Monday, April 11, 2016

"မတော်ရသေးတဲ့ယောက်ဖ"

Thanlay Ko's photo.


တခါက... ...
ကောင်မလေးအိမ်ကို သူ့ရည်းစားကောင်လေး လာလည်တယ်။
အိမ်မှာ လူကြီးတွေမရှိတုန်းဆိုတော့ ကောင်လေးက ကောင်မလေးကို ဟိုဒင်းပြုသတဲ့ (အာဘွားပေးတာကို ပြောတာ)

အသံပါထည့်ရရင်... ...
"ရှုး... ရှလွတ် လွတ်"... ပေါ့။

အဲလို အာဘွားရှလူးနေတာကို ကောင်မလေးရဲ့မောင် အငယ်ဆုံးကောင်က မြင်သွားသတဲ့။
ဘာပြောကောင်မတုံး ကလေးဆိုတော့ အော်တာပေါ့... ....
"ဟာ.... မမကို မမကို ဟိုလူကြီးက ဟိုဟာလုပ်တယ်၊ တိုင်မယ် တိုင်မယ် မေမေတို့ ပြန်လာရင် တိုင်မယ်"
တခါဖြင့် ခက်ကြပြီပေါ့။
မိဘတွေပြန်လာလို့ အဲလို အတိုင်ခံရရင်ဖြင့် ချစ်သူကောင်လေးခမျာ နောက်ကို အိမ်လာလည်လို့ ဘယ်ရတော့မလဲ
ဒီတော့...
မတော်ရသေးတဲ့ ယောက်ဖလေးကို နှုတ်ပိတ်ဖို့ ကြိုးစားရတော့တယ်... ...
"ညေးရာ မတိုင်ပါနဲ့ကွာ... ညေးလိုချင်နေတဲ့ ပါဝါရိန်းဂျားဝတ်စုံ ဝယ်ပေးမယ်လေ"
"မရဘူး တိုင်မှာပဲ"
"မလုပ်ပါနဲ့ကွာ... ကဲ... ညေးတခါပူဆာဖူးတဲ့ ကင်မရာ ဝယ်ပေးမယ်ကွာ"
"ဟင့်အင်း... တိုင်မှာပဲ"
"ကဲ... ဂစ်တာ ဝယ်ပေးမယ်ကွာ"
"နိုးပါ... တိုင်မှာ"
"စက်ဘီးကွာ... စက်ဘီးမှ ပြိုင်ဘီးကို ဝယ်ပေးမှာ"
"တိုင်ကိုတိုင်မှာ...."
...အဲဒီမှာ ဘေးကနေ ငြိမ်ပြီးနားထောင်နေတဲ့ သူ့အမက ဝင်မေးတာပေါ့... ...
"ဒီလောက် လိုက်လျောနေတာတောင် ငြင်းနေတော့ ပြောပါအုံး နင်က ဘာလိုချင်တာလဲ ဆိုတာ..."
ဆိုတော့... ...
ကလေးက ပြန်ပြောတယ်... ...
"တိုင်ကို တိုင်ချင်တာ"... ... တဲ့။
ထောင်က လွတ်လာတဲ့ ကျောင်းသားသူရဲကောင်းတွေကို ကြည့်ရတာ တိုင်ကိုတိုင်ချင်နေတဲ့ 'မတော်ရသေးတဲ့ ယောက်ဖလေး' အတိုင်းပဲ
ငိ ငိ ငိ ငိ
You know what I mean?
.
..
.
သန်၎ကို - ပေါက်ကရ၄၀

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...