Wednesday, December 5, 2012

ပင်စင်စားတစ်ယောက်ရဲ့ လန်ဒန် လူနေစာရိတ် ဗဟုသုတ နှင့် ဆေးရုံတွင် ယဉ်ကျေးသောနည်းဖြင့် လူသတ်ပေးခြင်း


by Than Saw on Wednesday, December 5, 2012 at 2:03am 


မနေ့က ကိုယ့်ရမဲ့  ၅လ (ရက်ပေါင်း ၁၅၀ အတွက်)  မသေမရှင်ကြွေးထားတဲ့  ထောက်ပုံကြေး ငွေကိုရမယ်လို့ကြားတော့  ပထမမှာ ငွေကြေး ပမာဏမှားနေတယ်လို့ ရုတ်တရက် ထင်မိတယ်။ 
 အဲဒီ ပမာဏက ကိုယ် လွန်ခဲ့တဲ့ ၃နှစ်ကကျော်  အစိုးရရုံးပိတ်ရက်တစ်ရက်မှာ  တရက်ကို နာရီ ၂၀ လုပ်ရင် ဝင်နိုင်တဲ့ ဝင်ငွေရဲ့ တဝက်တောင် မရှိလို့ပါ။
အခုခေတ်အခါမှာတော့ ဒီဝင်ငွေကို ငါးပုံ တပုံအထိလောက်ဘဲ ပေးတဲ့အထိ  ဖြတ်တောက်လိုက်ပါပြီ။ ဒါပေမဲ့လည်း လစာကက များတုန်းပါဘဲ။ တရက်ဝင်ငွေက ပင်စင်စား ရက် ၁၀၀ နီးပါးအတွက် ရသာလောက်ရှိတယ်လေ။

ဒါကြောင့် ရူးတယ်လို့ ပြောကြပေတော့ တနေ့ကို အရင်က ပေါင် ၂၀၀၀ ကျော်ခန့် ဝင်ငွေရနိုင်ခဲ့ အလုပ်က ပါးစပ်ဖွင့်ခြင်လွန်းလို့ အတင်းထွက်ပြေးသာကို ရူးတယ်လို့ ပြောနိုင်ပါတယ်။ ထွက်ခြင်လွန်းလွန်းလို့ ၅ လ ကျော် ဝင်ငွေမရှိ အငတ်ခံပြီး ထွက်ခဲ့တယ်။

(ပိုတောင် ပိုရခဲ့တဲ့သူတွေ ရှိတယ်လေ။ John le Carfé ရေးတဲ့ The Mission Song ဆိုတဲ့ ဝထ္ထုအထဲက စကားပြန်မျိုးက တနေ့ ပေါင် ၅၀၀၀ အပြင် နေ့စဉ်သုံး ခရီး စာရိတ်ပါ ရတယ်လေ။ အခု ခေတ်ငွေပမာဏဆို တနေ့ကို ပေါင် တစ်သောင်းခွဲ လောက်ပေါ့။ ရှေ့နေတွေက တနာရီ ပေါင် ၅၀၀ အနည်းဆုံးရခဲ့ကြတယ်။ ဒီတော့ နိုင်ငံတကာကလာပြေးလာတဲ လူတွေအထဲမှာ ကိုယ့်စားပေါက်အတွက် ကိုယ်လာခဲ့တဲ့ နိုင်ငံကို မီးမြိုက် ချောက်ချခြင်တဲ့ အထဲမှာ နိုင်ငံရေးလုပ်စားသူတွေလိုဘဲ စကားပြန်တွေ ရှေ့နေတွေလည်း ထိတ်ဆုံးကပါတယ်လေ။)



ထောက်ပံကြေးက ငါးလအတွက် ပေါင် ၁၅၀၀ ကျော်လေးဘဲ ပေးပါတယ်။ မသေရုံကြွေးထားသာလေ။ အကုန်မရဘူး။ သောက်သုံးရေခ နဲ့ အခန်းအပူပေးခတွေအတွက် အတွက်  ပေါင် ၇၅၀ ပြန်နှုတ်သွားတယ်။ 



