Tuesday, April 12, 2016

ဖြစ်တတ်ပေတယ် ဆန်းကျယ်ရာ ။ ခုတ်ရာတစ်ခြား ရှရာတလွှဲပင် !


တစ်ခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ဗြဟ္မဒတ်မင်းရဲ့ သားတော် ဗြဟ္မဒတ်ကုမာရ နဲ့ ပုရောဟိတ်ရဲ့ သားဖြစ်သူ သုသီမတို့ကို ဖွားမြင်လာခဲ့တယ် ။ ခမည်းတော်ကြီး နတ်ရွာစံတဲ့အခါ ဗြဟ္မဒတ်ကုမာရက မင်းဖြစ်လာပါတယ် ။ ပရောဟိတ်ရဲ့သား သုသီမလဲ ပုရောဟိတ် ဖြစ်လာတော့တယ် ။ တစ်နေ့တော့ မင်းဟာ ပရောဟိတ်နဲ့အတူ ဆင် စီးပြီး မြို့တော်ကို လှည့်လည်တဲ့အခါ ဘုရင့်မယ်တော်က ကိုယ့်သားအရွယ်လောက်တာ ရှိသေးတဲ့ ပရောဟိတ်ကို လှမ်းမြင်လိုက်တာနဲ့ပဲ အလွန်စွဲလမ်းသွားတော့ပါတယ် ။
သားဖြစ်သူမင်းကြီးရဲ့ ငယ်ပေါင်း သူငယ်ချင်းလဲ ဖြစ်နေတာကြောင့် ဘယ်လိုမှ မလုပ်ဆောင်နိုင်ပဲ မစားနိုင် မသောက်နိုင်လောက်တဲ့အခြေအနေထိ ဖြစ်လာတော့တယ် ။
အဲ့လိုဖြစ်နေတာကို သားတော်မင်းကြီးက သိတဲ့အခါ သူ့ရဲ့သူငယ်ချင်း ပရောဟိတ်ကို ပြောတယ် ။ ငါ့မယ်တော်ကတော့ ဒီလို ဒီအကြောင်းဖြစ်နေပြီ ။ ဒါကြောင့် မင်းဟာ ဘုရင်လုပ်တော့ ။ ငါက အိမ်ရှေ့စံမင်းသားအဖြစ်နဲ့ပဲ နေပေးမယ် ။ ကူညီပေးပါပေါ့ ။ ပရောဟိတ်ကလဲ ငြင်းတယ် ။ တောင်းဆိုလိုက် ငြင်းပယ်လိုက်ကနေ နောက်ဆုံးတော့ သဘောတူလိုက်ရပါတယ် ။ အဲ့ဒီ့အခါကြတော့ မင်းအဖြစ်ကို ပရောဟိတ်က ရပြီး အိမ်ရှေ့စံကိုတော့ ဘုရင်ကုမာရက နေသွားကြတယ် ။
ဒါပေမယ့် အဲ့ဒီမှာပြဿနာရှိတာဟာ အရင်က ပရောဟိတ်ဖြစ်တဲ့ သုသီမဟာ မိဖုရားကြီးနဲ့အတူ မအိပ့်ပဲ သီးခြားနေနေပါသတဲ့ ။ အဲ့ဒါအပြင် ရဟန်းဘဝကို စိတ်က ညွှန့်နေကြောင့် ဘုရင့်စည်းစိမ်ဆိုတာတွေဟာ သူ့အတွက် ပျော်မွေ့စရာ ကင်းမဲ့နေပါတယ် ။
အဲ့လိုနေနေတာကို မိဖုရားခေါင်ကြီးက ဒီလိုထင်သွားတယ် -
((( ငါက သူ့အမေအရွယ်လောက်ရှိနေတာကြောင့် သူဟာ ငါနဲ့ အရွယ်ခြင်း မတူညီပဲဖြစ်နေတာကိုအကြောင်းပြုပြီး ငါ့အနားကို မကပ်ဝံ့တာပင် ဖြစ်လိမ့်မယ် ။ ဒါကြောင့် အဲ့ စိုးရိမ်စိတ်ကို ဖယ်ရှားနိုင်အောင် ငါ ကြံအုန်းမှ )))
ဆိုပြီး တွေးထင်လိုက်ပါတယ် ။
တစ်နေ့တော့ မိဖုရားကြီးဟာ မင်းကြီးရဲ့ ဦးခေါင်းကို သန်းရှာပေးရင်းက အကြံဖြစ်သွားတယ် ။ ဒါဟာ အခွင့်အရေးပဲဆိုပြီး မင်းကြီးခေါင်းပေါ်က ဆံပင်ဖြူ တစ်ချောင်းကို နုတ်ကာ လက်ဖဝါးပေါ် ဖြန့်ပြရင်းနဲ့ -
((( သင် မင်းကြီး အိုနေပြီ ! ))) လို့ ဆိုလိုက်ပါတယ် ။
မိဖုရားကြီးရဲ့ ဆိုလိုချက်ကတော့ အသက်ကြီးနေတယ်ဆိုတဲ့ နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖြိုဖျက်ချင်တဲ့ သဘောတာ ဖြစ်တယ် ။ ဒါကြောင့် သင်မင်းကြီးလဲ အိုနေပါပြီလို့ ဆိုလိုက်တာ ဖြစ်ပါတယ် ။
သို့သော် အဲ့ဒီ့စကားကို ကြားလိုက်တာနဲ့ မင်းကြီးဟာ အထိတ်တလန့်ဖြစ်ပြီး ရဟန်းပြုကာ ဟိမဝန္တာတောထဲသို့ ဝင်သွားပါတော့တယ်ကွယ် ။ ( ဂန္ဓာရဝဂ် / သုသီမဇာတ် )
‪#‎htoohtoolay‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...