သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၄)
သစ်ထူးလွင် |
- FBI အဖွဲ့ကို မန်းရဲတပ်ဖွဲ့ လိုက်လံရှာဖွေ ထိန်းသိမ်း
- ကမာရွတ်မြို့နယ်၌ အမျိုးသားတစ်ဦး (၈)လွှာတိုက်ခန်းမှ ပြုတ်ကျ
- ကျောက်ဖြူတွင် ဘုရားဖူးကားတိမ်းမှောက်၍ နှစ်ဦးသေ၊ အများအပြား ဒဏ်ရာရ
- ပလက်ဝမြို့နယ်၌ အရံစေတီတော် ၈ ဆူ၏ စိန်ဖူးတော်များ အခိုးခံရ
- မြ၀တီမြို့ ချစ်ကြည်ရေး တံတားအောက် သောင်ရင်းမြစ်အတွင်း ရေကစားရာမှ လူသုံးဦးရေနစ်သေဆုံး
-
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြော
င့် ကိုးဦးသေဆုံး၊ ရာပေါင်းများစွာ ဒဏ်ရာရရှိ - ကျောက်ဖြူမြို့နယ်တွင် သင်္ကြန်အတွင်း ဆိုင်ကယ်ချင်းတိုက်၍ လူသုံးဦးသေဆုံး
- ၂၀၁၆ စီးပွားဖွံ့ဖြိုးမှု ထိပ်ဆုံးက မြန်မာ
- သြစတြေးလျစွမ်းအင်ကုမ္ပဏီ တရုတ် (သို့) ထိုင်းကို မြန်မာ့ ဓါတ်ငွေ့တင်ပို့ဖို့ စဉ်းစား
- လေးမျက်နှာမြို့နယ် လဲခုံကြီးရွာ၌ မီးကြွင်းမီးကျန်မှ မီးလောင်
- ရန်ကုန်သင်္ကြန် မှုခင်းကျဆင်း
- အင်းလေးကန် ရေတွေ လျော့နည်း လာ
- မကွေးတိုင်းထဲက မြို့နယ်တွေထဲ အပူလွန်ကဲပြီး ရေပြတ်လပ်
- ပိုပူလာမယ့် မြန်မာ့နွေ
- ပြောက်ကျားဝတ်စုံ မဝတ်ဖို့နဲ့ တုတ်ဓါးလက်နက် မသယ်ဆောင်ဖို့ ရဲတပ်ဖွဲ့သတိပေးနှိုးဆော်
- မြန်မာပြည်သူတွေ နေ့သစ်ရောက် ပြီလို့ အမေရိကန် ကော်မရှင်ပြော
- ဂျပန်ငလျင် ၂ ဦးသေ
- သမ္မတ ပူတင်ရဲ့တိုက်ရိုက် လေလှိုင်း
- ပြန်ပေးဆွဲခံ Chibok ကျောင်းသူတွေရဲ့ ဗွီဒီယို ထွက်ပေါ်
- နိုင်ငံတော်အတိုင်ပင်ခံ သင်္ကြန်တွင်း အရေးကြီးအစည်းဝေး ခေါ်ယူ
- စစ်တပ်ပိုင် နဲ့ နိုင်ငံပိုင်
Posted: 15 Apr 2016 05:48 AM PDT
ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ကျုံးဘေးလမ်းပေါ်တွင် FBI ဝတ်စုံ
များဝတ်ဆင်၍ ရေပက်ခံထွက် သူများအား မဟာသင်္ကြန်ကွက်ကဲ လုံခြုံရေးအဖွဲ့ဝင်
တို့ လိုက်လံရှာဖွေရာ ၆၆လမ်း၊ ၂၁×၂၂ကြားတွင်တွေ့ရှိ ရ၍ အဆိုပါ FBI
ဝတ်စုံဝတ်ထားသူ ၈ဦးနှင့် ဂျစ်ကားတစ်စီးကို ရဲစခန်းသို့ခေါ် ဆောင်ခဲ့ပြီး
ထိန်းသိမ်းထားခဲ့သည်။
အဆိုပါ သရုပ်ပျက်ဝတ်ဆင်သူ (၈)ဦး၏မိဘများအား နှင့် သက်သေများအားခေါ်ယူ၍
ယခုကဲ့သို့ သရုပ်ပျက်ဝတ်စားဆ
|
Posted: 15 Apr 2016 05:28 AM PDT
တိုက်ခန်းတွေရဲ့ နမူနာဓါတ်ပုံ
|
Posted: 15 Apr 2016 05:07 AM PDT
နိရဉ္စရာ၊ ဧပြီ ၁၅
ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ နန်မူးတောင်ဘုရားပွဲသို့ ထွက်ခွာလာသော
ကားသည် ယနေ့ (ဧပြီ ၁၅ရက်) နံနက် ၇ နာရီ ၄၅နာရီအချိန်တွင်
တိမ်းမှောက်မှုဖြစ်ပွား ခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး အများအပြား
ဒဏ်ရာရှိသွားကြောင်း ကျောက်ဖြူရဲစခန်းမှ အတည်ပြု ပြောကြားသည်။
သေဆုံးသွားသူ စစ်တောအုပ်စု၊ စည်မော်ကျေးရွာမှ ဒေါ်ပေါက်ယောင်းမ (၄၅
)နှစ်နှင့် ကျွဲတဲကျေးရွာမှ ဦးမောင်အေးချမ်း(၆၃ )နှစ်တို့ဖြစ်သည်
|
Posted: 15 Apr 2016 05:05 AM PDT
စစ်တွေ၊ ဧပြီ ၁၄
ချင်းပြည်နယ် ပလက်ဝမြို့နယ် တွင် သင်္ကြန်ကာလအတွင်း အရံ စေတီတော်(၈) ဆူ၏
စိန်ဖူးတော်များအားလုံး အခိုးခံလိုက်ရကြောင်း ဒေသခံများက နိရဉ္စရာ သို့
သတင်းပေးပို့ သည်။
ပလက်ဝမြို့နယ် ဆမီးမြို့(ခေါ်) သမိန်မြို့မှ တစ်မိုင်ခန့် အကွာ
ဆုတောင်းပြည့် မြို့ဦး စေတီတော်ရှိ အမြင့် ၇ ပေခွဲခန့်ရှိ အရန်စေတီငယ် ၈
ဆူ၏ စိန်ဖူးတော်များ အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“အခိုးခံရတာကို သိတာက သင်္ကြန်အကျနေ့ မ
|
Posted: 15 Apr 2016 05:02 AM PDT
မြ၀တီ ဧပြီ ၁၅
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတားအောက်၊
နှစ်နိုင်ငံသောင်ရင်း မြစ်ကမ်း စပ်များတွင် နှစ်စဉ်နှစ် တိုင်းရေ
ကစားသူများဖြင့် စည်ကားလျက်ရှိရာဧပြီလ ၁၄ ရက်၊ ပထမသင်္ကြန်
အကြတ်နေ့ကရေကစားရာမှ လူသုံးဦးရေနစ်သေဆုံးခဲ့ကြောင်း
|
Posted: 15 Apr 2016 05:14 AM PDT
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့်အင်အားပြင်း
ငလျင်ကြောင့် လမ်းများ ပျက်စီးခဲ့မှုများအား တွေ့ရစဉ်-(ဓါတ်ပုံ-အင်တာနက်)
တိုကျို၊ ဧပြီ ၁၅ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဧပြီလ ၁၄ရက်ညပိုင်းက
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြော
|
Posted: 14 Apr 2016 09:32 PM PDT
နိရဉ္စရာ၊ ဧပြီ ၁၄
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သင်္ကြန်အတွင်း ဧပြီလ ၁၃ ရက်နေ့က သင်္ကြန်
လည်ပတ်သည့် ဆိုင်ကယ်ချင်းတိုက်၍ လူသုံးယောက်သေဆုံးပြီး တစ်ဦးကို ဆေးရုံ
တင်လိုက်ရသည်ဟု သိရသည်။
သေဆုံးသွားသူနှစ်ဦးမှာ ကျောက်ဖြူမြို့နယ် ကျောက်ပြောက်အုပ်စု၊
ဝနက်ချွန်ကျေးရွာမှ ကိုမင်းနိုင်(၂၂) နှစ်နှင့် ရမ်းဗြဲမြို့နယ်၊
ကျောက်ဆောက်ကျေးရွာမှ ကိုဇော်မျိုးအောင် (၂၁) နှင့်
ကိုလှရွှေတင်(၂၅)နှစ်တို့ ဖြစ်ကြသည်။
ကိုမ
|
Posted: 14 Apr 2016 08:49 PM PDT
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော် က နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့ IMF ရုံး။ ( ဧပြီလ ၁၄၊ ၂၀၁၆)
၂၀၁၆ခုနှစ်မှာ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေပေမယ့်
မြန်မာနိုင်ငံရဲ့ စီးပွားရေး ကတော့ ၈.၆ ရာခိုင်နှုန်းအထိ
တိုးတက်လိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF က
ခန့်မှန်းလိုက်ပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ် ကမ္ဘာ့စီးပွားရေး ခန့်မှန်း
သုံးသပ်ချက် အစီရင်ခံစာမှာ ပါတဲ့ နိုင်ငံပေါင်း
|
Posted: 14 Apr 2016 08:49 PM PDT
ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ်။ Photo:shew.org
သြစတေးလျနိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ရှာဖွေ ထုတ်ယူရေးကုမ္ပဏီဖြစ်တဲ့
Woodside ကုမ္ပဏီဟာ မြန်မာ့ ကမ်းလွန်ပင်လယ်ပြင် လုပ်ကွက်တွေကနေတွေ့ရှိထားတဲ့
သဘာဝဓါတ်ငွေ့တွေကို တရုတ် (ဒါမှမဟုတ်) ထိုင်းနိုင်ငံကို တင်ပို့ဖို့
စဉ်းစားနေကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
Woodside ကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့တဲ့ လုပ်ကွက်တွေထဲက လုပ်ကွက်နှစ်ခုမှာ
|
Posted: 14 Apr 2016 08:48 PM PDT
ဟင်္သာတ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာ
အုပ်စု လဲခုံကြီးကျေးရွာ၌ ဧပြီ ၁၃ ရက် မွန်းလွဲ ၂ နာရီက နေအိမ်မီးဖိုချောင်
မီးကြွင်းမီးကျန်မှ မီးကူးစက် လောင် ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ လဲခုံကြီးကျေးရွာနေ ဦးချစ်လှိုင်၏ နေအိမ်မီးဖိုချောင် မီးကြွင်း
မီးကျန်မှ စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကို လေးမျက်နှာ မြို့နယ်
မီးသတ်ဦးစီးမှူး ဦးမြတ်သူ၊ မီးသတ်တပ်
|
Posted: 14 Apr 2016 08:48 PM PDT
ရေကစားသူများကို စစ်ဆေးနေတဲ့ ရဲလုံခြုံရေးဝန်ထမ်းများ။ ( ဧပြီ ၁၄၊ ၂၀၁၆-
သင်္ကြန်အကြတ်နေ့) သတင်းဓာတ်ပုံများ Credit to Yangon Police FB.
