ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင်နဲ့  မြန်မာဘီယာက ဒုဗိုလ်မှုးကြီးနေ၀င်တို့ ကတော့ ဒီလို လုပ်ဆောင်နေပါတယ်။
Author: lubo601 |
12:33 PM |
No မှတ်ချက် |
Nik Nayman's photo.
ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင် နဲ့  ဒုဗိုလ်မှုးကြီးနေ၀င်း (မြန်မာဘီယာ) တို့  နှစ်ယောက် ပေါင်းပြီး “Myanmar Noble College” ကို သ
ိန်းထောင်ပေါင်းများစွာ ရင်းနှီးပြီး တည်ထောင်ထားပါတယ်။ ဒီ “Myanmar Noble College” တည်ထောင်ရာမှာ ပညာရေးကို စီးပွားရေးအသွင်နဲ့  လုပ်ဆောင်နေ ပါတယ်။
အမှတ် (၁၀၈) နှင်းဆီလမ်း၊ အလုံမြို့ နယ်၊ ရန်ကုန်မှာ တည်ရှိတဲ့ ဒီ “Myanmar Noble College” က ဖေါ်ပြထားတဲ့ အင်္ဂလန်နိုင်ငံ City of Sunderland College က အသိအမှတ်ပြုတယ်ဆိုတာ မဟုတ်ပါဖူး။ အဆိုပါ City of Sunderland College ရဲ့  International Office မှ angela.lister@sunderlandcollege.ac.uk ကို email ပို့ ရင် မမှန်ကန်ကြောင်း သိနိုင်ပါတယ်။
ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင် နဲ့  ဒုဗိုလ်မှုးကြီးနေ၀င်း (မြန်မာဘီယာ) တို့  ပညာရေးကို အကြောင်းပြ ခုတုံးလုပ်ပြီး ငွေကြေးနဲ့ စီးပွားရှာနေခြင်းသာ ဖြစ်ပါတယ်။ ဒါကို မကျေနပ်တဲ့ ကျောင်းသားတွေရဲ့ ကျောင်းတွင်းဆန္ဒပြမှုက အကြိမ်ကြိမ်ပါ။ ဒါပေမယ့် အပြင်ကိုတော့ မပေါက်ကြားပါဘူး။
ဒီ ဗိုလ်မှုးကြီးတွေ ကျောင်းကို ရောက်လာတိုင်း တပ်ထဲကလို ဆဲဆိုသံတွေက ကျောင်းနဲ့  မတူအောင်ပါဘဲ။ ကျောင်းသားတွေကလဲ တလ (၃) သိန်းနှုန်းနဲ့  (၁၀) သိန်း ကြိုတင်ပေးသွင်းထားရတော့ ဆုတ်လည်းဆူး ဆက်သင်နေရတာလည်း မထူး အနေအထားပါ။ ပိုဆိုးတာက Engineering လိုဘာသာရပ်ကို ဆရာ ၃ယောက်လောက်နဲ့  သင်ကြားနေတာပါ။
ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင် နဲ့  ဒုဗိုလ်မှုးကြီးနေ၀င်း (မြန်မာဘီယာ) တို့  တည်ထောင်ထားတဲ့ ဒီ “Myanmar Noble College” ရဲ့  ကြော်ငြာက အရမ်းကြော်ငြာတော့ ယုံမိတာပါ။ နိုင်ငံခြားကျောင်းတွေနဲ့ ချိတ်တယ်ဆိုတာလဲ ပြည်တွင်းက နိုင်ငံခြားပို့ တဲ့ Crown Agency နဲ့  ချိတ်ပြီး သူတို့ ကိုဘဲ အသိမှတ်ပြုသလို ညာတာပါ။
မြန်မာဘီယာက ဒုဗိုလ်မှုးကြီး နေ၀င်း ဟာ DSA -17 ကျောင်းဆင်းဖြစ်ပြီး၊ DSA – 12 ကျောင်းဆင်း ဗိုလ်မှူးကြီး မြင့်အောင် ဦးပိုင်က ဖြစ်ပြီး စီမံကိန်းတွေရဲ့  တာဝန်ခံဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တာဝန်ရှိတဲ့သူ ဖြစ်ပါတယ်။
သိန်းထောင်ကျော်နဲ့  ရင်းနှီးတည်ထောင်ထားတဲ့ “Myanmar Noble College” တစ်ခုတည်းအရကြည့်တာတောင် ဒီငွေကြေးကို ရိုးသားစွာ ရရှိတာလားဆိုတာ မေးခွန်းထုတ်စရာပါ။
လက်ပံတောင်းတောင်ဒေသက ပြည်သူတွေနဲ့  ရဟန်းသံဃာတော်တွေကတော့ ဘ၀တွေလည်း ပျက် သွေးတွေလည်း မြေကျနေရပါတယ်။

- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment