Tuesday, December 11, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၁၂)


သစ်ထူးလွင်


Posted: 11 Dec 2012 06:23 AM PST
ပွင့်လင်းရာသီအချိန်တွင် ခရီးသွားလုပ်ငန်းများသည် ယခုနှစ်အတွင်း၌ ယခင်နှစ်ကထက် နှစ်ဆခန့်မြင့်လာခဲ့ကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းများနှင့် ဘုရားဖူးလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

နှစ်စဉ် အောက်တိုဘာလမှ မေလအထိသည် ခရီးသွားရာသီဖြစ်ပြီး အများစု သည် ဘုရားဖူးခရီးစဉ်များ ဖြစ်ကြောင်း၊ ယခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည်များလည်း အများဆုံးဝင်ရောက်လာခဲ့ခြင်းကြောင့် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းများအနေဖြင့် အရှိန်မြင့်လာသည်ဟု ဆိုနိုင်ကြောင်း
ပြည်တွင်းခရီးသွားလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ ဒီနှစ်ကတော့ ခရီးသွားတဲ့သူတွေ များလာတယ်၊ ပြည်ပခရီးသွား ဧည့်သည်တွေလည်း များတယ်။ ပြည်တွင်းက ဘုရားဖူးထွက်ကြတဲ့ သူတွေလည်း များတယ်။ ပြည်ပခရီးသွားဧည့်သည်တွေက တောင်ကြီးတို့၊ ပုဂံတို့၊ ရွှေစက်တော်တို့ကို သွားကြတယ်။ ပြည်တွင်းဘုရားဖူး ခရီး စဉ်တွေ ဆိုရင် ကျိုက်ထီးရိုးဘုရားဖူးက ဒီနှစ်တော့များတယ်၊ အရင်နှစ်က ကျိုက်ထီး ရိုးကို တစ်ည ကား ၅ စီးထွက်ရရင် ဒီနှစ်ကတော့ ၁၀ စီး ထွက်ရတယ်” ဟု ရွှေအိုးစည် ဘုရားဖူးခရီးသွားလုပ်ငန်းမှ ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ခရီးစဉ်များအပြင် နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်မှု များလာခြင်းကြောင့် အထက်မြန်မာပြည်ခရီးစဉ်နှင့် တောင်ကြီး-အင်းလေး၊ ရှမ်းပြည်၊ မြန်မာ့တောတောင်ရေမြေ သဘာဝလှပသော နေရာအများစုသို့
လည်း နိုင်ငံခြားခရီးသည် သွားရောက်မှု ယခင်နှစ်များ ထက်များပြားလာ
ခဲ့ကြောင်း စည်တော်ဝန် ခရီးသွားလုပ်ငန်းမှ ဦးမင်းနိုင်က ပြောကြားသည်။

“ နိုင်ငံခြားကလာတဲ့ ဧည့်သည်အများစုက အမျိုးအစားစုံပါတယ်၊ တချို့က အလည်အပတ်သဘောနဲ့ လာတာ၊ တချို့က ဘုရားဖူးဖို့ လာတာ၊ တချို့က အလည်အပတ်သဘောမျိုးနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေ့လာချင် ကြတာ၊ စီးပွားရေးလုပ်ဖို့ လာတဲ့လူတွေကလည်း အများစုပါတယ်၊ ရခိုင်နဲ့
မြောက်ဦးဒေသကို နိုင်ငံခြားဧည့်သည်တွေ သွားချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က မပို့ပေးနိုင်ဘူး” ဟု ဦးမင်းနိုင်က ပြောကြားသည်။

အောင်ကိုကို
The Myanma Age


Posted: 11 Dec 2012 05:20 AM PST
အမျိုးသား ဒီိမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်း စုကြည် သည် ၂၀၁၂ခု၊ဒီဇင်ဘာလ(၁၁)ရက် နံနက်(၉) နာရီက ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ရောက် ရှိကာ တာဝန်ရှိ သူများနှင့်တွေ့ ဆုံကာ ဒေသတွင်း ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက် ထားခြင်း အခြေ အနေများ ကိုဆွေးနွေးခဲ့သည်။ ထို့နောက် လမ်း၊ တံတားတည်ဆောက်မှု အခြေအနေများကို လိုက်လံကြည့်ရှု့ပြီး ၊ဒေသခံပြည်သူများနှင့် တွေ့ဆုံ စကားပြောခဲ့သည်။ ဆက်လက်ပြီး ၀ါးဘလောက်သောက် ကျေးရွာကို သွားရောက်ကာ ဈေးရှေ့ လမ်းခင်းမှု အခြေအနေ၊ တိုက်နယ်ဆေးရုံး အခြေအနေ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ပညာရေး သင်ကြားမှု အခြေအနေများကိုလည်း သွားရောက် မေးမြန်း ဆွေးနွေးခဲ့သည်။

