သစ်ထူးလွင် သတင်းစုစည်းမှု (၅-၁၂)
သစ်ထူးလွင်
|
- လက်ပန်းတောင်းတောင် ကော်မရှင် စုံစမ်းစစ်ဆေးမှု စတင်
- လက်ပံတောင်းတောင် အကြမ်းဖက်မှု တောင်ကြီး ဘုန်းကြီးကျောင်းတိုက် ၁၀၀ ကျော် ဆန္ဒထုတ်ဖော်
- မြန်မာ - အမေရိကန် ကမ္ဘာအနှံ့ ပထမဆုံး ငွေလွှဲ စတင်
- အီဂျစ် သမ္မတ အိမ်တော်ကို ဝိုင်းဆန္ဒပြ
- ကုလအရေးပေါ် ကူညီရေးမှူး မြန်မာပြည်လေ့လာ
- အဂတိလိုက်စားမှု အများဆုံးနိုင်ငံစာရင်းထဲမှာ မြန်မာပါရှိ
- ထိုးကြိတ်ခံရသော စိတ်မနှံ့သူ သေဆုံးမှုဖြင့် တပ်မတော်သား နှစ်ဦးအား အရေးယူ
- တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ချင်းရွာ ၉ရွာရှိ ဒေသခံများ တရားဝင် ဆန္ဒထုတ်ဖော်သွားမည်ဟုဆို
- ကျောက်ဖြူ မဒေးကျွန်း တရုတ် စီမံကိန်းတွင် အသက် ၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
- အမေရိကန်သံရုံးကား ဒက္ကားတွင် တိုက်ခိုက်ခံရ
- ဘုရားသုံးဆူရဲဖမ်းဆီးထားစဉ် သေဆုံးခဲ့သူအား ယနေ့ မီးသင်္ဂြိုလ်
- ပေါင်းလောင်းဆည်ကြောင့် ပျက်စီးဆုံးရှုံးမှု သိမြင်စေရန် မီဒီယာများကို ဖိတ်ခေါ်
- အမေရိကန်အဆင့်မြင့်အရာရှိများ သံဃာတော်များနှင့် ဆွေးနွေး
- ပဋိပက္ခရှိခဲ့သော်လည်း ရခိုင်ပြည်နယ်၌ စပါးထွက်နှုန်းတိုးနေ
- အမျိုးသားနေ့၌ နတ်မောက်သွားကာ အကြွေးဆပ်မည့် ဒေါ်အောင်ဆန်းစုကြည်
- မြန်မာမှ ထိုင်းသို့ တရားမ၀င် ၀င်ရောက်မှုတွင် ဆက်တိုက် ဖမ်းဆီးခံရမှုများ ရှိနေ
- မိုးထိမိုးမိ ကိစ္စ ဒေါ်စန္ဒာမင်း နှင့်တွေ.ဆုံ မေးမြန်းခန်း (ရုပ်/သံ)
- ပေါက်တောမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ ရှိ၊ မရှိ စစ်ဆေးခြင်း နှောင့်နှေးနေ
- တရုတ်-မြန်မာ ကုန်သွယ်မှု မှောင်ခိုဖမ်းဆီးရာ ကုန်သည်လေးများသာ အများဆုံးဖမ်းမိ
- အခါလွန်မိုးကြောင့် ဒေးဒရဲမြို့နယ်ရှိ စပါးစိုက်ဧက ၇၀ ရာခိုင်နှုန်းကျော် ပျက်စီးဟုဆို
- "၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တောင်းဆိုမည်
- ဝေဆာကုမ္ပဏီ၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဒေသခံများ ကျန်းမာရေး ချို့တဲ့လျက်ရှိ
- နောက်ကြောင်းပြန်မလှည့်ရန် အားလုံးမှာ တာဝန်ရှိသည်
- ဒီဇင်ဘာလ (၆)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၉
- ဒီဇင်ဘာလ (၆)ရက်နေ့ ထုတ် Venus News Weekly အတွဲ-၄ အမှတ် ၂၀
Posted: 05 Dec 2012 08:02 AM PST
ဝက်မှေးရွာသူရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဦးဇော်မြင့်ဖေ (စုံစမ်းရေးအဖွဲ့ဝင်ကနေ သူတို့နားလည်ထားတာကတဲ့ ယာမြေလျော်ကြေးတွေပေးပြီးသားမဟု
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 06:29 AM PST
