Tuesday, December 18, 2012

လက်နက်ချဖို့ခိုးကြောင်ခိုးဝှက်အိမ်ပြန်တဲ့ခရီးမဟုတ်ပါဘူး လို့ဆိုတဲ့ABSDF ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် မေးခွန်း(၉)ခု


Nyo Htet and Nay Ko Ko shared Myanmar Online News's photo.
လက်နက်ချဖို့ခိုးကြောင်ခိုးဝှက်အိမ်ပြန်တဲ့ခရီးမဟုတ်ပါဘူး  လို့ဆိုတဲ့ABSDF ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် မေးခွန်း(၉)ခု

Tuesday, 18 December 2012
၂၄နှစ်ကြာ အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် ABSDF ကျောင်းသား တပ်မတော် ဥက္ကဌ ကိုသံခဲအပါအ၀င် ထိတ်ပိုင်းခေါင်းဆောင်(၁၀)ဦးမှာ ဒီဇင်ဘာ(၁၈)ရက်နေ့၌ ရန်ကုန်သို့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲလေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ အဆိုပါ ခရီးစဉ်အခြေ အနေ
နှင့် ပတ်သက်၍ ABSDFဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကို ဆက်သွယ်မေးမြန်းဖြစ်သည် များအား ဖော်ပြအပ်ပါသည်။

မေး-  အခုလိုလေ့လာရေးခရီးစဉ်ဟာ ABSDFအတွက်ဖြစ်စေ ၊မြန်မာပြည်သူတွေအတွက် ဖြစ်စေ ဘယ်
လောက်အရေးပါသလဲ?

ဖြေ-  တိုင်းပြည်အပြောင်းအလဲမှာ ငြိမ်းချမ်းရေးက အဓိကလိုအပ်တယ်၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုပဲ ရှေ့ရှုပြီး ဒီလေ့လာရေးခရီးကို အစပြုတာပါ။ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီစနစ်ဆီ ဦးတည်
နေချိန် ကျွန်တော်တို့အနေနဲ့ လေ့လာကြားနာဖို့လည်း လိုလားပါတယ်။ကျွန်တော်တို့ တဖွဲ့ထဲ အကျိုး စီးပွားကိုမကြည့်ပဲ ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားအပေါ် ရပ်တည်ပြီး ဆုံးဖြတ်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ် တယ်။ ဒီခရီးစဉ်ကနေ အစိုးရဘက်ကအသံ၊ အတိုက်အခံအဖွဲ့အစည်းတွေဘက်က အသံတွေကျွန်တော်တို့ နားထောင်မယ်။

အခုပထမဆုံးအကြိမ်ခရီးစဉ်မှာ အစိုးရနဲ့ ဘာမှအပေးအယူလုပ်ညှိနှိုင်းဆွေးနွေးဖို့ မရှိပါဖူး။ ကျွန်တော်တို့ ၂ ဘက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တောင် မရှိသေးပါဖူး။ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေ ရဲ့ ကျွန်တော်တို့ အပေါ်ဖြစ်စေချင်တဲ့ သဘောထားတွေ ကြားနာစုစည်းပြီး၊ နောက်တခါအစိုးရနဲ့ တွေ့ဆုံဆွေးနွေး ဖို့အတွက် ပြင်ဆင်ထားမှာပါ။

မေး-  ဒီခရီးစဉ်အတွင်းမှာပဲ ကချင်ပြည်နယ်အခြေစိုက်ကျောင်းသားတပ်မတော်နဲ့ အစိုးရအဖွဲ့တွေ ကြား တိုက်ပွဲ တွေလည်း ဖြစ်နေတယ်။ ဒီခရီးကြောင့် အဲဒီတိုက်ပွဲတွေ တစုံတရာအပြောင်းအလဲ ရှိနိုင်မလား? ပြီးတော့ နှစ်ဖက်တိုက်ခိုက်နေချိန်၊ အပစ်အခတ်ရပ်ဖို့ သဘောမတူပဲ ပြည်တွင်းလေ့လာရေး လာတဲ့ ခရီးစဉ်ဟာ အများဝေဖန်စရာ ဖြစ်မနေဖူးလား?

ဖြေ-  မကဒတ(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)မှာ ထူးခြားတဲ့ ဖြစ်တည် မှုတွေရှိပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်နယ်စပ် တကြော တိုင်းရင်းသားတွေရှိတဲ့ နေရာမှာ ဖြစ် တည်နေတာပါ။ မွန်ဒေသ၊ ကရင်နီ၊ ကရင်ပြည်နယ်၊ ကချင်ဒေသနဲ့အနောက်ဖက်မှာရော ကျွန်တော်တို့ တပ်တွေရှိနေတယ်။ ကချင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲမှာမကဒတလည်း ကျွဲကူးရေပါရှိမှာပဲ။ ကျွန်တော် တို့က ခုခံရေးစစ်ပဲ၊ ကိုယ်ကသွားတိုက်တာ မဟုတ်ဖူး၊ ကိုယ့်ဆီသူတို့က ကျူးကျော်တိုက်ခိုက်နေတာ ဖြစ်တယ်၊ ပြီးတော့ ကချင်မှာဖြစ်နေတဲ့စစ်ပွဲကြောင့်ဆိုပြီး ကျွန်တော်တို့ ရည်မှန်းထားတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မထိခိုက်နိုင်ဘူးလို့ မြင်ပါတယ်။

မေး- ဒါဆို ဒီခရီးစဉ်ကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့် ရောက်သွားနိုင်မလား?

ဖြေ-  ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ သွားတာမဟုတ်ဖူး။ အပစ်အခတ်ရပ်စဲရေး ကိစ္စဆွေးနွေး ဖို့လည်းမဟုတ်ဖူး။ ကျွန်တော်တို့က ဒီနေ့တိုင်းပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အနေအထားတွေ လေ့လာဖို့နဲ့ ဒီအပေါ်အမြင်သဘောထားတွေ ကြားနာဖို့သက်သက်ပဲဖြစ်တယ်။

မေး-  မကဒတဟာ ပြည်တွင်းခရီးစဉ်နဲ့အစိုးရနဲ့ ဆွေးနွေးမှုဖြစ်စဉ်ကိုပြည်သူကို အသိပေးသတင်းထုတ် ပြန် မယ်လို့ တချိန်ကပြောဖူးပါတယ်။ အခုခရီးစဉ်မှာ မီဒီယာတွေကို အသိပေးတာမတွေ့ရပါဖူး၊ ဘာကြောင့် ပါလဲ?

ဖြေ- ကျွန်တော်တို့ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းအဖွဲ့နဲ့ တွေ့တဲ့အခါ ပြော ပါတယ်။ လက်နက်ချပြီး အိမ်ပြန်မဲ့ခရီးစဉ်မဟုတ်ဖူး ဆိုတာပါ။ ဒီနေ့သွားတဲ့ခရီးစဉ်ကလည်း လက်နက် ချဖို့ခိုးကြောင်ခိုးဝှက် အိမ်ပြန်တဲ့ခရီးမဟုတ်ပါဖူး။ ကျနော်တို့နှစ်ဘက် သဘောတူထားတာ တွေရှိနေ လို့လောလောဆယ်မီဒီယာတွေနဲ့ မတွေ့နိုင်ပေမဲ့ခရီးစဉ်ပြီးဆုံးတဲ့အခါ သတင်းစာရှင်းပွဲလုပ်ပြီး သတင်း ထုတ်ပြန်မှာပါ။

မေး-ပြည်ပဒီမိုကရေစီအင်အားစုတော်တော်များများက ဒီနေ့အစိုးရရဲ့ အပြောင်းအလဲနဲ့ နိုင်ငံရေး အရွေ့တွေ အပေါ်သံသယရှိနေပါတယ်။ ယုံကြည်မှုလည်းနည်းတယ်။ မကဒတရဲ့ခရီးစဉ်ဟာ ကိုယ့် အချင်းချင်းကြား ယုံကြည်မှုကို မထိခိုက်စေဖူးလား?