သတင်း - ဓါတ်ပုံ ။ National League for Democracy







Posted: 11 Dec 2012 05:01 AM PST

ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဟာ သူ့ရဲ့ မဲဆန္ဒ နယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ် ၊ ၀ါးဘလောက်သောက် ကျေးရွာကို သွားရောက်ခဲ့ပါတယ်။ ခရီးစဉ်မှာ လမ်းများပြုပြင် နေတာကိုလည်း ကြည့်ရှူခဲ့ ပြီး ဘုန်းတော်ကြီးစာ သင်ကျောင်း ၊ စာသင်ကျောင်း နဲ့ ကျေးလက် ဆေးခန်းကိုလည်း ၀င်ရောက် ကြည့်ရှုခဲ့ပါတယ်။ သတင်း-ဓါတ်ပုံ(ဒီဗွီဘီ)







Posted: 11 Dec 2012 04:22 AM PST
ဒီဇင်ဘာလ(၁၁)ရက်နေ့ ထုတ် မဇ္ဈိမ-အပတ်စဉ်-ဂျာနယ်

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 11 Dec 2012 04:19 AM PST
ဒီဇင်ဘာလ(၁၀)ရက်နေ့ ထုတ် Play Maker Sports Journal

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2012 03:37 AM PST
မြန်မာ နိုင်ငံသည် ယခင်က အခြေအနေ အရပ်ရပ်ကြောင့်  အခြား နိုင်ငံများမှ ငွေများကို ချေး ယူကာ သုံးစွဲခဲ့ပြီး ယခုအစိုးရ လက်ထက် ပွင့်လင်းမြင်သာ လာချိန် တွင် မြန်မာနိုင်ငံ တင်ရှိနေသော အကြွေးများအား အချို့ သော နိုင်ငံများက လျှော်ပစ်ခြင်း၊   ကိုယ်စား ဆပ်ပေးခြင်းနှင့် အခြား  သော အကူအညီ ပေးခဲ့ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း  များနှင့် မြန်မာနိုင်ငံ အခွင့်အလမ်း နှင့် စိန်ခေါ်မှုများ ဆွေးနွေးပွဲတွင်   ဒေါက်တာသိန်းရွှေက ပြောကြား

Posted: 11 Dec 2012 03:27 AM PST
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ကျပ် ငါးထောင်တန် ငွေစက္ကူ အတု များမကြာခဏ စစ်ဆေး တွေ့ရှိမှုများ ဖြစ်ပေါ်လျှက်ရှိပြီး ဒီဇင်ဘာလ(၁၁)ရက် နေ့တွင်လည်း ကမ္ဘောဇဘဏ်ခွဲ (ဟင်္သာတ) ၌ ငွေလွှဲသူများ ထံ ကတွေ့ရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2012 02:57 AM PST
ဒီကားမောင်းပြိုင်ပွဲမှာ  ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်၊ မေသဉ္စာဦး၊ ဆုပန်ထွာနဲ့ ဒါရိုက်တာ ကိုပေါက်တို့က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ကား ၂ စီးနဲ့ ၀င်ရောက် ယှဉ်ပြိုင်နေတာပါ။ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က “မောင်းတာက အင်ဒိုနီးရှားမှာ မောင်းတယ်။ နောက် အင်ဒိုနီးရှားကနေ လေယာဉ်နဲ့ စင်ကာပူကိုလာပြီး စင်ကာပူကနေ ဒီကိုမောင်းလာခဲ့တာ။ -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 
Posted: 11 Dec 2012 02:31 AM PST
ဒီလကုန်မှာ နိုင်ငံရေး ဆွေးနွေးကြဖို့ သဘောတူ ထားပေမယ့် အင်အားဖြည့် ထားတဲ့ အစိုးရတပ် တွေဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့က  ကေအိုင်အို ဌာနချုပ် အနားထိ တိုးလာပြီး လက်နက်ကြီးနဲ့ ပစ်နေတယ်လို့  ကေအိုင်အိုနဲ့ မဟာမိတ် ပူးတွဲ တိုက်နေတဲ့ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ကပြောပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကျောင်းသား တပ်မတော် (မြောက်ပိုင်း) တာဝန်ခံ လဗျလဆိုင်း (ဓာတ်ပုံ- ဒီဗွီဘီ)

Posted: 11 Dec 2012 02:19 AM PST
မကွေးမြသလွန် ဘုရားကွင်း အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း စ/ဆုံး (ရိုက်ကူး - ကိုသိုက်၊ ကျော်ဇေယျာဝင်း)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2012 01:58 AM PST
ရန်ကုန်တိုင်းတဖက်ကမ်း ဒလမြို့နယ် စည်ပင်သာယာရေး ကော်မတီ ရေပေးရေး ရုံးကနေ ပေးဝေနေတဲ့ ရေပိုက်လိုင်းတွေကို ရေမီတာ မတပ်ဆင်ဘဲ ရေဖိုးငွေတွေကို တရားမ၀င် ကောက်ခံမှု ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

 ရေမီတာ တပ်ဆင်ထားခြင်း မရှိတဲ့အတွက် စည်ပင်သာယာက ရေဖိုးငွေတွေ ကောက်ခံတဲ့ နေရာမှာ ကျသင့်တဲ့ အတိုင်းအတာထက် ပိုမို ကောက်ခံနေပြီး မပေးနိုင်တဲ့ အိမ်တွေကို ရေပိုက်တွေ ဖြတ်တောက်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်မှာ ဒလမြို့နယ်အတွင်း ရေမီတာတွေ တပ်ဆင်ပြီး သုံးစွဲနိုင်တဲ့အထိကို ဂျပန်နိုင်ငံက လှူဒါန်းထားတာ ဖြစ်တယ်လို့ ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပါတယ်။ စည်ပင် အနေနဲ့ အခုလို ရေမီတာ မတပ်ဘဲ ရေဖိုးငွေတွေ ကောက်ခံတဲ့အပေါ် ပြည်သူတွေ အနေနဲ့ မပေးဆောင်နိုင်တဲ့အခါ ရေပိုက်တွေ ဖြတ်တောက်တာကို ပြုလုပ်နေပြီး ရေပိုက်တွေ ပြန်လည် တပ်ဆင်မယ်ဆိုရင် စည်ပင်သာယာကို တရားမ၀င် လာဘ်ထိုးမှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။

အထက်က ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ လက်တွေ့ အောက်က ၀န်ထမ်းတွေအကြား တရားမမျှတမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သမ္မတ ဦးသိန်းစိန်ရဲ့ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး စနစ် အပေါ် ဝေဖန်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2012 01:35 AM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုမှုကြောင့် ဖမ်းဆီး ခံထားရ သူများအား  ယနေ့ (ဒီဇင်ဘာလ ၁၁ရက်နေ့) မွန်းလွဲ ၁ နာရီဝန်းကျင်က ကိုယ်ပိုင် ခံဝန် အာမခံဖြင့် သက်ဆိုင်ရာ တရားရုံးမှ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ပြန်လည် လွတ်မြောက် လာသည့် အလုပ်သမား၊ လယ်သမား အရေးများ ဆောင်ရွက်နေသူ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ယနေ့ ၊ ဒီဇင်ဘာလ ၁၁ ရက် တွင် ကျောက်တံတားမြို့နယ် တရားရုံးနှင့် ဗဟန်းမြို့နယ်တရားရုံးတို့မှ အာမခံဖြင့် လွတ်မြောက်လာကြသူများအနက် ကိုမိုးသွေး၊ ကိုအောင်စိုး၊ ကိုဝေဠု၊ ဦးမျိုးချစ်၊ ကိုရဲလင်း နှင့် ညီညီ တို့ ခြောက်ဦးသည် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ ယနေ့ မွန်းလွဲ ၃း၁၅ နာရီတွင် ရောက်ရှိလာခဲ့ကြရာ ၈၈မျိုးဆက်ကျောင်းသားများမှ လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။ Photo: 88 Generation Students


ယနေ့လွတ်မြောက်လာကြသူများ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းသို့ မွန်းလွဲ ၃း၁၅ နာရီတွင် ရောက်ရှိလာခဲ့ကြသည်။ Photo: Ant Bwe Kyaw


ဒီနေ့ အာမခံနဲ့ လွတ်မြောက်လာကြသူတွေထဲက ကိုမိုးသွေး၊ ကိုအောင်စိုး၊ ကိုဝေဠု၊ ဦးမျိုးချစ်၊ ကိုရဲလင်း နှင့် ကိုညီညီ တို့ ခြောက်ဦးကို ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းမှာ သတင်းမီဒီယာတွေက သိလိုတာတွေ မေးမြန်းခဲ့ကြတယ်။ Photo: Ant Bwe Kyaw

