မြစ်ဟာ ဘယ်တော့မှ ပြန်မလာဘူး
by Nay Zaw on Saturday, December 22, 2012 at 5:12am
ဘယ်သမ္မတမှ လကမ္ဘာပေါ်မရောက်ဖူးဘူး
မမှားသောရှေ့နေ မသေသောမီး ငြိမ်းလို့ပြီးလည်း ကျန်သောသူမှာ မငြိမ်းဘူး
အဒေါ့ဖ်ဟစ်တလာသာ ပန်းချီဆရာဖြစ်ခဲ့ရင် ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့မှာမဟုတ်ဘူး
ဘုရားသခင်ဟာ ဘယ်တော့မှဘောလုံးပွဲမလောင်းဘူး
မင်္ဂလာဧည့်ခံပွဲတွေသာလုပ်ပြီး ကွာရှင်းပြတ်စဲပွဲတွေ ဘယ်သူမှမလုပ်ဘူး
လေယာဉ်ပျံတီထွင်တဲ့သူဟာ လေထီးကိုထီထွင်ဖို့ မစဉ်းစားခဲ့ဘူး
စစ်လက်နက်တွေအတွက်သာမဟုတ်ခဲ့ရင် ကဒါဖီဟာ သူ့ရေနံတွေကို ဘယ်သူ့ကိုမှရောင်းမှာမဟုတ်ဘူး
နေကြာပန်းခြံပိုင်ရှင်သာဖြစ်ခဲ့ရင် ဗင်းဆင့်ဗန်ဂိုးလည်း ကိုယ့်နားရွက်ကို ဖြတ်မိမှာမဟုတ်ဘူး
ဆိုမာလီကမ်းရိုးတန်းမှာ ဘာသာပေါင်းစုံကိုးကွယ်တဲ့ ဘုရားကျောင်းတွေတည်ထားရင် ပင်လယ်ဓားပြဆိုတာမရှိနိုင်ဘူး
သင်ဇာဝင့်ကျော်သာ ရုပ်ရှင်မင်းသမီးမဖြစ်ခဲ့ရင် ၂၀၁၂မှာ နာမည်မကြီးဘူး
၂၀၁၂ မှာ မာယာပြက္ခဒိန်အရ ကမ္ဘာဟာကမ္ဘာမဟုတ်တော့ဘူး
အချိန်နဲ့ ဒီရေဟာ နပိုလီယံကိုမစောင့်ဘူး
( ဂျစ်ပစီတွေမှာ နိုင်ငံရေးမရှိဘူး )
ရက်စက်တဲ့နေရာမှာ ၃၆၅ ရက်ဆက်နေတဲ့ ပြက္ခဒိန်တောင် ဆက်ဒမ်ဟူစိန်ကိုမမီဘူး
ဖဲကြွေးကို ဖဲဝိုင်းမှာပဲ ဆပ်ကြပေမယ့် ကျောင်းတော်ကရန်ကြွေးကို ကျောင်းတော်မှာ ဘယ်သူမှမဆပ်ကြဘူး
အကြွေးရှိတဲ့သူတိုင်းဖိနပ်မစီးကြကြေးဆိုရင် ဒီကမ္ဘာမှာ ဖိနပ်ရောင်းတဲ့ဆိုင်တွေ မရှိတော့ဘူး
မဟတ္တမဂန္ဒီရဲ့ဝတ်ရုံကို ဘယ်ကမ္ဘာ့အချမ်းသာဆုံးသူဌေး မှ မ၀ယ်နိုင်ဘူး
နိုင်ငံတော်တိုင်းရဲ့အလံတော်ဟာ အာဇာနည်တို့ရဲ့ရုပ်ကလာပ်ကိုလွှမ်းခြုံဖို့ကလွဲလို့ ဘယ်တော့မှမြေမကျဘူး
ဘင်လာဒင်ရဲ့ခေါင်းပေါင်းဟာ တစ်ပြားမှမတန်ဘူး
အရမ်းမြန်ချင်တဲ့ အမေရိကန်တွေဟာ သေတာကလွဲလို့ နှေးကွေးတာကိုမကြိုက်ကြဘူး
မန္တလေးမြို့မှာ မန္တလေးလမ်းမရှိဘူး
ကင်ဂျုံအီသေတော့ ( မြောက်ကိုရီးယားကလွဲလို့ )တစ်ကမ္ဘာလုံးမငိုဘူး
ဗိုက်ဆာနေတဲ့အချိန်မှာသာ ပန်းသီးကြွေကျခဲ့ရင် နယူတန်ဟာ ကမ္ဘာမြေဆွဲအားကို ရှာဖွေခဲ့မှာမဟုတ်ဘူး
ငါးတွေဟာ ဘယ်တော့မှ မအိပ်စက်ကြဘူး
မမြဲခြင်းတရားကလွဲလို့ ဘယ်အရာမှမမြဲဘူး
ကျားတွေဟာ ဥပုသ်မစောင့်ဘူး
ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး
ဂူတစ်ဂူထဲ ခြသေ့င်္နှစ်ကောင်မအောင်းဘူး
“ တတိယကမ္ဘာစစ်ကိုတော့ ဘယ်လို တိုက်ကြခိုက်ကြမယ်ဆိုတာ မပြောချင်တော့ပါဘူး
စတုတ္ထကမ္ဘာစစ်ကိုတော့ ဘယ်လို တိုက်ခိုက်ကြမယ်ဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး
အဲဒီလိုပြောခဲ့တဲ့ အိုင်းစတိုင်းလည်း E = mc ကို ချမပြသင့်ခဲ့ဘူး
ဘယ်သူ့မှ မျက်ရည်အပိုအလျှံမရှိဘူး။ ။
မာန်ထက်သာ
နွယ်နီ မဂ္ဂဇင်း
အမှတ် ၂၁ ၊ ဒီဇင်ဘာ ၊ ၂၀၁၂
0 comments:
Post a Comment