ရန်ကုန်မဟာသင်္ကြန်ပွဲတော်ကာလ အရင်နှစ်တွေလိုမဟုတ်ပဲ လုံခြုံရေးကောင်းမွန်
လာတဲ့ အပြင် ပြည်သူတွေဘက်က ရဲတပ်ဖွဲ့နဲ့ အပြုသဘော ပူးပေါင်းပြီး စနစ်တကျ
ဆောင်ရွက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်တွေ ကပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့မှာ စီးပွားဖြစ် ရေကစား မဏ္ဍပ်ကြီးတွေ ပိတ်
|
Posted: 14 Apr 2016 08:48 PM PDT
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးကန်ကို တွေ့ရစဉ်။
Photo: RFA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးကန်ထဲမှာ
ရေတွေခမ်းခြောက်လာတယ်လို့ အင်းလေးကန် လေ့လာစောင့်ကြည့်နေတဲ့
အရပ်ဘက်လူမှုအဖွဲ့တွေက ပြောပါတယ်။
သင်္ကြန်ချိန်ကာလမှာဆိုရင် အင်းလေးကန်ရဲ့အလယ်မှာ ပုံမှန်ရေအမြင့်ပေ ၆ ပေ
လောက်ရှိရမှာကို ၅ ပေလောက်သာ ရှိတော့တယ်လို့ အင်းလေးကန် ထိန်းသိမ်းရေးနဲ့
ဖွံ့ဖြိုးတိုးတက်ရေးစုပေါင်း
|
Posted: 14 Apr 2016 08:48 PM PDT
မကွေးနဲ့ ချောက်မြို့နယ် တွေ ထဲ က ကျေးရွာတွေ မှာ တွင်းရေ တွေ
ခမ်းကုန်လို့ ရေပြဿနာ အတော် ကြုံနေရ။
မြန်မာ နိုင်ငံ အလယ်ပိုင်းမှာ အပူချိန် မြင့်တက် နေပြီး ရေရှားပါး
ပြတ်လပ်တဲ့ ဒဏ်တွေ ခံနေကြရပါတယ်။
မြန်မာ နိုင်ငံထဲ နေ့ခင်း အပူချိန် အမြင့်ဆုံး ရောက်နေတဲ့ မကွေးတိုင်း ထဲက
မကွေးနဲ့ ချောက် မြို့နယ် တွေ အပါအဝင်၊ မြေလတ် ဒေသ ဟာ မြန်မာ နိုင်ငံ ထဲ
အပူဒဏ် အခံရဆုံး နေရာထဲ ပါဝင် နေပါတယ်။
မကွေးနဲ့ ချောက်ြ
|
Posted: 14 Apr 2016 08:48 PM PDT
သင်္ကြန်ကာလအတွင်း မြန်မာ နိုင်ငံက တချို့ ဒေသတွေမှာ အပူချိန်ဟာ
စံချိန်တင်လောက်အောင် မြင့်မားနေပြီး ဒီထက်ပိုပြီး ပူလာဖို့ရှိတယ်လို့
မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
ဒီလို ပုပြင်းလာနေတာဟာ အယ်လ်နီညိုလို့ ခေါ်တဲ့ ရာသီဥတုဆိုင်ရာ
ပြောင်းလဲမှုကြောင့် ဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီကနေ ဂျွန်လအထိ သက်ရောက်မှုက
ပိုများမယ်လို့ ဆိုပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ သစ်တောပြန်းတီးကြောင့် အပူဒဏ်ကို ပိုခံရတာဖြစ်တယ်
|
Posted: 14 Apr 2016 08:47 PM PDT
ရန်ကုန်မြို့မှာ ဧပြီလ ၁၄ ရက် သင်္ကြန်အကြတ်နေ့က ရေပက်ခံကားတွေကို
လိုက်လံစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
သင်္ကြန်ရက်တွေမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း
ပြောက်ကျားဝတ်စုံတွေ ဆင်တူဝတ်ဆင်တာ၊ အလံတွေ ၊ တုတ်၊ ဓါး၊
လက်နက်ကိုင်ဆောင်ပြီး လည်ပတ်တာတွေမလုပ်ဖို့ မော်လမြိုင်မြို့နယ်
ရဲတပ်ဖွဲ့က လူငယ်တွေကို လိုက်လံသတိပေးနှိုးဆော်ထားပါတယ်
