အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်
ကျောက်သင်ပုန်း
ငါးတန်းကျောင်းသားဘန်ဂျမင်ဟာ သူ့ကိုယ်သူ အတန်းရဲ့ အညံ့ဆုံး အထုံဆုံးလို့ ထင်တယ်။
အတန်းဖော်တွေကလဲ ဘန်ဂျမင်ဟာ တို့အတန်းရဲ့အညံ့ဆုံး။
အတန်းပိုင်ဆရာမရဲ့ အတွေးမှာလဲ ဘန်ဂျမင်ဟာ အထုံဆုံး ကျောင်းသားတစ်ယောက်။

နှစ်ဝက် အဆင့်ဖော်ပြတဲ့ကဒ်ကိုအိမ်ကိုပြရတော့
မှတ်ချက် ။ ။ "ထူးခြားစွာ တိုးတက်မှုမရှိ (ညံ့)" တဲ့။
ဘန်ဂျမင်ကတော့ ကဒ်ကိုကိုင်ရင်းစဉ်းစားနေတဲ့ သူ့အမေကို လေပြေလေးနဲ့ပြောတယ်။
"ဒါပြသနာ သိပ်မရှိဘူး မဟုတ်လား မေမေ"
ဘန်ဂျမင့်အမေရဲ့ အတွေးကတော့ ကွဲပြားတာအမှန်။
၃ တန်းသာအောင်တဲ့ ဘန်ဂျမင့်အမေတွေးတာက " ငါ့သားတွေ
ဆင်းရဲတွင်းထဲက လွတ်ဖို့ တစ်ခုတည်းသော ထွက်ပေါက်က ကောင်းမွန်အသုံးကျတဲ့ပညာရေး ပဲ"
ဒါပေမယ့် လက်ရှိမှာ သူ့သားနှစ်ယောက်ရဲ့ အဆင့်ဟာ တိုးတက်မှုရှိလှတယ် မဟုတ်ဘူး။
သူမနားလည်လိုက်တာက ငါ့သားတွေရဲ့ ပညာရေးကို ငါ့အိမ်က စမှ ဖြစ်တော့မယ်။
ဘန်ဂျမင့် အမေဟာ စည်းကမ်း ၃ချက် နဲ့ စတင်လိုက်တယ်။
၁။ တစ်ပတ်မှာ တီဗီ အစီအစဉ် (၂) ခုသာကြည့်ရမယ်။
( ကြည့်ရမယ့် အစီအစဉ်ကို သူမကိုယ်တိုင် သေချာရွေးချယ်ပေးထားတယ်)
၂။ အိမ်စာတွေပြီးမှသာ တီဗီကြည့်ခြင်း အပြင်ထွက်ဆော့ကစားခြင်းကို ပြုလုပ်ရမည်။
၃။ စာကြည့်တိုက်ကနေ တစ်ပတ်လျှင် စာအုပ် ၂အုပ်ငှားပြီးဖတ်ရမည်။ ဖတ်ပြီးသားစာအုပ်အကြောင်းကို အနှစ်ချုပ် ရေးတင်ရမည်။
ဘန်ဂျမင်ဟာ ဒီစည်းကမ်းချက် အသစ်ကို လုံးဝလက်မခံနိုင်ဘူး။ သူ့အမေကို ပြောဖို့ ခက်ခဲစွာကြိုးပမ်းတယ်။ ဒါပေမယ့်မအောင်မြင်ဘူး။
သူ့အမေဟာ ဒီတစ်ခါ စည်းကမ်းချက်ကိုတော့ အလျော့ပေးမယ့်ပုံ မရဘူး ဆိုတာ ဘန်ဂျမင်သိတယ်။ နောက်ဆုံး စည်းကမ်းနောက် လိုက်လုပ်ရတော့တယ်။
သိပ်တောင်မကြာလိုက်သလိုပါပဲ။
ပထမဆုံးအသီးအပွင့်အနေနဲ့
"ဆရာမမေးတဲ့ မေးခွန်းကို ဖြေနိုင်သော တစ်ဦးတည်းသောကျောင်းသား"ဟာ ဘန်ဂျမင် ဖြစ်လာတယ်။
