Saturday, April 23, 2016

အိုးမဲ့အိမ်မဲ့ဖြစ်ဖူးတဲ့ ကျိကျိတက်ချမ်းသာတဲ့ ဆယ်လီ (၅) ဦး

Lwin Pyin

ဆယ်လီအများအပြားဟာ အရမ်းဆင်းရဲတဲ့ ဘဝကနေ လာခဲ့တာပါ။ အိမ်သေးသေးလေးထဲမှာ အပူပေးစနစ်မရှိ၊ စားစရာမရှိတဲ့ ဘဝမျိုးမှာ နေခဲ့ရတဲ့ ဆယ်လီတွေ ရှိပါတယ်။ တချို့ဆိုရင် နေစရာတောင် မရှိခဲ့ကြပါဘူး။ အဲဒီဘဝကနေ ကမ္ဘာကျော်ဆယ်လီတွေ ဖြစ်တဲ့အထိ ကြိုးစားခဲ့သူတွေပါ။
၁။ အာနိုး

အာနိုးကို ကလေးကအစ သိပါတယ်။ အခုဆိုရင် သူက သန်းကြွယ်သူဌေးကြီးဖြစ်နေပါပြီ။ အာနိုးဟာ ရုပ်ရှင်တွေ၊ ကာယဗလမောင်ပြိုင်ပွဲတွေ အများကြီး ပြုလုပ်ခဲ့သူဖြစ်တဲ့အပြင် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ဖြစ်ခဲ့ဖူးသူပါ။ ဒါပေမဲ့ သူဘဝက အရာအားလုံး ပန်းခင်းလမ်းဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အာနိုးဟာ သြစတြီးယားမှာ မွေးဖွားခဲ့ပြီး ဘဝတိုးတက်ဖို့အတွက် အမေရိကကို ပြောင်းလာခဲ့ပါတယ်။ သူ အမေရိကကို ရောက်ချိန်မှာ နာမည်တစ်လုံးကလွဲလို့ ဘာမှ ပါမလာခဲ့ပါဘူး။ ဒါပေမဲ့ ကံလေးနည်းနည်းကောင်းလာချိန်မှာ ပန်းရံအလုပ်လုပ်ကိုင်ရင်း ဝင်ငွေနည်းနည်းရလာပြီး ကာယဗလမောင် ပြိုင်ပွဲတွေ ဝင်ပြိုင်လို့ အနိုင်ရလာရာကနေ သရုပ်ဆောင်လောကထဲ ဝင်ရောက်လာသူပါ။ ကြွက်သေတစ်ကောင် အရင်းပြုရင်း ချမ်းသာတယ်ဆိုတာ အာနိုးရဲ့ ဘဝလိုမျိုးပါပဲ။
၂။ ဟီလာရီဆွန်း
ဟောလိဝုဒ် အကယ်ဒမီဆုရှင် ဟီလာရီဆွန်း အသက် ၁၆ နှစ်အရွယ်မှာ အယ်လ်အေမှာ သူမရဲ့မိခင်နဲ့အတူ ကားထဲမှာ နေခဲ့တာပါ။ အဲဒီမတိုင်ခင်ကလည်း ဝါရှင်တန်မှာ သူမနဲ့ သူမမိသားစုဟာ နောက်တွဲယာဉ်ရပ်နားစခန်းမှာ နှစ်ပေါင်းများစွာ နေခဲ့ဖူးပါတယ်။ လှပပြီး ပါရမီရှိတဲ့ မင်းသမီးဟာ ကံကောင်းလာတဲ့တစ်ချက် အခွင့်အရေးကို ဆုပ်ကိုင်လို့ ၁၉၉၄ ခုနှစ်မှာ The Next Karate Kid ဇာတ်ကားနဲ့ အောင်မြင်လာခဲ့ပါတယ်။ သူမဟာ ချမ်းသာရုံတင်မကဘဲ နာမည်ကြီး တင်းနစ်သမားဟောင်း ရူဘန်တောရက်စ်နဲ့ ၂၀၁၆ ခုနှစ် မတ်လမှာ စေ့စပ်လိုက်ပါတယ်။ အယ်လ်အေမှာ ကားထဲနေခဲ့ရတဲ့ ဘဝနဲ့ အခု သူမဘဝက မိုးနဲ့မြေလို ကွာခြားနေပါပြီ။
၃။ ဆလင်းဒီယွန်
ပိုက်ဆံတစ်ပြားမှမရှိဘဲ ကလေး ၁၅ ယောက်ရှိနေတဲ့ ဘဝကို စဉ်းစားကြည့်လိုက်ပါ။ ဆလင်းဒီယွန်ရဲ့ မိဘနှစ်ပါးဟာ သူတို့ရဲ့ သားသမီး ၁၅ ယောက်ကို ဂီတကလွဲလို့ ပေးစရာ ဘာမှ မရှိခဲ့ပါဘူး။ ဘဝက ခက်ခဲကြမ်းတမ်းပေမဲ့ သူတို့မိသားစုဟာ အတူလက်တွဲ ရင်ဆိုင်ခဲ့ကြတယ်။ ဆလင်းဒီယွန်ရဲ့ အသံက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကို ကောင်းနေခဲ့ပြီး သူမရဲ့ ပထမဆုံး အယ်လ်ဘမ်ကို ထုတ်ချိန်မှာ သူမအသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ အခုတော့ သူမဟာ သူမရဲ့မိသားစုတစ်စုလုံးကို စောင့်ရှောက်နိုင်လောက်အောင် ချမ်းသာနေပါပြီ။ အခုဆိုရင် အကောင်းဆုံး အယ်လ်ဘမ်ဆု အကြိမ်ကြိမ်ရပြီး လက်စ်ဗီးဂက်စ်မှာ ရှိုးပွဲ ပုံမှန် လုပ်နေတဲ့ ဆလင်းဒီယွန်အတွက် ငွေကြေးနဲ့ ပတ်သက်ပြီး ဒီတစ်သက် စိုးရိမ်စရာ မလိုတော့ပါဘူး။
၎။ အီမီနမ်
ရက်ပါ အီမီနမ်ဟာ ဆင်းရဲချို့တဲ့စွာ ကြီးပြင်းခဲ့တယ်ဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ သူ့ရဲ့ရုပ်ရှင်ကားဖြစ်တဲ့ Eight Mile ဟာဆိုရင် သူနဲ့ သူ့မိသားစု ဒက်ထရိုက်မှာ ဆင်းဆင်းရဲရဲနေထိုင်ခဲ့ရတာကို အခြေခံပြီး ရိုက်ကူးခဲ့တာပါ။ အဲဒီမှာနေတုန်းက နောက်တွဲယဉ်ထဲမှာ သူ့ရဲ့အမေနဲ့အတူ နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် သူနဲ့ သူ့ဇနီးဟာ သမီးလေးကို သူတို့ထက် ကောင်းမွန်တဲ့ ဘဝ ရရှိစေဖို့ မနားမနေ အလုပ်လုပ်ခဲ့ကြပါတယ်။ ကံကောင်းစွာပဲ သူ့ရဲ့ အနုပညာပါရမီက သူ့ကို အခက်အခဲတွေကြားက ဆွဲထုတ်နိုင်ခဲ့တယ်။ အခုဆိုရင် အီမီနမ်ဟာ ဒေါ်လာ သန်း ၁၀၀ ကျော် ပိုင်ဆိုင်နေပြီလို့ ပြောကြတယ်။
၅။ ဂျင်မ်ကာရေး
ဟာသမင်းသား ဂျင်မ်ကာရေးဟာ အခုဆိုရင် မမှန်းဆနိုင်လောက်အောင် ချမ်းသာနေပါပြီ။ သူ့ရဲ့ ရုပ်ရှင်များစွာက အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် ငွေကန်ထဲမှာ လက်ပစ်ကူးလို့တောင် ရနေပါပြီ။ ဒါပေမဲ့ သူဟာ သူ့ရဲ့ဆယ်ကျော်သက်ဘဝကို သူ့မိဘတွေနဲ့အတူ ဗင်န်ကားတစ်စီးထဲမှာ နေထိုင်ရင်း ကုန်ဆုံးခဲ့တာပါ။ မိသားစုရဲ့ အဓိကဝင်ငွေကို ရှာဖွေပေးတဲ့ သူ့ရဲ့ဖခင် အလုပ်ပြုတ်သွားပြီးတဲ့နောက် သူတို့မှာ အိမ်ကအစ အားလုံး ဆုံးရှုံးခဲ့ရပါတယ်။ ကာရေးဟာ မိသားစုကို ကူညီဖို့အတွက် ကျောင်းထွက်ခဲ့ရတယ်။ ၁၉၈၅ ခုနှစ်မှာတော့ ရုပ်ရှင်လောကထဲ ဝင်ရောက်ပြီး အောင်မြင်လာပါတယ်။ ဂျင်မ်ကာရေးက အခုထိ အောင်မြင်နေဆဲဖြစ်ပြီး ဒီနှစ်ထဲမှာ သူ့ရဲ့ဇာတ်ကားသစ် ၂ ကား ထပ်ထွက်ဖို့ ရှိပါတယ်။
၆။ လီယိုနာဒို ဒီကက်ပရီယို
ဟောလိဝုဒ်မှာ ကြီးပြင်းတယ်လို့ ကြားရတာ သဘောကျစရာကောင်းပေမဲ့ ဟောလိဝုဒ်မှာ ဘယ်လိုရှင်သန်ရတယ်ဆိုတဲ့အပေါ် မူတည်ပါသေးတယ်။ ဟောလိဝုဒ်မှာ ဆိုးသွမ်းတဲ့ဘဝတွေနဲ့ ဥပဒေမဲ့ ဖြစ်ရပ်တွေရှိပါတယ်။ လီယိုနာဒိုကတော့ အသိဆုံးဖြစ်မှာပါ။ သူဟာ ဟောလိဝုဒ်ရဲ့ ရာဇဝတ်မှုပြည့်နှက်နေတဲ့ အပိုင်းမှာ ကြီးပြင်းခဲ့ရတယ်လို့ ပြောကြပါတယ်။ အခုဆိုရင် လီယိုဟာ ဒီနှစ်မှာ ပထမဆုံးရရှိတဲ့ အော်စကာဆုအပါအဝင် ဆုပေါင်း ၈၀ ခန့် ရရှိထားပြီးပါပြီ။ ဆုပေါင်း ၂၀၀ ကျော်အတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရဖူးတဲ့ လီယိုနာဒို ဒီကက်ပရီယိုဟာ အခုဆိုရင် ဒေါ်လာ သန်း ၂၀၀ ကျော် ပိုင်ဆိုင်နေတာ အံ့သြစရာ မရှိပါဘူး။
၇။ ဂျနီဖာလိုပက်စ်
သူမမိခင်က သူမကို ကောလိပ်တက်စေချင်ပြီး သူမကတော့ ပရော်ဖက်ရှင်နယ် အကသမားတစ်ဦးဖြစ်ချင်တာကြောင့် မိခင်နဲ့ ရန်ဖြစ်ခဲ့ပြီးတဲ့နောက် ဂျေလိုဟာ အိမ်ပေါ်က ဆင်းခဲ့ပါတယ်။ သူမရဲ့ အိပ်မက်တွေကို အကော်အထည်ဖော်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ ဂျေလိုဟာ လက်ထဲမှာ ငွေလည်း သိပ်မရှိသလို နေစရာ နေရာလည်း မရှိခဲ့ပါဘူး။ အိုးမဲ့အိမ်မဲ့ဘဝနဲ့ အကခန်းမထဲက ခုံတန်းလျားတစ်ခုမှာ နေထိုင်ခဲ့ရတယ်။ ကံကောင်းစွာပဲ သူမဟာ နေစရာအိမ်မရှိတဲ့ဘဝမှာ အကြာကြီး မနေခဲ့ရဘဲ ဥရောပမှာ သူမရဲ့ ပထမဆုံး ကပွဲကို တင်ဆက်ခဲ့ရပြီး မကြာခင်မှာပဲ In Living Color ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက် သူမရဲ့ အနုပညာလုပ်ငန်းက တဟုန်ထိုး အောင်မြင်လာပြီး မင်းသမီး၊ အကမယ်နဲ့ အဆိုတော် အဖြစ် ကျော်ကြားလာပါတယ်။ အခုတော့ သူမမိခင်ဟာ သူမရဲ့ရွေးချယ်မှုအတွက် ဝမ်းသာနေမှာ သေချာပါတယ်။
(Duwun)
Source & Photos : Life

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...