ဖြေ- ကျနော်တို့အားလုံးမှာတိုင်းပြည်ကိုပြောင်းလဲဖို့လိုအပ်ပြီဆိုတဲ့စိတ်ကတူညီနေကြပါတယ်။ငြိမ်းချမ်း ရေးတည်ဆောက်ရာမှာ အပေးအယူဆိုတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူကသာတယ်၊ ဘယ်သူ ကနာတယ်လို့မဟုတ်ပဲ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားပေါ်ရပ်တည်ကြရမှာပါ။၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ကိုယ်ကနိုင်ငံရေးအရ အောက်စီးရောက်တယ်၊ သူကတော့အပေါ်စီးက ကစားတယ် ဆိုတဲ့ အတွေးတွေနဲ့လုပ်မယ်ဆို ကျွန်တော်တို့ကြားထဲမှာ တစုံတရာအခက်အခဲတွေရှိနေမှာပဲ။ ဒီနေ့ပြုပြင်ပြောင်းလဲ ရေးကိုသွားတဲ့အခါ ၂၀၀၈ဖွဲ့စည်းပုံဟာ အကန့်အသတ်တွေဖြစ်နေမယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ဒီတော့ အဲဒီအကန့်အသတ်တွေကို ဘယ်လိုကျော်လွှားနိုင်မလဲ၊ ဒီအတွက်သွေးထွက်သံယိုမှုနည်းတဲ့ နည်းလမ်းတွေရှာဖွေရမှာပါပဲ။

မေး- အစိုးရဘက်ကနဲ့ အတိုက်အခံဘက်က ဘယ်သူတွေနဲ့တွေ့ဖို့ရှိလဲ?

ဖြေ- ကျွန်တော်တို့အစိုးရ၀န်ကြီးဌာနတွေအပြင်၊ဌာနဆိုင်ရာအကြီးအကဲတွေနဲ့တွေ့ပြီး တိုင်းပြည်ပြုပြင် ပြောင်းလဲရေးအတွက် တာဝန်ယူဆောင်ရွက်နေတာတွေကို လေ့လာမယ်၊နောက်တခါ အတိုက်အခံ ဘက်က ၈၈ကျောင်းသားအုပ်စုတွေ၊ နိုင်ငံရေးပါတီအဖွဲ့တွေ၊ NLDနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း တွေ့ခွင့် တောင်းထားပါတယ်။

မေး..အရင်ကရော အစိုးရနဲ့ဆွေးနွေးဖူးတာရှိသလား? ဘယ်လိုရလဒ်တွေရခဲ့လဲ?

ဖြေ- ပြီးခဲ့တဲ့ဇွန်န်လ၂၆ရက်တုန်းက ဒုဥက္ကဌ ကိုမျိုးဝင်းနဲ့ ဆွေးနွေးတော့ လက်နက်ချဖို့ကိစ္စသူတို့ပြော တယ်။ အဲဒီတော့မဖြစ်နိုင်လို့ ရပ်သွားတယ်။ နောက်တခါ ဥက္ကဌအပါအ၀င် ကျွန်တော်တို့ဗဟိုကော်မတီ ၀င်တွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်။ ကျွန်တော်တို့ကတွေ့ဆုံဆွေးနွေးရေး အပေါ်ထားတဲ့ သဘော ထား နိုင်ငံရေးရည်မှန်းချက်(၃)ခုကို ဆွေးနွေးပြတယ်။ ပထမ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း
ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ.မကဒတကပါချင်တယ်။ ဒုတိယက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စေ ချင်တယ်။ တတိယတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးကိစ္စပါ။ အဲဒီဆွေးနွေးပွဲကနေ သဘောတူညီချက်(၃)ခု တော့ရခဲ့တယ်။

၁။နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်သွားမယ်။

၂။ပြည်တွင်းလေ့လာရေးသွားဖို့ကိစ္စ။

၃။နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိစ္စကျိုးစားဆောင်ရွက်ပေးပါ့မယ်ဆိုတဲ့ သဘောတူညီ ချက်တွေ ဖြစ်တယ်။

(အဲဒီသဘောတူညီချက် နောက်ဆက်တွဲအဖြစ် နိုဝင်ဘာ၁၉ရက်နေ့မှာလွှတ်ပေးတဲ့ အကျဉ်းသား (၆၅)ယောက်မှာ သေဒဏ်ကျခဲ့ဖူးတဲ့ ကျွန်တော်တို့ရဲဘော်(၁၀)ယောက်ပါလာပါတယ်)

အခုလေ့လာရေးခရီးစဉ်ဟာ ဆွေးနွေးပွဲဖြစ်လာစေဖို့တံခါးစဖွင့်တဲ့ခရီးစဉ်ပဲ.. ။ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဟာ အပစ်အခတ်ရပ်စဲရေး မလုပ်သေးပဲ၊ ပြည်တွင်းထဲသွားတယ်ဆိုတာ၊ ကျွန်တော်တို့တစ်ဖွဲ့ထဲ ရှိတာကလည်း ထူးခြားမှုတခုပါ။

မေး-ဘယ်တွေကို သွားလေ့လာကြမှာလဲ?ဘယ်လောက် ကြာမလဲ?

