Friday, December 7, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၁၂)


သစ်ထူးလွင်


Posted: 07 Dec 2012 05:45 AM PST
ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတ တာဝန် ပေးချက်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က အောက်ခြေက နယ်မြေခံလူထုကို စစ်ဆေး မေးမြန်း မှုတွေ မနေ့က စတင်ပြီး ဆက်တိုက် စတင် လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။

ဘာကြောင့် နယ်မြေခံတွေက ဒီစီမံကိန်းကို မလိုလားတာလဲ၊ သပိတ်စခန်းကို ဘယ်လိုဖြိုခွင်းခဲ့သလဲ၊ စတာတွေနဲ့ ပတ်သက်လို့ စီမံကိန်းရပ်ဖို့ ဦးဆောင်တောင်းဆိုသူလည်းဖြစ်၊ သပိတ်စခန်းဖြိုခွင်းခံရတုန်းက ကိုယ်တွေ့ကြုံခဲ့သူလည်းဖြစ်တဲ့ ၀က်မှေးရွာသူ မအေးနက်နဲ့ ဆက်သွယ် မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ

အေး​နိုင် (ဒီဗွီဘီ)


Posted: 07 Dec 2012 05:21 AM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ကိုင်ရန် ရယူထားသည့် မြေဧက ၆၀၀၀ အတွက် ၀မ်ပေါင် ကုမ္ပဏီက တစ်ဧကလျင် မြန်မာငွေကျပ် ၅ သိန်းခွဲဖြင့် အမေရိကန် ဒေါ်လာ ၅ သန်းအထိ ပေးလျော်ပြီး ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Mr. Li Junhua က ပြည်တွင်း မီဒီယာများနှင့် ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တရုတ်နိုင်ငံ သံအမတ်ကြီး H.E Mr. Li Junhua  ။ ဓါတ်ပုံ - Eleven Media Group



Posted: 07 Dec 2012 04:07 AM PST
လွှတ်တော် လယ်ယာမြေ ပြဿနာ စုံစမ်း စစ်ဆေးရေး အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲ စစ်တပ်နဲ့ ထောက်လှမ်းရေးတို့ သိမ်းယူထားတဲ့ လယ်မြေတွေကို ဒီနေ့ သွားရောက် စစ်ဆေး ကြပါတယ်။ ရခိုင်ပြည်နယ်ထဲ လယ်ယာမြေ သိမ်းဆည်းတဲ့ ပြဿနာတွေကို စုံစမ်း မေးမြန်းနေတဲ့ စုံစမ်းရေး အဖွဲ့ဟာ ကျောက်ဖြူနဲ့ ဓည၀တီ ရေတပ်စခန်း နယ်မြေတို့မှာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Dec 2012 03:49 AM PST
နာမည်ခံ ဒီမိုကရေစီ

နှစ်ပေါင်း ၅၀ နီးပါး အာဏာပိုင် စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အစိုးရ ဟာ နိုင်ငံတကာနဲ့ ဆက်ဆံ ရာမှာ သီးခြားဖြစ်နေပြီး နိုင်ငံတကာ လုပ်နည်း လုပ်ဟန်တွေနဲ့ ဝေးကွာ ခဲ့ပါတယ်။ နိုင်ငံကို ပြောင်းလဲလို တဲ့ တပ်မတော်ခေါင်းဆောင် တချို့နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ ပူးပေါင်းပြီး မြန်မာ့နိုင်ငံရေး အခြေအနေ ပိုမိုကောင်းမွန် လာဖို့ ကြိုးစား နေကြတာကို နိုင်ငံတကာက အသိအမှတ် ပြုခဲ့ကြတာ တွေ့ရပါတယ်။ လူထုက မကြိုက်ဘဲ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို ပြုပြင်မယ့် သူနဲ့ ခုခံမယ့်သူတို့ လွှတ်တော် အတွင်းမှာ တွေ့ဆုံ စကားပြောကြတဲ့ အခြေအနေကို ရောက်နေကြပြီ။ အကြိတ်အနယ် ပြောဆို ဆွေးနွေးတာထက် အီလေးဆွဲ၊ မလိုအပ်တာ တွေမှာ အချိန် ကုန်နေတဲ့ လွှတ်တော်ကြီးဟာ နိုင်ငံတကာ စံချိန် စံနှုန်းတွေ၊ လုပ်ပုံ ကိုင်ပုံတွေကို အတုယူဖို့ လိုအပ်နေပါတယ်။ သို့သော် နာမည်ခံ ဒီမို ကရေစီ စနစ်ဆိုတော့ လုပ်ပိုင်ခွင့်ရှိသူတွေက ခြယ်လှယ်နေတုန်း ပါပဲ။ ထိုအခြေအနေမှ ပွင့်လင်းမြင်သာတဲ့ လုပ်ကိုင်မှုမျိုးနဲ့သာ ရှေ့ကို တိုးတက်နိုင်မှာ ဖြစ်ပါတယ်။

