Tuesday, December 25, 2012

လဘက်ရည်ခွက် သီဝရီ


Photo: လဘက်ရည်ခွက်သီဝရီ
=============
လဘက်ရည်ဖိုးတောင်းကြသည်ဟုနာမည်ကြီးနေသော အစိုးရရုံးဌာနများနဲ့ပက်သက်တဲ့ လဘက်ရည်ဖိုးသီဝရီကို ကျွနိုပ်နတ်ဆရာကြီးက ဖေါ်ထုတ်လိုက်လေပြီ။

အရင်တုန်းက လဘက်ရည်ဖိုးမတောင်းဘူး၊ အခုတော့လဘက်ရည်ဖိုးတောင်းတယ်။ လဘက်ရည်ဖိုးမပေးလိုဘူး၊ နိုင်ငံတော်ကလည်းလဘက်ရည်ဖိုးယဉ်ကျေးမှုကို တိုက်ဖျက်ဖို့လုပ်နေတယ်။

လဘက်ရည်ဖိုးဆိုတဲ့အတွက် လဘက်ရည်တန်ဖိုးနဲ့လစာရဲ့ဆက်စပ်မှုလေးပါ။
အရင်တုန်းက လဘက်ရည်တစ်ခွက် ၁၅ ပြား။ အရာရှိငယ်တစ်ယောက်လစာက ၃၂၀ ကျပ်။ သူ့လစာနဲ့ လဘက်ရည်ခွက် ၂၁၀၀ ကျော်ဝယ်သောက်လို့ရတယ်။ လဘက်ရည်ဖိုးမတောင်းဘူး။

အခုလဘက်ရည်တစ်ခွက် ၃၀၀ ကျပ်။ အရာရှိငယ်တစ်ယောက်လစာ ၉၀၀၀၀ ကျပ်။ သူ့လစာနဲ့ လဘက်ရည်ခွက် ၃၀၀ ပဲသောက်လို့ရတယ်။ လဘက်ရည်ဖိုးတောင်းတယ်။

လဘက်ရည်ဖိုးမတောင်းအောင် လဘက်ရည် ၂၁၀၀ ခွက်ဖိုးလစာဘာ့ကြောင့်မပေးနိုင်ရတာလဲ။ ....လဘက်ရည် ၂၁၀၀ ခွက်ဖိုးလစာက ၂၁၀၀ x ၃၀၀ = ၆၃၀၀၀၀ ကျပ်။

ဒါတောင် အရင်ခွက်က အခုခွက်ထက် ၂ ဆကျော်ကျော်လောက်ရှိတာနော်။ လဘက်ရည်ခွက်အရေအတွက်နဲ့ပဲတွက်ထားလို့ လဘက်ရည်ပမာဏနဲ့တွက်ရင် တစ်ခွက်ကို ၆၀၀ နှုံးလောက်နဲ့တွက်ရမှာ အဲဒါဆို လစာတစ်လ ၁၂၀၀၀၀၀ ကျော်လောက်ဖြစ်သွားမယ်။

နတ်ဆရာကြီး
လဘက်ရည်ဖိုးတောင်းကြသည်ဟုနာမည်ကြီးနေသော အစိုးရရုံးဌာနများနဲ့ပက်သက်တဲ့ လဘက်ရည်ဖိုး သီဝရီကို ကျွနိုပ်နတ်ဆရာကြီးက ဖေါ်ထုတ်လိုက်လေပြီ။
အရင်တုန်းက လဘက်ရည်ဖိုးမတောင်းဘူး၊ အခုတော့လဘက်ရည်ဖိုးတောင်းတယ်။ လဘက်ရည်ဖိုး မပေးလိုဘူး၊ နိုင်ငံတော်ကလည်း လဘက်ရည်ဖိုးယဉ်ကျေးမှုကို တိုက်ဖျက်ဖို့လုပ်နေတယ်။

လဘက်ရည်ဖိုးဆိုတဲ့အတွက် လဘက်ရည်တန်ဖိုးနဲ့လစာရဲ့ ဆက်စပ်မှုလေးပါ။
အရင်တုန်းက လဘက်ရည်တစ်ခွက် ၁၅ ပြား။ အရာရှိငယ်တစ်ယောက် လစာက ၃၂၀ ကျပ်။ သူ့လစာနဲ့ လဘက်ရည်ခွက် ၂၁၀၀ ကျော်ဝယ်သောက်လို့ရတယ်။ လဘက်ရည်ဖိုးမတောင်းဘူး။

အခုလဘက်ရည်တစ်ခွက် ၃၀၀ ကျပ်။ အရာရှိငယ်တစ်ယောက်လစာ ၉၀၀၀၀ ကျပ်။ သူ့လစာနဲ့ လဘက်ရည်ခွက် ၃၀၀ ပဲသောက်လို့ရတယ်။ လဘက်ရည်ဖိုးတောင်းတယ်။

လဘက်ရည်ဖိုးမတောင်းအောင် လဘက်ရည် ၂၁၀၀ ခွက်ဖိုးလစာဘာ့ကြောင့်မပေးနိုင်ရတာလဲ။ ....လဘက်ရည် ၂၁၀၀ ခွက်ဖိုးလစာက ၂၁၀၀ x ၃၀၀ = ၆၃၀၀၀၀ ကျပ်။

ဒါတောင် အရင်ခွက်က အခုခွက်ထက် ၂ ဆကျော်ကျော်လောက်ရှိတာနော်။ လဘက်ရည်ခွက်အရေအတွက်နဲ့ပဲတွက်ထားလို့ လဘက်ရည်ပမာဏနဲ့တွက်ရင် တစ်ခွက်ကို ၆၀၀ နှုံးလောက်နဲ့တွက်ရမှာ အဲဒါဆို လစာတစ်လ ၁၂၀၀၀၀၀ ကျော်လောက်ဖြစ်သွားမယ်။

နတ်ဆရာကြီး
27

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...