လူအများ အံ့သြ တုန်လှုပ် ခဲ့ရသော လက်ပံတောင်း တောင် စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒ ထုတ်ဖော်သည့် သံဃာတော် များကို အကြမ်းဖက် ဖြိုခွင်းခြင်း နှင့် ပတ်သတ်၍ တောင်ကြီး မြို့ရှိ ဘုန်းတော်ကြီး ကျောင်း တစ်ရာကျော် မှ သံဃာတော် များက ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 06:24 AM PST
နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ငွေပေးချေခြင်း လုပ်ငန်းများ ဆောင်ရွက် နေသည့် အမေရိကန် အခြေစိုက် Western Union Company က မြန်မာ အရှေ့တိုင်းဘဏ် (MOB) နှင့် ချိတ်ဆက်ကာ ကမ္ဘာအနှံ့ ငွေလွှဲ ပို့ခြင်းကို စတင် နေပြီ ဖြစ်ကြောင်း မြန်မာ အရှေ့တိုင်းဘဏ်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 06:10 AM PST
သမ္မတဟာ သူ့ကိုယ်သူ ဘုရားထက် မြင့်တဲ့ နေရာယူပြီး သူ့ကို ပြန်မေးခွန်း မထုတ်နိုင်အောင် လုပ်ထားတယ်လို့ ဆန္ဒပြသူ တယောက်က ပြောကြား သွားပါတယ်။ တနေရာမှာ သံဆူးကြိုးကို ဖြတ်ကျော် ဖို့ ကြိုးစားတဲ့ ဆန္ဒပြ သမား တွေကို ရဲက မျက်ရည်ယို ဗုံးသုံးပြီး လူစုခွဲ ခဲ့ပါတယ်။ သမ္မတ မော်စီ အိမ်တော်က ထွက်သွားပြီ ဖြစ်လို့ အေးအေးချမ်းချမ်း ရှိကြဖို့ ရုပ်သံ ကြေညာချက်ကို လုံခြုံရေး တပ်တွေက ထုတ်လွှင့် ပေးခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 05 Dec 2012 06:02 AM PST
ကုလသမဂ္ဂ လူမှု ကူညီရေး ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ် ညှိနှိုင်းရေးမှူး Valerie Amos မြန်မာနိုင်ငံက လူမှု ကယ်ဆယ်ရေး လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို ကိုယ်တိုင် လေ့လာ နိုင်ဖို့ ၄ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၃ ရက်နေ့ ညက ရောက်ရှိ လာပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 05:51 AM PST
၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေ အနေကို လေ့လာရာမှာ မြန်မာ နိုင်ငံဟာ အဆိုးဝါးဆုံး နိုင်ငံထဲမှာ ပါရှိနေတာ တွေ့ရပါတယ်။ နိုင်ငံတွေရဲ့ ပွင့်လင်း မြင်သာမှုနဲ့ အဂတိ လိုက်စားမှု အခြေအနေ ကို လေ့လာတဲ့အဖွဲ့Transparency International ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ---
သတင်း အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 05:37 AM PST
ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)၊ (၁၇) ရပ်ကွက်၌ တပ်မတော်သား နှစ်ဦးက စိတ်မနှံ့သူ တစ်ဦးအား ဝိုင်းဝန်း ထိုးကြိတ် ၍ သေဆုံးခဲ့သည်ဟု ဆိုကာ ရပ်ကွက်အတွင်း နေထိုင်သူများက ဝိုင်းဝန်း ဖမ်းဆီးပြီး ဒဂုံတောင် ရဲစခန်း၌ အမှုဖွင့် ထားကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 04:36 AM PST