နည်းပညာ အခက်အခဲ

တကယ်တော့ မြန်မာပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေခံ အဆောက်အဦ များဟာ အရှေ့တောင်အာရှမှာ အနိမ့်ဆုံး အဆင့်ထဲမှာ ရှိတယ်လို့ ပြောရပါမယ်။ ရန်ကုန်မြို့မှာတင် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေ၊ ပညာရေးနဲ့ ကျန်းမာရေး စတာ တွေ အခက်အခဲရှိတာကို တွေ့ရပါမယ်။ မလေးရှားတို့၊ ထိုင်းတို့မှာ တောနယ်လေးတွေ မှာတောင် လျှပ်စစ်မီး ရရှိနိုင်ပေမယ့် မြန်မာပြည် ရဲ့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ လျှပ်စစ်မီးပုံမှန် မရရှိသေးပါဘူး။ လျှပ်စစ်မီး လုံးဝမရရှိသေးတဲ့ တောနယ်တွေက မြန်မာပြည် အနှံ့အပြားမှာ ရှိနေဆဲပါ။ လတ်တလော မြန်မာ့ဆက် သွယ်ရေးက ကောက်ခံမယ်ဆိုတဲ့ အင်တာနက် သုံးနှုန်းတွေဟာ လက်ဝါးကြီး အုပ်သူတွေရဲ့ အမြတ်ထုတ်မှုတွေကို တွေ့ရပါမယ်။ တကယ်တော့ ပြောင်းလဲ တိုးတက်မှုကို ဦးတည်နေတယ် ဆိုရင် နိုင်ငံ သား တစ်ဦးချင်းစီရဲ့ဝင်ငွေကို ထည့်တွက်ရပါမယ်။ နိုင်ငံတကာ ဈေးနှုန်းထက် ပိုမိုမြင့်မားတဲ့ ကောက်ခံမှုမျိုးဟာ နည်းပညာ သုံးစွဲသူ တွေကို ဟန့်တား လိုက်သလို ဖြစ်စေပါတယ်။

တာဝန်ခံမှုနဲ့ တာဝန်ယူမှု

ဒီမိုကရေစီ စနစ်ကို ဦးတည်နေတဲ့ အစိုးရ တစ်ရပ်ဟာ တာဝန် ခံမှုနဲ့ တာဝန်ယူမှု ရှိသင့်ပါတယ်။ ကြိုတင် တွေးတောမှုမျိုး လည်းရှိ သင့်ပါတယ်။ လက်ပန်တောင်းတောင် အရေးအခင်းမျိုးမှာ ဖြစ်ပျက် သွားတဲ့ အခြေအနေတွေ အပေါ်မှာ အမြန်ဆုံး တာဝန်ယူမှု ရှိသင့်ပါ တယ်။ ဒါကလည်း နှစ်ပေါင်း ၅၀ လောက် ထင်ရာစိုင်းလာခဲ့တဲ့ မြန်မာအစိုးရအနေနဲ့ အကျင့်ဖြစ်အောင် အတော်လုပ်ယူရမယ့် အခြေ အနေပါ။ အရာရာကို အရင်အစိုးရ ဆိုပြီး လွှဲချဖို့ မသင့်တော်ပါဘူး။ အရင် အစိုးရက ဒီလိုလုပ်ခဲ့ပြီးပြီ၊ အခုအစိုးရက ဘယ်လို ပွင့်လင်းမြင် သာမှုမျိုးနဲ့ ကိုင်တွယ်မလဲ ဆိုတာ အရေးကြီးပါတယ်။ မလုပ်ခင် မပြောခင်မှာ လုပ်ပြီး ပြောပြီးရင် ဘာဆက်လုပ်မလဲ ဆိုတာကိုပါ ထည့်စဉ်းစားထားဖို့ လိုပါမယ်။ ဥပမာ ပေးရမယ် ဆိုရင် “သမ္မတရုံး ရဲ့ ၁၁/၂ဝ၁၂ ကြော်ငြာ” လိုဖြစ်သွားတဲ့ လုပ်ရပ်ဟာ ကြိုတင်ပြင် ဆင်မှု ဘာမှ မရှိသလို တာဝန်ယူမှု ကင်းမဲ့နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

ဥရောပ နိုင်ငံများနဲ့ အမေရိကန်တို့က စီးပွားရေး ပိတ်ဆို့မှုတွေ ကို လျှော့ချခဲ့လို့ နိုင်ငံခြား ကုမ္ပဏီ တော်တော်များများဟာ မြန်မာ နိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ဖို့ အလုံးအရင်း ဝင်ရောက် လာကြ ပါပြီ။ လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်များလည်း ပိုမို များပြားလာပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့ အတူ မြန်မာပြည်ဟာ ကမ္ဘာရဲ့ အာရုံစိုက်ခံရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ် လာပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများကလည်း ဈေးကွက်ရှာ ခြင်း၊ လုပ်ကွက်ရှာခြင်း များကို လုပ်ကိုင် လာခဲ့တာကြောင့် မြန်မာပြည်ဟာ ဗီယက်နမ်ရဲ့ တိုးတက်မှု နောက်ကို လိုက်လိမ့်မယ်လို့ တွက်ကြတဲ့သူတွေလည်း ရှိကြပါတယ်။ ဒီလိုနိုင်ငံရေး အခြေအနေ တိုးတက်မှုတွေဟာ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် ခြယ်လှယ် လုပ်ကိုင်လာခဲ့တဲ့ တရုတ်နိုင်ငံအဖို့ စိတ်လေးစရာ ဖြစ်ပါလိမ့်မယ်။

နောက်ပြန်ဆွဲလိုသူများ

အပြောင်းအလဲ ကာလမှာ နောက်ပြန်လိုသူတွေဟာ ခေတ်တိုင်း မှာ ရှိပါတယ်။ ဒါကလည်း ကိုယ်အသားကျ နေပြီးသားဖြစ်တဲ့ အခြေအနေ တစ်ခုကနေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို သွား နေမှန်း သိသော်လည်း အသားကျနေတဲ့ သာယာမှုတွေကို စွန့်လွှတ် လိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ အစိုးရဘက် အပိုင်းမှာလည်း ရှိနိုင် သလို တော်လှန်ရေးမှာ သာယာတတ်တဲ့ သူတွေမှာလည်း ရှိတတ်ပါ တယ်။ တော်လှန်ရေးတိုက်ပွဲ မရှိရင် စိတ်လက်မအီမသာ ဖြစ်တတ်တဲ့ အတိုက်အခံ တွေလည်း ရှိပါတယ်။ ရရင်ရ မရရင်ချဆိုတဲ့ အခြေ အနေထက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း ဟာလည်း မြန်မာ့ နိုင်ငံရေးဖြစ်စဉ်မှာ အားနည်းလေတော့ စိတ်မရှည်သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။

