သစ်ထူးလွင် သတင်းစုစည်းမှု (၂-၁၂)
သစ်ထူးလွင်
|
- သြ၀ါဒ ခံယူပွဲလား ၀န်ချတောင်းပန်ပွဲလား ရဲမင်းကြီး မဖြေနိုင် (ရုပ်/သံ)
- ၄၀၀၀ တန် Memory Simcard ခိုးယူသူ ထောင် (၅) နှစ် ချမှတ်ခံရ
- shade journal အတွဲ(၇)၊ အမှတ်(၃) ဒီဇင်ဘာ ၅ မှ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ။
- သံဃာတော်များတွင် မီးလောင်ဒဏ်ရာနှင့် အက်စစ်စားဒဏ်ရာများ အများဆုံးတွေ့ရှိရ
- ဒေါ်အောင်ဆန်းစုကြည်၏ နတ်မောက်မြို့ လူထုဟောပြောပွဲ အကန့် အသတ်များနဲ့ ကြုံ
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၂၉)
- မြောက်ကိုရီယား တာဝေးပစ်ဒုံးကျည် လွှတ်ဖို့ ပြင်ဆင်
- လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ
- UWSP ဒုဥက္ကဌ လေဖြတ် - တပ်တွင်းရာထူးအပြောင်းအလဲရှိ
- လက်ပံတောင်း အရေး ဓာတုလက်နက်ဖြင့် အကြမ်းဖက်ခြင်း အား နိုင်ငံတော် အစိုးရမှ ငါးရက်အတွင်း တရားဝင် တောင်းပန်ရမည် ဟုဆို
- ရန်ကုန် တရုတ်သံရုံးရှေ့ ကန့်ကွက် ဆန္ဒပြ
- လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ၈၈မျိုးဆက် ပါဝင် ဆောင်ရွက်လိုသည့် ဆန္ဒမရှိ
- လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့
စည်းခြင်း
Posted: 01 Dec 2012 08:45 PM PST
၁.၁၂.၂၀၁၂ ရက်နေ့၊ နေ့လည် (၂း၃၀) တွင် မုံရွာမြို့၊ ရွှေစည်းခုံ ဘုရားဝင်း အတွင်းရှိ တင်ဝင်းထွန်း ဓမ္မဗိမာန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သံဃာတော်များ၏ သြ၀ါဒ ခံယူပွဲ တစ်ရပ်ဟု ဆိုကာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ် ခဲ့ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 01 Dec 2012 08:30 PM PST
ညောင်ဦးမြို့နယ် တရားရုံးမှ ဖုန်းအတွင်း ထည့်သွင်း ထားသော (၄၀၀၀)တန် Memory Simcard ခိုးယူသော မောင်ရဲဝင်းနိုင်အား တရားသူကြီးက မှားယွင်းပြီး ထောင်(၅)နှစ် ပစ်ဒဏ် ပေးလိုက်ကြောင်း သိရှိရသည်။ ဂေါက်ကွင်းဟိုတယ် (Amazing Bagan Resort)မှ အခန်း နံပါတ်(၃၁၀)မှ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Dec 2012 08:13 PM PST
| ||
Posted: 01 Dec 2012 07:54 PM PST
မုံရွာ၊ဒီဇင်ဘာလ ၁။
မုံရွာမြို့နယ်ရှိ၊ ပဇ္ဇာတာရုံ ကျောင်းတိုက် တွင်ရှိသော သူမေဓ လူမှုရေးဆေး ခန်း၌ ယနေ့ ညနေပိုင်းတွင် မဟာ ဇောတိကရာမ ကျောင်းတိုက်မှ သံဃာတော် အပါး ၆၀ ကျော် ဆေးကုသမှု လာရောက် ခံယူကြောင်း သိရသည်။ အဆိုပါ အပါး ၆၀ ကျော်တွင် မီးလောင် ဒဏ်ရာများအပြင် အက်စစ်စားသည့် ဒဏ်ရာများပါ တွေ့ရှိ ရကြောင်း လှုမှုရေး ဆေးခန်းတွင် အခမဲ့ လာရောက် ဆေးကုသပေး လျက်ရှိသူ ဆရာဝန် တစ်ဦး က ပြောကြားသည်။ "သူတို့က ရေနဲ့ အရင်ပက်တယ် ဆိုတာ အက်စစ်နဲ့ ဓါတ်မတည့်တဲ့ အတွက် ပိုပြီး ခံစားရအောင် ပိုပြီး မီးလောင်အောင် ရေအရင် လောင်းတာ ၊ကြည်းဆေး တဲ့အထဲမှာ ထည့်တဲ့ အက်စစ်တွေကို သုံးတာ၊ အဲဒီထဲမှာ မီသိန်းဓါက်ပါတယ်၊ အဲဒါက ရေထိရင် ပိုဆိုးသွားစေတယ်။ လာသမျှအားလုံးက မီးလောင်ဒဏ် ရာနဲ့ ပရပ်ရှာ တွေကျနေတယ်၊ မျက်ရည်ယို ဗုံးသာမှန်ရင် ဒီလောက်မဆိုးဝါး ဘူး" ဟု အဆိုပါ ဆရာဝန်က ထပ်မံပြောကြားသည်။ စူးရှ (မြန်မာ့ခေတ်) | ||
Posted: 01 Dec 2012 07:19 PM PST
မကွေးတိုင်း နတ်မောက်မြို့တွင် ဒီဇင်္ဘာ (၈) ရက်နေ့တွင် ကျရောက်သော အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်မှ နေ့လည်ပိုင်းတွင် လာရောက်၍ လူထု
ဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပါသဖြင့် မြို့နယ် ကော်မရှင် ၊မြို့နယ် အထွေထွေ ဦးစီးဌာန တို့ ကို စာတင်ရာ ကော်မရှင်မှ အဖွဲ့အနေဖြင့် ဆုံးဖြတ် ပေးနိုင်စွမ်း မရှိကြောင်း အကြောင်း ပြန်ခဲ့ပြီး မြို့နယ် အထွေထွေ အုပ်ချုပ်မှုး ဦးသန်းကိုမှ ညွှန်ကြားချက်ပါ အတိုင်းစီတန်း လှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေအရ လျှောက်ထားရန် ညွှန်ကြားလာပါသည်။ မိမိတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့အနေဖြင့် ထိုသို့ လျှောက်ထားရန် လုပ်နည်းလုပ်ထုံး ဥပဒေနှင့် မညီညွတ် ပါသဖြင့် မြို့နယ်မှုး ရဲတပ်ဖွဲ့ရုံးသို့ လျှောက်ထားမည် မဟုတ်ကြောင်း ပြန်ကြားခဲ့ဟု နတ်မောက်မြို့ နယ် NLD ပါတီ တာဝန်ရှိသူများက Myanmar News Now ကို ပြောပါသည်။ ကန့် သတ်ထားတဲ့ ညွှန်ကြားချက် မူရင်း ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Dec 2012 06:52 PM PST
နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၂၉)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Dec 2012 06:20 PM PST
မြောက်ကိုရီးယား နိုင်ငံက တာဝေးပစ် ရော့ကတ် ဒုံးပျံတစင်းကို အခုလ နှောင်းပိုင်းမှာ ပစ်လွှတ်ဖို့ စီစဉ်ထားကြောင်း နိုင်ငံပိုင် သတင်းဌာနက ကြေညာပါတယ်။ အခု အစီအစဉ်ဟာ အာကာသ စူးစမ်း လေ့လာနိုင်မယ့် ဂြိုလ်တုတလုံးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နဲ့ ၂၂ ရက်နေ့ကြားမှာ ဂြိုလ်ပတ် လမ်းကြာင်းထဲကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Dec 2012 06:15 PM PST
ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်ပိုင်းက မုံရွာမှာ ကြေးနီတောင် စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုကြတဲ့ သံဃာတော် တွေရဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေဘက်က မျက်ရည်ယိုဗုံး၊ မီးလောင်းဗုံးတွေ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး နောက်ပိုင်း ဒီလုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မှာ ဒုတိယမြောက်နေ့အဖြစ် စနေနေ့မှာ သံဃာ အပါး ၅၀ လောက်နဲ့ လူအင်အား ၂၀၀ ကျော်ကနေ ဆက်လက် ဆန္ဒပြခဲ့ကြတာပါ။ အဓိကကတော့ တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွားရေးနဲ့ နောင်အခါ အခုလို အာဏာပိုင်တွေဘက်က ဓာတုပစ္စည်းတွေ အသုံးပြုပြီး ဖြိုခွင်းတာမျိုးကို လက်မခံကြောင်း၊ ဒီကိစ္စတွေကို အာဏာပိုင်တွေဘက်ကနေ တာဝန်ယူပေးရမယ် ဆိုတာတွေကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဦးပဉ္စင်း ဦးဇောတိပါလ က အခုလို မိန့်ကြားခဲ့ပါတယ်။ “ကြေးနီတောင်စီမံကိန်း ဆန္ဒပြတဲ့ သံဃာတွေကို ရက်ရက်စက်စက် လူသားမဆန် အာဏာရှင်ဆန်ဆန် လုပ်တဲ့အတွက်ကို ဦးပဉ္စင်း တို့က ရင်ထဲမှာ မချိလွန်းတဲ့အတွက်ကို လာပြီးတော့ ဆန္ဒထုတ်ဖော်တာပါ။ ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို ဒီလိုလုပ်တယ်ဆိုတာဟာ သူတို့က ဘာလူမျိုးတွေလဲ၊ ဘယ်လို နိုင်ငံသားတွေ လဲ။ ပြည်ပနိုင်ငံသားတွေလည်း မဟုတ်ဘဲနဲ့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ လူတွေက ကိုယ့်ဗုဒ္ဓဘာသာ သာသနာ့ ခေါင်းဆောင်တွေကို ဒီလို လုပ်တယ်ဆိုတာ ဘယ်လိုမှ လူသားမဆန်တဲ့ အတွက်ကြောင့်မိုလို့ ဦးပဉ္စင်းတို့က ရင်ထဲ မချိလွန်းလို့ မိုလို့ တရုတ်နိုင်ငံ သံရုံးကို လာပြီးတော့ ဦးပဉ္စင်းတို့က တောင်းပန်တာပါ။ မလုပ်ပါနဲ့။ နောက် အစိုးရ ၀န်ထမ်းတွေ သံဃာ့ဒဏ်တွေ မသင့်ပါစေနဲ့လို့ ဆိုပြီးတော့ ဦးပဉ္စင်းတို့ကနေ ပြီးတော့ မေတ္တာရှေ့ထားပြီးတော့ လာပြီး ဆန္ဒထုတ်ဖော်ပြီး တားမြစ်တာပါ။” တရုတ်သံရုံးရှေ့မှာတော့ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့လည်း အဲ့ဒီမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ ပြည်တွင်းသတင်းထောက်တဦးက အခုလို ပြောပြပါတယ်။ “လုံထိန်းအဖွဲ့ကလည်း အေးအေးဆေးဆေး ပါပဲ။ သူတို့ဘာမှ ပြဿနာ မရှာဘူးလေ။ အဲဒီသံရုံး အရှေ့ကိုတော့ မလာဖို့တော့ ၀ါယာတွေ ချပြီး တားထားတယ်။ သံရုံး အရှေ့မှာတော့ လုံခြုံရေး လုံထိန်းကားတွေ ရပ်ထားတာ တွေ့တယ်။ လုံထိန်းကား ဆိုတာ လုံထိန်း အရာရှိ ကားတွေပေါ့ဗျာ။ နစ်ဆန်းပက်ထရို တို့၊ ဟိုင်းလက် တို့ အဲဒီလိုကားမျိုးတွေကို ရပ်ထားတယ်။ ဒီဘက်မှာတော့ လုံခြုံရေးအဖွဲ့က လမ်းကို ပိတ်ထားတာ ဆိုရင်တော့ ခန့်မှန်းချေ အင်အား ၂၀ လောက် ရှိမှာပေါ့လေ။ အဲဒါကတော့ လမ်းကို ဖြတ်ပြီးတော့ ပိတ်ထားပြီးတော့ ရှေ့မှာ ၀ါယာ တားထားတယ်။ အဲဒီတော့ ကျနော်တို့နဲ့ ဒီဘက်က ဘုန်းကြီးတွေနဲ့ လုံထိန်းတွေနဲ့ မျက်နှာချင်းဆိုင်ပဲ ပြောကြတယ်ဗျာ။ ဟိုဘက်က လုံထိန်းတွေ ဘက်ကတော့ ဘာမှ ပြန်မပြောကြဘူး။” အစောပိုင်း တရုတ်သံရုံးရှေ့ကို ချီတက်ချိန်မှာတော့ အာဏာပိုင်တွေဘက်က နှောင့်ယှက်တာ မရှိသေးပေမဲ့ ဆက်မလုပ်ဖို့တော့ ဟန့်တားမှုတွေ လုပ်ခဲ့တယ်လို့လည်း အဲ့ဒီ သတင်းထောက်က ပြောပြခဲ့ပါတယ်။ ဆန္ဒပြသူတွေဘက်ကတော့ ဒီကြေးနီတောင် စီမံကိန်းကြီး မရပ်မချင်း ဆက်လက်ဆန္ဒပြသွားမှာ ဖြစ်တယ်လို့လည်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကိုခိုင်နေလင်း က ပြောပြခဲ့ပါတယ်။ “လက်ပံတောင်းတောင် ကိစ္စက ရပ်တန်းက မရပ်သ၍ ကျနော်တို့ လှုပ်ရှားမှုတွေက ရပ်မှာမဟုတ်ပါဘူး။ အမြဲတမ်း ကျနော်တို့က ကြိုးစားနေမှာပါ။” ဒါကတော့ ဒီကနေ့ ရန်ကုန် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့အကြောင်းပါ။ မနေ့ကတော့ သံဃာ နဲ့ လူအင်အား ၄၀ လောက်ဟာ ဆူးလေဘုရား ရင်ပြင်တပတ်ပတ်ပြီး လမ်း ၅၀ ထိပ်က မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီရုံးချုပ်ရှေ့ကို ချီတက်ခဲ့ပါသေးတယ်။ လက်ပန်းတောင်းတောင် စီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲမှာ အာဏာပိုင်တွေ အကြမ်းဖက်မှုကြောင့် မီးလောင်ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပြီး ဦးပိုင်ကုမ္ပဏီ အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ ပခုက္ကူဒေသ သံဃာတော်တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေက စနေနေ့မှာပဲ ကြေညာချက်တွေ ထုတ်ပြန် ရှုတ်ချခဲ့ကြပါတယ်။ အပြင်းအထန် နှိမ်နင်းမှုအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မုံရွာမြို့မှာ စနေနေ့က သံဃာအဖွဲ့အစည်းတွေနဲ့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဦးဆောင်တဲ့ လုံခြုံရေး တပ်ဖွဲဝင်တွေ တွေ့ဆုံမှု အတွင်းမှာတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းမှုတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သံဃာတော်တွေ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အပေါ်မှာတော့ တောင်းပန်လိုကြောင်း လျှောက်ထားသွားခဲ့တယ် လို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။ မနန္ဒာချမ်း (ဗွီအိုအေ မြန်မာဌာန) | ||
Posted: 01 Dec 2012 06:11 PM PST