Posted: 11 Dec 2012 01:01 AM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ် စခန်းအား အကြမ်းဖက် ဖြိုခွင်းခဲ့ရာတွင် ဒဏ်ရာရ သံဃာများကို သက်ဆိုင်ရာ တာဝန် ရှိသူများမှ တစ်စုံတစ်ရာ လိုက်လျောခြင်း မရှိခြင်းကြောင့် ဒီဇင်ဘာ (၁၂)ရက်နေ့တွင် မြန်မာနိုင်ငံရှိ သံဃာများ ဆန္ဒပြ တောင်းဆို သွားမည်ဖြစ်သည်ဟု ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ကော်မတီမှ ဦးဥတ္တမထံမှ သိရှိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Dec 2012 12:49 AM PST
ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ်များမှ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းအိမ်ရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ရန်ကုန်မြို့တော် ဥက္ကလာ၊ မြောက်ဥက္ကလာ စသည့် မြို့နယ်များတွင် အရောင်း အငှား လုပ်ငန်းများ ပုံမှန်အထက်တွင် တည်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။

တောင်ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်း အိမ်ရာရောင်းဝယ်ငှား သာမန်ထက်ပို

တောင်ဒဂုံဆိပ်ကမ်း အိမ် ရာမှာဆို ပေ ၄၀ * ပေ ၆၀အကွက်ကိုသိန်း ၂၀ဝ နဲ့ ၃၀ဝ ကြားမှာ ရှိတယ်။ အိမ်ပါတယ် တစ်ထပ်လမ်း ထဲတော့ဝင်ရမယ်။ အတွင်း နည်းနည်းကျတယ်။ လမ်းမတန်းမှာဆိုရင် အိမ်အပါ ပေါ့၊ ပေ ၄၀ * ပေ ၆၀ ကို သိန်း ၅၀ဝ နဲ့ ၆၀ဝ ကြားမှာ ရှိတယ်၊ အဲဒါလမ်းမ ဘက်ပေါ့၊ ဒီမှာက အိမ်ကြီး အိမ်ကောင်းတွေ နည်းသေးတယ်၊ သိပ်မရှိဘူး။ တောင်ဒဂုံ အရှေ့ဘက်ဆိုရင် အတွင်းလမ်းဘက် ဆို ပေ ၄၀ * ပေ ၆၀ ကို သိန်း ၃၀ဝ ဝန်းကျင်ရှိပြီး လမ်းမဘက်မှာဆိုရင်တော့ သိန်း ၁၀ဝ၀ ဈေးလောက်အထိ
ဈေးရှိ တယ်" IHome အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မတင်တင်ခိုင်က ပြောသည်။ တောင်ဒဂုံ ဆိပ်ကမ်းအိမ်ရာနှင့် တောင် ဒဂုံအရှေ့ပိုင်းတွင် အိမ်ခြံမြေ အရောင်း အဝယ်ဈေးကွက်မှာ ယခုအခါ ပိုမိုလုပ်ကိုင် ရပြီး အနည်းဆုံးသိန်း ၉၀ မှ အမြင့်ဆုံး သိန်းထောင်ဂဏန်း အထိဈေးရှိကြောင်း၊ ပုံမှန်အရောင်းအဝယ်ရှိပြီး အငှားဈေးကွက် မှာလည်း သောင်းဂဏန်းမှ သိန်းဂဏန်း ဈေးအထိ အမျိုးမျိုးရှိပြီး အိမ်၏တည် နေရာပေါ်မူတည်၍ ဈေးနှုန်းမှာကွာဟမှုရှိ ကြောင်း အဆိုပါရပ်ကွက်တွင်း နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် ကိုမင်းကပြော သည်။

