Tuesday, December 18, 2012

မိဘစိမ်ရေ မသင့်စေလို


KhingKhing Su shared အနှိုင်းမဲ့ စာတိုပေစများ's photo.
မိဘစိမ်ရေ မသင့်စေလို

ကျွန်းဦးဇမ္ဗူသပြေပင်ရှိရာ အရပ်ဆီကို ဖောင်စကြာနဲ့ လှည့်လည်တော်မူခဲ့တဲ့ မဏိစည်သူမင်းဟာ စိတ်ထဲကခံစားမိတဲ့အတိုင်း ဖောင်တော်ဦးမှာရပ်ပြီး ဟစ်ကြွေးတော်မူခဲ့သတဲ့။

ငါ၏ ဘေးလောင်းတော်၊ ဘိုးလောင်းတော်၊ ခမည်းတော်တို့အား ဤကျွန်းဦးဇမ္ဗူသပြေပင်ကို
မြင်စေချင်ပါဘိသည်-လို့ ဆိုပြီး ၄င်းဘေးလောင်းတော်၊ ဘိုးလောင်းတော်၊ ခမည်းတော်တို့ကို ရှုမြင်စေလို၍ စိတ်နှလုံးကြံစည်ရုံမျှနဲ့ မင်းကြီးရဲ့ မျက်စိတွေဟာ ရုတ်တရက် ကွယ်ခဲ့ရသတဲ့။ ဒီအခါမှာ ပညာရှိ၊ သမား၊ ဟူးရား စသည်တို့ဟာ အထူးထူးသော ဆေးဝါးများဖြင့် ကုသကြပါသော်လည်း ချမ်းသာရာမရခဲ့ရှာဘူး။ ဒီတော့ ပညာရှိမှူးမတ်တို့က---

အရှင်မင်းကြီး...အရှင်မင်းကြီး၏ စိတ်နှလုံးတော်သည် ရှေးဘေးလောင်းတော် ဘိုးလောင်းတော် ခမည်းတော်တို့နှင့်စပ်လျဉ်းပြီး အဘယ်ကဲ့သို့ ကြံစည်မိပါသလဲလို့ မေးလျှောက်ကြသတဲ့။ ဒီအခါမှာ မင်းတရားကြီးက မိမိစိတ်မှာ ကြံစည်မိခဲ့တဲ့အတိုင်း ပြောပြလိုက်သတဲ့။ ဒီတော့ ပညာရှိကြီးများက အရှင်မင်းကြီး...အရှင်ကိုယ်တော်၌ အခြားသောရောဂါကို မမြင်၊ ဤမကြံစည်အပ်သော အရာတို့ကို ကြံစည်မိ၍သာ မိဘဘိုးဘွားတို့ရဲ့ စိမ်ရေသင့်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အပြစ်များ
ကြေပျောက်စေခြင်းငှါ ဘေးလောင်းတော် ဘိုးလောင်းတော် ခမည်းတော်တို့၏ ရုပ်ပုံတော်သဏ္ဌာန်ကို
ရွှေဖြင့်သွန်းလုပ်၍ ပေါက်ပေါက်၊ ဆန်၊ ပန်း တို့ဖြင့် ပူဇော်ကန်တော့ရပါမည်လို့ လျှောက်တင်ကြသတဲ့။

မင်းကြီးလည်း ပညာရှိတို့ရဲ့ စကားအတိုင်း အနောရထာမင်းစောအရုပ်၊ စောလူးမင်းအရုပ်၊ ကျန်စစ်သားမင်းအရုပ်တို့ကို ရွှေဖြင့်သွန်းလုပ်ပြီး ပေါက်ပေါက်၊ ဆန်၊ ပန်းတို့ဖြင့် ရှိခိုးပူဇော် ဖူးမြော်ဦးချတဲ့အခါမှာတော့ အနော်ရထာမင်းစောအရုပ်၊ ကျန်စစ်သားမင်းအရုပ်သာလျှင် မလဲဘဲ ကြံ့ကြံ့တည်နေခဲ့သတဲ့။ အခြားသောအရုပ်မှာတော့ ဦးချလိုက်တာနဲ့ တပြိုင်နက် လဲသွားသတဲ့။ ဒီအခါမှာ မင်းကြီးလည်း မျက်စိအလင်း ပြန်ရခဲ့သတဲ့။

