အင်္ဂလိပ်စာဘယ်လိုရေးမလဲ အပိုင်း-၁ ( စာရေးခြင်းအစီအစဉ်)
စာရေးခြင်းသည် အလွန်သိမ်မွေ့ နက်ရှိုင်းသောအနုပညာတစ်ရပ်ဖြစ်သည်။ စာတစ်ပုဒ် မရေးမီရေးမည့် အကြောင်းအရာကိုဦးစွာစဉ်းစားရပါ မည်၊ ၎င်းအကြောင်းအရာအပေါ်မူတည်၍ ဖော်ပြမည့် ပုံစံကိုရွေးချယ်ရပါမည်။ဖွင့်ဆိုပြအရေးအသား၊ သရုပ်ဖော်အရေးအသား၊ နှိုင်းယှဉ်ပြအရေးအသား၊ ကျိုးကြောင်းပြအရေးအသား၊ဇာတ်ကြောင်းပြောအရေးအသား(ပြန်လည်ပြောပြ သည့်ပုံစံ)အစရှိသည့် စာရေးနည်းပုံစံများအမျိုးမျိုး
ရှိပါသည်။ စာရေးရာတွင် မရေးမီကြိုတင်စဉ်းစားခြင်း၊ ရေးသားခြင်း၊ တည်းဖြတ်ခြင်း နှင့် ပုံနှိပ်ခြင်း(သို့) တင်ပြခြင်းစသည့် အချက် ၄ ချက်ကိုအစဉ်လိုက် အဆင့်ဆင့် စနစ်တကျဆောင်ရွတ်ရပါမည်။ စာပိုဒ်တစ်ခုတွင်အဓိကဖော်ပြလိုသ ည့် အကြောင်းအရာခေါင်းစဉ်၊ ခေါင်းစဉ်ကိုထောက်ပံ့ဖော်ပြပေးမ ည့် အကြောင်းအရာအသေးစိတ် နှင့် အဆုံးသတ်နိဂုံးများကိုစာဖတ်သူလွ ယ်လွယ်ကူကူနားလည်နိုင်စေရန် စနစ်တကျရေးသားဖော်ပြနိုင်ရပါမည် ။
၁။ကြိုတင်စဉ်းစားခြင်း
စာပိုဒ်တစ်ပိုဒ်ကိုစတင်မရေးသားမီရေးသားမည့် အကြောင်းအရာနှင့် ပတ်သက်၍စဉ်းစားကာစုစည်းပါ၊ မရေးသားမီ ကြိုတင်စဉ်းစားရာတွင် အဆင့်(၅)ဆင့်ခွဲကာလေ့ကျင့်နိုင် ပါသည်။
(၁) ရေးသားမည့်အကြောင်းအရာကိုသေသေချာချာစဉ်းစားပါ
(၂) ရေးသားမည့် အကြောင်းအရာနှင့်ပတ်သက်သောအချက် အလက်များကိုစုဆောင်းပါ
(၃) ကိုယ်ပိုင်စိတ်ကူးကိုချရေးပါ
(၄) စာပုဒ်တွင် အဓိကပြောလိုသည့် ကြောင်းအရာကိုရွေးချယ်ပါ
(၅) အဓိကအကြောင်းအရာကိုပိုမိုပေါ်လွင်စေမည့် အချက်အလက်များကိုစုဆောင်းပါ
၂။ရေးသားခြင်း
စာပိုဒ်ကိုစတင်ရေးသားခြင်းသည် မိမိတင်ပြလိုသောအယူအဆကိုဝါကျ(စာ ကြောင်း)များအဖြစ် ပြောင်းလဲရေးသားလိုက်ခြင်းဖြစ်သ ည်။ စာရေးသားစဉ်တွင် ဆောင်ရွက်ရန် အဆင့်(၅) ဆင့် ရှိပါသည်။
(၁) စာအုပ်ကိုဖွင့်လိုက်ပါ၊ ကွန်ပျူတာဖြင့် ရေးပါက file ကိုဖွင့်လိုက်ပါ
(၂) နိဒါန်း၊ စာကိုယ်၊ နိဂုံးတို့ကိုအစဉ်လိုက်ချရေးပါ (၎င်းတို့ကိုရေးသားစဉ်တွင် အထက်တွင် ဖော်ပြခဲ့သောအစီအစဉ် အဆင့်ဆင့်ကိုသတိထားရေးသားပါ)
(၃) ဆိုလိုရင်းအဓိပ္ပာယ် ပေါ်လွင်စေရန် ရှင်းလင်းသောဝါကျ ပုံစံများကိုအသုံးပြုပါ
(၄) အဓိကအကြောင်းအရာကိုစာဖတ်သူသဘောေ ပါက်နားလည်စေရန် အာရုံစိုက်ပါ
(၅) မိမိ၏တင်ပြချက်ကိုအထောက်အကူပေးနိုင်သည့် စာသားများထပ်မံဖြည့်စွက်ရန် အဘိဓာန်ကိုအကူအညီယူပါ
