Thursday, April 7, 2016

ဖတ်ကြည့် :D

Khant Naing

ကိုယ်က လူတွေနဲ့ စကားအများကြီးပြောရတာ
မကြိုက်ဘူး။ဘာလို့လဲ ဆိုတော့စိတ်မရှည်လို့။
အဲ့ဒါကြောင့် အလုပ်လုပ်မယ်လို့စဉ်းစားတော့
ခေတ်နဲ့လည်း ညီအောင် စကားလည်းမပြောရတဲ့
Moblie Phone တွေကို Service လုပ်မယ်လို့
စဉ်းစားမိတယ်။
ဟုတ်တယ်လေ.....။

Phone Service လုပ်တာ လူတွေနဲ့သိပ်ပြီးတော့
ပတ်သတ်စရာမလိုဘူးပေါ့။
"ညီလေးရေ ဒီphone speaker မကောင်းဘူး လဲပေး"
"ဟုတ်ကဲ့ ၃၀၀၀ ကျမယ် ရော့..အင့်"
ကဲ..ဘယ်လောက်ကောင်းလဲ
စကားလည်း အများကြီးပြောစရာမလိုဘူး
လူမျက်နှာလည်း ကြည့်စရာမလိုဘူး
Phone မျက်နှာကို ကြည့်ရုံပဲ...ဟုတ်တယ်မလား။
ဒါပေမယ့်...ဒါပေမယ့်ဗျာ.....တောက်...!
တချို့ကိစ္စတွေက ထင်သလို ဖြစ်မလာဘူး။
အခုလည်းကြည့်လေ ကောင်လေးတစ်ကောင်
ဆိုင်ကိုရောက်လာတယ် Facebook ဖွင့်ပေးတဲ့။
"အေး..၂၀၀၀ ကျမယ် ညီလေး"
"ရတယ် ပေးမယ် ဒါပေမယ့် Phone No နဲ့
မဖွင့်နဲ့နော် Email နဲ့ဖွင့်ပေး" တဲ့
ပြောပုံကိုက ပါးရိုက်ချင်စရာ။ကိုင်တဲ့phoneက
G 610 ။လုပ်တဲ့အလုပ်က ပန်းရံနောက်လိုက်။
အဲ့ဒါကိုများ Email လေးဘာလေးနဲ့။Emailကို
သူက ဘယ်နေရာမှာ သွားသုံးမှာလည်းမသိဘူး။
ထားပါတော့လေ....ကိုယ်က ပိုက်ဆံလိုချင်တာဆိုတော့ သည်းခံ...သည်းခံ....။
"အေး..အေး..Gmail နဲ့ဖွင့်ပေးလိုက်မယ်နော်"
"အာ..အကိုကလည်း Email ကဘာဖြစ်လို့လဲ"
"ဟင်...."
ဒီနှမဇောင်းလေးတော့ ပါးချည်းဖြတ်ရိုက်လိုက်လို့
သွားချီး ယိုးဒယားက က သွားဦးမယ်။
Gmail ဆိုတာ Emaiပဲ ဘာညာ ပြောနေရင်လည်း
စောက်စကားအများကြီး ပြောနေရဦးမယ်....
"အဟင်း..ဒီလိုကွ ညေး စဉ်းစားကြည့်လေ
A B C D E F G မို့လား Email က အရင်ပေါ်တာ
Gmail က နောက်မှ ပေါ်တာ ပိုအဆင့်မြင်တယ်
အဲ့ဒါကြောင့် Gmail နဲ့ ဖွင့်ပေးမှာ ဟဲ ဟဲ"
"ဩော် အဲ့လိုလား ဒါဆို Zmail နဲ့ ဖွင့်ပေးပါလား"
"ဟမ်..အဲ...ဟိုဒင်း Zmail က မထွက်သေးဘူးကွ
နောက်နှစ်လောက်မှ ထွက်မယ်ထင်တယ်
အခုတော့ Gmail နဲ့ပဲ ဖွင့်သွားလိုက်ပါကွာ နော်"
"အင်း ရပါတယ်လေ ဒါနဲ့ အကောင့်ဖွင့်ပြီးရင်
စော်အလန်းလေးတွေ ၁၀ ဗွေလောက်ထည့်ပေး
လိုက်နော်..."
"ဘာ....."
တောက်...စဉ်းစားကြည့်လေးဗျာ ပြောပုံကိုက
မသိရင် ကိုယ်က ရပ်ကွက်ထဲမှာ
ခေါင်း လုပ်စားနေတဲ့ အကောင်ကျနေတာပဲ
မအေဘေးလေး မြန်မြန်ပြန်မှ နို့မို့ဆို လူသတ်မှူ
တွေဖြစ်ကုန်တော့မယ်..တောက်...!