ဖြေ- အဖွဲ့လိုက်အနေနဲ့တော့ ရန်ကုန်နဲ့နေပြည်တော်ပဲ သတ်မှတ်ထားပါတယ်။

ကျန်တာကမိသားစုတွေနဲ့ ကိုယ့်ဖာသာတွေ့ကြဖို့ပါ။ ၂ပတ်လောက်ကြာမယ်။ လာမဲ့နှစ်သစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမှာပါ။


မေး- ဒီခရီးစဉ်ကနေ ဘယ်လောက်ထိ ရလဒ်ကောင်းတွေ မျှော်လင့်နိုင်မလဲ?ဲ..

ဖြေ- ပွင့်ပွင်းလင်းလင်းပြောရရင်အများကြီ်းမျော်လင့်ထားတာတော့မရှိပါဖူး။ အစိုးရအသွင် ကူးပြောင်းရေး ဆိုတာလည်းမြင်နေတာပဲလေ၊ ဒီကနေ့အပြောင်းအလဲနဲ့ပတ်သက်လို့ သူတို့ထဲမှာလည်း တကယ်ကြီး မားတဲ့ပြဿနာရှိနေတယ်ဆိုတာကို ဦးအောင်မင်းနဲ့ဦးလှမောင်ရွှေတို့ကလည်း ပြောပြတယ်။ တကယ့် အပြောင်းအလဲကိုသမ္မတနဲ့ အတူတူနဲ့ နီးစပ်သူတွေကပဲလုပ်နေတာလေ၊နောက်တခုက ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး အစိုးရဆီမှာခေါင်းစဉ်မရှိတာကို မြင်နေရတယ်။ သူတို့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးဘယ်
လောက်ဆွေးနွေူးဖို့စိတ်ဝင်စားမှု ရှိ/မရှိမသိရဖူး။

ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့မျက်နှာကိုကြည့်ပြီး တတ်နိုင်သလောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့လုပ်ဆောင်သွားမှာပါ။

ကိုညို(မြစ်မခ)
Makha Mediagroup
Tuesday, 18 December 2012

၂၄နှစ်ကြာ အစို
းရကို လက်နက်ကိုင်တော်လှန်နေတဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲအပါအ၀င် ထိတ်ပိုင်းခေါင်းဆောင်(၁၀) ဦးမှာဒီဇင်ဘာ (၁၈) ရက်နေ့၌ ရန်ကုန်သို့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲလေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ အဆိုပါ ခရီးစဉ်အခြေ အနေနှင့် ပတ်သက်၍ ABSDFဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကို ဆက်သွယ်မေးမြန်းဖြစ်သည် များအား ဖော်ပြအပ်ပါသည်။
မေး- အခုလိုလေ့လာရေးခရီးစဉ်ဟာ ABSDFအတွက်ဖြစ်စေ ၊မြန်မာပြည်သူတွေအတွက် ဖြစ်စေ ဘယ်
လောက်အရေးပါသလဲ?

ဖြေ- တိုင်းပြည်အပြောင်းအလဲမှာ ငြိမ်းချမ်းရေးက အဓိကလိုအပ်တယ်၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုပဲ ရှေ့ရှုပြီး ဒီလေ့လာရေးခရီးကို အစပြုတာပါ။ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီစနစ်ဆီ ဦးတည်
နေချိန် ကျွန်တော်တို့အနေနဲ့ လေ့လာကြားနာဖို့လည်း လိုလားပါတယ်။ကျွန်တော်တို့ တဖွဲ့ထဲ အကျိုး စီးပွားကိုမကြည့်ပဲ ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားအပေါ် ရပ်တည်ပြီး ဆုံးဖြတ်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ် တယ်။ ဒီခရီးစဉ်ကနေ အစိုးရဘက်ကအသံ၊ အတိုက်အခံအဖွဲ့အစည်းတွေဘက်က အသံတွေကျွန်တော်တို့ နားထောင်မယ်။

