Author: lubo601 |
8:31 PM |
|
မောင်မောင်တယောက်အိတ်ကြီးတလုံးကို ထမ်းလာလေသည် ။ အိတ်ကိုဝေါခနဲ သွန်ချလိုက်သည် ဖုန်းအလုံးပေါင်းများစွာထွက်ကျလာသည်။ ဟူးးး တနေ့ တနေ့ ဒီအမှိုက်တွေပစ်ရတာလဲမလွယ်ပါလားနော်ဟု တယောက်ထဲရေရွတ်နေမိ လိုက်သည် လူတွေများခက်တယ် အရင်က အဲ့လောက်မပြစ်ရ။ ဒီ 2020 ကျမှ တီဗွီတွေ ရေခဲသေတ္တာတွေ အဲယားကွန်းတွေ ပြစ်လိုက်ရတာ အမှိုက်ပုံမှာ တနေ့ တနေ့ မနည်း။
သူလဲစိတ်ကုန်လာပြီ ဒီအလုပ်ကို သူတယောက်ထဲ ဆင်းရဲနေတာ ခပ်စုတ်စုတ်နှစ်ထပ်တိုက် တလုံးမှာနေပြီး စူပါဆလွန်းသုံးစီးလောက်နှင့် စီးနေရရှာသည် သူ့  ဘ၀ဘယ်လောက်ထိနှုံချာလိုက်လဲ ဆိုးတာတခုက တနေရာရာသွားချင်ပြီဆို ကားနဲ့ သွားနေရတာဆိုးသည် ။ သူများတကာတွေများကြည့်လိုက်စမ်း လေယဉ်လေးတ၀ီဝီနဲ့  သွားလာနေလိုက်ကျတာ ဒီပင့်အလုပ်တွေ သွားလျှောက်ပြန်တော့လဲ သုံးလေးသိန်းလောက်နဲ့ ဘာမှလုပ်လို့ ကမရ အခုဆိုဆန်တပြည်တင် တသောင်းဖြစ်နေပြီ အင်္ကျီတထည်ကို အနည်းဆုံးသုံးလေးသောင်း သူလူ့ လောကကြီးကိုတော်တော်စိတ်ကုန်နေပြီ အော်တို့ များဘယ်တော့များမှဆင်းရဲတွင်းကရုန်းထွက်နိုင်ပါ့မလဲပေါ့ အခုချိန်များ ကျောက်ခဲလေး တစ်လုံးလောက်သာ ကောက်ရကြည့် သူတော့ချမ်းသာပြီ လမ်းတွေ လမ်းတွေမှာလဲ ဘယ်နေရာကြည့်ကြည့် စိန်တွေ နီလာတွေ ကျောက်သံပတ္တမြားတွေကြီးဘဲ လမ်းခင်းဖို့ လောက်ဘဲအသုံးတည့်တော့သည် သူစိတ်ညစ်ညစ်နဲ့ လမ်းလျှောက်ထွက်ခဲ့သည် ။ တနေရာသို့ အရောက်သူ အံ့အားသင့်သွားသည် ဘာတဲ့ ဆိုင်းပုဒ်ကြီး အကြီးကြီးနဲ့ ရေးထားတာ ဟီးနေတာဘဲ လွန်လေခဲ့ပြီးသောအတိတ်နေရာဆိုဘဲ အ၀မှာကျတော့ လုံခြုံရေးဦးလေးကြီးတယောက်စောင့်ကြပ်နေလေသည် လုံခြုံရေးင်္ကြးပါးစပ်ကလဲ တယောက်2000 2000ဟုအော်ကာခေါ်နေလေသည်။သူလဲစိတ်ဝင်စားသွားတာနဲ့  ၀င်သွားလိုက်သည် နဲနဲလောက်လျှောက်မိတော့ ဆိုင်တဆိုင်ကို ဦးစွာတွေ့ ရလေသည် သူ သရေတော်တော်ကျသွားသည် အဒေါ်ကြီး တယောက် လက်က ဂျီးအထပ်ထပ်နဲ့  အသုပ်ကို အားရပါးရနယ်နေတာများ စားချင်စရာကြီး သုပ်ပြီးသောအခါတွင်လဲ လက်ကိုရွှတ်ခနဲနေအောင် တချောင်းချင်းစီစုတ်နေလိုက်သေးသည် သူတော်တော်လေးစောင့်လိုက်ရတယ် လူတွေများကြိတ်ကြိတ်တိုးလို့  သူအသုပ်စားပြီးတော့ အရှေ့သို့ ဆက်လျှောက်ခဲ့တယ် တွေ့ ပါပြီနောက်တခု အလဲ့ အမှောင်ကမ္ဘာဆိုပါလားအင်း သူဆယ်နှစ်လောက် ရှိပြီ ။ အမှောင်ကို မမြင်မတွေ့ ရတာ ၀င်ကြေးပေးပြီးဝင်သွားလိုက်သည် အထဲရောက်တော့ ဖြတ်ခနဲဆို မှောင် အတိကျသွားတယ် သူအပါအ၀င် လူတချို့  ဟေးးးးးး ခနဲအော်လိုက်ကြသည် 2မိနစ်လောက်ကျတော့ မီးကပြန်လင်းလာလေသည် အချိန်ပြည့်ပြီတဲ့သူအားမလိုအားမရဖြစ်သွားတယ် တောက် နေရတာအားမရလိုက်တာကွာ ဆက်လျှောက်လာပြန်တယ် လေယဉ်တွေ တန်းဆီရပ်ထားတာတွေ့ ရပြန်တယ် စပယ်ရာကလဲ အော်၍ ခေါ်နေလေသည် လိုက်မလား လိုက်မလား နိုင်ငံအစုံရောက်တယ် ။တချို့ တွေကျတော့ လိုက်ချင်မှန်းမသိ မလိုက်ချင်မှန်းမသိ အတင်းလိုက်ဆွဲနေလေသည် သူစဉ်းစားတယ် လိုက်သွားရင်ကောင်းမလား အာ မဖြစ်သေးပါဘူး အိမ်မှာလဲ အိမ်သူသက်ထားနဲ့  သားသမီးတွေလဲရှိသေးသည် သူထွက်လာတာလဲအချိန်တော်တော်ကြာလေပြီ အိမ်က ကျန်ရစ်သူတွေလဲ ဗိုက်ဆာနေတော့မယ် သူအလုပ်တခု အမြန်လုပ်ရတော့မယ် ခပ်လှန်းလှန်းမှာ ကူလီတချို့  အထုတ်ကြီး အထုတ်ငယ်တွေ ထမ်းနေတာတွေ့ တော့ အဲ့နေရာကို သူလျှောက်သွား လိုက်သည် ခေါင်းဆောင်ဟုထင်ရသော လူကြီးဆီသို့ သွားကာ အကိုကြီးအလုပ်လေးတစ်ခု လောက် မရနိုင်ဘူးလားဗျာ ကျွန်တော်အလုပ်လုပ်ချင်လို့ ပါဟု မျက်နှာငယ်ငယ်နဲ့ ပြောရသည် လူကြီးကသူ့ ကို သေချာစွာကြည့်၍ မင်းထမ်းနိုင်ရင်တော့ဝင်ထမ်းပေါ့ကွာ တစ်ထုတ်ကို 10000ပေးမယ် လုပ်နိုင်လား သူလဲစဉ်းစားမနေတော့ဘဲ။ဟုတ်ကဲ့  လုပ်နိုင်ပါတယ်ဗျာ အပေးအယူတည့်သွား၍သူ ၀င်ထမ်းလေသည် ကူလီတချို့ က သူ့ ကိုမကြည်ကြည့် ကြည့်လေသည် သူဒါတွေကိုစိတ်မ၀င်စားနိုင် အကြောက်တရားကို ဘေးဖယ်ထားပြီး သူ့ အလုပ်သူဆက်လုပ်နေလိုက်သည် အထုပ်20လောက်ထမ်းလို့ ပြီးတော့ သူငွေသွားထုပ်ရန် ကောင်တာသို့ သွားလိုက်တယ် ။ ကျွန်တော်အထုပ်20ထမ်းပြီးပြီခဗျ ကောင်တာကလူကြီး