''ဩော်..အေး..အေး ထည့်ပေးလိုက်မယ်
စိတ်ကြိုက်သာ တော်ကီပစ်တော့ သက်လား"
"ဟင်း..ဟင်း..ကျွန်တော့တော်ကီနဲ့ဆို စော်တွေ
ကြွေသွားမှာဗျ ဟင်း ဟင်း.."
ဒီသူတောင်းစားလေးကို ခေါင်းရိုက်ခွဲပြီး
အချုပ်ထဲမှာ သွားနေရင်ကောင်းမယ်လို့ တောင်
တွေးမိတယ်..စဉ်းစားကြည့်ဗျာ..လူကြည့်တော့
စကားကမပီနဲ့ လက်မှာလည်း ဘိလပ်မြေမှုန့်က
မပြောင်သေးဘူး..စောက်အကြီးကြီးတွေ
လာပြောနေတယ်။အဲ့ဒါနဲ့.....အရင်ဆုံး
BUMi Gp ထဲ ထည့်တယ်။မြန်မာနိုင်ငံရေး
Gp ထဲ ထည့်တယ်။ 2015 ဒီမိုပုရစ် Gp ထဲထည့်တယ်။
ပြီးတော့ ဖင်နာရှာတက်တဲ့ အကောင် ၁၀ ကောင်
လောက်ကို Add ပြီး ပြန်လွှတ်ပေးလိုက်တယ်။
အေဘေးလေး အဲ့မှာ အကုသိုလ်တွေ
စိတ်ကြိုက်သာ ယူပါစေတော့....ဟူး...မောတယ်
**********
"ကွီး...သီချင်းထည့်လို့ရလား"
ဒါကနောက်တစ်ယောက် ကောင်မလေးဗျ
ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။မိန်းကလေးတွေက
အာရုံသိပ်မစားဘူး။ပြောလို့ဆိုလို့ရသေးတယ်။
"အာ..ရတာပေါ့..ညလေးရ ပြော
ဘာသီချင်းထည့်ပေးရမလဲ"
"ဟိုဟာလေ သီချင်းနာမည်တော့ မသိဘူး"
"အင်း..."
"သီချင်းထဲမှာ "မျက်စိလုံးလေး မျက်စိလုံးလေး"
ဆိုတဲ့စာသားပါတဲ့ သီချင်းလေ အဲ့ဒါထည့်ပေး"
ဘုရား ဘုရား .....
ခေါင်းတွေပါ ချာခနဲလည်သွားတယ်။
ကိုယ်ကြားဖူးတဲ့ အင်္ဂလိပ်သီချင်း ဗမာသီချင်း
ကုလားသီချင်း ကိုရီးယားသီချင်း ဂျပန်သီချင်း
တွေအားလုံးကို အပြေးအလွှားစဉ်းစားကြည့်တယ်
သူပြောတဲ့ "မျက်စိလုံးလေး" ဆိုတဲ့ သီချင်းကို
ဘယ်လိုမှ စဉ်းစားမရဘူး။
"ဟိုဒင်း...အဲ့သီချင်းတော့ အကိုလည်း မကြားဖူးဘူး
ဟွာလေ အဆိုတော်က ဘယ်သူလဲ"
"အင်း အဆိုတော် နာမည်က အကုန်း "
"ဘာ.....!အဆိုတော်နာမည်က အကုန်း ဟုတ်လား"
"အင်းလေ အကုန်း တဲ့ ကွီးကလည်း ဒါတောင်
မသိဘူးလား"
ကိုယ်ဆို ငိုပါငိုချင်လာတယ်။
အဆိုတော်နာမည်က အကုန်း
သီချင်းနာမည်က မျက်စိလုံးလေး တဲ့
တစ်ခါ......မှ မကြားဖူးဘူး..။အဆိုတော်က
မိန်းကလေး ဆိုရင်တော့ နာမည်နဲ့တင်
တော်တော်အောင်မြင်မှာ...ခက်တာက
ကိုယ်က မသိဘူး ဖြစ်နေတယ်။
"ဟိုဟာလေ အဆိုတော်က မိန်းကလေးလား
ယောက်ျားလေးလား ပြီးတော့ မြန်မာအဆိုတော်
လား နိုင်ငံခြားကလား"
"အာ ကွီးကလည်း ခစ် ခစ် အင်္ဂလိပ်အဆိုတော်
လေ ယောက်ျားလေး အဆိုတော် ကပ္ပလီကတုံး"
"ဟား......"
မျက်စိထဲ လင်းခနဲ ဖြစ်သွားတယ်။သူပြောတာ
AKON သီချင်းနာမည်က LONELY
သီချင်းထဲမှာက Mr.lonely.....Mr Lonely
ဆိုပြီး ဆိုတာကို သူ့နားထဲမှာ
မျက်စိလုံးလေး မျက်စိလုံးလေး ဆိုပြီးကြားနေတာ
ဩော်...Akon ကို များ အကုန်း တဲ့။ဟိုကောင်သာ
ကြားရင် နီးစပ်ရာ သင်္ချိုင်းမှာ မှီရာရောဂါနဲ့
ပြေးသေပစ်မှာ။
"သိပြီ သိပြီ တစ်ခွေလုံးထည့်ပေးလိုက်မယ်နော်
၃၀၀ ပဲပေး...ဟူး...."