ခြေလှမ်းတွေနောက်ကျ

အရင် စနစ်တွေမှာ ပြည်သူနဲ့မီဒီယာက အစိုးရနောက်ကို လိုက်ကြရပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက ထင်ရာစိုင်းခဲ့သလို ဘာလုပ်လုပ် ဖြေရှင်းမှုမရှိခဲ့လို့ပါ။ အစိုးရရဲ့ခြေလှမ်းကို တွက်ဆဖို့ ခက်ခဲ လွန်းလှပါတယ်။ အခုစနစ်မှာတော့ ဒီလို မလုပ်သင့်တော့ပါ ဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့ဝင် တော်တော်များများဟာ နှစ်ငါးဆယ် လောက် ကျင်လည်ခဲ့တဲ့ အမူအကျင့်တွေကို ရုန်းမထွက်နိုင် သေးပါ ဘူး။ မြန်ဆန်တဲ့ အင်တာနက် စနစ်နဲ့ မီဒီယာသမား တွေရဲ့ ထိရောက် မှုဟာ အစိုးရကို သတင်းထိမ်ချန်မှုတွေ မရှိနိုင်အောင် တွန်းအားတွေ ပေးနေတာ တွေ့ရပါတယ်။ ဒီလိုပါပဲ။ နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံဟာ မြန်မာအစိုးရ ဘာမှမပြောနိုင်ခင် မှာပဲ ကြေညာချက်တွေ ထုတ်ပြီး မြန်မာပြည်တွင်းမှာ ဖြစ်တဲ့ ပြဿနာ တွေဟာ သူတို့တွေနဲ့ မသက်ဆိုင်ကြောင်း နိုင်ငံတကာကို အသိပေး ကြပါတယ်။ ဒါတွေကို ကြည့်ရင် ပြင်ဆင်မှု အလေ့အကျင့်မရှိတဲ့ မြန်မာအစိုးရဟာ ခြေလှမ်းတွေ နောက်ကျနေတာကို တွေ့ရပါတယ်။

နောက်ပြန်လှည့်နိုင်မလား

လက်ပန်တောင်းတောင် အရေးအခင်း အပြီးမှာ နောက်ပြန်လှည့် နိုင်မလား ဆိုတဲ့ စိုးရိမ်စိတ် တွေဟာ ပိုမိုကြီးထွား လာခဲ့ပါတယ်။ ခက်ခက်ခဲခဲ တည်ဆောက် ထားတဲ့ ယုံကြည်မှုတွေဟာ သံသယ တွေနဲ့ ရောထွေး သွားပါတယ်။ တည်ဆောက်ဖို့ ကြာရှည်သလောက် ဖျက်ဆီးဖို့ အချိန်သိပ်မလိုပါဘူး။ ၂၀၀၈ အခြေခံ ဥပဒေထဲမှာပါတဲ့ စစ်တပ် အာဏာသိမ်းမှု အခန်းကဏ္ဍ ဟာလည်း ပယ်ဖျက်ခြင်း မရှိသေး တော့ တိုင်းပြည်ကို အညင်သာဆုံး ရှေ့တိုးဖို့ ကြိုးစားနေသူတွေ အဖို့ အကျဉ်းအကျပ်ထဲ ရောက်နေသလို သတိကြီးစွာ ထားရမယ့် အချိန် လည်းဖြစ်ပါတယ်။ တကယ်တမ်းတော့ နိုင်ငံ အခြေအနေဟာ ပိုမို ဆိုးရွားလာနိုင်ဖို့ ရှိနေပြီး အစိုးရရဲ့ကိုင်တွယ်ပုံပေါ်မှာ အများကြီး မူတည်နေပါတယ်။ လမ်းမှန်ပေါ်မှ ရှေ့ဆက် သွားမသွားကိုတော့ ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။

Written by  ကိုငယ် (မန္တလေး)
The Voice Weekly

Posted: 07 Dec 2012 03:40 AM PST
မန္တလေး တက္ကသိုလ် အရှေ့ ဘက် ၆၉ လမ်းက ရေမြောင်းအတွင်း မီးရထား ၀န်ထမ်းတဦး ဒဏ်ရာတွေနဲ့ သေဆုံး နေတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ကိုသက် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး မန်းသား

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Dec 2012 03:36 AM PST
ပြည်မြို့ တက္ကသိုလ် အုတ်နံရံ ပြိုကျတဲ့ အတွက် ကလေးသုံးဦးနဲ့ အမျိုးသမီးငယ် တဦး ထိခိုက် ဒဏ်ရာ ရရှိသွားပြီး ဆေးရုံမှာ တက်ရောက် ကုသ နေရပါတယ်။ ရိုက်ကူး အိုင်စီဂျေ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ဒဏ်ရာသူ တဦးအားတွေ့ ရစဉ်

Posted: 07 Dec 2012 02:37 AM PST
ပြည်မြို့မှာ တက္ကသိုလ် အုတ်နံရံ ပြိုကျတဲ့ အတွက် ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားပြီး ဆေးရုံမှာ တက်ရောက် ကုသ နေရပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်တက္ကသိုလ် ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ အုတ်တံတိုင်းဘက်ကို ကျောက်စရစ်ခဲတွေ လာချတာကြောင့် ၀န်ပိပြီး ပြိုကျခဲ့တာပါ။

