ဝန်ကြီးချုပ်ခင်ဗျာ
Than Min
ယာဉ်ကြောပိတ်ဆို့မှုကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြေရှင်းသည့်စံနစ်ကို တိုကျိုမှာ ကားဝယ်ထားစဉ်ကအတွေ့အကြုံကိုပြောပြခြင်ပါသည်။
မည်သည့်ကားမဆို မိမိအိမ်ရှေ့
ရုံး၊ကျောင်း၊ဈေး၊ဆေးရုံများတွင် ကာလကြာရပ်ထားခွင့်မပြုပါ
၁၅မိနစ်ထက်ကျော်၍ ရပ်နားမည်ဆိုပါက အခပေး ပါကင်များတွင်
သွားရောက်ရပ်နားရပါသည်။
လှည့်ကင်းများသည် လမ်းကြိုလမ်းကြားများပါမကျန် အချိန်ပြည့်ကင်းလှည့်နေပြီး
လမ်းပေါ်တွင်သတ်မှတ်ချိန်ကျော်ရပ်ထားသည့်ကားများကို ဘက်မှန်ကိုင်းတွင်
သော့ပါသည့် လိမ္မော်ရောင် ပလတ်စတစ် ဖမ်းဆီးချလံကဒ်ပြား ကို ခတ်ထားခဲ့ပါသည်
၎င်းချလန်ကဒ်ပြားကို ရဲစခန်းတွင် ဒါဏ်ငွေသွားဆောင်မှပြန်ဖြုတ်ပေးပါသည်။
ထိုသို့စည်းကမ်းထုတ်ရန်အတွက် ရပ်ကွက်တိုင်းတွင် ဈေးနှုန်းသက်သာသည့် လခပေး ကားပါကင်များအရင်စီစဉ်ဆောင်ရွက်ထားပြီး ကားများကို ပါကင်များတွင်သာရပ်နားခွင့်ပြုပါသည်၊ မိမိအိမ်ရှေ့တွင် ကြာရှည်ရပ်နားခွင့်မပြုပါ ညအိပ်ရပ်ထားပါက ဆွဲကားဖြင့် ရဲစခန်းသို့ဆွဲယူသွားပါသည်၊
ထိုသို့စီစဉ်ပေးထားသဖြင့် ကားအများစု ကားပါကင်များတွင်သာသွားရပ်ထားကြသဖြင့် လမ်းမကြီးများပေါ်တွင်သာမက လမ်းကြိုလမ်းကြားများတွင်ပါ ကားများရှင်းနေသဖြင့် ယာဉ်မောင်းရာမှာ ပိတ်ဆို့မှုမဖြစ်တော့ပါ၊
ရန်ကုန်မြို့တွင်ကားစီးရေ တစ်သိန်းကျော်သာရှိသော်လည်း တိုကျို တွင်စီးရေ တစ်သန်းကျော်ရှိပါသည် သို့ပေမဲ့ လမ်းပေါ်တွင်ကားများမရပ်ထားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပါ။
ဗိုလ်ချုပ်ဈေး သိမ်ကြီးဈေးများတွင်ဈေးဝယ်လိုသူများအတွက် ကားပါကင်မရှိပါ၊ဆိုင်ပိုင်ရှင်ကားများ တစ်နေကုန်ရပ်ထားကြ၍ဖြစ်သည်၊
ထို့အတူ ရပ်ကွက်များအတွင်း ပါကင်လုရာမှ လူသတ်မှုဖြစ်ရသည်များ မီးလောင်လျှင်မီးသတ်ကားဝင်မရခြင်း၊ လူနာတင်ကားထွက်မရခြင်းများ နေ့စဉ်ကြုံတွေ့နေသည့် လူမှုဒုက္ခများမှလွတ်မြောက်စေဖို့ အတွက် ရပ်ကွက်တိုင်းတွင် ကားပါကင်များအမြန်ဆုံးအကောင်ထည်ဖေါ်ဆောင်ရွက်ပေးခြင်းဖြင့်ဖြေရှင်းဆောင်ရွက်ပေးစေလိုပါသည်၊ ကာလကြာလျှင် အဆောက်အဦးများပြည့်သွားသဖြင့် ပါကင်အတွက်နေရာမရဖြစ်သွားနိုင်ပါသည်၊
ကျေးဇူးတင်စွာဖြင့် Tin Oo.

0 comments:
Post a Comment