Saturday, December 22, 2012

လူတော် လူကောင်း




လူတော်လူကောင်းဘယ်အရာပိုကောင်းသလဲဆိုတာ မြတ်စွာဘုရားက ၅၅၀ ဇာတ်နိပါတ်တော်မှာ ပြဆိုထားပါတယ်။

တစ်ခါက မြတ်စွာဘုရားအလောင်းဟာ တိုင်းပြည်တစ်ခုရဲ့  အလွန်ကျော်ကြားတဲ့ ပညာရှိ ပုဏားတစ်ဦး ဖြစ်လေတော့ တစ်နေ့မှာ စဉ်စားမိတယ် ဘုရင်နဲ့ တိုင်းသူ ပြည်သားတွေက ငါ့ကို လေးစားချစ်မြတ်နိုး တာ ငါ့ရဲ့ ပညာကြောင့်လား? ငါ့ရဲ့ သီလကြောင့်လား? ဆိုပြီးတော့ သိရအောင်ကျိုးစားဖို့ အကြံဖြစ်ပေါ်တယ်။ အဲဒီအစီအစဉ်ကို အကောင်အထည်ဖေါ်ဖို့ ကြံနေစဉ်မှာ အခွင့်အရေးတစ်ခု ပေါ်လာ တယ်။ တစ်နေ့မှာ ဘုရင့်က သူ့အတွက် လက်စွပ်အပ်ခိုင်းလိုက်ပါတယ်။ လက်ဝတ် ရတနာတွေကို ပြုလုပ်ပေးတဲ့ ပန်ထိမ်ဆရာရဲ့  အိမ်ကိုရောက်တော့ ဘုရင် အပ်ခိုင်းတဲ့ လက်စွပ်ကို အပ်ကာ ပန်ထမ်ဆရာနဲ့ စကားပြောပြီးပြန်ခါနီးတွင် ပန်ထိမ်ဆရာ မမြင်အောင် ရွှေစအနည်းငယ်ကို ခိုးလာခဲ့ပါတယ်။ ပန်ထိမ်ဆရာက မြင်လိုက်ပေမယ့် မင်းဆရာလည်းဖြစ် တိုင်းပြည်ရဲ့ ထင်ရှားလေးစားရတဲ့ အမတ်ကြီးဖြစ်နေလို့ မသိ ချင်ယောင်ဆောင်နေလိုက်ပါတယ်။ ဒီလိုနဲ့ ဘုရားအလောင်းဟာ ၃ ရက်တိုင်တိုင် ပန်ထိမ် ဆရာအိမ်ကိုသွားပြီး ပြန်ကာနီးတိုင် ရွှေစကိုခိုးပါတော့တယ်။ ၃ ရက်မြှောက်နေ့မှာ ပန်ထိမ်ဆရာဟာ သည်းမခံနိုင်တော့ဘဲ သူခိုးသူခိုးလို့ အော်ပြီး ပညာရှိအမတ်ကြီးကို ဖမ်းပါ တော့တယ်။ ဖမ်းပြီးနောက် နန်းတော်ကိုသွားရာ တစ်လမ်းလုံးတွင် တွေ့ သမျှ လူတွေက ဘုရားအလောင်းပညာရှိအမတ်ကြီးကို ဆံထွေးနဲ့ထွေး၊ ခဲနဲ့ပေါက်ပြီးတော့ ဆဲဆိုကြပါတော့တယ်။ ဘုရင်ထံခေါ်ဆောင်သွားရာမှာ ဘုရင်မင်းမြတ်က မည်သို့ ဆုံးဖြတ်မည်ကို ပြည်သူတွေက သိချင်သည့်အတွက် နန်းရင်ပြင်တွင် ပရိသတတ်တွေနှင့်ပြည့်နှက်နေသည်။