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ဒုဥက္ကဌ ကျောက်ဝင်ကွမ်း လေဖြတ် ရောဂါ ခံစား နေရကြောင်း ၀ တပ်ဖွဲ့ အရာရှိများ သတင်း ရပ်ကွက်က ဆိုပါသည်။ “ကျောက်ဝင်ကွမ်းဟာ ၀တပ်ဖွဲ့ထဲမှာ သက်တမ်း ရင့်တဲ့သူ အတွေ့အကြုံ များတဲ့သူ တယောက်လို့ ပြောလဲရတယ်။ သူဟာ ကွန်မြူနစ် ခေတ်ကတည်းက ၀တပ်ဖွဲ့ထဲမှာ တာဝန် ထမ်းဆောင် လာခဲ့တဲ့သူဘဲ”
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 01 Dec 2012 06:04 PM PST
နိုဝင်ဘာလ (၂၉)ရက် နေ့တွင် ဓာတုပစ္စည်း များဖြင့် ပြုလုပ် ထားသည်ဟု ယူဆရသော မီးလောင်ဗုံး များဖြင့် လက်ပံတောင်းတောင် သပိတ် စခန်း (၆)ခုမှ သံယာများကို ဝင်ရောက် နှိမ်နင်း မှုများ ကြောင့် မီးလောင် ဒဏ်ရာများ ရရှိ ခဲ့သော သံယာတော် များကို အစိုးရက ငါးရက် အတွင်း (နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၄ ရက်နေ့ အထိ) တရားဝင် ပြန်လည် တောင်းပန် ပေးရမည် ဟု----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Dec 2012 05:54 PM PST
လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ် သံရုံးရှေ့မှာ သံဃာတော် အပါး(၃၀)ကျော် ဦးဆောင်ပြီး ပြည်သူ တခိျု့နဲ့အတူ စနေနေ့က ကန့်ကွက် ဆန္ဒပြခဲ့ ကြပါတယ်။
သံဃာတော်တွေဟာ မြေနီကုန်း ကနေ စတင်ကာ တရုတ်သံရုံးရှေ့ အရောက် ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ လမ်းတလျှောက် တာဝန်ရှိ ရဲတွေကနေ လိုက်လံ တားဆီးခဲ့ပေမယ့် လည်း တရုတ်သံရုံးရှေ့အထိ ဆန္ဒပြသူတွေ ရောက်ရှိသွားခဲ့ ကြပါတယ်။ သံရုံးရှေ့ အရောက်မှာတော့ ရဲ အင်အား ၁၀၀ ကျော် လောက်က သံရုံးကို အင်အားသုံး ပိတ်ဆို့ထား ခဲ့ရပါတယ်။ ဆန္ဒပြသူတွေက တရုတ်ဝမ်ပေါင် ကုမ္ပဏီ အနေနဲ့ ဒီစီမံကိန်းကို ရပ်ပေးဖို့ အပါအဝင် တောင်းဆိုချက် ၃ ခု ကို တောင်းဆိုခဲ့ ကြပါတယ်။ အိန္ဒိယနိုင်ငံ ဒေလီမြို့ မှာလည်း လက်ပံတောင်း တောင် ကိစ္စ အတွက် လူ ၅၀ ကျော်က ဆန္ဒပြခဲ့ တယ်လို့ သိရပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
| ||
Posted: 01 Dec 2012 06:27 PM PST
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ အမိန့် ကြော်ငြာစာ အမှတ် ၉၂/၂၀၁၂ အရ ထုတ်ပြန် ခဲ့သော လက်ပံတောင်းတောင် ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာ အပေါ် ၈၈မျိုးဆက် ကျောင်းသားများ၏ သဘောထား ထုတ်ပြန် လိုက်ပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 88 Generation Students - facebook | ||
Posted: 01 Dec 2012 07:44 AM PST
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတရုံး အမိန့် ကြော်ငြာစာ အမှတ်၊ ၉၂/၂၀၁၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂ ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက် (၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်) စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန် (က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ် (ခ) ဦးလွန်းသီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ် (ဂ) ဦးသန်းမြင့် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ် (ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ် (င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ် (စ) ဦးခင်မောင်ရီ အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ် (ဆ) ဦးအောင်ကြည်ညွန့် အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ် (ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင် ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါ (ဈ) ဦးမျိုးညွန့် အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင် Chairman, Myanmar Environmental Institute (ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင် သံအမတ်ကြီး (ငြိမ်း) မြန်မာနိုင်ငံအမျိုးသားလူ့အခွင် (ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင် Senior Consultant on Social Assessment Myanmar Environmental Institute (ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင် စာရေးဆရာ (ဎ) ဦးဝင်းထိန် အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန သတ္တုတွင်းဝန်ကြီးဌာန (ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (တ) ဦးတင်မြင့် အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန (ထ) ဦးလှမောင်သိန်း အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန (ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင် ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင် ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပညာရေးဝန်ကြီးဌာန (န) ဦးအောင်နိုင်ဦး အဖွဲ့ဝင် Myanmar Peace Center (ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင် (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ (ဖ) ဦးကိုကိုကြီး အဖွဲ့ဝင် (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ (ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင် ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန ကျန်းမာရေးဝန်ကြီးဌာန (ဘ) ဦးနေဦး အဖွဲ့ဝင် ဒုတိယညွန်ကြားရေးမှူး စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေ ပြည်ထဲရေးဝန်ကြီးဌာန (မ) ဦးဝင်းကြည် အဖွဲ့ဝင် ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိ (ယ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန (ရ) ဦးဗိုလ်သန်း အဖွဲ့ဝင် ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင် ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (ဝ) ဦးဘိုဌေး အဖွဲ့ဝင် တုံရွာမ၊ တုံကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (သ) ဦးစစ်မြိုင် အတွင်းရေးမှူး မြန်မာနိုင်ငံအမျိုးသားလူ့အခွင် ၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်- (က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊ (ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ (ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းေ (ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊ (င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊ (စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊ (ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင် (ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။ ၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုး ၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံတင်ပြရမည်။ ပုံ သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ် |
0 comments:
Post a Comment