Monday, April 4, 2016

“စင်္ကာပူက တက္ကစီသမားကြီး ပြောတဲ့ သူ့ အတွေ့ အကြုံ”

Aung MyoFollow

ဒီည..အင်ဒိုနီးရှားက စင်္ကာပူ အပြန်..လေဆိပ်ကနေ အိမ်ကိုအသွား တက္ကစီပေါ်မှာ taxi driver ကြီးနဲ့  စကားစမြည် ပြောဖြစ်တယ်..driver ကြီးလို့ ပြောရတာက သူက အသက် ၇၀ ကျော်လောက်ရှိပြီ။
ကျနော့် ကို မြန်မာ မှန်းသိတော့ သူကပဲ စပြောတယ်..“အခု မြန်မာမှာအစိုးရ အပြောင်းအလဲ ဖြစ်ပြီ ဆိုတော့  မြန်မာပြည်က အမြန်ဆုံးတိုးတက်တော့ မှာပေါ့ ” တဲ့ ..သူကဆက်ပြောတယ် “ကျုပ်ထင်တယ်..မြန်မာနိုင်ငံက သယံဇာတ တွေ ကြွယ်ဝတော့  ကြိုးကြိုးစားစားနဲ့ ချွေချွေတာတာလုပ်ရင် စင်္ကာပူတိုးတက်တာထက် ပိုမြန်လိမ့် မယ်၊နောင် ၁၅နှစ်..အနှစ် ၂၀ အတွင်း စင်္ကာပူလို ဖြစ်နိုင်လိမ့် မယ်”

လို့ .. သူကပြောတယ်.ဗျ..
ဒါနဲ့ ကျနော်က ဆက်လျှာရှည်မိတယ်..”စင်္ကာပူနိုင်ငံ ထူထောင်စကရော ချွေတာခဲ့ရသလား”. လို့ ။ အဲဒီတော့ . သူက.. ”ချွေတာခဲ့ရတာပေါ့ ဗျာ.. မစ္စတာလီကွမ်ယူးက ကျုပ်တို့ ရနေတဲ့  လစာရဲ့  ၃၀% ကို ဖြတ်ပစ်လိုက်တယ်ဗျ။ ၅နှစ်တောင်ပဲ”.. တဲ့။
ဒါနဲ့ ကျနော်က “လူအများစုက သူ့ ကိုသဘောကျတော့  ဒီလိုလစာဖြတ်တာကို လက်ခဲ့ ကြမှာ ပေါ့ နော်” လို့ ဆိုတော့ ..”ဟာ..ဘယ်ဟုတ်မှာလဲဗျာ..ကျုပ် အပါအ၀င် အများစုက ဘယ်ကျေနပ်မှာလဲ.အင်္ဂလိပ်အစိုးရလက်ထက်ကမှ ပေါပေါများများ သုံးရသေးတယ်.. ကို်ယ့် အစိုးရ နဲ့ ဖြစ်လာမှ ချွေချွေတာတာ သုံးနေရတယ်ဆို ပြီး တော်တော်များများက ပွစိပွစိ ပေါ့ ”..
"အဲဒီတော့  မစ္စတာလီကွမ်ယူးက လိုက်လျှောခဲ့ သလား” လို့ ကျနော် သိချင်တာကို ဆက်မေးဖြစ်တယ်..သူက “ဘယ်လိုက်လျှောမှာလဲဗျာ.သူက တိုင်းပြည်အနေနဲ့ ရေရှည် ကောင်းဖို့ အမြဲ စဉ်းစားတဲ့ ခေါင်းဆောင်မျိုး၊ သူဆုံးဖြတ်တာတွေ အပေါ် မှာ firm ခိုင်ခိုင်မာမာ ရပ်တည်လေ့ ရှိတယ်။တကယ်တော့  တိုင်းပြည်တခု တိုးတက်ဖို့ က နောက်၁၅နှစ်..အနှစ် ၂၀ မှာတိုင်းပြည်ကောင်းအောင် လှမ်းမျှော်ကြည့် တတ်တဲ့  Vision ရှိတဲ့ ခေါင်းဆောင်မျိုး ပဲလို တာပါ..တဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...