိုင်းဆုံးကို နားလည်တယ်။ သင် မနက်ဖြန်လောက်သာ မြင်နိုင်တဲ့အရာတွေကို အအောင်မြင်ဆုံးလူတွေက နှစ်ပေါင်းများစွာ ကြိုတွေးပြီး မြင်တတ်ကြတယ်။ နေ့တစ်နေ့နဲ့ နှစ်တစ်နှစ်ရဲ့ ကွာခြားချက်က (၃၆၅)ကြိမ်ရှိပါတယ်။ ကဲ ... အခု သင်ဘာလုပ်မလဲ။
ထာဝရတည်တံ့တဲ့အချစ်
တစ်ခါတုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်ဟာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကောင်လေးက ဆင်းရဲတဲ့မိသားစု က လာတဲ့အတွက် ကောင်မလေးမိဘတွေက သဘောမတူပါဘူး။ ဒါနဲ့ ကောင်လေးက ကောင်မလေးတင်မကဘူး၊ သူ့မိဘတွေ သဘောကျအောင် ပါ ကြိုးစားရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကောင်မလေးမိဘတွေက ဒီကောင်လေးဟာ လူကောင်းတစ်ယောက်ဖြစ်ကြောင်
ဒါပေမယ့် ပြဿနာတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကောင်လေးဟာ စစ်သားတစ်ယောက်ဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ သူတို့နိုင်ငံမှာ စစ်ပွဲကြီးဖြစ်တော့မှာဖြစ်တ
“နင်ငါ့ကို လက်ထပ်မလားဟင်” ကောင်မလေး မျက်ဝန်းကနေ မျက်ရည်တွေကျလာပြီး “အင်း”လို့ ပြန်ဖြေခဲ့တယ်။ ပြီးတော့ သူတို့ စေ့စပ်ခဲ့ကြတယ်။ ကောင်လေး တစ်နှစ်ပြည့်ပြီး ပြန်လာတဲ့အခါ လက်ထပ် ကြမယ်လို့ သူတို့ကတိထားခဲ့ကြတယ် ။
ဒါပေမယ့် မထင်မှတ်ပဲ ကံဆိုးမိုးမှောင်ကျတဲ့ ဖြစ်ရပ်တွေက သူတို့ကြားမှာ ပေါ်ပေါက်လာခဲ့ရတယ်။ ကောင်လေးထွက်ခွာသွားပြီး ရက် အနည်းငယ်မှာပဲ ကောင်မလေးဟာ မတော်တဆယာဉ်တိုက်မှုဖြစ်ပွား
နောက်ပိုင်းမှာ သူမသိခဲ့တာက ဦးနှောက်ပိုင်းဆိုင်ရာတချု
“မနေ့က ငါဟာ ချောမောတဲ့ မိန်းကလေးတစ်ဦးပါပဲ၊ ဒီနေ့တော့ ငါဟာ သရဲတစ္ဆေတစ်ကောင်ဖြစ်သွားခဲ့
အဲဒီနောက်မှာတော့ ကောင်မလေးဟာ သူနဲ့ကောင်လေး ထားရှိ ခဲ့တဲ့ ကတိကို ချိုးဖျက်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တယ်။ ကောင်မလေးက သူ့ချစ်သူကောင်လေးဟာ သူ့ကို လိုချင်တော့မှာမဟုတ်ဘူးလို့
ဒီလိုနဲ့ ...
တစ်နှစ်အတွင်းမှာ ကောင်လေးက ကောင်မလေးဆီ စာတွေ အများကြီးရေးခဲ့တယ်။ ဒါပေမယ့် ကောင်မလေးက တစ်စောင်မှ ပြန်စာ မရေးခဲ့ဘူး။ ကောင်လေးက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ကောင်မလေးက ဖုန်းမကိုင်ခဲ့ဘူး။
တစ်နှစ်ပြည့်ပြီးတဲ့အခါ ကောင်မလေးအမေက ကောင်မလေး အိပ်ခန်းထဲလာပြီး ပြောခဲ့တယ်။ “သူ ... စစ်ပွဲကနေ ပြန်လာပြီ”
ကောင်မလေးက ထိတ်လန့်တကြား အော်ဟစ်ခဲ့တယ်။ “အား ... ကျေးဇူးပြုပြီး သူ့ကို သမီးအကြောင်း မပြောပါနဲ့အမေ။ ဒီမှာ ရှိနေ ကြောင်းလည်း မပြောပါနဲ့”
ကောင်မလေးအမေက ဆက်ပြောတယ်။ “သူ လက်ထပ်ပြီးပြီ”။ ပြီးတော့ လက်ထပ်ဖိတ်စာလေးကို ကောင်မလေးလက်ထဲ ထည့်ပေးခဲ့တယ်။
ကောင်မလေးရဲ့ နှလုံးသားဟာ ဟိုးနက်ရှိုင်းတဲ့ သဲပြင်အောက်ခြေ ထဲထိ နစ်ဝင်သွားခဲ့သလိုပါပဲ။ ကောင်မလေးသိလိုက်တာက သူမဟာ ကောင်လေးကိုချစ်နေတုန်းပဲ။ အခုထိ မေ့လို့မရသေးဘူး ဆိုတာကိုပါပဲ။ဝမ်းနည်းမှုတွေ
“ဟင် ... ဒါဘာလဲ”
တချိန်တည်းမှာပဲ ကောင်လေးဟာ သူမအခန်းထဲကို ပန်းစည်းလေး ကိုင်လို့ ၀င်လာခဲ့တယ် ။ သူဟာ ကောင်မလေးရှေ့မှာ ဒူးထောက်လိုက်ပြီး “နင်ငါ့ကို လက်ထပ်မလားဟင်” လို့ မေးခဲ့တယ်။
ကောင်မလေးက မျက်နှာကို လက်နဲ့အုပ်ပြီး “ငါ ရုပ်ဆိုးသွားပြီ” လို့ပြောခဲ့တယ်။
ကောင်လေးက ပြောတယ်။ “နင့်ရဲ့ခွင့်ပြုချက်မရပဲ နင့်အမေက ငါ့ဆီကို နင့်ဓာတ်ပုံတွေပို့ခဲ့ပါတယ်
အချစ်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်တော့မှ မပြောင်းလဲတဲ့ ထာဝရ တည်တံ့တဲ့အရာတစ်ခုပါပဲ။ သင်သာ သူ့ကိုချစ်နေမယ်ဆိုရင် သူဟာ အမြဲတမ်း လှနေလိမ့်မယ်။ သူဟာ အမြဲတမ်းမပြောင်းလဲဘဲ ရှိနေပါလိမ့်မယ်။
သက်တန့်ချို
For more intresting articles, please go to
www.thettantcho.com
0 comments:
Post a Comment