ဒီပြိုကျမှုကြောင့် အုတ်နံရံဘေးမှာ ဆော့ကစားနေတဲ့ အသက် ငါးနှစ်အောက် ကလေး ၃ ဦးနဲ့ အလုပ်က ပြန်လာတဲ့ အသက် ၁၆ နှစ် အရွယ် မိန်းကလေး ၁ ဦးကို ပိပြီး  ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၃ နှစ်အရွယ် မောင်အောင်ကောင်းဆက်ဟာ ဦးခေါင်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး စိုးရိမ်ရတာကြောင့်  ရန်ကုန်ဆေးရုံကို ပို့ပြီး ကုသနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒီအမှုအခင်းနဲ့ ပတ်သက်လို့ ပြည် အမှတ် ၁ ရဲစခန်းက အမှုဖွင့်ထားပြီး ကားမောင်းသူကို အရေးယူထားတယ် လို့ သိရပါတယ်။

by ဒီဗွီဘီ


Posted: 07 Dec 2012 02:23 AM PST
ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်း၌ အင်အား ၇ ဒသမ ၃ ရစ်ခ်ျတာစကေးရှိ ငလျင်ကြီးနှင့် ၆ ဒသမ ၂ ရစ်ခ်ျတာစကေးရှိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်ခဲ့ရာ တစ်မီတာမြင့်သော ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်း NHK သတင်းဌာနက ကြေညာခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - ရိုက်တာ

Posted: 07 Dec 2012 01:30 AM PST
နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေ့လာရေး အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ M3 စားသောက်ဆိုင် တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်က -

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Popular Myanmar News Journal
Posted: 07 Dec 2012 01:18 AM PST
ဒီဇင်ဘာလ (၆) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၃ဝ)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Dec 2012 12:38 AM PST
ကာတာနိုင်ငံအခြေစိုက်  အယ်လ်ဂျာဇီးရားသတင်းဌာနက မြန်မာနိုင်ငံရှိ ၄င်းတို့အခေါ် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတင်းအစဉ်တစ်ခုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ အာရပ် ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါအစီအစဉ်တွင် ၄င်းတို့အခေါ် ရိုဟင်ဂျာများအား လူမျိုး တုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို ထည့်သွင်း ဖော်ပြသွားမည်ဟု----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Dec 2012 12:10 AM PST
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ခေါ်ဆိုမှုနှင့် အင်တာနက် မြန်နှုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလတွင် နိုင်ငံတကာ စံချိန်စံညွန်း များနှင့် ကိုက်ညီအောင် လုပ်ဆောင် သွားမည်ဟု သိရကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2012 11:55 PM PST
ဆန့်ကျင် ကန့်ကွက် မှုများနှင့် ကြုံတွေ့ နေရသည့် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးက ယနေ့ ၉ နာရီ ၃၀ မိနစ် အချိန်မှစ၍ ၁၁ နာရီ ၃၀မိနစ်အချိန်အထိ ပြည်တွင်း မီဒီယာများနှင့် ပြည်ပ မီဒီယာများကို ခေါ်ယူ တွေ့ဆုံကာ တရုတ်နိုင်ငံ၏ သဘောထားကို ရှင်းပြမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Dec 2012 07:55 PM PST
ASEAN 100 Leadership ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်။
မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ ပြောင်းလဲ မှုကို ပြောင်းနေတဲ့ နှုန်းထက် ပြောင်းလဲမှု အနှစ် သာရကို ပိုပြီး အာရုံစိုက်ပါ လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက် ပါတယ်၊ လက်ရှိ မြန်မာနိုင်ငံက အပြောင်း အလဲ တွေဟာ ဦးတည်နေတဲ့ လမ်းကနေ နောက်ပြန် လှည့်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်၊ အာရှ Pacific ဒေသတွင်း နယ်ပယ် အသီးသီးက ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံ ကိစ္စကိုပဲ အာရုံထား ဆွေးနွေးခဲ့ကြပါတယ်၊ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။

ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ လုပ်ခဲ့တဲ့ ASEAN 100 Leadership Forum အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဆွေးနွေးပွဲမှာ Turbulent World, Rising Asia “မတည်ငြိမ်တဲ့ ကမ္ဘာကြီး ဦးမော့လာတဲ့ အာရှ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ အာရှ Pacific ဒေသအပြင် ဥရောပက နယ်ပယ်အသီးသီးမှာ  ဦးဆောင်မှုပေးနေကြသူတွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ မနက်ကတော့ မတည်ငြိမ်တဲ့အချိန်ကာလတွေအတွင်း ခံနိုင်ရည်ရှိမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသွားခဲ့ပါတယ်။

“လွယ်လွယ်လေးနဲ့ အကောင်းမြင်လွန်းတဲ့ စိတ်ကို ထိန်းထားနိုင်တဲ့ ခံနိုင်ရည်ရှိဖို့ ကျွန်မတို့က တောင်းဆိုချင်ပါတယ်၊ ကျွန်မက သတိနဲ့ အကောင်းမြင်ဖို့ပဲ ပြောနေလို့ လူတွေကတော့ စိတ်အနှောင့်အယှက်ဖြစ်ကြမှာပါ၊ အပြုသဘော သံသယထားပြီး ကျွန်မပြောတာကို လူတွေက မကြိုက်ကြပါဘူး၊ ဒါပေမဲ့ ကျွန်မနိင်ငံမှာ စစ်မှန်တဲ့ တိုးတက်မှုရှိလာဖို့အတွက် ကျွန်မကတော့ ပြောရမှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ပြောသွားခဲ့တာပါ။