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံကူမင်းအထိ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် စိုက်ခင်းများဆုံးရှုံး ရမှုများ ဖြစ်ပေါ်ခဲ့ သည်ဟုဆိုကာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့ နယ်ရှိ ချင်းရွာ ၉ ရွာမှ ဒေသခံများက တရားဝင် စာတင်ကာ ဆန္ဒထုတ်ဖော်သွား မည် ဖြစ်ကြောင်း ဂုတ်ကြီးရွာရှိ ဒေသခံများ ၏ ပြောကြားချက်အရ သိရ သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 05:28 AM PST
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်မှ ပြုလုပ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း၌ အသက် (၇) နှစ် အမျိုးသမီးငယ် တစ်ဦး လွန်ခဲ့သော နှစ်ရက်က မုဒိမ်းကျင့် သတ်ဖြတ် ခံခဲ့ရသည်ဟု သိရသည်။ အသတ်ခံရသူ အမျိုးသမီးငယ်မှာ ကျောက်ဖြူမြို့နယ် မီးကျောင်း ရေသောက် ကျေးရွာမှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 03:54 AM PST
အမေရိကန် သံရုံးက ကားတစ်စီးဟာ မနေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်မှာ တိုက်ခိုက် ခံခဲ့ရပါတယ်။ လက်ရှိ အစိုးရကို အတိုက်အခံ ပြုလုပ်နေတဲ့ ပါတီတွေထဲက ဒုတိယ အင်အား အကြီးမားဆုံး ပါတီ တစ်ခု ဖြစ်တဲ့ ဂျာမတ် အစ္စလာမ်မစ်က ပြုလုပ်တဲ့ နိုင်ငံနဲ့ အ၀န်း အသွားအလာ ရပ်ဆိုင်းရေး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 03:41 AM PST
ကရင်ပြည်နယ်၊ ကြားအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းက ဖမ်းဆီးထားစဉ် သေဆုံး သွားသော ဦးသိန်းမြင့်(ခေါ်) ဦးသားငယ် အသက်(၄၇)နှစ်၏ ရုပ်အလောင်းကို ယနေ့မွန်းလွဲပိုင်းက မီးသင်္ဂြိုလ် ခဲ့ကြောင်း ဆွေးမျိုး တော်စပ် သူတို့ထံမှ သိရသည်။ ရဲစခန်းက ဓါးပြမှုနှင့် ပစ္စည်းခိုးမှု စွပ်စွဲချက်များဖြင့်----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 03:22 AM PST
ရှမ်းပြည် တောင်ပိုင်း ပင်လောင်း မြို့နယ်ထဲက ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ရွာပေါင်း ၂၀ ရေလွှမ်း ခံရဖွယ်ရှိ နေတာကို တာဝန်ရှိသူတွေ ထိထိ ရောက်ရောက် ထောက်ပံ့ မပေးတဲ့အတွက် ပြည်တွင်းပြည်ပ မီဒီယာတွေ အနေနဲ့ လာရောက် ကြည့်ရှုဖို့ ဒေသခံတွေက ဖိတ်ခေါ် လိုက်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 03:10 AM PST
အမေရိကန် အဆင့်မြင့် အရာရှိတွေ ပါဝင်တဲ့ သုံးဦးအဖွဲ့ဟာ ဒီကနေ့ မန္တလေးမြို့က သံဃာတော်တွေနဲ့ မစိုးရိမ် တိုက်သစ်မှာ တွေ့ဆုံပြီး တံခါးပိတ် ဆွေးနွေးရာမှာ ရခိုင်အရေး၊ လက်ပန်းတောင်းတောင် အရေးကိစ္စတွေကို သုံးနာရီကြာ မေးမြန်းတယ်လို့ မစိုးရိမ် တိုက်သစ်က ဆရာတော် ဦးဥတ္တမက မိန့်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 02:59 AM PST