ဒီတော့ တလကို ပေါင် ၂၀၀ လောက်ဘဲ၊ စားဖို့ဝတ်ဖို့ ခရီးစရိတ်အတွက် ပေးသာပါ။ ကိစ္စတော့မရှိပါ။ ကိုယ်က ချွေတာစားနိုင်တယ်လေ။ ကလေးလည်း မရှိဘူး။ အိမ်လခက တလ ပေါင် ၁၀၀၀ ကျော်တော့မယ်။ အလကားပေးနေတယ်လေ။ 


ကမ္ဘာပေါ်မှာ အကောင်းဆုံး မြို့ အကောင်းဆုံးရပ်ကွက်တစ်ခုမှာ အလကားနေရသာကို ကိုယ်ပေးဆပ်ခဲ့ခြင်းတွေအတွက် ဘာမျှရှက်နေစရာမလို။ ကိုယ်ပေးဆပ်ခဲ့တာတွေကို ပြန်ပေးကြပေရော့။

အသက် ၆၀ ကျော်ရင် ဘတ်စကားခ အလကားစီးခွင့်ကို အစိုးရက တိတ်တိတ်ကလေး ကျမ အသက် ၆၀ မပြည့်ခင်မှ ရုတ်သိမ်းသွားတယ်။ တနိုင်ငံလုံး ဆူတာကို အရေးမစိုက်ဘူး။  အခု ၂၀၁၅ ဇူလိုင်ကြမှ အလကားစီးခွင့်ရမယ်။ နောက်လူတွေဆို အသက် ၆၅ - ၆၇ ပြည့်ပြီးမှ ရမယ်ဆိုတော့ ကိုယ်က ၆၂ ခွဲမှာ ရမှာမို့ စိတ်ဖြေသာပါတယ်။

ကိုယ်ဆရာဝန်ပေါက်စကတောင် ထင်နေတယ်။ အခမဲ့ ဆေးကုသခွင့်ကို ၆၀ ကျော်လို့ ရတယ်ထင်နေတယ်။ မဟုတ်ဘူး ဘတ်စကား အခမဲ့ စီးခွင့်လိုဘဲ တိုးလိုက်ပြီး။

ကံကောင်းခြင်တော့ ကိုယ့်မှာရှိတဲ့ ရောဂါမျိုးရှိရင်  အသက် ၁၆ နှစ် လူငယ်လေးတွေတောင် ဆေးအလကားကုခွင့်ရတော့ ဒီရောဂါတွေ ဖြစ်လာဝင်တာဘဲ ကျေးဇူးတင်ရမလိုဘဲ။ အရင်က မျက်စိခွဲဖို့ ကုန်ကျစာရိတ် ပေါင် ၂၅၀၀ ကိုယ် ကိုယ့်ဘာသာကိုယ် ပေးရတယ်။ လစဉ် ဆေးဖိုး အားဆေးဘိုး ကုန်ကျစာရိတ်က ပေါင် ၅၀ ကျော်တယ်။ အခုတော့ အားလုံး အလကားရမယ်။ ကောင်းလိုက်လေ။

ဒါပေမဲ့ တနေ့က တီဗွီမှာ ဆေးရုံရောက်လာတဲ့ တချို့သော သက်ကြီးရွယ်အိုတွေ ကုမရဘူးလို့ထင်တဲ့ လူနာတွေကို အစာဖြတ် ရေဖြတ် ဆေးကုခွင့်ဖြတ်ပြီး ရက်သုံးဆယ်လောက် ဆန့်ငင်ဆန့်ငင်နဲ့ သေအောင် လုပ်တာကို ဝေဖန်နေကြတာကို မြင်ရတာ စိတ်မသက်သာစရာဘဲ။ တချို့သေသွားသူတွေဟာ သေနိုင်လောက်တဲ့ ရောဂါတွေမရှိဘူး။ အသက်ကြီးသာဘဲ ရှိတယ်။

ဗြိတိန်မှာ လူမြင်ကောင်းအောင် လူကြားကောင်းအောင် ကုမရဘူးလို့ ထင်ရတဲ့ လူနာတွေကို Euthanasia လို့ခေါ်တဲ့ ဆေးထိုးသတ်ပေးတာကို ဥပဒေအရ တားမြစ်တယ်။ တချိန်ထဲမှာဘဲ အစာငတ်ရေငတ်ထားပြီး သတ်ပြစ်တယ်လေ။ ဆေးထိုးအပ်နဲ့ဘဲ တစက္ကန့်အတွင်း ကြွအောင်မလုပ်ပေးကြဘူး။