မြန်မာနိင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကြည့်ကြတဲ့အခါမှာလဲ ပြောင်းလဲနေတဲ့ နှုန်းထက် အနှစ်သာရကို ကြည့်ကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
ပြောင်းလဲနေတဲ့ နှုန်းဆိုတဲ့အပေါ် အလွန်ကို အာရုံစိုက်နေကြတဲ့သူတွေ အများကြီးရှိပါတယ်၊ ကျွန်မအနေနဲ့ကတော့ ပြောင်းလဲမှုရဲ့ အနှစ်သာရအပေါ်မှာ ပိုပြီး အာရုံစိုက်စေချင်ပါတယ်၊ အစဉ်လိုက်ဖြစ်သင့်တာနဲ့ ပြောင်းလဲမှု အရည်အသွေးက ပြောင်းလဲနှုန်းထက်ကို ပိုပြီး အရေးကြီးပါတယ်၊ မှန်ကန်တဲ့လမ်းဆီကို ဦးတည်နေတဲ့ အပြောင်းအလဲမျိုးကို ကျွန်မတို့က လိုလားပါတယ်၊ ပြောင်းလဲမှုဖြစ်ရမယ်ဆိုပြီး လုပ်ပြတဲ့ အပြောင်းအလဲမျိုးကို မလိုချင်ပါဘူး၊ ကျွန်မတို့ရဲ့ လူ့ဘောင်အဖွဲ့အစည်း ပိုမိုကောင်းမွန်လာစေတဲ့ အပြောင်းအလဲမျိုးကိုပဲ လိုလားတယ်လို့ ပြောင်းလဲမှုနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာလုပ်နေတဲ့ အပြောင်းအလဲတွေဟာ စိတ်မချရသေးဘူးဆိုတဲ့ အချက်ကိုလဲ အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဆွေးနွေးပွဲမှာ ပြောသွားပါသေးတယ်။

“ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နောက်ပြန်မသွားတော့တဲ့ လမ်းပေါ်ရောက်နေပြီလားလို့ ကျွန်မ ခဏခဏ အမေးခံရပါတယ်၊ ကျွန်မဖြေချင်တာကတော့ မရောက်သေးပါဘူး၊ ဒါဆိုရင် လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်တော့ဘူးလို့ ပြောနိုင်မဲ့အချိန် ဘယ်တော့ရောက်မလဲလို့ မေးကြပြန်ပါတယ်။ ကျွန်မရဲ့ အဖြေကတော့ သာမန်ပြည်သူတွေအနေနဲ့ သူတို့ဘဝတွေ ပြောင်းသွားတယ်လို့ ခံစားရတဲ့အခါ၊ သာမန်ပြည်သူတွေအနေနဲ့ စိုးရိမ် ကြောက်ရွံ့မှုကနေ ကင်းဝေးသွားပြီလို့ ခံစားရတဲ့အခါ ကျရင်တော့ ဒီမိုကရေစီကို ဦးတည်နေတဲ့ လမ်းကြောင်းဟာ ပြန်မလှည့်တော့ဘူးလို့ ကျွန်မတို့ ပြောနိုင်မှာဖြစ်ပါတယ်”လို့ နိုင်ငံစုံက ကဏ္ဍအသီးသီးမှာ ဦးဆောင်မှုပေးနေသူတွေတက်ရောက်ကြတဲ့  ဆွေးနွေးပွဲ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းကလည်း သမ္မတဦးသိန်းစိန်ကိုယ်စား “မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းဆိုင်ရာ” မိန့်ခွန်းကို မနေ့က ပြောကြားခဲ့ပါတယ်၊ မလေးရှားနိုင်ငံ Perak ပြည်နယ်ရဲ့ အိမ်ရှေ့မင်းသား Raja Nazrin Shah အပြင် အာရှ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့က စီးပွားရေးအရ ခေါင်းဆောင်မှုပေးနေသူတွေ၊ နိုင်ငံတကာ ဆက်ဆံရေးပိုင်းမှာ ကျွမ်းကျင်ပညာရှင်တွေလဲ ဒီဆွေးနွေးပွဲမှာ သူတို့အမြင်တွေကို ဖလှယ်သွားခဲ့ကြပါတယ်။

အားလုံးနီးပါးက မြန်မာနိုင်ငံကို အဓိကထားပြောသွားခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်တဲ့ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း ကိုယ်စားလှယ် ဦးဇော်နိုင်က ဗွီအိုအေ မြန်မာပိုင်းကို  ပြောပြပါတယ်။

“ကျနော့်အနေနဲ့ ဆိုရင် အာဆီယံနဲ့ ကမ္ဘာနဲ့ မြန်မာနဲ့ ပေါင်းစပ်မှုတွေအပေါ် ပိုပြီးတော့ ဖြစ်လိမ့်မယ်လို့ ယူဆခဲ့တာပါ။ သို့သော်လည်း မြန်မာနိုင်ငံအကြောင်းကိုချည်းပဲ ဦးစားပေးဆွေးနွေးနေကြတယ်။ ပြောရရင် ဂုဏ်ယူစရာလည်းကောင်းပါတယ်။ အားရစရာလည်းကောင်းပါတယ်။ အခွင့်အလမ်းတွေနဲ့ အတူပါလာမယ့် စိန်ခေါ်မှုတွေ အကျိုးဆက်တွေကို ကျနော်တို့ ရင်ဆိုင်ဖြေရှင်းကြမယ့်အခါ အဲ့ဒီ့ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ကြပြီးသားဖြစ်တဲ့ စင်ကာပူတို့၊ မလေးရှားတို့၊ ထိုင်းတို့၊ ဗီယက်နမ်တို့ အင်ဒိုနီးရှားတို့ ဒီနိုင်ငံက လူတွေဆီကနေ ကျနော်တို့ လေ့လာသင်ယူဖို့အတွက် အခွင့်အလမ်းတွေရတယ်။ သူတို့တွေရဲ့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ သူတို့တွေမှားတဲ့အမှားတွေ ကျနော်တို့ လေ့လာသင်ယူဖို့ အခွင့်အလမ်းတွေ ရတယ်။