အခုပထမဆုံးအကြိမ်ခရီးစဉ်မှာ အစိုးရနဲ့ ဘာမှအပေးအယူလုပ်ညှိနှိုင်းဆွေးနွေးဖို့ မရှိပါဖူး။ ကျွန်တော်တို့ ၂ ဘက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တောင် မရှိသေးပါဖူး။ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေ ရဲ့ ကျွန်တော်တို့ အပေါ်ဖြစ်စေချင်တဲ့ သဘောထားတွေ ကြားနာစုစည်းပြီး၊ နောက်တခါအစိုးရနဲ့ တွေ့ဆုံဆွေးနွေး ဖို့အတွက် ပြင်ဆင်ထားမှာပါ။

မေး- ဒီခရီးစဉ်အတွင်းမှာပဲ ကချင်ပြည်နယ်အခြေစိုက်ကျောင်းသားတပ်မတော်နဲ့ အစိုးရအဖွဲ့တွေ ကြား တိုက်ပွဲ တွေလည်း ဖြစ်နေတယ်။ ဒီခရီးကြောင့် အဲဒီတိုက်ပွဲတွေ တစုံတရာအပြောင်းအလဲ ရှိနိုင်မလား? ပြီးတော့ နှစ်ဖက်တိုက်ခိုက်နေချိန်၊ အပစ်အခတ်ရပ်ဖို့ သဘောမတူပဲ ပြည်တွင်းလေ့လာရေး လာတဲ့ ခရီးစဉ်ဟာ အများဝေဖန်စရာ ဖြစ်မနေဖူးလား?

ဖြေ- မကဒတ(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)မှာ ထူးခြားတဲ့ ဖြစ်တည် မှုတွေရှိပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်နယ်စပ် တကြော တိုင်းရင်းသားတွေရှိတဲ့ နေရာမှာ ဖြစ် တည်နေတာပါ။ မွန်ဒေသ၊ ကရင်နီ၊ ကရင်ပြည်နယ်၊ ကချင်ဒေသနဲ့အနောက်ဖက်မှာရော ကျွန်တော်တို့ တပ်တွေရှိနေတယ်။ ကချင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲမှာမကဒတလည်း ကျွဲကူးရေပါရှိမှာပဲ။ ကျွန်တော် တို့က ခုခံရေးစစ်ပဲ၊ ကိုယ်ကသွားတိုက်တာ မဟုတ်ဖူး၊ ကိုယ့်ဆီသူတို့က ကျူးကျော်တိုက်ခိုက်နေတာ ဖြစ်တယ်၊ ပြီးတော့ ကချင်မှာဖြစ်နေတဲ့စစ်ပွဲကြောင့်ဆိုပြီး ကျွန်တော်တို့ ရည်မှန်းထားတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မထိခိုက်နိုင်ဘူးလို့ မြင်ပါတယ်။

မေး- ဒါဆို ဒီခရီးစဉ်ကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့် ရောက်သွားနိုင်မလား?

ဖြေ- ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ သွားတာမဟုတ်ဖူး။ အပစ်အခတ်ရပ်စဲရေး ကိစ္စဆွေးနွေး ဖို့လည်းမဟုတ်ဖူး။ ကျွန်တော်တို့က ဒီနေ့တိုင်းပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အနေအထားတွေ လေ့လာဖို့နဲ့ ဒီအပေါ်အမြင်သဘောထားတွေ ကြားနာဖို့သက်သက်ပဲဖြစ်တယ်။

မေး- မကဒတဟာ ပြည်တွင်းခရီးစဉ်နဲ့အစိုးရနဲ့ ဆွေးနွေးမှုဖြစ်စဉ်ကိုပြည်သူကို အသိပေးသတင်းထုတ် ပြန် မယ်လို့ တချိန်ကပြောဖူးပါတယ်။ အခုခရီးစဉ်မှာ မီဒီယာတွေကို အသိပေးတာမတွေ့ရပါဖူး၊ ဘာကြောင့် ပါလဲ?

ဖြေ- ကျွန်တော်တို့ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းအဖွဲ့နဲ့ တွေ့တဲ့အခါ ပြော ပါတယ်။ လက်နက်ချပြီး အိမ်ပြန်မဲ့ခရီးစဉ်မဟုတ်ဖူး ဆိုတာပါ။ ဒီနေ့သွားတဲ့ခရီးစဉ်ကလည်း လက်နက် ချဖို့ခိုးကြောင်ခိုးဝှက် အိမ်ပြန်တဲ့ခရီးမဟုတ်ပါဖူး။ ကျနော်တို့နှစ်ဘက် သဘောတူထားတာ တွေရှိနေ လို့လောလောဆယ်မီဒီယာတွေနဲ့ မတွေ့နိုင်ပေမဲ့ခရီးစဉ်ပြီးဆုံးတဲ့အခါ သတင်းစာရှင်းပွဲလုပ်ပြီး သတင်း ထုတ်ပြန်မှာပါ။

မေး-ပြည်ပဒီမိုကရေစီအင်အားစုတော်တော်များများက ဒီနေ့အစိုးရရဲ့ အပြောင်းအလဲနဲ့ နိုင်ငံရေး အရွေ့တွေ အပေါ်သံသယရှိနေပါတယ်။ ယုံကြည်မှုလည်းနည်းတယ်။ မကဒတရဲ့ခရီးစဉ်ဟာ ကိုယ့် အချင်းချင်းကြား ယုံကြည်မှုကို မထိခိုက်စေဖူးလား?

ဖြေ- ကျနော်တို့အားလုံးမှာတိုင်းပြည်ကိုပြောင်းလဲဖို့လိုအပ်ပြီဆိုတဲ့စိတ်ကတူညီနေကြပါတယ်။ငြိမ်းချမ်း ရေးတည်ဆောက်ရာမှာ အပေးအယူဆိုတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူကသာတယ်၊ ဘယ်သူ ကနာတယ်လို့မဟုတ်ပဲ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားပေါ်ရပ်တည်ကြရမှာပါ။၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ကိုယ်ကနိုင်ငံရေးအရ အောက်စီးရောက်တယ်၊ သူကတော့အပေါ်စီးက ကစားတယ် ဆိုတဲ့ အတွေးတွေနဲ့လုပ်မယ်ဆို ကျွန်တော်တို့ကြားထဲမှာ တစုံတရာအခက်အခဲတွေရှိနေမှာပဲ။ ဒီနေ့ပြုပြင်ပြောင်းလဲ ရေးကိုသွားတဲ့အခါ ၂၀၀၈ဖွဲ့စည်းပုံဟာ အကန့်အသတ်တွေဖြစ်နေမယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ဒီတော့ အဲဒီအကန့်အသတ်တွေကို ဘယ်လိုကျော်လွှားနိုင်မလဲ၊ ဒီအတွက်သွေးထွက်သံယိုမှုနည်းတဲ့ နည်းလမ်းတွေရှာဖွေရမှာပါပဲ။

မေး- အစိုးရဘက်ကနဲ့ အတိုက်အခံဘက်က ဘယ်သူတွေနဲ့တွေ့ဖို့ရှိလဲ?

ဖြေ- ကျွန်တော်တို့အစိုးရ၀န်ကြီးဌာနတွေအပြင်၊ဌာနဆိုင်ရာအကြီးအကဲတွေနဲ့တွေ့ပြီး တိုင်းပြည်ပြုပြင် ပြောင်းလဲရေးအတွက် တာဝန်ယူဆောင်ရွက်နေတာတွေကို လေ့လာမယ်၊နောက်တခါ အတိုက်အခံ ဘက်က ၈၈ကျောင်းသားအုပ်စုတွေ၊ နိုင်ငံရေးပါတီအဖွဲ့တွေ၊ NLDနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း တွေ့ခွင့် တောင်းထားပါတယ်။

မေး..အရင်ကရော အစိုးရနဲ့ဆွေးနွေးဖူးတာရှိသလား? ဘယ်လိုရလဒ်တွေရခဲ့လဲ?

ဖြေ- ပြီးခဲ့တဲ့ဇွန်န်လ၂၆ရက်တုန်းက ဒုဥက္ကဌ ကိုမျိုးဝင်းနဲ့ ဆွေးနွေးတော့ လက်နက်ချဖို့ကိစ္စသူတို့ပြော တယ်။ အဲဒီတော့မဖြစ်နိုင်လို့ ရပ်သွားတယ်။ နောက်တခါ ဥက္ကဌအပါအ၀င် ကျွန်တော်တို့ဗဟိုကော်မတီ ၀င်တွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်။ ကျွန်တော်တို့ကတွေ့ဆုံဆွေးနွေးရေး အပေါ်ထားတဲ့ သဘော ထား နိုင်ငံရေးရည်မှန်းချက်(၃)ခုကို ဆွေးနွေးပြတယ်။ ပထမ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်တွင်း
ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ.မကဒတကပါချင်တယ်။ ဒုတိယက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စေ ချင်တယ်။ တတိယတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးကိစ္စပါ။ အဲဒီဆွေးနွေးပွဲကနေ သဘောတူညီချက်(၃)ခု တော့ရခဲ့တယ်။

၁။နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်သွားမယ်။

၂။ပြည်တွင်းလေ့လာရေးသွားဖို့ကိစ္စ။

၃။နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိစ္စကျိုးစားဆောင်ရွက်ပေးပါ့မယ်ဆိုတဲ့ သဘောတူညီ ချက်တွေ ဖြစ်တယ်။

(အဲဒီသဘောတူညီချက် နောက်ဆက်တွဲအဖြစ် နိုဝင်ဘာ၁၉ရက်နေ့မှာလွှတ်ပေးတဲ့ အကျဉ်းသား (၆၅)ယောက်မှာ သေဒဏ်ကျခဲ့ဖူးတဲ့ ကျွန်တော်တို့ရဲဘော်(၁၀)ယောက်ပါလာပါတယ်)

အခုလေ့လာရေးခရီးစဉ်ဟာ ဆွေးနွေးပွဲဖြစ်လာစေဖို့တံခါးစဖွင့်တဲ့ခရီးစဉ်ပဲ.. ။ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဟာ အပစ်အခတ်ရပ်စဲရေး မလုပ်သေးပဲ၊ ပြည်တွင်းထဲသွားတယ်ဆိုတာ၊ ကျွန်တော်တို့တစ်ဖွဲ့ထဲ ရှိတာကလည်း ထူးခြားမှုတခုပါ။

မေး-ဘယ်တွေကို သွားလေ့လာကြမှာလဲ?ဘယ်လောက် ကြာမလဲ?

ဖြေ- အဖွဲ့လိုက်အနေနဲ့တော့ ရန်ကုန်နဲ့နေပြည်တော်ပဲ သတ်မှတ်ထားပါတယ်။

ကျန်တာကမိသားစုတွေနဲ့ ကိုယ့်ဖာသာတွေ့ကြဖို့ပါ။ ၂ပတ်လောက်ကြာမယ်။ လာမဲ့နှစ်သစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမှာပါ။


မေး- ဒီခရီးစဉ်ကနေ ဘယ်လောက်ထိ ရလဒ်ကောင်းတွေ မျှော်လင့်နိုင်မလဲ?ဲ..

ဖြေ- ပွင့်ပွင်းလင်းလင်းပြောရရင်အများကြီ်းမျော်လင့်ထားတာတော့မရှိပါဖူး။ အစိုးရအသွင် ကူးပြောင်းရေး ဆိုတာလည်းမြင်နေတာပဲလေ၊ ဒီကနေ့အပြောင်းအလဲနဲ့ပတ်သက်လို့သူတို့ထဲမှာလည်း တကယ်ကြီး မားတဲ့ပြဿနာရှိနေတယ်ဆိုတာကို ဦးအောင်မင်းနဲ့ဦးလှမောင်ရွှေတို့ကလည်း ပြောပြတယ်။ တကယ့် အပြောင်းအလဲကိုသမ္မတနဲ့ အတူတူနဲ့ နီးစပ်သူတွေကပဲလုပ်နေတာလေ၊နောက်တခုက ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး အစိုးရဆီမှာခေါင်းစဉ်မရှိတာကို မြင်နေရတယ်။ သူတို့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးဘယ်
လောက်ဆွေးနွေူးဖို့စိတ်ဝင်စားမှု ရှိ/မရှိမသိရဖူး။

ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့မျက်နှာကိုကြည့်ပြီး တတ်နိုင်သလောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့လုပ်ဆောင်သွားမှာပါ။

ကိုညို(မြစ်မခ)
Makha Mediagroup

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...