တက်ရိပ်ပြလာသည့် မြောက်ဒဂုံအိမ်ခြံမြေဈေး

"အစ်မတို့မြောက်ဒဂုံ (၄၉)ရပ်ကွက်ထဲ မှာ ၄၃ ပေ * ပေ ၆၀ တစ်ထပ်အိမ်ပါတယ်။ လမ်းထဲတော့ဝင်ရတယ်၊ဈေးကသိန်း ၃၀ဝ ကျော်မယ်ညှိလို့ရတယ်၊ ၄၁ ရပ်ကွက်မှာ လမ်းမဘက်ပေါ့ အိမ်ပါတယ်။ တစ်ထပ် အိမ်ပဲ ပေ ၄၀ * ပေ ၆၀ သိန်း ၁၃၀ဝ ဈေးရှိ တယ်၊ ဒီမှာကလမ်းမဘက်ပိုနီးရင် ဈေးနှုန်း ပိုပေးရတယ်။ ရပ်ကွက်အလိုက်ပေါ်မူ တည်ပြီး ဈေးနှုန်းလည်း ပြောင်းတယ်၊ ရပ် ကွက်ကောင်းရင်ကောင်းသလို
ဈေးလည်း ကောင်းကောင်းခေါ်နိုင်တယ်" ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မမေသူ က ပြောသည်။ မြောက်ဒဂုံအိမ်ခြံမြေ
ဈေးသည် တောင် ဒဂုံအိမ်ခြံမြေဈေးထက် ပိုမိုရခြင်းမှာသွား လာရလွယ်ကူခြင်းမှာ အဓိကဖြစ်ပြီး ဝန်ထမ်းအများစုမှာ နေထိုင်ရသည်မှာ
အဆင် ပြေကြောင်း၊ မိမိတတ်နိုင်သည့် ငွေကြေး အင်အားနှင့် ညီမျှသော အိမ်ကိုငှားရမ်း နေထိုင်နိုင်ပြီး ရပ်ကွက်အများစုမှာ အေးအေး ချမ်းချမ်းရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် မချိုချိုစန်းက သူ့အမြင် ကိုဆိုသည်။

ဈေးကောင်းနေဆဲ လှိုင်သာယာနှင့် ရွှေပြည်သာ အိမ်ခြံမြေဈေး

"လှိုင်သာယာမှ အောင်မြေသာစည် ရပ်ကွက်မှာ ပေ ၄၀ * ပေ ၆၀ ကို အိမ်ပါ သိန်း ၄၀ဝ အထက်မှာရှိတယ်။ တံတား ဖြူ ဘက်မှာဆိုရင် ပေ ၂၀ * ပေ ၆၀ ကို သိန်း ၂၀ဝ ဈေးရှိတယ်။ အရင်ကထက် တော့ အရောင်းအဝယ်ပို
လုပ်ရပါတယ်။ ရွှေပြည်သာ ထန်းခြောက်ပင်ဘက်မှာ ပေ ၆၀ ပတ်လည်တစ်ထပ်တိုက်ကို သိန်း ၈၀ဝ ဈေးခေါ်ထားတယ်။ အစ်မတို့ အဓိက အလုပ်ဖြစ်တာက အရောင်းပေါ့၊ စက်မှုဇုန် ဘက်တွေ မှာဆိုရင် မြေကွက် ဂိုဒေါင် ပါအရောင်းအငှားပိုအလုပ်ဖြစ်တယ်" ဟု ပြည့်စုံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မငြိမ်းသူထွေးက ပြောသည်။

ဈေးကောင်းမွန်သည့် မြောက်ဥက္ကာလာနှင့် တောင်ဥက္ကလာ

အခု တောင်ဥက္ကလာ ပင်းယလမ်း သွယ် မှာ ပေ ၄၀ * ပေ ၆၀ တစ်ထပ်တိုက် ရေမီးအစုံဂရန်ပါကို သိန်း ၁၀ဝ၀ ဈေးရှိ တယ်၊ သစ္စာလမ်းက ပေ၄၀ * ပေ ၆၀ တိုက်ဆိုရင် ဖုန်းပါတယ်၊ ဂရန်ပါတယ်၊ သိန်း ၈၅၀ဝ ဈေးပေါက်တယ်။ မြောက် ဥက္ကလာပ(ဃ)ရပ်ကွက်ထဲမှာ ပေ ၂၀ * ပေ ၆၀ ခုနစ်ထပ်တိုက် ရေမီးဂရန်ပါတယ်။ သိန်း ၆၀ဝ ဈေး၊ (ခ)ရပ်ကွက်ထဲမှာ တစ် ထပ်တိုက် ရေမီးပါတယ်၊ ပေ ၄၀ * ပေ ၆၀ ကို သိန်း ၃၆၀ ခေါ်ထားတယ်။ အိမ်ဈေး အဓိက ကွာသွားတာက အိမ်ရဲ့အကျယ် အဝန်း ပြင်ဆင်ပုံပါဝင်တဲ့ပစ္စည်းပေါ့၊ ပြီးရင် ရပ်ကွက်ရဲ့လမ်းအခြေအနေ တိတ်ဆိတ်မှု အပေါ်မူတည်ပြီး ဈေးကိုတောင်းကြတာပါ အရောင်းအဝယ်လည်း ဖြစ်ကြပါတယ်။ ဒီလပိုင်းမှာ အလုပ်ကောင်းနေတယ်" ဟု အဆိုပါ ဒေသ၏ အိမ်ခြံမြေ အကျိုးဆောင် ကိုဇော်ဇော်မင်းက ပြောသည်။

