Wednesday, December 12, 2012

ဂစ်တာတီးတဲ့ အငယ်လေး (နေဝင်းဌေး) (ဂစ်တာတီးတဲ့ ကိုပေါက်ရဲ့ညီ) ဆုံးပြီ


၁၁ ရက်နေ့မနက် ၉ နာရီလောက်က ခရီးသည် ၅၀ ကျော်ပါတဲ့ မဲဆောက် ဘန်ကောက်သွား ဘတ်စ်ကားကြီး မဲဆောက်မြို့အထွက်တွင် တိမ်းမှောက်ရာ ခရီသည် ၄ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူ ၄ ဦးအနက် တဦးမှာ ကိုငယ်လေး (နော်ဝေ) ဖြစ်ပါတယ်။ အခု ကိုငယ်လေး ရုပ်အလောင်းကို မဲဆောက်ဆေးရုံကြီးမှာ ထားရှိပြီး မဲဆောက်မှာရှိတဲ့ သူ့မိတ်ဆွေတွေက ဆက်လက်လု
ပ်စရာရှိတာတွေအတွက် နော်ဝေးသံရုံးရဲ့ အဆုံးအဖြတ်ကို စောင့်နေကြပါတယ်။

ကိုငယ်လေး ဟာ မကြာခင်ရက်ပိုင်းကမှ နော်ဝေး နိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။ ပြီးခဲ့တဲ့ ၆ ရက်နေ့က မဲဆောက်မြို့ ကျောင်းသားဆေးခန်းမှာ ကျင်းပခဲ့တဲ့ ဆရာမ စင်သီယာမောင်မွေးနေ့ပွဲ ညခင်းတေးဂီးတဖျော်ဖြေပွဲမှာဂစ်တာဝင်ရောက်တီးခတ်ပြီး ဆရာမမွေနေ့ကို ဂုဏ်ပြုအားဖြည့်ပေးခဲ့ပါတယ်

ကိုငယ်လေး ဆုံးပါးသွားတယ်ဆိုတာကို ရပ်နီးရပ်ဝေး မိတ်ဆွေသူငယ်ချင်းအပေါင်းသိစေရန် ဖြစ်ပါတယ်။
.............................................................
ဖြစ်စဉ် ... Moe KYaw ဖေ့ဘုတ်မှ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကို ဒီဇင်ဘာလ (၁၁)ရက်နေ့ ဒီကနေ့မနက်ပိုင်းထွက်ခွာသွားတဲ့ ခရီးသည်တင်ဘတ်စ်ကား တစ်စီး မဲဆောက်မြို့နဲ့ (၂၉)ကီလိုမီတာ အကွာ ကားလမ်းမှာ တိမ်းမှောက်ခဲ့လို့ ခရီးသည် (၄)ဦးသေဆုံးခဲ့ပြီး ခရီးသည်တော်တော်များထိခိုက်ဒဏ်ရာရရှိတယ်လို့ စုံစမ်းသိရပါတယ်။

ခရီးသည်တင်ဘတ်စ်ကားတိမ်းမှောက်လို့ သေဆုံးသူ (၄)ဦးကတော့ ထိုင်းနိုင်ငံသားနှစ်ဦးနဲ့မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ဒေးဖိုး (၃၀)နှစ်နဲ့ ကိုနေ၀င်းဌေး (ခ) ကိုငယ်လေး (နော်ဝေနိုင်ငံကနေ ခရီးသွားလာခွင့်လက်မှတ်နဲ့ ထိုင်းနိုင်ငံထဲကို လာရောက်တဲ့သူ) ဖြစ်တယ်လို့သိရပါတယ်။ ဘတ်စ်ကားတိမ်းမှောက်လို့ သေဆုံးထိခိုက်ဒဏ်ရာရရှိတာနဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေနဲ့နီးစပ်သူ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

လိုင်းကားမှောက်တာ မဲဆောက်ဘန်ကောက် ရှစ်နာရီအစောပိုင်း မဲဆောက်နဲ့ (၂၉)ကီလိုအကွာဖာဝပ်နကရင်အကျော် ကားမှောက်တာ အယောက်(၅၄)ယောက်ပါတယ် (၄)ယောက်သေတယ်၊ (၅၀)က ဒဏ်ရာရတယ်။ အမျိုးသမီးတစ်ယောက် အမျိုးသား (၃)ယောက် သေတဲ့အထဲမှာ ဗမာ(၂)ယောက်ပါတယ်။ လူနာတွေထဲမှာလည်း ဗမာပါတယ်။

ကားမှောက်လို့ ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေကို မဲဆောက်ဆေးရုံကြီးကို တာဝန်ရှိသူတွေက ပို့ဆောင်ကုသ ပေးနေပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ဗမာအမျိုးသမီးရဲ့ တူမဖြစ်သူက မဲဆောက်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတဲ့အခြေအနေကို အခုလိုပြောပါတယ်။

သမီးတို့အဒေါ်လည်း သူလည်းသတိရတချက် မရတချက်ကြီး သူက ခေါင်းမှာ သွားထိတာ လေ သူက ခေါင်းကိုက်တယ်နောက်တော့ လက်တွေဘာတွေသိပ်တော့လှုပ်လို့မရဘူးပေါ့ ဆေးရုံမပေးအိပ်ဘူးလေ သူပြောတာ အတွင်းမှာ ဘာမှ မဖြစ်ဘူးတဲ့ အပြင်ပဲ နည်းနည်း ဖြစ်တာ အခုလည်းဆေးရုံမှာ ဆေးကုန်မှသူပေးပြန်မယ်။

ကားမှောက်ပြီးထိခိုက်ဒဏ်ရာရလို့ မဲဆောက်ဆေးရုံမှာ အရေးတကြီးကုသရမဲ့ အတွင်းလူနာ (၁၀)ဦးလောက်တင်ထားရပြီး အဲဒီအတွင်းလူနာတွေထဲမှာ နိုင်ငံခြားသားနဲ့ မြန်မာလူမျိုးများတယ်လို့ မျက်မြင်တွေ့သူတွေက ပြောဆိုခဲ့ကြောင်းပါခင်ဗျာ။
.......................................................

(ဂစ်တာတီးနေသူ သုံးဦးအနက်မှ အလယ်မှာ ဂစ်တာတီးနေသူ ကိုငယ်လေး)
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...