ဘယ်လောက်ဘဲ ဆွေမျိုးတွေက ကန့်ကွက်နေကြပေမဲ့ ဆေးရုံက လုပ်ခြင်ရာလုပ်သာပါဘဲ။ အဲဒီလို ဆေးမကု အစာမကြွေး၊ သောက်ရေမပေးဘဲ ငတ်သေအောင် ဆေးရုံမှာ ဝန်ဆောင်ပေးတဲ့နည်းကို Liverpool Care Pathway နည်း လို့ခေါ်တယ်ကွဲ့။ ဒီလို ဆေးရုံမှာ အသတ်ခံရတဲ့ လူနာ  တဝက်နည်းပါးရဲ့ ဆွေမျိုးတွေကို LCP လုပ်မယ်ဆိုတာကို မပြောပြကြဘူးတဲ့။ ကောင်းပါလေရော။ (မှတ်စု အောက်က လင့်တွေကို ဖတ်ကြပါ။ ဘာသာပြန်ကြပါ။)

 အင်မတန် မိုက်ရိုင်းတဲ့ ရှေးခေတ်ကို ပြန်ဦးတည်နေပြီ။ နိုင်ငံမှာ ငွေမရှိတော့ ကိုယ်နိုင်နိုင်တဲ့ လူတွေကို  မျိုးဖြုတ်နေကြပြီလေ။  

အဲကျမကိုတော့ ငတ်နေလို့ သတ်သေမှာ စိုးသတဲ့ကွယ်။ ဟား ဟား။ တရားရ စရာပါ။ အို ဗြိတိလျှ ခေတ်သစ် လူဘောင်ကြီးရယ်။ တော်သေးတယ်။ လွှတ်တော်မှာ တင်ပြတဲ့ အမှုတစ်ခုဆိုရင် အသက် ၅၀ လား ၅၅ နှစ်လောက်ရှိပြီး နေမကောင်းလို့ လမ်းမလျှာက်နိုင်သူကို ထောက်ပံ့ကြေး ၉  လ မပေးဘူးတဲ့။  ကိုယ်က ၅ လအတွင်းရလို့ တော်သေးတယ်။ ကျေးဇူးတင်ပါတယ်။ ကျမအတွက် စောင့်ရှောက်ပေးလို့ပါ။ ဆေးရုံပေါ်မှာတော့ LCP  မလုပ်လိုက်ပါနဲ့။ Euthanasia လုပ်ပေးပါ။ ဒီဥပဒေကိုလည်း အမြန်ပြဌန်းပေးပါ။ ဘာထူးလို့လည်း။ ပိုတောင် ကုန်ကျစာရိတ် တလလောက် သက်သာမယ်လေ။ လူနာလည်း တလလောက် ဆန့်ငင် ဆန့်ငင် မသေမရှင် နေစရာမလိုတော့ဘူး။

ရိုင်းစိုင်းနေကြသာ ပေါ်တင်ရိုင်းစိုင်းသာဘဲ ကောင်းပါတယ်။ မျက်နှာဖုံးတတ်ပြီး ယဉ်ကျေး ဟန်ဆောင်နေသာကတော့ မြင်ပြင်းကပ်စရာပါ။ 

(အချိန်မရှိလို့ စာမပြင်ထားပါ။ လက်တန်းရေးထားသာဖြစ်တယ်။)
===================

ကွန်မင့်များ


  • Marie Curie Palliative Care Institute Liverpool
    www.liv.ac.uk
    The LCP is an integrated care pathway that is used at the bedside to drive up sustained quality of the dying in the last hours and days of life.
    5 hours ago · Like ·  1 · Remove Preview




  • Half of those on Liverpool Care Pathway never told - Telegraph
    www.telegraph.co.uk
    Almost half of dying patients placed on the controversial Liverpool Care Pathw...See more
    5 hours ago · Like ·  2 · Remove Preview


  • Ninth Aye Pyae Oo ဗဟုသုတရပါတယ်အန်တီ သူ့နိုင်ငံနဲ့သူတော့ အစိုးရဆိုတာပြီးပြည့်စုံတယ်မဟုတ်ပါဘူးနော်
    5 hours ago via mobile · Unlike ·  2


