Monday, April 11, 2016

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၉)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

ဒီတစ်ခါတော့ မတော်တဆနဲ့ အမှားတစ်ခုခု ဖြစ်သွားတဲ့အခါ တောင်းပန်ဖို့ ၊ တောင်းပန်တာကို လက်ခံပြီး ပြန်ပြောဖို့ စကားပြောခန်းလေးတွေပါ
.
(1) I am really sorry. I made a big mistake.
ကျနော်တကယ်စိတ်မကောင်းပါဘူး ၊ ကျနော် အမှားကြီးတစ်ခု ပြုခဲ့မိပါတယ်
.
(2) It’s okay. Such things happen.
ရပါတယ် ၊ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်


(happen(v) : ဖြစ်ပျက်သည် ၊ ကြုံကြိုက်သည်)
.
(3) It can happen to anyone.
ဒါက ဘယ်သူ့ကိုမဆို ဖြစ်နိုင်ပါတယ်
(anyone (pronoun) : မည်သူမဆို ၊ ဘယ်သူမဆို)
.
(4) It was an accident. I shouldn’t have been such a hurry.
မတော်တဆ ဖြစ်ခဲ့တာတစ်ခုပါ ၊ ကျနော် ဒီလောက် အလောတကြီး မဖြစ်ခဲ့သင့်ပါဘူး
(hurry(n) အလောတကြီး ရေးကြီးသုတ်ပြာဖြစ်ခြင်း)
.
(5) I am really sorry. I should have been more careful.
ကျနော်တကယ်စိတ်မကောင်းပါဘူး ၊ ကျနော် ပိုပြီး ဂရုတစိုတ် ဖြစ်ခဲ့သင့်ပါတယ်
.
(6) Please forgive me.
ကျေးဇူးပြု၍ ကျနော့်ကိုဗွေမယူပါနဲ့
(forgive(v) ခွင့်လွှတ်သည် ၊ ဗွေမယူပါ)
.
(7) Please accept my apology.
ကျေးဇူးပြု၍ ကျနော့်တောင်းပန်မှုကို လက်ခံပေးပါ
(apology(n) တောင်းပန်မှု)
.
(8) I would like to apologize for my mistake.
ကျနော့်အမှားအတွက် တောင်းပန်လိုပါတယ် ခင်ဗျာ
(apologize(v): တောင်းပန်သည်)
.
(9) I have no words to apologize to you.
ခင်ဗျားကို တောင်းပန်ဖို့ စကားလုံးတွေ ရှာမရလောက်အောင်ပါပဲဗျာ
.
(10) It won’t happen again.
နောက်တစ်ကြိမ် ထပ်ဖြစ်တော့မှာ မဟုတ်ပါဘူး
.
(11) I will never do it again.
နောက်ထပ် ကျနော် ဘယ်တော့မှ လုပ်တော့မှာ မဟုတ်ပါဘူး
.
(12) Forget it.
မေ့ပစ်လိုက်ပါ
.
(13) No big deal.
အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူးဗျာ
(big deal (phrase) အရေးကြီးတဲ့ကိစ္စ)
.
(14) I don’t want this to spoil our friendship.
ဒီဟာက (အမှားက) ကျနော်တို့ ခင်မင်ရင်းနှီးမှုကို မပျက်စီးစေချင်ပါဘူး
(spoil(v) ပျက်စီးစေသည် ၊ friendship (n) ခင်မင်ရင်းနှီးမှု)
.
(15) I am fine. Don’t worry about it.
ကျနော် အဆင်ပြေပါတယ်ဗျ ၊ အဲဒီအတွက် စိတ်မပူပါနဲ့
.
(16) Thank you for accepting my apology.
ကျနော့် တောင်းပန်ချက်ကို လက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်
.
မှားလျင် ပြန်တောင်းပန်တတ်တာ လူယဉ်ကျေးတို့ အမူအကျင့်ပါ ၊ တောင်းပန်လျင် ကျေအေးတာကလည်း လူကောင်းတို့ရဲ့ ဓလေ့စရိုက်ပါ ..
.
မေတ္တာဖြင့် heart emoticon
.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...