ကဲ ..ကြည့်ကြစမ်း၊ မိမိကဲ့သို့ ရှုမြင်စေလိုတာကို စိတ်နှလုံး ကြံစည်မိရုံနဲ့ပဲ အခုလို စိမ်ရေသင့်ခဲ့ရတယ်ဆိုတော့ အခုခေတ်ကာလဟာ အလွန်မောဟထူပြောတဲ့ ကာလကြီးဖြစ်နေတော့ ဘိုးဘွားမိဘတွေကို မရိုသေခြင်း၊ သီလရှိသူ၊ ကျေးဇူးကြီးသူတို့ကို မရိုသေခြင်း၊ ကိုယ့်မင်းကိုယ့်ချင်း ပြုချင်တဲ့စိတ်တွေ များပြားကြတော့ အနာရောဂါ၊ ကြမ္မာဥပါဒ်၊ ကပ်အန္တရာယ်အမျိုးမျိုး ငြိတွယ်ထိပါးပြီး သက်ရှည်၍ ဘုန်းမကြီး၊ ဘုန်းကြီး၍ သက်မရှည် ဖြစ်ကြရတာပေါ့ကွယ်။ သံသရာမှာတော့ ဆိုဖွယ်ရာမရှိပြီပေါ့။ ပစ္စက္ခမျက်မှောက်ဘဝမှာပဲ ထင်ရှားတဲ့ သာဓကတွေ အများကြီးတွေ့နေကြရတာပဲ။ ဒါကြောင့်မို့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ ထိုစိမ်ရေမှ လွှတ်ကြရအောင် ဂါရဝတရားကို နှလုံးသွင်းပြီး သံဝေဂပြုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

လင်းမြတ်သူ

မှီငြမ်း---ဟံသာဝတီတိုက်ထုတ် မဟာတိတ္ထုံကျမ်းကြီး

ကျွန်းဦးဇမ္ဗူသပြေပင်ရှိရာ အရပ်ဆီကို ဖောင်စကြာနဲ့ လှည့်လည်တော်မူခဲ့တဲ့ မဏိစည်သူမင်းဟာ စိတ်ထဲကခံစားမိတဲ့အတိုင်း ဖောင်တော်ဦးမှာရပ်ပြီး ဟစ်ကြွေးတော်မူခဲ့သတဲ့။

ငါ၏ ဘေးလောင်းတော်၊ ဘိုးလောင်းတော်၊ ခမည်းတော်တို့အား ဤကျွန်းဦးဇမ္ဗူသပြေပင်ကို
မြင်စေချင်ပါဘိသည်-လို့ ဆိုပြီး ၄င်းဘေးလောင်းတော်၊ ဘိုးလောင်းတော်၊ ခမည်းတော်တို့ကို ရှုမြင်စေလို၍ စိတ်နှလုံးကြံစည်ရုံမျှနဲ့ မင်းကြီးရဲ့ မျက်စိတွေဟာ ရုတ်တရက် ကွယ်ခဲ့ရသတဲ့။
ဒီအခါမှာ ပညာရှိ၊ သမား၊ ဟူးရား စသည်တို့ဟာ အထူးထူးသော ဆေးဝါးများဖြင့် ကုသကြပါသော်လည်း ချမ်းသာရာမရခဲ့ရှာဘူး။ ဒီတော့ ပညာရှိမှူးမတ်တို့က---