“ပဋိပက္ခဖြစ်တဲ့ နေရာတွေ မှာလည်း စပါးခင်းတွေ ရိတ်သိမ်းလို့ ရပါတယ်။ နှစ်ဦးနှစ်ဘက် နားလည်မှု ရှိကြပါတယ်။ ဘင်္ဂလီရွာ ဆိုလို့ရှိရင်လဲ ကိုယ့်စပါးကို သိမ်းပြီးတော့ ရခိုင်ဆိုလို့ ရှိရင်လဲ ကိုယ့်လယ် ကွင်းထဲမှာ ရိတ်သိမ်း နေကြတယ်။ ကျွန်တော် တို့ မြင်တွေ့ နေရတာ ကတော့ နားလည်မှုရှိရှိနဲ့ ကိုယ့်စပါး ကိုယ် ရိတ်သိမ်း နေတဲ့ အနေအထား ရှိပါတယ် ။ --
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 02:47 AM PST
လာမည့် ဒီဇင်ဘာ(၈)ရက်နေ့ အမျိုးသားနေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ မကွေး တိုင်းဒေသကြီး ဖခင်ဗိုလ်ချုပ်၏ ဇာတိနတ်မောက် မြို့နယ်မှ ပြည်သူလူထုနှင့် တွေ့ဆုံကာ ဟောပြောပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ဒီချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရှိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 02:37 AM PST
ထိုင်းနိုင်ငံ ရနောင်းခရိုင် ကလဘူရီမြို့ အနီး၌ ဖမ်းမိသည့် တရားမ၀င် ၀င်ရောက်သည့် မြန်မာ နိုင်ငံသား များအား ထိုင်းနိုင်ငံ ဥပဒေ အရ အရေးယူ ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် ပေးမည် ဖြစ်ကြောင်း သိရသည်။ “ဖမ်းဆီးမိတဲ့ သူတွေကိုတော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 02:26 AM PST
မိုးထိမိုးမိ ရွှေမိုင်း အလုပ်သမားများနှင့် အမျိုးသား စီးပွား တိုးတက်ရေး ကုမ္ပဏီ တို့၏ ဆွေးနွေး ညှိနှိုင်းပွဲကို NLD မှ ကြားဝင် ညှိနှိုင်း ဖြေရှင်းပေးသည့် ကိစ္စ ဒေါ်စန္ဒာမင်း(ဇမ္ဗူသီရိမြို. နယ်ပြည်သူ. လွှတ်တော် ကိုယ်စားလှယ်) နှင့်တွေ.ဆုံ မေးမြန်းခန်း (တင်ဆက်-ဒေါ်ညိုမာသက်)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 02:18 AM PST
ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ ရှိ၊ မရှိ စစ်ဆေး ခဲ့ရာတွင် ရိုဟင်ဂျာဟု တောင်းဆို နေမှုများကြောင့် စစ်ဆေးမှုများ နှောင့်နှေး နေခဲ့ရကြောင်း သတင်း ရရှိပါသည်။ စစ်ဆေးရာတွင် အသက် ၁၈ နှစ် ပြည့်သူ ဘင်္ဂါလီများ၏ ဘိုးဘွားများ၊ အဖေ အမေများ၏ မွေးရာဇာတိ၊ လုပ်ကိုင်ခဲ့သော အလုပ်အကိုင်၊ သေဆုံး ခဲ့သောနေရာ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 02:02 AM PST
တရုတ်-မြန်မာ ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက် (မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း) တွင် တရားမဝင် ကုန်သွယ်မှု များအား Mobile Team ဖွဲ့ကာ စိစစ်ရာ၌ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများ အများဆုံး ဖမ်းမိကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 01:48 AM PST