၃။တည်းဖြတ်ခြင်း
တည်းဖြတ်ခြင်းအဆင့်တွင် မိမိရေးသားထားသောစာပိုဒ်ကို ပြန်လည်စစ်ဆေးကာလိုအပ်သည်များ ပြင်ဆင် ဖြည့်စွက်ခြင်းပြုလုပ်ရမည်။ အထူးသဖြင့် သဒ္ဒါ (Grammar)၊စာလုံးပေါင်း(Spellin g) အမှားများကိုသတိထားစစ်ဆေးပြင်ဆင်ရမည်။
(၁) စာလုံးပေါင်း(spelling) ကိုစစ်ဆေးပါ (စာလုံးပေါင်းအမှားများသည် ဆိုလိုရင်းနှင့် လုံးဝလွဲချော်သွားပါလိမ့်မည်။)
(၂) သဒ္ဒါ (Grammar) ကိုစစ်ဆေးပါ (ပြောစကား Spoken English တွင် သဒ္ဒါမကိုက်ညီသည်များရှိတတ်သော်လ ည်းစာရေးသားရန်တွင် သဒ္ဒါ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရပါမည်။)
(၃) စာပိုဒ်ကိုထပ်ခါထပ်ခါ ပြန်လည်ဖတ်ရှုပါ
(၄) ကတ္တား(subject) နှင့် ကြိယာ(verb) ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပါ (ဥပမာ- subject အနည်းတွင် verb ကို 's/es'ပေါင်းထည့်ရမည် သိသော်လည်းရေးသားရာတွင် he come. ဟု 's/es'ကျန်လေ့ ရှိပါသည်။)
(၅) ရေးသားထားသည့် Tense (ကာလ) နှင့် verb (ကြိယာ) ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပါ
(၆) ရေးသားထားသောဝါကျ တစ်ကြောင်းစီသည် ဆိုလိုရင်းအဓိပ္ပာယ် ပေါ်လွင်မှု ရှိ/မရှိစစ်ဆေးပါ
(၇) ရေးသားထားသောစာပိုဒ်ကိုစိတ်ဝင်စားဖွယ် ကောင်း/မကောင်း ကြည့်ပါ
၎။ပုံနှိပ်ခြင်း(သို့) တင်ပြခြင်း
သက်ဆိုင်ရာသို့ ပေးပို့ တင်ပြရန် အတွက် ရေးသားထားသောစာပိုဒ်ကိုနောက်ဆုံးအပြီးသတ်ရန်အတွက် အဆင့်(၃) ဆင့်ရှိပါသည်။
(၁) ရေးသားထားသောစာပိုဒ်ကိုစာချောထု တ်ပါ
(၁) ဆရာ(သို့မဟုတ်) စစ်ဆေးမည့်သူထံတင်ပြပါ
(၁) ၎င်းတို့ထံ မှ အရေးအသားတိုးတက်အောင် မည်သို့ ဆောင်ရွတ်ရမည်ကိုအကြံဉာဏ် ရယူပါ
မည်သည့် ကိစ္စတွင် မဆိုမဆောင်ရွတ်မီ၊ ဆောင်ရွတ်ဆဲ၊ ဆောင်ရွတ်ပြီးအခြေအနေများနှင့် ပြန်လည်သုံးသပ်စစ်ဆေးခြင်းအဆင့် ဆင့်ကိုစနစ်တကျ ပြုလုပ်နိုင်မှသာလျှင် ပြည့်စုံသောလက်ရာကောင်း (ဝါ) အလုပ်ကောင်းတစ်ခုဖြစ်လာမည် ဖြစ်ပါသည်။ သို့ပါ၍ စာရေးသားရာတွင် အထောက်အကူတစ်ခုခုပေးနိုင်ရန်ရည် ရွယ်လျှက် စာရေးခြင်းအစီအစဉ်ကိုရေးသားလိုက်ပါသည်။
အောင်ကိုဦး (UMK)
၁။ကြိုတင်စဉ်းစားခြင်း
စာပိုဒ်တစ်ပိုဒ်ကိုစတင်မရေးသားမ
(၁) ရေးသားမည့်အကြောင်းအရာကိုသေသေချ
(၂) ရေးသားမည့် အကြောင်းအရာနှင့်ပတ်သက်သောအချက်