ဒီနေ့ ပြောဆိုဆွေးနွေးနေကြတဲ့ဟာ နောက်တနှစ်အတွင်းမှာ၊ နောက်သုံးနှစ်အတွင်းမှာ၊ နောင်ငါးနှစ်အတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွာကို ပညာရေး အခွင့်အလမ်း မြောက်မြားစွာကို ဖော်ဆောင်ပေးလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့အတွက် အခွင့်အလမ်း မြောက်မြားစွာကို ပေးနိုင်လမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အာရှဒေသမှာ အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မဟာဗျူဟာမြောက်တဲ့ ဆွေးနွေးမှုတွေ လုပ်ပြီး အာရှရဲ့ အနာဂါတ်ကို ပုံဆောင်ဖို့ရည်ရွယ်ချက်နဲ့ Brunei နိုင်ငံမှာ အခြေစိုက်တဲ့ Asia Inc Forum အဖွဲ့ကနေ ASEAN 100 Leadership ဆွေးနွေးပွဲကို December 5 ရက်နဲ့ ဒီနေ့ 6 ရက် 2 ရက် ရန်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

စုမြတ်မွန် (ဗွီအိုအေ မြန်မာဌာန)
Posted: 06 Dec 2012 07:46 PM PST
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပြီးတဲ့နောက် လူ၆၀၀ကျော်ကို ရာဇဝတ်မှုတွေနဲ့ အာဏာပိုင်တွေက တရားစွဲဆို ခဲ့ပါတယ်။ အများစု ကတော့ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတဲ့ အတိုက်အခံရှပ်နီ အုပ်စုတွေက လူတွေကို စွဲဆိုတာ ဖြစ်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီစစ်

Posted: 06 Dec 2012 07:57 PM PST
မြန်မာ နိုင်ငံမှာ အစိုးရသစ် တက်လာ ပြီးနောက် ပြုပြင် ပြောင်းလဲ မှုတွေ လုပ်နေ ပေမယ့်
စိတ်ချ ရတဲ့ အနေ အထားကို မရောက် သေးကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
အာဆီယံ ခေါင်းဆောင် ၁၀၀ အစည်း အဝေးကို ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၅ ရက်ကနေ ၆ ရက်
အထိ နှစ်ရက်တာ ကျင်းပခဲ့ရာမှာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမြန်ပြောင်းလဲတာထက် အရည်အသွေးမီမီ ပြောင်းတာ ကောင်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်

Posted: 06 Dec 2012 07:31 PM PST
ထိုင်းထောင်တွေထဲမှာ မြန်မာ အကျဉ်းသား အကြမ်းဖျဉ်း ၁၀၀၀၀ လောက် ရှိ
ထိုင်းနိုင်ငံ အကျဉ်းထောင်တွေ ထဲမှာ ရှိတဲ့ မြန်မာ အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ အတွက် ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံ အမတ်ကြီး ဦးတင်ဝင်းက ထိုင်း နိုင်ငံခြားရေး ဝန်ကြီး စူရဖုန်း တိုးဝိကျတ် ချိုင်းကွန်း နဲ့ ကြာသပတေးနေ့က တွေ့ဆုံ စဉ်မှာ မေတ္တာ ရပ်ခံ လိုက်ပါတယ်။

ထိုင်းထောင်တွေထဲမှာ မြန်မာ အကျဉ်းသား အကြမ်းဖျဉ်း ၁၀၀၀၀ လောက် ရှိတယ်လို့ သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

အများစု ကတော့ မူးယစ် ဆေးဝါး အမှုနဲ့ အကျဉ်းကျ ခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို မြန်မာ သံအမတ်ကြီးက မေတ္တာရပ်ခံ တဲ့အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက သက်ဆိုင်ရာ ဌာနတွေကို ဆက်ပြီး မေတ္တာရပ် ခံပေးမယ်လို့ ပြောကြောင်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာ အကျဉ်းထောင်တွေက ထိုင်း အကျဉ်းသား ၁ဝဝ လောက်ကို မကြာခင် ကပဲ သမ္မတ ဦးသိန်စိန်က လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


Posted: 06 Dec 2012 07:23 PM PST
အီဂျစ် ဆန္ဒပြ သမား တွေက မွတ်ဆလင် ညီနောင်များ အဖွဲ့ ရုံး ၂ ရုံးကို မီးတင်ရှို့ ခဲ့ကြ ပြီး ကိုင်ရို မြို့တော်က ဌာနချုပ် မီးရှို့ ခံခဲ့ရ ပါတယ်။ အီဂျစ် သမ္မတ မိုဟာမက် မော်ဆီက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သမား တွေကို အင်အားသုံး ဖြိုခွင်းခဲ့ မှုကို မှန်ကန်ကြောင်း အစိုးရ ရုပ်သံ ကနေ ထုချေ ပြောကြား ခဲ့ပြီးနောက် ဒီလို မီးရှို့ ခံရတာ ဖြစ် ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆန္ဒပြ သမားတွေကို ဖြိုခွင်း ခဲ့တာ မှန်ကန် ကြောင်း အစိုးရ ရုပ်သံ ကနေ ပြောကြား ခဲ့ပြီးနောက် မီးရှို့ ခံရတာ ဖြစ်

