Friday, April 1, 2016

ဝက်သားတုတ်ထိုး

Si Thu HeinFollow

ဝက်သားတုတ်ထိုးလုပ်နည်းက မခက်ပါဘူး။ နည်းပညာလေးတော့ လိုအပ်တာပေါ့။
ဝက်သားတုတ်ထိုးရောင်းတဲ့သူတွေလိုပဲ ၀က်ရဲ.အတွင်းကလီစာအစုံ မှာကျောက်ကပ်ကိုတော့ရှောင်ပါတယ်။ လူတွေကြိုက်တတ်တဲ့ အချင်းတိုင်၊ အူပါးလျှာ နို.အုံသား၊ ပါးစောင်သား အရိုးနုတို့တော့ များများဝယ်ရပါတယ်။
ဝယ်လာတဲ့ဝက်အတွင်းကလီစာတွေကို သန်.စင်နေအောင်ရေအရင်ဆေးပါ။

မန်ကျည်းသီးမှည့်ကိုရေနွေးလေးစိမ်ထားပြီး ဆားအနည်းငယ်နဲ.ရောပြီး (၃)ကြိမ်မှ(၅)ကြိမ်လောက်ထိဆေးလိုက်ရင်ဝက်အတွင်းကလီစာဆိုတာဘာအနံ.မှမရှိတော့အောင် စင်ကြယ်သန်.ရှင်းသွားပါတယ်။
အူပါးတွေကိုတော့တုတ်တံတစ်ချောင်းနဲ.၅ခုလောက်ကိုအထပ်ထပ်ဖြစ်အောင်ထပ်
ပေးရပါမယ်။ဆေးကြာပြီးရင်တော့အားလုံးကိုရေစစ်ထားပါ...။
ရေစစ်သွားတဲ့..၀က်သားတွေကို ဆား၊ ပာင်းခတ်မှုန်. ၊ ပဲငံပြာရည်အပျစ်( အကောင်းစားတံဆိပ်) နာနတ်ပွင့်ကိုလှော်ပြီးထောင်းထားတဲ့အမှုန်.( တရုတ်လို ပါကော့ ခေါ်ပါ
တယ်) ၊ အစားအသောက်သုံးအရောင်( လိမ္မော်) အနည်းငယ်၊ ၀ိုင်အရက်(သို.) အရက်ပြင်းအနည်းငယ်တို.နဲ.ရောနယ်ပြီးနာရီဝက်ခန်.
နှပ်ထားပေးရပါမယ်။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ် ၊ သကြား တို.ကိုရောပြီးအပူပေးလျှင်
သကြားတွေပာာဆီအနည်းငယ်ပူလာတာနဲ.အရည
်ပျော်ပြီးရွှေညိုရောင်လေးပြောင်းလာပြီဆိုရင်မီးဖုတ်ပြီးဓါးပြားရိုက်ထားတဲ့နာနတ်ပွင့် ၊ ချင်းငရုတ်ကောင်းတို.ကိုထည့်ပြီးတစ်ခုပြီးတစ်ခုဆီသတ်ပေးပြီးစစ်ယူထားပါ။
ထို.နောက်အမာဆုံးအစိတ်အပိုင်းတွေ(ဥပမာ နားရွက် ၊ လျှာ၊အူမ)စသည်တို.ကိုအရင်ဆုံးပြုတ်ပေးပါထိုအရာများတစ်ဝက်လောက်ကျက်
ပြီဆိုမှအသည်း၊ နှလုံးလို ဒုတိယ တန်းစားတွေကို ထည့်ပေးပါ။
နောက်ဆုံးမှအူချိုတို.လိုအနုဆုံးအပိုင်းတွေကို ထည့်ပြုတ်ပါ။အရသာကို မြည်း
စမ်းပြီးနှူးအိပြီဆိုရင်ရေ သုံးပုံတစ်ပအုံကျန်လောက်အကျန်မှာစစ်ထုတ်ထားပေးပါ။
လှီးဖြတ်ပြီးပန်းကန်နဲ.ကြိုက်သူကို ပန်းကန်ထဲထည့်ပြီးလက်ကျန်ပြုတ်ရည်လေးအနည်းငယ်ဆမ်းပြီးဧည့်ခံနိုင်သလိုဝါးတုတ်လေးတွေထိုးပြီးလက်ကျည်အရည်မှာလည်းနှစ်ကာ၊တို့ကာသုံးဆောင်နိုင်ပါတယ်။
တွဲဖက်ဆော့စ်ကိုတော့..မန်ကျည်းသီး၊ ထန်းလျက်ရည်၊ သကြား၊ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ နံနံပင် ၊ ဗမာငရုတ်ဆီ တို.နဲ.မိမိနှစ်သက်သလို ရောစပ်နိုင်ပါတယ်။
ဟင်းချက်နည်းများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...