ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောင်းသားနိုင်ငံရေး
ဒီဇင်ဘာလ ၂၂ရက်၊
နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ် ကောင်း/မကောင်း ဆိုတာ အုပ်ချုပ်တဲ့ အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိပါတယ်။ လုံးဝကို တာဝန်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကျဆင်းခဲ့တာဟာ အရင်အနှစ် (၅၀) လောက်က စခဲ့တာပါ၊ အာဏာရှင် အစိုးရ တက်တာနဲ့ပဲ ပညာရေးစနစ်ဟာ ယိမ်းယိုင်ခဲ့တယ်၊ ဘာဖြစ်လို့လဲလို့ သေချာစဉ်းစားလို့ရှိရင်
အာဏာရှင် အစိုးရဆိုတာ မိမိတို့ အာဏာတည်မြဲရေးကိုပဲ အဓိကစဉ်းစားကြတယ်၊ မိမိတို့ အာဏာ တည်မြဲရေးကိုပဲ အဓိကထားစဉ်းစားတဲ့ အခါကျတော့ ပြည်သူပြည်သားတွေ သိပ့်အင်အားကြီးသွားမှာကို သိပ့်ကြောက်ကြတယ်၊ ပြည်သူပြည်သားတွေ အင်အားရှိလို့ရှိရင် အစိုးရအတွက် အန္တရာယ်လို့ အာဏာရှင် အစိုးရက မြင်ကြတယ်၊
တကယ်တော့ ပြည်သူနဲ့ အစိုးရဆိုတာ တစ်သားတည်းဖြစ်ရမယ်၊ ပြည်သူပြည်သားတွေရဲ့ ဆန္ဒအလျှောက် ရွေးချယ်တင်မြှောက်လိုက်တဲ့
ပြည်သူတွေအင်အားရှိမှ၊ ပြည်သူတွေတော်မှ ဒီအစိုးရဟာလဲ ထိထိရောက်ရောက် လုပ်နိုင်မှာ ဖြစ်တယ်၊
ကျွန်မတို့ ထူထောင်ချင်တဲ့ စနစ်မှာ ဆိုလို့ရှိရင် အစိုးရက ပြည်သူကိုလေးစားရမယ်၊ အစိုးရက ပြည်သူကို ကြောက်ရမယ်၊ မဟုတ်တာလုပ်ဖို့ ကြောက်ရမယ့် အကြောက်မျိုးပဲ ဖြစ်ရမယ်၊ တခြားအကြောက်မျိုးမဟုတ်ရဘူး
ကျောင်းသူကျောင်းသားများကို
မှန်မှန်ကန်ကန်လုပ်နေတဲ့ အစိုးရဟာ ပညာတတ်ပြည်သူပြည်သားတွေကို ကြောက်စရာ လုံးလုံးမရှိဘူးလို့ ယုံကြည်ပါတယ်။
ကျောင်းသားသမ္မဂများဆိုတာ တရားဝင် တက္ကသိုလ်တိုင်းမှာ ထူထောင်ခွင့်ရှိရမယ့် အဖွဲ့အစည်းတွေပါ၊ ဒီလိုရှိမှပဲ ကျောင်းသူကျောင်းသားများဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်သိတတ်တဲ့စိတ် ပြည့်ဝတဲ့ နိုင်ငံရေးလုပ်တတ်မှာပါ။
နိုင်ငံရေးလုပ်တဲ့နေရာမှာ တာဝန်သိဖို့ အများကြီးလိုပါတယ်၊ ကျွန်မတို့ လူငယ်ကျောင်းသားများ နှလုံးသွင်းစေချင်ပါတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ အင်မတန်မှ လေးနက်တဲ့ ကိစ္စပါ၊ အင်မတန်မှ တာဝန်သိမှုလိုအပ်တဲ့ ကိစ္စတစ်ခုပါ၊