Posted: 06 Dec 2012 06:54 PM PST
မေး။ ။ လက်ရှိတက္ကသိုလ် ပညာရေးကိုရော ဘယ်လိုပြင်ဆင်ဖို့ ရည်ရွယ်ထားပါသလဲ ခင်ဗျာ။

ဖြေ။ ။ ဒါကတော့ အမေတစ်ယောက်တည်း ပြင်ဆင်မှာလည်း မဟုတ်ဘူး၊ ဒါအားလုံးကျွမ်း ကျင်တဲ့ သူတွေ ၊ တကယ် စိတ်ပါဝင်စားတဲ့ သူတွေ နဲ့ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စပါ၊ အဓိကကတော့ တက္ကသိုလ် ပညာရေး ဆိုတာက ကျယ်ပြန့်ရမယ်၊ နက်နဲရမယ်၊ တက္ကသိုလ် ပညာရေးဆိုတာ ဒီ လူငယ်တွေကို ဘဝစိန်ခေါ်ချက် တွေကို ရင်ဆိုင်နိုင်အောင်လို့ သင်ပေး တာပဲ ဖြစ်ရမယ်၊ ဒီလိုဘွဲ့ တံဆိပ်လေး ရရုံနဲ့
မရဘူး၊ ဒါကြောင့်မို့ အမေ့တို့ အနေနဲ့ ဒီတက္ကသိုလ်ဘဝ ရှင်သန်ရေးပေါ့နော်၊ campus Life ပေါ့၊ အဲဒါ သိပ်အရေးကြီးတယ်၊ ဘာလို့လဲဆိုတော့ အဲဒီလိုနေရာမှာ ဒီလိုဘဝ စိန်ခေါ်မှုတွေ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ တတ်လာမယ် ၊နောက်ပြီးတော့ Social Skill လူမှုရေး ကျွမ်းကျင်မှု တွေလည်း ရလာတာပေါ့၊ Lecture တွေ ကိုလည်း အခန်းထဲမှ မဟုတ်ဘူး၊ ကျောင်းခန်းထဲမှ ရတာ မဟုတ် ဘူး၊ ကျောင်းပြင် ကလည်းရတာ၊ အဲဒီအတွက် ဦးတည် ပြီးတော့ တက္ကသိုလ် ပညာရေးကို ပြန်ပြီးထူထောင်ရမှာ ပါ၊

မေး။ ။လက်ရှိ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ် တွေကြားထဲမှာ အားရကျေနပ်မှု ရှိပါသလား၊ မြင်ရတာရော၊ ကြားရတာရောတွေ့ရ တာရောပေါ့။

ဖြေ။ ။ အားရကျေနပ်မှုရှိပါတယ်၊ အမေတို့ ဒီကြားဖြတ် ရွေးကောက်ပွဲ အတွက် စည်းရုံးတဲ့အခါ လူငယ်တွေ တက်ကြွစွာ ပါဝင်လာကြတယ်၊ လူငယ်တွေမှာ အန္တရာယ်တော့ ရှိတာပေါ့နော်၊ လူငယ်ဆိုတော့ စိတ် က နုသေးတာပေါ့၊ စိတ်ကနုတဲ့ အခါကျတော့ တစ်ခါတစ်ခါ ဆွဲဆောင်ရာကို ပါသွားတတ်ကြတယ်။ အဲဒါကတော့ လူငယ် တွေ မပြောပါနဲ့ လူကြီးတွေ တောင် စိတ်ကခိုင်မာတာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်တွေမှာ အပြစ်ကြီး တယ်လို့တော့ အမေမမြင်ဘူး၊ ဒါပေမဲ့ ဒါကို ထိန်းကွပ်ဖို့တော့ အရေးကြီးတာပေါ့၊

မေး။ ။အရှေ့တောင်အာရှ နိုင်ငံတွေမှာ မြန်မာနိုင်ငံက ယောက်ျား မိန်းမ ခွဲခြားဆက်ဆံမှု နည်းတယ်လို့ပြောကြတယ်၊ အဲဒါမှာ အမေ့ အနေနဲ့ ဘယ်လို သုံးသပ် ထားတာ ရှိပါသလဲ၊ အဲဒါလေး ပြောပေးပါ။

ဖြေ။ ။ နည်းတယ် ဆိုပေမယ့်လည်း ရှိတော့ရှိ သေးတာပဲ ၊ယောက်ျား မိန်းမ ခွဲခြားမှုဟာ ရှိသေးတာပဲ၊ အမြဲပဲပြောတယ်၊ ဟို…သားကို သခင်၊ လင်ကိုဘုရား.. ဆိုတာဒါ ဘယ်လို အဆို လဲ (ပြုံးလျက်) လုံးဝ လက်မ ခံနိုင်ဘူး။ ဒါလက်ခံ နိုင်တဲ့ဟာ မဟုတ်၊ အဲဒါဆိုရင် ခွဲခြားမှု ရှိတယ်ဆို တာတွေပဲ၊ နောက်ပြီးတော့ ကျန်းမာရေး အရ လေ့လာ လိုက်တဲ့အခါဆိုရင် .။ ချို့တဲ့တဲ့ မိသားစုတွေထဲမှာ အာဟာရဓာတ် မပြည့်ဆုံးက အဲဒီ အမျိုး သမီးတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်၊ သူ့ရဲ့သားသမီးတွေ၊ သူ့ရဲ့ ခင်ပွန်း သည် အတွက် အမြဲပဲ ဦးစားပေးတယ်၊ သူက အကျန်လေးတွေကို စားတယ်၊ အသားနှစ်တုံး သုံးတုံးရှိတယ် ဆိုလို့ ရှိရင်လည်း သူက မစားဘူး။ ကျန်တဲ့ မိသားစုတွေ ကျွေးတယ်။ စသဖြင့် နောက်ပြီးတော့ မိသားစု တော်တော် များများမှာလည်း သားယောက်ျားလေး တွေကို မျက်နှာသာပေးတာ ခုထက်ထိ ရှိနေပါတယ်။ နောက်ဆေး တက္ကသိုလ်ကိစ္စ အမေ ခဏ ခဏ ပြောတာလေ ။ အမှတ် ..၊ မိန်းကလေးတွေဆို အမှတ်ပိုများဖို့ လိုတယ် ဆိုတာ၊ ဒါလည်း မိန်းမ ယောက်ျားခွဲခြားဆက်ဆံမှုပဲ။