သာကေတ အိမ်ခြံမြေဈေးလည်း ကောင်းနေမြဲ

"သာကေတ (၉)ရပ်ကွက်မှာ ပေ ၂၀ * ပေ ၆၀ တစ်ထပ်တိုက် သိန်း ၄၀ဝ ကျော် ဈေးရှိတယ်၊ လမ်းအတွင်းတော့ ဝင်ရမယ် အထဲနည်းနည်းရောက်တယ်၊ ဝါဝါဝင်း အိမ်ရာမှာ ပေ ၈၅ ပတ်လည် ဂရန်ပါ၊ နှစ် ထပ်တိုက်ကို သိန်း ၇၅၀ဝ ဈေးရှိတယ်၊ ဒီဘက်မှာလည်း အဝယ်လိုက်ပါတယ်၊ ဝယ်သူအများစုကတော့ အိမ်နဲ့လမ်း အနေအထားကို အဓိကထားကြည့်တာ ပေါ့၊ အခုရောင်းတဲ့သူ အများစုကလည်း ဝယ်သူအသင့်နေထိုင်လို့ရအောင် အိမ်ထဲ မှာ ပါတဲ့ပစ္စည်းတွေပါ အပြီးရောင်းချပြီး တော့ အရောင်းအဝယ်လုပ်လာကြတယ်" ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ မမေသူက ပြောသည်။ အိမ်ခြံမြေဈေးနှုန်းများ ကောင်းမွန်ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အိမ်ခြံ မြေလုပ်ငန်းမှ လက်ရှိတွင် အကောင်းမွန် ဆုံးလုပ်ငန်းဖြစ်ပေါ် လျှက်ရှိကြောင်း ကား ဈေးကွက်၊ ရွှေဈေးကွက်မှာ အတတ် အကျအလွန်ကြမ်းသောကြောင့် စီးပွားရေးသမားများမှာ အိမ်ခြံမြေလုပ်ငန်း ဘက်သို့ ခြေဦး လှည့်လာခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးကျော်နိုင်က ဆိုသည်။

ဖိုးတုတ်(လှည်းတန်း)
Venus News Journal


Posted: 11 Dec 2012 12:42 AM PST
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာ လမ်းထဲသို့ ဘူဒိုဇာ တင်ဆောင် လာသော ၁၆ ဘီး ကားကြီး တစ်စီး ၀င်ရောက် လာရာမှ ရပ်ကွက်နေ ပြည်သူများ ၀ိုင်းဝန်း ကန့်ကွက်မှု တစ်ခု ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရေနံ့သာလမ်းထဲသို့ ၀င်ရောက်လာသော ၁၆ ဘီးကားကိုတွေ့ရပုံ။ ဓါတ်ပုံ - Eleven Media Group

Posted: 11 Dec 2012 12:31 AM PST
၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖြတ်သိမ်း ခံရသော လူ့ဘောင်သစ်ပါတီသည် ၂၄ နှစ်တာ ကာလအတွင်း နယ်စပ်တွင်သာ အခြေစိုက်၍ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပြီး ယခု အပြောင်းအလဲ ကာလတွင် တရားဝင် အဖွဲ့အစည်းအဖြစ် ပြည်တွင်းတွင် ပြန်လည် ရပ်တည်ရန် အတွက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယနေ့ နံနက် (၁၀း၀၀)နာရီတွင် (၂၄)နှစ်တိုင် ပြည်ဝင်ခွင့် ပိတ်ပင်ခံရသော ပြည်ပအခြေစိုက် လူ့ဘောင်သစ်ပါတီသည် မြန်မာနိုင်ငံတွင်း နိုင်ငံရေး လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ရန် အတွက် ရန်ကုန်မြို့သို့ လေ့လာရေး ခရီးစဉ် စတင်ကြောင်း လူ့ဘောင်သစ်ပါတီ လူငယ် ဥက္ကဋ္ဌ မနော်မေဘယ်ထူးက ပြောကြားသည်။

Posted: 11 Dec 2012 12:17 AM PST
မန္တလေး ၊ ဒီဇင်ဘာ ၁၁ ရက်

ယနေ့ နံနက် ၁၀ နာရီခွဲ ခန့် အချိန်တွင် မန္တလေး မြို့ ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်ကို မိမိသေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းခဲ့သည်။