  • Micky Naing အန်တီဒေါ်သန်းစော ခင်ဗျား ....... ဘာတခုမှ ရခဲ့တာ မရှိခဲ့တဲ့ ... နိုင်ငံက .... ရွှေ့ပြောင်း ရောက်ရှိလာသူ ကျနော်တို့ အနေနဲ့တော့ ဒီ အနောက်တိုင်း နိုင်ငံတွေမှာ နေနေ ရတာ တော်ပါသေးတယ်လို့သာ ပြောရမှာပါ ခင်ဗျား ......
    18 minutes ago · Unlike ·  1


  • Than Saw ဟုတ်တယ် Micky Naing ရေ။ ဒါပေမဲ့ နိုင်ငံနဲ့ယဉ်ပြီးတော်သေးတယ်လို့တော့ ပြောလို့ မထွက်နိုင်ပါဘူးကွယ်။

    အရင်ကထဲ Euthanasia ကို ယူကေမှာ ခွင့်မပြုဘဲ အစာကြွေးတဲ့ ပိုက်တန်းလန်းနဲ့ မသေမရှင် နှစ်ချီဆက်လက် ထားခဲ့သာကို တခြားလူအတော်များများ ကန့်ကွက်သလို ကန့်ကွက်ခဲ့တယ်။ အခုလည်း ကန့်ကွက်တုန်းပါဘဲ။ 

    မြန်မာပြည်တောရွာတွေမှာဆိုရင် ရောဂါကြွမ်းနေတဲ့ လူနာတွေ နာက်ဆုံး အသက်ထွက်တဲ့အထိ များသောအားဖြင့် အိမ်မှာထားတော့ အသေမြန်တာကို တွေ့ခဲ့ဘူးတယ်။ စိတ်ထဲက ဒါဘဲ ကောင်းတယ်လို့ ထင်ခဲ့မိတယ်။ 

    အခု ယူကေမှာ ဒီလို ပုံစံကို ဆေးရုံတွေ လူအိုရုံတွေ အိမ်တွေမှာပါ လုပ်လာကြတယ်လေ။ 

    ဒါပေမဲ့လည်း ဆွေမျိုးတွေ လူနာတွေက ဆက်လက် အသက်ရှင်ခြင်နေတာကို အတင်း ရေဖြတ် ဆေးဖြတ် အစာဖြတ်ပြီး နာကျင်မှုကို လျှော့ပေးစေတဲံ့ ဆေးမျိုးကိုဘဲ ထိုးပေးတာတွေ့တော့ မဟုတ်ပြန်ဘူးလို့ တွေးမိပြန်တယ်။ 

    အခုယူကေဆေးရုံ အတော်များများမှာ အသက်ကြီးရင် ဆေးမကုပေးတော့ဘူး။ တချို့က အသက် ၇၀ လောက်ဘဲ ရှိသေးတယ်။ သေနိုင်တဲ့ ရောဂါမရှိဘဲ ဆေးဆက်မကုပေးသာကို ဆွေမျိုးတွေ စိတ်ဆိုးကြသာပါ။ 

    လူနာတဝက်နီးပါးကို LCP လုပ်မယ်ဆိုတာကို ကြိုမပြောပြသာ ခွင့်မတောင်းသာလည်း အင်မတန်မှားတယ်လေ။ ဘယ်လိုဘဲ ဆေးကုသမှုကို ပေးပေး လူနာဆီက ခွင့်ပြုချက်ကို အရင်က တောင်းခဲ့တယ်။ အခုဒါကို သိပ်မလုပ်ကြတော့ဘူး။

    ယူကေမှာ အသက် ၁၀၀ ကျော်အထိ သင့်တော်တဲ့ ကုသမှုပေးရင် ဆက်လက် ကျမ်းမာစွာ နေနိုင်သူတွေ အများကြီးပါ။ 

    ကိုယ်က အသက် ၆၀ ရှိသူက အသက် ၁၀၀ အထိ နေနိုင်တဲ့ အသက် ၇၀ တွေကို ဆက်ဆေးမကုနဲ့ဆိုသာကို မထောက်ခံနိုင်ဘူးကွယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...