မေး။ ။ နိုင်ငံအတွက် တာဝန်ကျေတဲ့ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်ဟာ သူ့ရဲ့မိသားစု အပေါ်မှာ တာဝန်ကျေဖို့ရာနှုန်းအားဖြင့် ဘယ်လောက် ရှိမယ် လို့ အမေ ယူဆပါသလဲ။

ဖြေ။ ။ ဒါကတော့ ကိုယ်က ဆုံးဖြတ်ရမှာပေါ့။ တိုင်းပြည်တာဝန်ကို ယူမှာလား၊ ကိုယ့်မိသားစု တာဝန်ကိုယူမှာလား၊ ကံကောင်းတဲ့ နိုင်ငံတွေ မှာက ဒီဟာကိုရွေးစရာ မလိုဘူး။ ကိုယ်ကလည်း ကိုယ့် နိုင်ငံရဲ့ တာဝန်ကို ယူရင်းနဲ့ မိသားစုတာဝန်ကို ယူသွားလို့ရတယ်၊ ဒါပေမဲ့ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေမှာဆိုရင် ဒီနှစ်ခုတည်းက တစ်ခုကို ရွေးရတာပဲ ၊ ရွေးတဲ့ အခါ ပြတ်ပြတ်သားသား ရွေးပေါ့။ ကိုယ်က အိမ်ထောင်ဦးစီး အနေနဲ့ပဲနေ မှာလား၊ နိုင်ငံရေး သမားတစ်ယောက် အနေနဲ့ နေမှာလား၊ နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ နေမယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရပ်တည်မယ် ဆိုလို့ ရှိရင်တော့ နိုင်ငံကိုပဲ ရွေးရမှာပဲ။

မေး။ ။ မြန်မာ အမျိုးသမီးတွေက မညံ့ကြပေမယ့် ထိပ်တန်း နေရာတွေ ရောက်တဲ့ နေရာမှာ နည်းနည်း မရှိသလောက် နည်းတယ်လို့ ယူဆရတဲ့ အတွက် ဘယ်လိုပြုပြင် ထိန်းသိမ်းမှုတွေနဲ့ ကြိုး စားအားထုတ်မှုတွေ လိုအပ်မယ်လို့ ထင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ အဲဒါကလေ လူမှုရေးတွေနဲ့ ဆိုင်တာ ပေါ့နော်၊ လူမှုရေးစံနှုန်း ထားတွေနဲ့ ဆိုင်တာပေါ့၊ နောက်ပြီး ဥပဒေတွေနဲ့ ဆိုင်တယ်လို့ အမေ ထင်တယ်။ ဘာလို့လဲဆိုတော့ အခု တချို့နိုင်ငံတွေ တော်တော်များများမှာ အမျိုးသမီးတွေ လွှတ်တော် အတွင်း ပါဝင်ရေးအတွက် လုပ်ထားတာ ကာလ အတိုင်းအတာ တစ်ခုအထိ လိုတယ်။ တစ်ခါ တလေ အမျိုးသမီး တစ်ယောက် အနေနဲ့ တိုးတယ်ဆိုလို့ ရှိရင် တိုးတယ်လို့ မြင်တယ်၊ အမျိုးသား တစ်ယောက် အနေနဲ့ကျလို့ရှိရင်တော့ လုပ်ရဲကိုင်ရဲ တယ်လို့ မြင် ကြ တယ်၊ တာဝန်ယူရဲတယ်။ အမျိုးသမီးကျတော့ တွန်းတယ်၊ တိုးတယ်၊ နေရာယူတယ်။ ဒါပေမဲ့ နေရာယူတဲ့နေရာမှာ အမျိုးသား တွေ ကတော့ ဇော်ပဲ။ (ရယ်လျက်)

မေး။ ။ အမေ့အနေနဲ့ တစ်ယောက်တည်း နေခဲ့ရစဉ် အတွင်းမှာ သားတွေ အပေါ် လွမ်းဆွတ်မှု အတိုင်းအတာ ဘယ်လောက်ရှိခဲ့ပါသလဲ။

ဖြေ။ ။အမေက ကိုယ့်ကိုယ်ကိုယ် မလွမ်းအောင် နေတတ်တယ် ၊ ဒါ ငယ်ငယ်တည်းကပါ။ လွမ်းတယ် ဆိုတဲ့ အလုပ်မလုပ်ဘူးလို့ ဆုံးဖြတ် ထားတယ်။

မေး။ ။ စိတ်ခွန်အားနဲ့ ဥာဏ်စွမ်းအားမှာ ဘယ်အရာက အမေ့အတွက် အလိုအပ်ဆုံးလို့ ယူဆပါ သလဲ ခင်ဗျ။
ဖြေ။ ။ စိတ်ခွန်အားကတော့ အခြေခံဖြစ်ရမှာပဲ၊ ပညာက အလွဲသုံးစား လုပ်လို့ရတယ်။ မမှန်ကန်တဲ့ စိတ်ရှိတဲ့ ပညာရိ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...