တစ်ချို့က နိုင်ငံရေးလုပ်တယ်ဆိုတာ တစ်ချိန်လုံး အော်နေဟစ်နေရတယ်လို့ ထင်ပါတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ အော်ဖိုအချိန်ကျ အော်ရမယ်၊ ငြိမ်းငြိမ်းလေးနေဖို့ အချိန်ကျရင် ငြိမ်းငြိမ်းလေးနေရမယ်၊
ဘယ်အချိန်မှာ အော်ရမယ်၊ ဘယ်အချိန်မျာ ငြိမ်းငြိမ်းလေးနေရမယ်ဆိုတာ
နိုင်ငံရေးဆိုတာ ဂီတတစ်ပုဒ်လိုပေါ့၊ တစ်ချိန်လုံးတီးလုံးက တစ်ချိန်လုံး တစ်သံတည်းထွက်ပြီး ကျယ်လောင်နေလို့ ရှိရင် ရေရှည်မှာ နားထောင်လို့ မရဘူး၊ တကယ်ဂီတ အရသာပါတယ်ဆိုရင် တစ်ချို့နေရာမှာ နှေးရမယ်၊ တစ်ချို့နေရာမှာ မြန်ရမယ်၊ ကျယ်သင့်တဲ့ နေရာမှာ ကျယ်ရမယ်၊ တိုးသင့်တဲ့ နေရာမှာ တိုးရမယ်၊ ပညာပါရမယ်၊
တစ်ချို့က ပညာပါတယ်ဆိုတာ ဘယ်လိုနားလည်လဲ ဆိုတော့ လူလည်လုပ်တာလို့ နားလည်တယ်၊ ပညာပါတယ်ဆိုတာ လူလည်လုပ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ပညာပါတယ်ဆိုတာ မှန်မှန်ကန်ကန် သုံးသပ်လုပ်တယ်ဆိုတာ ပြောချင်ပါတယ်။
ကျွန်မတို့နိုင်ငံမှာ အခု အဆင့်မြှင့် ပညာရေးအတွက် ဥပဒေကို လွှတ်တော်ထဲမှာ ပြင်ဆင်နေပါတယ်။ ဒီလိုဥပဒေဆွဲရခြင်း အကြောင်းက ကျွန်မတို့ နိုင်ငံက လူငယ်တွေဟာ တကယ်အဆင့်မှီတဲ့ တက္ကသိုလ်ပညာရရှိရေးတင် မကပါဘူး၊ တကယ်အဆင့်မှီတဲ့ နိုင်ငံသူနိုင်ငံသားများ ဖြစ်လာဖို့ဖြစ်ပါတယ်၊
တက္ကလိုလ်တစ်ခုမှာ ဆိုလို့ရှိရင် တက္ကသိုလ်ကျောင်းသူကျောင်းသာ
အဲဒီလိုပရ၀ဏ်ဆိုတာ အင်မတန်မှ တက်ကြွရမယ်၊ ရှင်သန်ရမယ်၊ ထိုက်သင့်ရမယ်၊ လွတ်လပ်ရမယ်၊ ကိုယ့်စည်းကိုယ်ထိန်းထားတဲ့
ချည်ထားတဲ့ နှောင်ထားတဲ့ ပရ၀ဏ်မျိုးမဖြစ်ရဘူး၊ အဲဒီလို ပရ၀ဏ်မျိုးမှာ ကျွန်မတို့ ကျောင်းသူကျောင်းသားလူငယ်မျ
အဲဒါကြေင့် နိုင်ငံရေးနဲ့ ပညာရေးဆိုတာ အင်မတန်မှ နီးကပ်ဆက်စပ်နေပါတယ်၊ နောက် လူမှုရေးနဲ့ နိုင်ငံရေးထိစပ်နေတာ ကတော့ တရားဥပဒေ စိုးမိုးရေးပါပဲ။
မြန်မာ့ဒီမိုကရေစီခေါင်းဆော
0 comments:
Post a Comment