သုံးရက် ဆက်တိုက် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ အဆက်မပြတ် ရွာသွန်းခဲ့သော အခါလွန် မိုးကြောင့် ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ် အတွင်းရှိ စပါးခင်း အားလုံး၏ ခုနစ်ဆယ် ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 01:08 AM PST
"၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်း "၀" အထူးဒေသ(၂) မှ ဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။ ဒီဇင်ဘာ(၄) ရက်နေ့က "၀" အထူးဒေသ(၂) ရှိ ပန်ဆန်းမြို့ တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Dec 2012 12:56 AM PST
ရှမ်းပြည်နယ် မြောက်ပိုင်း၊ 'o' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ကောင်းဟုန်း ရပ်ကွက်၊ နမ့်လျှံကွင်း အမှတ် (၃)အတွင်းရှိ ဦးရှောက်ချင်း (ဝေဆာကုမ္မဏီ) ပိုင်ဆိုင်သော အရည်အသွေးမြင့် ရာဘာ ကုန်ကြမ်း စက်ရုံမှ ယန္တရား အသံများ၊ အနံ့ဆိုးများ၊ ရေဆိုးများ ထွက်ရှိခြင်း တို့ကြောင့် ရပ် ကွက်နေပြည်သူများ အသက်ရှူ မ၀ခြင်းနှင့် ကျန်းမာရေး ထိခိုက်မှုများ ရှိနေကြောင်း
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 05 Dec 2012 12:41 AM PST
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် မှန်ကန်ရဲဝံ့လှသော ပြုပြင် ပြောင်းလဲ မှုများကြောင့် ကမ္ဘာကပင် မြန်မာကို သြဘာပေး နေချိန်၊ ကမ္ဘာ့ သြဇာအကြီးဆုံး အမေရိကန် သမ္မတပင် လာရောက်ခဲ့ပြီး ဆယ်ရက် အကြာ လက်ပံတောင်းတောင် သပိတ် စခန်းများတွင် ဆန္ဒပြသူများကို အစိုးရက အင်အားသုံး ဖြိုခွင်းလိုက်ရာ ပြည်သူများ အံ့သြမှင်တက် သွားရသည်။
သတ်မှတ်ချိန်အတွင်း အဆိုပါ သပိတ်စခန်းများ မရုပ်သိမ်းလျှင် လူစုခွဲမည်ဟု သက်ဆိုင်ရာက ကြိုတင် သတိပေးထား၍ သိရှိ ထားသော်လည်း သံဃာတော်နှင့် ပြည်သူများ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရစေသည်အထိ အင်အားသုံး ဖြိုခွင်းခဲ့ခြင်း အပေါ် အများပြည်သူက အံ့သြမှင်တက်မိ ခဲ့ကြခြင်းဖြစ်ပါသည်။ အံ့သြမှင်တက်ခြင်းနှင့်အတူ မြန်မာပြည်သူများထံတွင် စိုးရိမ်ပူပန် တစ်ခု ဖြစ်ပေါ်လာသည်။ ယခင် စစ်အစိုးရလက်ထက်က ခြေရာလက်ရာနှင့်ဆင်တူစွာ လက်ပံတောင်းတောင် အရေးတွင် ကိုင်တွယ်ခဲ့၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နောက်ကြောင်း ပြန်လှည့်မည်ကို စိုးရိမ်ပူပန်နေကြမှုဖြစ်၏။ “နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့ ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ ပြည်သူတွေကို မေးကြည့်ရင်တော့ ဘယ်လိုမှ နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒမရှိတော့ပါဘူး။ ပြည်သူက နောက်ပြန်မလှည့်ချင်တဲ့အတွက်ြေ ပါသည်။ သမ္မတဦးသိန်းစိန် ပြောသကဲ့သို့ဝင် ပြည်သူများက ဆိုးရွားသော အုပ်ချုပ်မှုများအောက် ကာလရှည်ကြာနေထိုင်ခဲ့ရပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၌ နေခဲ့ရ၍ လက်ရှိအခြေအနေမှ နောက်ပြန်မလှည့်လို။ 7Day News က ဒေသပေါင်းစုံမှ ပြည်သူ ၃၀ကို လူတွေ့မေးမြန်းကြည့်ရာတွင်လည်း အားလုံးက နောက်ပြန်မလှည့်လိုဟု ဖြေသည်။ သို့သော် အချို့က လက်ရှိအခြေအနေမှာ နောက်ပြန်မလှည့်သော်လည်း ရှေ့သို့လည်းမရောက်ဟု ပြောသူရှိသလို လက်ရှိအစိုးရ လုပ်ကိုင်နေသည်ကိုလည်း မယုံကြည်သေးဟု ပြောသူများလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျ “ယခုအချိန်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အကောင်အထည်ဖော်ခြင်းကို အားပေးသောအားဖြင့် ပြည်တွင်း-ပြည်ပမှ အားပေးထောက်ခံမှု အမြောက်အမြား ရှိနေပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကျွန်မရဲ့ သဘောထားကို မေးမြန်းသူ အများအပြားလည်း ရှိကြပါတယ်။ ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုမြင်လဲ။ “ဂ” ကွေ့ပြန်ကွေ့သွားမှာစိုးရိမ်လား အခုဘယ်ရောက်နေပြီလဲ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ခေတ်သစ်နိုင်ငံရေး သိပ္ပံအယူအဆနှင့် ချိန်ထိုးကြည့်လျှင် ဒီမိုကရက်တိုင်ဇေးရှင်း၏ အဆင့် လေးဆင့်အနက် ပထမအဆင့် သာရှိသေးကြောင်း နိုင်ငံပေါင်း ၁၁၅ ခု၏ ဒီမိုကရေစီအပြောင်းအလဲကို လေ့လာသုံးသပ် ကျမ်းပြုစုခဲ့ပြီးသော ဒီမိုကရေစီအသွင် ကူးပြောင်းရေးလေ့လာသူ ဒေါက်တာ မင်းဇော်ဦးနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူ၊ မြန်မာ့ဖွံ့ဖြိုးရေး သုတေသနစင်တာမှ အကြီးတန်း သုတေသန ဒေါက်တာတင်မောင်သန်းတို့က ပြောသည်။ ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများစွာ လွတ်ငြိမ်းခွင့်ပြုခြင်း၊ ဆန္ဒပြခွင့်ဥပဒေ ပြဋ္ဌာန်းခြင်း၊ စာပေစိစစ်ရေး ဖျက်သိမ်းပေးခြင်း၊ အမည်ပျက်စာရင်း သွင်းထားသူများအား ပယ်ဖျက်ပေးခြင်း၊ ပိုက်ဆံရှိသူတိုင်း လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုခြင်း၊ ရွေးကောက်ပွဲ ဥပဒေပြင်ဆင်၍ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပကာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာအော နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှုများကို ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရက လပေါင်းနှစ်ဆယ်အတွင်း ကမ္ဘာက အံ့အားသင့်အောင် လုပ်ဆောင်ခဲ့သော်လည်း လက်ရှိမြန်မာနိုင်ငံရေးမှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးရာတွင် ပထမဆုံး အဆင့်ဖြစ်သော ဖြေလျော့မှု (Liberalization) အဆင့်သာရှိသေးကြောင်း ဒေါက်တာမင်းဇော်ဦးကသုံးသပ်သည်။ “ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးက တကယ် “စ” လုံးရေ စဖို့တောင်ကြံတဲ့အဆင့်ပဲ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ဒီမိုကရေစီအပြောင်းအလဲနဲ့ ဒီမိုကရေစီဖြစ်ထွန်းတဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် စစချင်း အကူးအပြောင်းဖြစ်တယ်။ အကူးအပြောင်းမဖြစ်ခင်မှာ ဒီအရင်အစိုးရတွေက ဒီမိုကရေစီ မကျတကျ လစ်ဘရယ်လိုက်ဇေးရှင်းဆိုတဲ့ နိုင်ငံရေးတံခါးလေးကို စဖွင့်ပေးတယ်။ အဲဒီကာလတွေပြီးမှ အကူး အပြောင်း တကယ်ဖြစ်လာတယ်။ အကူးအပြောင်းဖြစ်လာရင် ဒီမိုကရေစီဖွံ့ဖြိုးဖို့ လုပ်ရတဲ့ဖြစ်စဉ်တွေ ဖြစ်လာတယ်။ အဲဒီဖြစ်စဉ်တွေ အခြေခိုင်လာပြီ။ နှစ်ပေါင်းများစွာကြာလာတဲ့နောက် consolidation ပေါ့။ ကျွန်တော်တို့အဆင့်က ဒီမိုကရေစီ အကူးအပြောင်းဖြစ်တဲ့ transition အဆင့်လောက်ပြောလို့မရသေးဘူး။ ဘာလို့ပြောလို့ မရသေးလဲဆိုတော့ လက်ရှိအစိုးရက ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲက အားနည်းချက်တွေ အများကြီးရှိတယ်။ အဲဒီလို အားနည်းချက်တွေရှိတဲ့အပေါ်မှာ ကျွန်တော်တို့က လက်ရှိအစိုးရကို နိုင်ငံရေးတံ ခါးဖွင့်ပေးတဲ့ အစိုးရလို့ ကြည့်လို့ရှိရင် ပိုပြီးတော့ သင့်တော်မယ်။” ဒေါက်တာတင်မောင်သန်းကလည်း အဆိုပါအဆင့်များကို နားလည်လွယ်အောင် အဖွင့်၊ အကူး၊ အခိုင်ဟူ၍ အမည်တိုပေးပြီး လက်ရှိမြန်မာရောက်နေသော အဆင့်ကို အောက်ပါအတိုင်း ပြောပါသည်။ “ပညာရပ်ဆိုင်ရာ ရှုထောင့်က ကြည့်မယ်ဆိုရင် အကူးလို့ ပြောလို့မရသေးဘူး။ အဖွင့်ပဲရှိသေးတယ်။ ချုပ်ထားတာတွေကို ဖြေလျှော့နေတဲ့ ကာလပေါ့” နိုင်ငံရေးသိပ္ပံပညာရှင်များက အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြိမ်းခြောက်သော အချက်လေးချက်ရှိသည်ဆိုသည်။ နိုင်ငံ၏ ဂျီဒီပီနိမ့်ကျခြင်း၊ အစိုးရ၊ နိုင်ငံရေးသမားနှင့် နိုင်ငံသားများအားလုံး အရည်အသွေး နိမ့်ကျခြင်း၊ အဖွဲ့အစည်းများအား မကောင်းခြင်း၊ အစိုးရစစ်တပ်မဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့ များရှိပြီး ပြည်တွင်းစစ်ပွဲများ ဖြစ်နေခြင်းစသည်တို့ကြောင့်ဖြစ် “ကျွန်တော်လည်း အသွင်ကူးပြောင်းရေးတွေ အများကြီး လေ့လာခဲ့တယ်။ ကျွန်တော်တို့အသွင်ကူးပြောင်းေ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင်ခဲ့လျှင် ကမ္ဘာကျော်မော်ဒယ်တစ်ခုဖြစ်လာေ ရှားသူ ချင်ကွမ်းချန်က တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲရှီကျင်းပင်အား မြန်မာ့အပြောင်းအလဲကို နမူနာယူရန် တိုက်တွန်းလိုက်သည်။ ပြည်သူတွေ ဘယ်လိုကူညီနိုင်လဲ နိုင်ငံသားတစ်ဦးချင်းဆီက နိုင်ငံသားကောင်းတွေဖြစ်အောင် ကြိုးစားတည်ဆောက်တာဟာ ကနေ့နိုင်ငံရေးလမ်းကြောင်း