အဆိုပါ နေရာ သို့  သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်မှ တာဝန်ရှိသူများ၊ ကယ် ဆယ်ရေး အဖွဲ့ ဝင်များနှင့် မီးသတ်ယာဉ် ၂ စီး တို့ ရောက်ရှိလာပြီး မိမိကိုယ်ကို မိမိ သေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းသော အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးအား အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့သည်။

" သူ့ ရဲ့ မိန်းကလေး နဲ့ အဆင်မပြေလို့ ခုန်ချပြီး သေကြောင်းကြံစည် တယ် လို့ ပြောတာပဲ " ဟု အဆိုပါ ဒိုင်းမွန်းပလာ အပေါ်ဆုံးထပ်တွင် ရောက်ရှိနေသော တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခု အခါ အဆိုပါ အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။

သတင်း၊ ဓါတ်ပုံ - စိုင်းလမင်း - Popular Myanmar News Journal


ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့် က မန္တလေးမြို့ ၃၃ လမ်း ပေါ်ရှိ ဒိုင်းမွန်း ပလာဇာ အပေါ်ဆုံးထပ်တွင် လူတစ်ယောက် မိမိကိုယ် မိမိ သေကြောင်း ကြံစည်ရန် ကြိုးစားမှုအား တွေ့ ရစဉ်။



Posted: 11 Dec 2012 12:06 AM PST
လက်ပံတောင်း တောင်ကဲ့သို့ ဖြစ်ပွားနေသော ရမည်းသင်းမြို့ နယ် မိုးထိမိုးမိ ရွှေလုပ်သားများ၏ ပြဿနာ များသည်လည်း ပြေ လည်မှု မရရှိသေးဘဲ ကုမ္ပဏီနှင့် မိုးထိမိုးမိ ရွှေလုပ်သားများ အခြေ အနေတင်းမာ လျက်ရှိကြောင်း သိ ရသည်။ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၃ ရက်က ရမည်းသင်းတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2012 09:27 PM PST
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဉက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် သျှမ်းပြည်အရှေ့ ပိုင်းမိုင်းလားမြို့သို့ ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စများဆွေး နွေးခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကပြောသည်။

“မရောက်ဖူးလို့ လေ့လာဖို့သွားရင်း ချစ်ကြည်ရေးခရီးလဲလုပ်ရင်းပေါ့နော်။ နဂို ရည်မှန်းချက်အတိုင်း ဒုတိယ အစီအစဉ် အနေနဲ့ သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ယုံကြည်မှုတည်ဆောက်ဖို့ အတွက် နိဒါန်းသွားပျိုးတယ်လို့ လဲပြောလို့ရတယ်။” SNLD ပါတီပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၌ ပြုလုပ်ခဲ့သည့် SNLD ရုံးခွဲဖွင့်ပွဲ အပြီး သောကြာနေ့ ၇ ရက်နေ့မှ ၉ ရက်နေ့ အထိ မိုင်းလားသို့ရောက်ရှိပြီး(အထူးဒေသ ၄ ) မိုင်းလားတပ်ဖွဲ့ NDAA-ESS ဉက္ကဌ စိုင်းလင်း အပါအဝင် ဒုဥက္ကဌ (၁) ဦးဆန်းပေ၊ ဒုဥက္ကဌ (၂) စိုင်းဆန်လူ နှင့် အတွင်းရေးမှူးစိုင်းဆိုင်လားတို့က လက်ခံတွေ့ဆုံ ကြောင်း၊  ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် နှစ်ဘက်လုပ်ငန်းစဉ်များအား အပြန်အလှန်ရှင်း ပြခဲ့ကြောင်း၊ သျှမ်းပြည် တမျိုးသားလုံးပါဝင်မည့် ဒုတိယညီလာခံအတွက် ကြိုတင်ဆွေး နွေးနိုင်ခဲ့ကြောင်း၊ ခရီးစဉ်အတွက်ကျေနပ်အားရဖွယ်ကောင်းကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့လုပ်ငန်းစဉ်ကိုရှင်းပြတော့ စဝ်စိုင်းလင်းတို့က  ဝမ်းသာအားရကြိုဆိုတယ်။ ပါဝင်ဖို့ ကြိုးစားမယ်လို့ ပြောတယ်။  ဒုတိယညီလာခံကိုတော့ လာမယ့်နှစ် သင်္ကြန်မတိုင်ခင်လောက်မှာဖြစ်ဖို့ခန့်မှန်းတယ်။ လောလောဆယ်ကျနော်တို့  မိုင်းလား ဆီကိုဘဲ ရောက်သေးတယ်။ အဖွဲ့အစည်းတွေ အများကြီးရှိသေးတယ်။ သျှမ်းပြည် အခြေစိုက်အဖွဲ့အစည်းတွေနဲ့လဲ တွေ့ရ ဦးမယ်ဆိုတော့ ဒီအတွက် ၄- ၅  လအချိန် ယူရဦးမယ်” ဟု ဆိုသည်။