အရှင်မင်းကြီး...အရှင်မင်းကြီး၏ စိတ်နှလုံးတော်သည် ရှေးဘေးလောင်းတော် ဘိုးလောင်းတော် ခမည်းတော်တို့နှင့်စပ်လျဉ်းပြီး အဘယ်ကဲ့သို့ ကြံစည်မိပါသလဲလို့ မေးလျှောက်ကြသတဲ့။ ဒီအခါမှာ မင်းတရားကြီးက မိမိစိတ်မှာ ကြံစည်မိခဲ့တဲ့အတိုင်း ပြောပြလိုက်သတဲ့။ ဒီတော့ ပညာရှိကြီးများက အရှင်မင်းကြီး...အရှင်ကိုယ်တော်၌ အခြားသောရောဂါကို မမြင်၊ ဤမကြံစည်အပ်သော အရာတို့ကို ကြံစည်မိ၍သာ မိဘဘိုးဘွားတို့ရဲ့ စိမ်ရေသင့်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အပြစ်များ
ကြေပျောက်စေခြင်းငှါ ဘေးလောင်းတော် ဘိုးလောင်းတော် ခမည်းတော်တို့၏ ရုပ်ပုံတော်သဏ္ဌာန်ကို
ရွှေဖြင့်သွန်းလုပ်၍ ပေါက်ပေါက်၊ ဆန်၊ ပန်း တို့ဖြင့် ပူဇော်ကန်တော့ရပါမည်လို့ လျှောက်တင်ကြသတဲ့။

မင်းကြီးလည်း ပညာရှိတို့ရဲ့ စကားအတိုင်း အနောရထာမင်းစောအရုပ်၊ စောလူးမင်းအရုပ်၊ ကျန်စစ်သားမင်းအရုပ်တို့ကို ရွှေဖြင့်သွန်းလုပ်ပြီး ပေါက်ပေါက်၊ ဆန်၊ ပန်းတို့ဖြင့် ရှိခိုးပူဇော် ဖူးမြော်ဦးချတဲ့အခါမှာတော့ အနော်ရထာမင်းစောအရုပ်၊ ကျန်စစ်သားမင်းအရုပ်သာလျှင် မလဲဘဲ ကြံ့ကြံ့တည်နေခဲ့သတဲ့။ အခြားသောအရုပ်မှာတော့ ဦးချလိုက်တာနဲ့ တပြိုင်နက် လဲသွားသတဲ့။ ဒီအခါမှာ မင်းကြီးလည်း မျက်စိအလင်း ပြန်ရခဲ့သတဲ့။

ကဲ ..ကြည့်ကြစမ်း၊ မိမိကဲ့သို့ ရှုမြင်စေလိုတာကို စိတ်နှလုံး ကြံစည်မိရုံနဲ့ပဲ အခုလို စိမ်ရေသင့်ခဲ့ရတယ်ဆိုတော့ အခုခေတ်ကာလဟာ အလွန်မောဟထူပြောတဲ့ ကာလကြီးဖြစ်နေတော့ ဘိုးဘွားမိဘတွေကို မရိုသေခြင်း၊ သီလရှိသူ၊ ကျေးဇူးကြီးသူတို့ကို မရိုသေခြင်း၊ ကိုယ့်မင်းကိုယ့်ချင်း ပြုချင်တဲ့စိတ်တွေ များပြားကြတော့ အနာရောဂါ၊ ကြမ္မာဥပါဒ်၊ ကပ်အန္တရာယ်အမျိုးမျိုး ငြိတွယ်ထိပါးပြီး သက်ရှည်၍ ဘုန်းမကြီး၊ ဘုန်းကြီး၍ သက်မရှည် ဖြစ်ကြရတာပေါ့ကွယ်။ သံသရာမှာတော့ ဆိုဖွယ်ရာမရှိပြီပေါ့။ ပစ္စက္ခမျက်မှောက်ဘဝမှာပဲ ထင်ရှားတဲ့ သာဓကတွေ အများကြီးတွေ့နေကြရတာပဲ။ ဒါကြောင့်မို့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ ထိုစိမ်ရေမှ လွှတ်ကြရအောင် ဂါရဝတရားကို နှလုံးသွင်းပြီး သံဝေဂပြုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

လင်းမြတ်သူ

မှီငြမ်း---ဟံသာဝတီတိုက်ထုတ် မဟာတိတ္ထုံကျမ်းကြီး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...