နောက် ကြောင်းပြန်မလှည့်အောင်၊ ဒီမိုက ရေစီရှေ့ရှုတဲ့ အပြောင်းအလဲအဖြစ် အောင်မြင်အောင် ဆောင်ရွက်ရမယ့် နိုင်ငံသားတစ်ဦးစီရဲ့ တာဝန် လို့ ကျွန်တော်မြင်ပါတယ်။ ဒီလိုတည်ဆောက်နိုင်တာဟာ ကနေ့အပြောင်းအလဲမြန်ဆန်အောင် နိုင်ငံသားတစ်ဦးချင်းဆီရဲ့ အကူအညီပေးမှုလို့ပဲ ပြောလို့ရပါတယ်။ နိုင်ငံသားကောင်းဆိုတဲ့နေရာမှ မိမိရပ်ရေးရွာရေးကအစ တိုင်းပြည်တစ်ခုလုံးရဲ့ အရေးအရာတွေကိုပါ စိတ်ဝင်စားကာ တက်တက်ကြကြ ပါဝင်ဆောင်ရွက်ကာ ဥပဒေနဲ့ အညီ ပြုမူနေထိုင်တာတွေကို ဆိုတာ ပါ။ မတရားတာတွေ့ရင် မြင်ရင်လည်း ရဲရဲဝံ့ဝံ့ မတရားတဲ့အကြောင်း ထုတ်ဖော်ပြောဆိုနိုင်ရပါလိမ့် နိုင်ငံရေးဆောင်းပါးရှင် နေသန်မောင်ကလည်း လူထုတာဝန် ကို အောက်ပါအတိုင်းပြောသည်။ “လူထုက ဘာလုပ်ရမလဲဆိုတော့ ကျွန်တော်ထင်တယ်ဗျ။ ဟိုတုန်းကရှိခဲ့တဲ့ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ ချွတ်ခြုံကျခဲ့တဲ့ ပြဿနာတွေ ဖိနှိပ်တဲ့ပြဿနာတွေက ရှင်းကိုရှင်းရမှာဗျ။ ဘယ်လိုရှင်းမလဲဆိုတော့ အကောင်းဆုံးနည်းက ဒီမိုကရေစီ နည်းကျကျနဲ့ ပွင့်ပွင့်လင်းလင်းတင်ပြ ပြဿနာအားလုံးကို နားထောင်၊ အဲဒီမှာ အားလုံးကျေနပ်နိုင်တဲ့အဖြေကိုရှ တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကလည်း နောက်ကြောင်းမပြန်အောင် လူထုက ကူညီနိုင်ပုံကို အောက်ပါအတိုင်း ပြော သည်။ “ပြည်သူတွေအနေနဲ့ကတော့ ကိုယ်ကိုယ်တိုင်က ငြိမ်းချမ်းစွာဖြေရှင်းတတ်တဲ့ အကျင့်ကို မွေးယူရမယ်။ ဘာလို့လဲဆိုရင် ဘယ်ဒီမိုကရေစီနိုင်ငံမှ ဒီမိုကရေစီစနစ်တစ်ခုကို အကြမ်းဖက်တဲ့နည်းနဲ့ စည်းမဲ့ကမ်းမဲ့ယူလို့မရဘူးလေ။ အဲဒီတော့ ငြိမ်းချမ်းစွာဖြေရှင်းခြင်း နည်းလမ်းနဲ့ပဲ ပြည်သူတွေက အစိုးရကို ကူညီရမယ်။ အဓိကရုဏ်းတွေ ဘာတွေမဖြစ်အောင် လုပ်ရမယ်။ ပြည်သူတွေက စည်းကမ်းရှိရမယ်။ စည်းကမ်းရှိရှိနဲ့ ဖြေရှင်းရမယ်။ ဒီမိုကရေစီနည်းလမ်းကျကျ တိုင်းပြည်က အရှိန်အဟုန်နဲ့ သွားနေတဲ့အချိန်မှာ ပြည်သူကလည်း စည်းကမ်းရှိရှိနဲ့ ပါဝင်ဖို့လိုတာပေါ့။ မိမိကိုယ်တိုင်က ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတဲ့အကျင့်ကို ပျိုးထောင်ပြီး အစိုးရကို ကူညီသင့်တာပေါ့” ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော အထက်ပါအတိုင်းဆို၍ ပြည်သူများက မိမိတို့၏ နစ်နာမှုများကို မတောင်းဆိုရတော့ဟု ဆိုလိုခြင်းမဟုတ်ပါ။ နစ်နာချက်များ၊ အမြင်များ၊ ထင်မြင်ယူဆချက်များကို ပွင့်လင်းစွာ ငြိမ်းချမ်းစွာ တောင်းဆိုရမည်လည်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်များက ပြောသည်။ လူထုအနေဖြင့်လည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို ယခုနှစ်အတွင် |
[Message clipped] View entire message
0 comments:
Post a Comment