ခွန်ထွန်းဦးနှင့်အဖွဲ့သည် မိုင်းလားမြို့၌ ၂ ညအိပ်ကာ ၂၁၀၇ ခုနှစ် သျှမ်းရိုးရာနှစ်သစ်ကြိုဆိုပွဲအတွက် ဒီဇင်ဘာ ၉ ရက် မနက် ပိုင်း၌ ကျိုင်းတုံမြို့သို့ ပြန်လာခဲ့ကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ပိုင်းခရီးစဉ်၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌခွန်ထွန်းဦးနှင့်အတူ ဒုဥက္ကဌ စိုင်းရွှေဂျူး အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ပြောရေးဆိုခွင့် စိုင်းလိတ်တို့အပြင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/ SSA နာယက ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စဝ်ကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/ SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည်ဟုဆိုသည်။

သျှမ်းသံတော်ဆင့်သတင်း
Posted: 10 Dec 2012 09:15 PM PST
၂၀၀၇ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်သံဃာ တစ်ပါးအနေဖြင့် ပါဝင်ခဲ့သူ
ဦးဂမ္ဘီရ ခေါ်ကိုညီညီလွင်ကို ဒီဇင်ဘာလ ၁၀ရက် ည ၈ နာရီ ကျော်ခန့်တွင် သန်လျှင်မြို့နယ် တရားရုံးမှ အာမခံဖြင့် လွတ်မြောက် ခွင့်ပြုခဲ့သည်။ ဦးဂမ္ဘီရ (ခ) ဦးညီညီလွင်အား သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Dec 2012 08:55 PM PST
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မူးယစ်(အထူး)အဖွဲ့မှ ဒုတိယရဲမှူး ရဲနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဒီ ဇင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက လားရှိုးမှ သိန်းနီမြို့သို့ အထွက် ဟိုပိတ် ကျေးရွာအနီး၌ မူးယစ်ဆေးဝါး နှိမ်နင်းရေးတာဝန် ဆောင်ရွက်စဉ် ဗင်ကား အမှတ် ၁က/.....အား ရှာဖွေစစ် ဆေးရာ ယာဉ်ပေါ်တွင် ကူးဆင်းတောက် ၂၆ နှစ် (ဘ)ဦးကိုချွင်ရင် ယာဉ်မောင်း ရပ်ကွက် (၄) တာမိုးညဲ ကွတ်ခိုင်မြို့ နယ်နှင့် မမြင်ကူဖိန် ၃၅ နှစ်(ဘ)ဦးမြင် ချိချို တာမိုးညဲ ကွတ်ခိုင်မြို့နယ် နေထိုင် သူနှစ်ဦးအား တွေ့ရှိရပြီး ယာဉ်နောက် ခန်းတွင် ၎င်းတို့၏ ခရီးဆောင်သေတ္တာနှင့် မုန်ညင်းရွက်များ ဖုံးအုပ်ယူဆောင် လာသည့် စက္ကူဂျပ်ဖာ အတွင်းမှ (WY) စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၉ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၃၉၈ဝဝဝ ပြား၊ အလေးချိန် ၃၅ ဒသမ ၈၂ ကီလို ကာလတန်ဖိုး ငွေကျပ် သိန်း ၈ဝဝဝ ကို တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားခံများကို လားရှိုး အမှတ်(၁) ရဲ စခန်းတွင် မယ(ပ)၂၃၆/၂ဝ၁၂၊ မူးယစ် ပုဒ်မ ၁၅/၁၉ (က)/၂ဝ(က)/၂၁ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
Posted: 10 Dec 2012 08:46 PM PST
လက်ပံတောင်းတောင် အရေး ကြောင့် ၁၁ရက်ကြာ မီးလောင် ဒဏ်ရာ ခံစား နေကြရသည့် သံဃာတော် ၅ပါးကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ဆေးဝါး ကုသပေးမည် ဖြစ်ကြောင်း ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေး အဖွဲ့ ၏ ဦးဆောင်သူ ဆရာတော်ဦးသု(ခ) ဦးဝိမလထံမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေး ဆေးရုံရောက် ဒဏ်ရာရ သံဃာများအား ထိုင်း အရေပြား အထူးကု ဆရာဝန် လာရောက် ကြည့်ရှု။ (ဓါတ်ပုံ - shaeshae(century) )

...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...