***********
"ညေး...ဟဲ ဟဲ"
ဒါက နောက်တစ်ယောက်
အသက်လေးဆယ်လောက်ရှိပြီ
ဗလာချီကြီး လာရီပြနေတယ်။
မျက်နှာကြီးက အဆီတွေပြန်လို့....။ ။
"ဟုတ်ကဲ့ အကို ဘာလုပ်ပေးရမလဲ"
"ဟီး..ဟီး...ကိုရီးကို ဟိုဟာ ဘာညာ ကားလေး
၅၀၀ ဖိုးလောက်ထည့်ပေးပါ"
ကြည့်....ထင်တဲ့အတိုင်းပဲ
ဆိုင်ရှေ့မှာ ညစ်ညမ်းခွေမကူးပါ ဆိုပြီး A4 size နဲ့
ပလပ်စတစ်လောင်းပြီးကပ်ထားတာကို
တမင်တကာ အချက်ပေးထားတယ် ထင်နေလား
မသိဘူး....။
"ဟုတ်ကဲ့ အကို ကျွန်တော့ဆိုင်မှာ အဲ့လို
ဇတ်လမ်းတွေ မကူးပေးဘူး အကို..."
ခုနက မြင်းဟီသလို တဟီဟီ လုပ်နေတဲ့
မျက်နှာကြီးက ချက်ခြင်းတည်ပြီး ပြာတက်သွားတယ်။
"မင်းကလဲ ယောက်ျားလေး မဟုတ်တာ ကျနေတာပဲ"
ဟာ..ဒီဘဲကြီးကတော့ ခံချင်လို့ဉာဏ်ဆင်နေတယ်
ကိုယ့်ကိုများ ယောက်ျားမဟုတ်ဘူးလား တဲ့
ဝုန်းခနဲ ထရပ်ပြလိုက်လို့ အိမ်သာတက်တိုင်း
သတိရနေဦးမယ် တောက်....!
"ဟုတ်ကဲ့ sorry ပါအကိုရယ် တခြားဆိုင်မှာ
သွားသွင်းလိုက်ပါ"
**********
"မောင်လေးရေ mec ၅၀၀၀ တန်တစ်ကတ်လောက်"
"အမရေ mec ကတ်က ဝယ်မရသေးလို့"
"ဟယ် နင်တို့ဆိုင်တွေကလည်း ဝယ်မရဘူး
ဆိုတာကြီးပဲ ငါတို့က ဘာနဲ့ငွေဖြည့်ရမလဲ"
"မသိဘူးဗျာ ကျုပ် company ကထုတ်ထားတာမှ
မဟုတ်တာ ဝယ်ချင်တဲ့နေရာသွားဝယ်"
***********
"သားရေ ကြာနီကန် ဆရာတော်ရဲ့
သူခိုးစုံတွဲ သေဆုံးပွဲ ဆိုတဲ့ တရားခွေလေး
သွင်းပေးပါ"
"ကြာနီကန်ဆရာတော် တရားတွေအကုန်
ထည့်ပေးလိုက်မယ် ခုနပြောတဲ့ တရားတော့
ပါမပါ မသိဘူး"
"ဟယ်..အဲ့တရားပဲ နာချင်တာ ဒါလေးတောင်
မသိဘူးလား တရားလေးဘာလေး နာဦး"
"မသိဘူးဗျာ တရားနာဖို့မပြောနဲ့ ဘုရားရှိခိုးချိန်တောင်
မရှိဘူး..."
**********
"အကိုကြီး coc မှာ gem တွေ ခိုးချင်လို့
ဘယ်လို ခိုးရလဲ"
"တောက်...နောက်ဖေးပေါက်က ဝင်ခိုး..ဘောပဲ"
**********
"ကျွန်တော့စော်ရဲ့ viber mgs တွေကြည့်ချင်လို့
ဘယ်လိုကြည့်ရမလဲ"
"အေး..သူနဲ့တွေ့မှ တောင်းကြည့်...ကွာ"
**********
"ကျွန်တော့phoneက Game ဆော့ရင် ပူလာလို့"
"ရေခဲများများနဲ့သာ စိမ်ထားလိုက်စမ်းပါကွာ "
*************
ဟုတ်ကဲ့ အခုတော့ ကျွန်တော့ဆိုင်ပြုတ်သွားပါပြီ
ပိုက်ဆံတွေသာ ရှုံးရုံတင်မက တစ်ရပ်ကွက်လုံးကလူတွေဆို
ကျွန်တော့ကို မြင်ရင် ပါးရိုက်မယ် ဆိုတာကြီးပဲ။
Credit & လင်းညီညာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...