ဒုတိယအကြိမ် ခက်ခဲတဲ့ ဆရာမရဲ့ မေးခွန်းကို ဖြေဆိုနိုင်လိုက်တဲ့ အခိုက်အတန့် ပြီးနောက်မှာတော့ ဆရာမရော အတန်းဖော်တွေပါ အံ့သြကုန်ကြတယ်။
အမှန်တော့သူ့ကိုယ်သူလဲ နဲနဲတော့ အံ့သြမိပေမယ့် သူ့သိတဲ့အဖြေတွေဟာ သူ့ဖတ်တဲ့စာအုပ်တွေထဲက လာတယ်ဆိုတာ သူသိလိုက်တယ်။
နောက်ပိုင်းမှာတော့ ဘန်ဂျမင်ဟာ
သူမသိသေးတဲ့ လိုနေတဲ့အရာတွေကို စာကြည့်တိုက်က စာအုပ်တွေကနေ ဖြည့်ပါတော့တယ်။ ပြီးရင် စာအုပ်တစ်အုပ်ချင်းစီကို မှတ်ချက်တို့ သုံးသပ်ချက်တို့ ရေးတယ်
သူဟာ စာဖတ်ခြင်းကို မြတ်နိုးလာတယ်။
စာဖတ်ခြင်းဟာ သူအကြိုက်ဆုံး တီဗီအစီအစဉ် တစ်ခုပဲ။
မကြာခင်မှာပဲ ဘန်ဂျမင်ဟာ ကျောင်းရဲ့ အထင်ကရ ဦးဆောင်ပြသူဖြစ်လာတယ်။
သုံးတန်းသာအောင်တဲ့ ဘန်ဂျမင့်အမေဟာလည်း သူ့ကလေးတွေအတွက် ထပ်ခါ ထပ်ခါ ပညာရေးဘက်ကို မြှင့်တင်ပေးခဲ့တယ်။
အလွန်ထုံတဲ့ ညံ့တဲ့ ငါးတန်းကျောင်းသား ဘန်ဂျမင်ဟာ ကမ္ဘာ့ အတော်ဆုံး ကလေးအာရုံကြော ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက် ဖြစ်လာခဲ့တယ်။တက္ကသိုလ်ပေါင်းများစွာက ဂုဏ်ထူးဆောင်ဘွဲ့ပေါင်းများစွာ ရခဲ့တယ်။ မေရီလန်းက ဂျွန်ဟော့(ပ)ကင်းဆေးရုံမှာ ၁၉၈၄ ကနေ ၂၀၁၃ အထိ ဦးဆောင်သူပါမောက္ခ အနေနဲ့ လူနာတွေကိုကုရင်း စာအုပ်တွေဖတ်နေခဲ့တယ်။
သူကုသခဲတဲ့ အထဲမှာ ခေါင်းချင်းဆက်အမွှာတွေ ပါတယ်။ ဆေးနဲ့ကုသလို့မရတဲ့ အတက်ရောဂါသည်ကလေးတွေရဲ့ ဦးနှောက်ကို ခွဲစိတ်ထုတ်ပေးခဲ့တာတွေပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကြောင့် ၂၀၀၈ ခုနှစ်မှာ အမေရိကန်သမ္မတကိုယ်တိုင် ပေးအပ်တဲ့ Presidential Medal of Freedom ဆုကို ရရှိခဲ့ပါတယ်။
အခုဆို ရီပါပလစ်ကန် တွေက ၂၀၁၆ အမေရိကန် သမ္မတ အလောင်းအလျာအဖြစ် ငါးတန်းတုန်းက စာသိပ်ညံ့တဲ့ ဘန်ဂျမင်ကို လျာထားတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
သူ့အကြောင်းကို Gifted Hand ဇာတ်ကားအဖြစ် အသက်သွင်းခဲ့ရာ အောင်မြင်မှုရရှိခဲ့ပါတယ်။
Source : Washington Times
Wikipedia
The Resilience Project
Credit-#NayAung

0 comments:
Post a Comment