|
Posted: 14 Apr 2016 08:47 PM PDT
၂ဝ၁၆ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြတ်ပထမနေ့မှာ
ပြည်လမ်းမပေါ်က မဏ္ဍပ်တစ်ခုကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြဖို့ USCIRF ခေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ
အမေရိကန်ကော်မရှင်က ဆုမွန်ကောင်းတောင်း လိုက်ပြီး၊ အစိုးရသစ်အနေနဲ့လည်း
တိုင်းပြည်မှာ ဘာသာရေးလွတ်လပ်ခွင့်အပေါ် ကာကွယ်စောင့်ရှောက်မှု
|
Posted: 14 Apr 2016 08:46 PM PDT
ဂျပန်ငလျင်ဘေးဒဏ်သင့်ဂျပန်ပြည်
|
Posted: 14 Apr 2016 08:46 PM PDT
သမ္မတ ပူတင်ရဲ့တိုက်ရိုက် လေလှိုင်း (ဧပြီ ၁၄၊ ၂၀၁၆)
အမေရိကန် ပြည်ထောင်စုဟာ နယ်ချဲ့ဝါဒ ရည်မှန်းချက်တွေ ရှိနေတယ်လို့
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ကြာသပတေးနေ့က ပူတင်ဟာ နှစ်စဉ် လုပ်နေကျ ရုပ်သံကနေ
တိုက်ရိုက်မေးခွန်းဖြေကြားတဲ့ အစီအစဉ်မှာ အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း
တွေဖြစ်ကြတဲ့ ဒီမိုကရက် ပါတီ ကိုယ်စားပြု ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလစ်ကန်
ပါတီ ကိုယ်စားပြု ဒေါ်နယ်ထရမ့်တို့အန
|
Posted: 14 Apr 2016 08:46 PM PDT
ပြန်ပေးဆွဲခံကျောင်းသူလေးတွေ ပြန် လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြ။
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိ
|
Posted: 14 Apr 2016 08:04 AM PDT
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၄ ရက် သင်္ကြန်အကြတ်နေ့
ရုံးတက်စဉ်။
သကြန်အစိုးရ ရုံးပိတ်ရက် ကာလဖြစ်ပေမယ့်လို့ နိုင်ငံတော် အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ဒီနေ့ နေ့လည်ပိုင်က အရေးကြီး
အစည်းအဝေး တရပ်ကို ခေါ်ယူကျင်းပခဲ့တယ်လို့ သိရပါတယ်။ အသေးစိတ်ကို
မသိရသေးပေမဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဒုတိယ ထုတ်ပြန်ချက်ပါ
နိုင်ငံရေး အကျဉ်းသားကိစ္စဖြစ်မယ်လို့ ယူဆမှုေ
|
Posted: 14 Apr 2016 07:44 AM PDT
စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး
ဦးပိုင်လိမိတက်ကို ၁၉၁၄ ကုမ္ပဏီ ဥပဒေအရ အများပိုင် သာမန်ကုမ္ပဏီအဖြစ်
အသွင်ပြောင်းတာကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနက မတ်လ (၃၀) ရက်နေ့က
ခွင့်ပြုကြောင်း ဒါရိုက်တာအဖွဲ့က ကြေညာပါတယ်။ NLD အစိုးရသစ်
စတင်ဖွဲ့စည်းတဲ့နေ့မှာ စစ်တပ်ပိုင်ကုမ္ပဏီကို အများနဲ့ သက်ဆိုင်တဲ့
အရပ်သားကုမ္ပဏီအဖြစ် အသွင်ပြောင်းတာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး
ဦးပိုင်လိမိတ
|
0 comments:
Post a Comment