(၃) ကိုယ်ပိုင်စိတ်ကူးကိုချရေးပါ
(၄) စာပုဒ်တွင် အဓိကပြောလိုသည့် ကြောင်းအရာကိုရွေးချယ်ပါ
(၅) အဓိကအကြောင်းအရာကိုပိုမိုပေါ်လွင
၂။ရေးသားခြင်း
စာပိုဒ်ကိုစတင်ရေးသားခြင်းသည် မိမိတင်ပြလိုသောအယူအဆကိုဝါကျ(စာ
(၁) စာအုပ်ကိုဖွင့်လိုက်ပါ၊ ကွန်ပျူတာဖြင့် ရေးပါက file ကိုဖွင့်လိုက်ပါ
(၂) နိဒါန်း၊ စာကိုယ်၊ နိဂုံးတို့ကိုအစဉ်လိုက်ချရေးပါ (၎င်းတို့ကိုရေးသားစဉ်တွင် အထက်တွင် ဖော်ပြခဲ့သောအစီအစဉ် အဆင့်ဆင့်ကိုသတိထားရေးသားပါ)
(၃) ဆိုလိုရင်းအဓိပ္ပာယ် ပေါ်လွင်စေရန် ရှင်းလင်းသောဝါကျ ပုံစံများကိုအသုံးပြုပါ
(၄) အဓိကအကြောင်းအရာကိုစာဖတ်သူသဘောေ
(၅) မိမိ၏တင်ပြချက်ကိုအထောက်အကူပေးန
၃။တည်းဖြတ်ခြင်း
တည်းဖြတ်ခြင်းအဆင့်တွင် မိမိရေးသားထားသောစာပိုဒ်ကို ပြန်လည်စစ်ဆေးကာလိုအပ်သည်များ ပြင်ဆင် ဖြည့်စွက်ခြင်းပြုလုပ်ရမည်။ အထူးသဖြင့် သဒ္ဒါ (Grammar)၊စာလုံးပေါင်း(Spellin
(၁) စာလုံးပေါင်း(spelling) ကိုစစ်ဆေးပါ (စာလုံးပေါင်းအမှားများသည် ဆိုလိုရင်းနှင့် လုံးဝလွဲချော်သွားပါလိမ့်မည်။)
(၂) သဒ္ဒါ (Grammar) ကိုစစ်ဆေးပါ (ပြောစကား Spoken English တွင် သဒ္ဒါမကိုက်ညီသည်များရှိတတ်သော်လ
(၃) စာပိုဒ်ကိုထပ်ခါထပ်ခါ ပြန်လည်ဖတ်ရှုပါ
(၄) ကတ္တား(subject) နှင့် ကြိယာ(verb) ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပါ (ဥပမာ- subject အနည်းတွင် verb ကို 's/es'ပေါင်းထည့်ရမည် သိသော်လည်းရေးသားရာတွင် he come. ဟု 's/es'ကျန်လေ့ ရှိပါသည်။)
(၅) ရေးသားထားသည့် Tense (ကာလ) နှင့် verb (ကြိယာ) ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပါ
(၆) ရေးသားထားသောဝါကျ တစ်ကြောင်းစီသည် ဆိုလိုရင်းအဓိပ္ပာယ် ပေါ်လွင်မှု ရှိ/မရှိစစ်ဆေးပါ
(၇) ရေးသားထားသောစာပိုဒ်ကိုစိတ်ဝင်စ
၎။ပုံနှိပ်ခြင်း(သို့) တင်ပြခြင်း
သက်ဆိုင်ရာသို့ ပေးပို့ တင်ပြရန် အတွက် ရေးသားထားသောစာပိုဒ်ကိုနောက်ဆုံ
(၁) ရေးသားထားသောစာပိုဒ်ကိုစာချောထု
(၁) ဆရာ(သို့မဟုတ်) စစ်ဆေးမည့်သူထံတင်ပြပါ
(၁) ၎င်းတို့ထံ မှ အရေးအသားတိုးတက်အောင် မည်သို့ ဆောင်ရွတ်ရမည်ကိုအကြံဉာဏ် ရယူပါ
မည်သည့် ကိစ္စတွင် မဆိုမဆောင်ရွတ်မီ၊ ဆောင်ရွတ်ဆဲ၊ ဆောင်ရွတ်ပြီးအခြေအနေများနှင့် ပြန်လည်သုံးသပ်စစ်ဆေးခြင်းအဆင့်
အောင်ကိုဦး (UMK)
0 comments:
Post a Comment