ငွေများရေတွက်၍ ထုတ်ပေးသောအခါ ငွေစက္ကူများကို တခါမှမမြင်ဖူးတဲ့ပုံစံနဲ့ ကြည့်လိုက်မိသည် ဘုရားဘုရား ဒီငွေစက္ကူတွေ ကငါတို့ ဆီမှာသုံးလို့ မရတာ သွားပါပြီ ဟာ ဟုတ်တာဘဲ လွန်ခဲ့သောအတိတ်ကမ္ဘာဆီသို့ ဆိုတော့ ဟာ သွားပါပြီ အိမ်ကလူတွေလဲဆာနေရော့မယ် သူအမြန်စဉ်းစားလိုက်တယ် ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ သူပြန်စဉ်းစားကြည့်တယ် သူဝင်လာတုန်း က လုံခြုံရေးဦးလေးကြီး အသုတ်သည်အဒေါ်ကြီး အမှောင်ကမ္ဘာက ၀န်ထမ်းတွေ သူပိုက်ဆံထုတ်ပေးတော့ အားလုံးက သူ့ ပိုက်ဆံကိုကြောင်တောင်တောင်ကြည့်၍ ယူသွားကြသည်။အချိန်ကိုကြည့်တော့4း45 မိနစ်တိတိ အ၀င်ဝမှာဖတ်ခဲ့ရတုန်းက 9း00မှ5း00 အထိလို့ ရေးထားတာဘဲ ဒါဆိုပိတ်တော့မှာပေါ့ ဒီနေရာကြီးပိတ်တာကအရေးမကြီး အိမ်ကမိသားစုတွေဆာနေရော့မယ် ဒီပိုက်ဆံတွေနဲ့ ဒီထဲမှာဘဲသုံးလို့ ရမှာပေါ့ သူအသုတ်ဆိုင်သို့  မြန်မြန်ပြေးပြန်ပြေးတယ် ။ မောတာပန်းတာတွေသူမသိတော့ နာရီကိုလဲခဏခဏပြန်ကြည့်မိသည် အသုတ်ဆိုင်သို့ ရောက်တော့ ပိတ်ထားသောတံခါးကြီးကသူ့ ကိုလှောင်ပြောင်နေလေသည် သူတော်တော်လေးဒေါသထွက်သွားတယ် သွားကာသုံးမရတဲ့ပိုက်ဆံတွေ သူဒီထဲဝင်လာမိတာကိုက အမှားကြီးတခုကိုကျုးလွန်မိသလို အပြစ်ရှိစွာ ခံစားနေရသည် အိမ်အပြန်လမ်းတလျှောက်မှာတော့ ခြေလှန်းများလေးလံစွာ အိမ်အ၀င်ဝမှာ သူ့ ဇနီးနှင့်သူ့ သားသမီင်္းတွေသူ့ ကိုမျှော်နေပေရော့မည်။သူဘာလုပ်ရမလဲ ....................... အကို... အကို ထတော့လေ 8း00 ထိုးနေပြီအလုပ်လဲသွားရဦးမယ်ထတော့ ထတော့ သူအိတ်ယာက အလန့် တကြားနိုးလေသည်ဟင် မိန်းမ ကိုယ်ဘယ်လိုလုပ်အိမ်ပြန်ရောက်နေတာလဲ သူ့ မိန်းမက ဘာလဲဆိုတဲ့အကြည့်နဲ့ ကြည့်ပြီး ခေါင်းတခါခါနဲ့ ထထွက်သွားလေတော့သည် ..။ သူ အခုမှပြုံးနိုင်တော့တယ် အော်သူ အိမ်မက်မက်နေတာကိုးးးးးးးးးးးးးတကယ့်2020ကျရင် ဘယ်လိုဖြစ်မယ်ဆိုတာ သူလဲမပြောတတ်တော့ပါ...... ကိုတင့်
သူများရေးထားတာတွေလိုက်ကူးရေးမနေနဲ့အဲဒါ ဖတ်ဖူးတယ် copyတွေသိပ်မကူးပါနဲ့ဘော်ဒါရေ
ReplyDelete