ဘုရင်းထံရောက်တော့ ဘုရင်ကပရိသတ်အားလုံးရှေ့ တွင် မေးရာ ဘုရားအလောင်းပညာရှိအမတ်က သူခိုးကြောင်း ၀န်းခံတဲ့အတွက် ခေါင်းဖြတ်သတ်ဖို့ အမိန့်ချလိုက်ပါတယ်။ ခေါင်းဖြတ်ဖို့ ခေါ်သည့်အချိန်တွင် ပညာရှိအမတ်ကြီးက ဘုရင်ကို နောက်ဆုံးအနေနဲ့ စကားတစ်ခွန်း လျှောက်ထားခွင့် ပြုပါဟု တောင်းဆိုရာ ဘုရင်က ခွင့်ပြုလေသည်။ ထိုအခါ ဘုရားအလောင်းပညာရှိအမတ်က သူခိုးရတဲ့ ဇာတ်လမ်းကို စတင်ပြောပြပါတယ်
" အရှင်မင်းကြီး လောကတွင် လူတော်နဲ့ လူကောင်း ဘယ်ဟာ အရေးကြီးလည်း ဆိုတာ ကျွန်တော်မျိုးမှာ သိချင်တဲ့ စိတ်ဖြစ် ပေါ်လာပါတယ်၊ လောကတွင် လူတွေက လူကောင်း ကို တန်ဖိုးထားလား လူတော်ကို တန်ဖိုးထားလားဆိုတာကို သိရအောင် ကျွန်တော်မျိုး လက်တွေ့ စမ်းသပ်ကြည့်တာ ဖြစ်ပါတယ်။ ပထမနေ့ထဲက ကျွန်တော်မျိုး ခိုးထား တဲ့ ရွှေစတွေကို စာရင်းနဲ့ မှတ်ထားပါတယ် အရှင်မင်းကြီး"

" အခုတော့ ကျွန်တော်မျိုး သိပါပြီး လောကတွင် ပညာဘယ်လောက်ပဲ တတ်ပါစေ အကျင့်သီလမရှိရင် မည်သူမှ မလေးစားပါ "

" အကျင့်သီလနဲ့ ပြည့်စုံတဲ့ လူကို လူတွေ အားလုံးက လေးစားကြည်ညိုတာသိပါပြီ " လို့ လျှောက်တင်လေသည်။ ထိုအခါ ဘုရင်က အမတ်ကြီးကို လွှတ်ခိုင်းလိုက်ပါသည်။ ပရိသတ်ကလည်း သြဘာပေးကြပါတယ်။ ဒီအချိနှ်မှာပဲ ပညာရှိအမတ်က ဆက်လက်လျှောက်ထားပါတယ်

" အရှင်မင်းကြီး ကျွန်တော်မျိုးကို တော်ထွက်ခွင့်ပြုပါလို့ တောင်းဆိုပါသည် " ဘုရင်မင်းမြတ်က
" အမတ်ကြီး တောမထွက်ပါနဲ့ အမတ်ကြီးရဲ့  သီလကို ငါနှင့်တကွ ပြည်သူတွေ ယုံကြည်ပြီးသားပါ အရင်လို ပညာရှိအမတ်အဖြစ်နဲ့ပဲ အကြံဥာဏ်ပေးဖို့ တောမထွက်ပါနဲ့ " လို့တားမြစ်သည်။ ထိုအခါ ဘုရားအလောင်ပညာရှိအမတ်က
" အရှင်မင်းကြီး လောကီစည်းစိမ်ဟာ မမြဲဘူးဆိုတာ ကျွန်တော်မျိုး သဘောပေါက်ပါပြီ ကျွန်တော်မျိုးကို ဖမ်းလာသည့် လမ်းတလျှောက်တွင် လူအများက ဆဲရေးတိုင်းထွား၊ ခဲနှင့် ပစ်ပေါက်ကြပါသည်။ လောကီစည်းစိမ်ဆိုတာ နိမ့်ချီ မြင့်ချီဖြင့် မတည်မြဲပါ တည်မြဲသည့် လောကုတ္တရာစည်းစိမ်ကိုသာ လိုချင်ပါတော့သည် ထို့အတွက်ကြောင့် တောထွက်ခွင့်ပြုပါ" ဟု မင်းကို တောင်းပန်းပြီးနောက် မင်းနှင့်တကွ သားမယား၊ ပြည်သူတို့ကို ဆုံးမ စကားပြောကာ တောထွက်သွားလေသည်။

ထိုဇာတက ၀တ္ထုလေးသည် လူ တော်ထက် လူကောင်းက ပိုအရေးကြီးပုံ ကို ဖေါ်ညွှန်း ပြသထားသည်။

အလင်းစေတမန်

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

အေးချမ်းမွန်မှ ဝေဟင်ချစ်သူ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဝေဟင်ချစ်သူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...